Premier League

ခြင်္သေ့ပြာတွေကို ဆူပါဥရောပသရဖူ ထပ်ဆောင်းပေးတဲ့ တူဟယ်လ်- ချဲလ်ဆီး ၆-၅ ဗီလာရီးရဲလ်ပွဲအပြီး ထူးထူးခြားခြား ထုတ်နုတ်ပြောစရာ ၇ ချက်

ဘုံလုံတလှည် ငါးပျံတလှည့် ကြည့်ကောင်းတဲ့ပွဲ
ဘဲလ်ဖတ်စ်မြို့က ပထမပိုင်းကတော့ ချယ်လ်ဆီးရဲ့ပွဲစစ်စစ်လို့ ဆိုရမှာဖြစ်ပြီး ဒုတိယပိုင်းမှာတော့ ဗီလာရီးရဲလ်ရဲ့ပွဲဖြစ်သွားခဲ့ပါတယ်။ ဥရောပချန်ပီယံနှစ်သင်း စူပါဖလားဘုရင်လုတဲ့ပွဲမှာ ဟာကင်းမ် ဇီးယက်ရှ်ရဲ့အဖွင့်ဂိုးက ကောင်းခဲ့သလို ဒုတိယပိုင်းမှာလည်း ဗီလာရီးရဲလ်တိုက်စစ်မှူး မိုရီနိုရဲ့ချေပဂိုးကို မပေးရခင် ချယ်လ်ဆီးဂိုးသမား မန်ဒီ အကြိမ်ကြိမ် လက်စွမ်းပြကာကွယ်ခဲ့ရပါသေးတယ်။

ချယ်လ်ဆီးအကယ်ဒမီထုတ်ကုန်အတွက် ချီးယားစ်
ဒီနေ့ပွဲမှာ ချယ်လ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်က နောက်ဆုံးထွက်အကယ်ဒမီထုတ်ကုန်ဖြစ်တဲ့ ထရီဗို ချာလိုဘာကို ၃ယောက်တန်း ဗဟိုခံစစ်ကြောင်းမှာ ကတ်ဇူးမား၊ ရူဒီဂါတို့နဲ့အတူတွဲဖက်ပြီး ခပ်ရဲရဲပဲ ပွဲထုတ်လာခဲ့တယ်။ အနောက်လန်ဒန်မြို့ရဲ့အဝေးမှာ ၃ နှစ်ကြာဖြတ်သန်းပြီး အငှားနဲ့အချိန်ကုန်ခဲ့ရတဲ့ ၂၂ နှစ်သားလေးအတွက်တော့ ဆုလာဘ်တခုဖြစ်ခဲ့သလို တည်ငြိမ်တဲ့ခြေစွမ်းတချို့ကိုလည်း ပြသနိုင်ခဲ့ပါတယ်။

ဇီးရိုးကနေ ဟီးရိုးဖြစ်လာတဲ့ ကီပါ
လွန်ခဲ့တဲ့ ၂ နှစ်က ဂိုးသမား ကီပါနဲ့ ချယ်လ်ဆီးနည်းပြဟောင်း ဆာရီရဲ့ အဖြစ်ကို မှတ်မိကြဦးမှာပါ။ ကာရာဘောင်းဖလားဗိုလ်လုပွဲ ပင်နယ်တီအဆုံးအဖြတ်မှာ ဂိုးဆက်ဖမ်းချင်ခဲ့လို့ ဆာရီရဲ့လူစားလဲမှုကို ငြင်းဆန်ခဲ့တာကြောင့် ပရော်ဖက်ရှင်နယ်မပီသဘဲ ရုပ်ပျက်ဆင်းပျက်ကြီး ဖြစ်ခဲ့ရပေမယ့် ဒီနေ့မှာတော့ နည်းပြတူဟယ်လ်က သူ့ရဲ့စိတ်အနာကို ယုံကြည်မှုနဲ့ ကုသပေးခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ ၂ လုံးတိတိ လက်စွမ်းပြကာကွယ်ပြီး ချယ်လ်ဆီးကို ဥရောပစူပါဖလားဆုတလုံး ထပ်စုဆောင်းပေးနိုင်ခဲ့ပါတယ်။

ဇီးယက်ရှ်ရဲ့ ကံကြမ္မာငင်တဲ့ည
စတမ်းဖို့ဒ်ဘရစ်ချ်ကနေ ရှင်းထုတ်ခံရမယ့်သူအဖြစ် နာမည်ကြီးနေတဲ့ မိုရိုကိုသားကတော့ သူ့ရဲ့အစစ်အမှန်အကောင်းဆုံးခြေစွမ်းကို ထပ်မံပြသခဲ့ပြီး ခိုင်ဟာဗတ်ဇ်ရဲ့ ပေးပို့မှုကို ပိုင်ပိုင်နိုင်နိင်အဆုံးသတ်ပြီး ပွဲထွက်ခွင့်နဲ့ ထိုက်တန်ကြောင်း သက်သေပြခဲ့တယ်။ ဒါပေမယ့် ပထမပိုင်းပွဲချိန် ၄၃ မိနစ်မှာပဲ ဒဏ်ရာကြောင့် ပူလီရှစ်ချ်နဲ့ လူစားလဲခံခဲ့ရပြီး အရန်ခုံပြန်ရောက်ဦးမှာကြောင့် အကောင်းတွေရောက်လာပြီးမှ တဖန်ကြမ္မာငင်သွားခဲ့ပါတယ်။

ဇူးမားရဲ့ အနာဂတ်အဖြေထုတ်ပွဲ
ချယ်လ်ဆီးက ဆီဗီလားဗဟိုခံစစ်မှုး ဂျုးစ်ကွန်ဒေကို ခေါ်ယူဖို့ နီးစပ်နေပြီဆိုတဲ့ အခြေအနေမှာ အလဲအထပ်တစိတ်တပိုင်းအနေနဲ့ စပိန်ကို သွားရဖို့ရှိနေပြီး တူဟယ်လ်ရဲ့စီမံမှုအရ ဒီနေ့မှာလည်း ၆၅ မိနစ်အပြီး လူစားလဲခံခဲ့ရလို့ သူ့ရဲ့နောက်ဆုံးပွဲဖြစ်လာမလားလို့တောင် မေးခွန်းထုတ်ခံနေရပါတယ်။

ကွန်တေအတွက် “မင်းမရှိရင်မဖြစ်လို့”
ဒုတိယပိုင်းလူစားလဲမှုတွေက ချယ်လ်ဆီးနည်းပြ တူဟယ်လ်ကို အထိုင်ပျက်သွားစေခဲ့တာကို တွေ့ရတယ်။ အန်ဂိုလို ကွန်တေကို ဂျော်ဂျင်ဟိုနဲ့ လူစားလဲခဲ့တဲ့နောက်ပိုင်း ချယ်လ်ဆီးကွင်းလယ်အင်ဂျင်တခုလုံးကျဆင်းသွားခဲ့တာကို မြင်ရသလို ယူရိုချန်ပီယံအီတလီသားကြီး ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်သားကြီးကို လိုက်မမီတာလည်း တွေ့ခဲ့ရပါတယ်။

PSG နည်းပြဟောင်းနှစ်ဦးရဲ့ ပြောင်းပြန်တိုက်ပွဲမှာ မိုရီနိုထုတ်ပေးတဲ့အဖြေ
ဒီနေ့မှာ ဘောလုံးကိုင်ကစားမယ်လို့ ယူဆခံထားရတဲ့ ဗီလာရီးရဲလ်နည်းပြ အူနိုင်း အမ်မရီက ချယ်လ်ဆီးခြေထောက်ထဲကို ဘောလုံးပေးထားပြီး ပိုင်ဆိုင်မှုအသာစီးနဲ့ ကစားစေခဲ့သလို တူဟယ်လ်ရဲ့နည်းလမ်းကို အတုယူပြီး ကောင်တာကို ချောင်းကစားသွားခဲ့တယ်။ ဒါကြောင့် ပြောင်းပြန်တိုက်ပွဲလို့ ဆိုရခြင်းဖြစ်သလို တူဟယ်လ်ကတော့ ပွဲနဲ့အသားကျအောင် နည်းဗျူဟာပိုင်းအရ အနည်းငယ်ရုန်းကန်သွားခဲ့ရတယ်။

ဗီလာရီးရဲလ်ကလည်း အ​ကောင်းဆုံးခြေစွမ်းကို ပထမပိုင်းမှာ ပျောက်ဆုံးနေခဲ့တာပါ။ ဗီလာရီးရဲလ်ရဲ့အ​တောက်ပဆုံးအနေနဲ့ ချယ်လ်ဆီးကို ဒုက္ခအပေးနိုင်ဆုံးဖြစ်ခဲ့တဲ့ တိုက်စစ်မှူး ဂျရတ် မိုရီနိုက တူဟယ်လ်ကို ဖြိုချဖို့ အမ်မရီရဲ့အဖြေလည်းဖြစ်ခဲ့တာကို တွေ့ရပါတယ်။ ပင်နယ်တီကန်သွင်းမှာမှာတော့ စပိန်သားနည်းပြကြီးအတွက် ကံမလိုက်ခဲ့ဘဲ ဥရောပစူပါဖလားနဲ့ ဆက်လက်လွဲချော်တဲ့နည်းပြက အမ်မရီပဲဖြစ်လာခဲ့သလို တူဟယ်လ်လက်ထဲ ဖလားအပ်ခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘုံလုံတလွည္ ငါးပ်ံတလွည့္ ၾကည့္ေကာင္းတဲ့ပြဲ
ဘဲလ္ဖတ္စ္ၿမိဳ႕က ပထမပိုင္းကေတာ့ ခ်ယ္လ္ဆီးရဲ႕ပြဲစစ္စစ္လို႔ ဆိုရမွာျဖစ္ၿပီး ဒုတိယပိုင္းမွာေတာ့ ဗီလာရီးရဲလ္ရဲ႕ပြဲျဖစ္သြားခဲ့ပါတယ္။ ဥေရာပခ်န္ပီယံႏွစ္သင္း စူပါဖလားဘုရင္လုတဲ့ပြဲမွာ ဟာကင္းမ္ ဇီးယက္ရွ္ရဲ႕အဖြင့္ဂိုးက ေကာင္းခဲ့သလို ဒုတိယပိုင္းမွာလည္း ဗီလာရီးရဲလ္တိုက္စစ္မႉး မိုရီႏိုရဲ႕ေခ်ပဂိုးကို မေပးရခင္ ခ်ယ္လ္ဆီးဂိုးသမား မန္ဒီ အႀကိမ္ႀကိမ္ လက္စြမ္းျပကာကြယ္ခဲ့ရပါေသးတယ္။

ခ်ယ္လ္ဆီးအကယ္ဒမီထုတ္ကုန္အတြက္ ခ်ီးယားစ္
ဒီေန႔ပြဲမွာ ခ်ယ္လ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္လ္က ေနာက္ဆုံးထြက္အကယ္ဒမီထုတ္ကုန္ျဖစ္တဲ့ ထရီဗို ခ်ာလိုဘာကို ၃ေယာက္တန္း ဗဟိုခံစစ္ေၾကာင္းမွာ ကတ္ဇူးမား၊ ႐ူဒီဂါတို႔နဲ႔အတူတြဲဖက္ၿပီး ခပ္ရဲရဲပဲ ပြဲထုတ္လာခဲ့တယ္။ အေနာက္လန္ဒန္ၿမိဳ႕ရဲ႕အေဝးမွာ ၃ ႏွစ္ၾကာျဖတ္သန္းၿပီး အငွားနဲ႔အခ်ိန္ကုန္ခဲ့ရတဲ့ ၂၂ ႏွစ္သားေလးအတြက္ေတာ့ ဆုလာဘ္တခုျဖစ္ခဲ့သလို တည္ၿငိမ္တဲ့ေျခစြမ္းတခ်ိဳ႕ကိုလည္း ျပသႏိုင္ခဲ့ပါတယ္။

ဇီး႐ိုးကေန ဟီး႐ိုးျဖစ္လာတဲ့ ကီပါ
လြန္ခဲ့တဲ့ ၂ ႏွစ္က ဂိုးသမား ကီပါနဲ႔ ခ်ယ္လ္ဆီးနည္းျပေဟာင္း ဆာရီရဲ႕ အျဖစ္ကို မွတ္မိၾကဦးမွာပါ။ ကာရာေဘာင္းဖလားဗိုလ္လုပြဲ ပင္နယ္တီအဆုံးအျဖတ္မွာ ဂိုးဆက္ဖမ္းခ်င္ခဲ့လို႔ ဆာရီရဲ႕လူစားလဲမႈကို ျငင္းဆန္ခဲ့တာေၾကာင့္ ပေရာ္ဖက္ရွင္နယ္မပီသဘဲ ႐ုပ္ပ်က္ဆင္းပ်က္ႀကီး ျဖစ္ခဲ့ရေပမယ့္ ဒီေန႔မွာေတာ့ နည္းျပတူဟယ္လ္က သူ႔ရဲ႕စိတ္အနာကို ယုံၾကည္မႈနဲ႔ ကုသေပးခဲ့ၿပီး ပင္နယ္တီအဆုံးအျဖတ္မွာ ၂ လုံးတိတိ လက္စြမ္းျပကာကြယ္ၿပီး ခ်ယ္လ္ဆီးကို ဥေရာပစူပါဖလားဆုတလုံး ထပ္စုေဆာင္းေပးႏိုင္ခဲ့ပါတယ္။

ဇီးယက္ရွ္ရဲ႕ ကံၾကမၼာငင္တဲ့ည
စတမ္းဖို႔ဒ္ဘရစ္ခ်္ကေန ရွင္းထုတ္ခံရမယ့္သူအျဖစ္ နာမည္ႀကီးေနတဲ့ မို႐ိုကိုသားကေတာ့ သူ႔ရဲ႕အစစ္အမွန္အေကာင္းဆုံးေျခစြမ္းကို ထပ္မံျပသခဲ့ၿပီး ခိုင္ဟာဗတ္ဇ္ရဲ႕ ေပးပို႔မႈကို ပိုင္ပိုင္ႏိုင္နိင္အဆုံးသတ္ၿပီး ပြဲထြက္ခြင့္နဲ႔ ထိုက္တန္ေၾကာင္း သက္ေသျပခဲ့တယ္။ ဒါေပမယ့္ ပထမပိုင္းပြဲခ်ိန္ ၄၃ မိနစ္မွာပဲ ဒဏ္ရာေၾကာင့္ ပူလီရွစ္ခ်္နဲ႔ လူစားလဲခံခဲ့ရၿပီး အရန္ခုံျပန္ေရာက္ဦးမွာေၾကာင့္ အေကာင္းေတြေရာက္လာၿပီးမွ တဖန္ၾကမၼာငင္သြားခဲ့ပါတယ္။

ဇူးမားရဲ႕ အနာဂတ္အေျဖထုတ္ပြဲ
ခ်ယ္လ္ဆီးက ဆီဗီလားဗဟိုခံစစ္မႈး ဂ်ဳးစ္ကြန္ေဒကို ေခၚယူဖို႔ နီးစပ္ေနၿပီဆိုတဲ့ အေျခအေနမွာ အလဲအထပ္တစိတ္တပိုင္းအေနနဲ႔ စပိန္ကို သြားရဖို႔ရွိေနၿပီး တူဟယ္လ္ရဲ႕စီမံမႈအရ ဒီေန႔မွာလည္း ၆၅ မိနစ္အၿပီး လူစားလဲခံခဲ့ရလို႔ သူ႔ရဲ႕ေနာက္ဆုံးပြဲျဖစ္လာမလားလို႔ေတာင္ ေမးခြန္းထုတ္ခံေနရပါတယ္။

ကြန္ေတအတြက္ “မင္းမရွိရင္မျဖစ္လို႔”
ဒုတိယပိုင္းလူစားလဲမႈေတြက ခ်ယ္လ္ဆီးနည္းျပ တူဟယ္လ္ကို အထိုင္ပ်က္သြားေစခဲ့တာကို ေတြ႕ရတယ္။ အန္ဂိုလို ကြန္ေတကို ေဂ်ာ္ဂ်င္ဟိုနဲ႔ လူစားလဲခဲ့တဲ့ေနာက္ပိုင္း ခ်ယ္လ္ဆီးကြင္းလယ္အင္ဂ်င္တခုလုံးက်ဆင္းသြားခဲ့တာကို ျမင္ရသလို ယူ႐ိုခ်န္ပီယံအီတလီသားႀကီး ကမာၻ႔ဖလားခ်န္ပီယံျပင္သစ္သားႀကီးကို လိုက္မမီတာလည္း ေတြ႕ခဲ့ရပါတယ္။

PSG နည္းျပေဟာင္းႏွစ္ဦးရဲ႕ ေျပာင္းျပန္တိုက္ပြဲမွာ မိုရီႏိုထုတ္ေပးတဲ့အေျဖ
ဒီေန႔မွာ ေဘာလုံးကိုင္ကစားမယ္လို႔ ယူဆခံထားရတဲ့ ဗီလာရီးရဲလ္နည္းျပ အူႏိုင္း အမ္မရီက ခ်ယ္လ္ဆီးေျခေထာက္ထဲကို ေဘာလုံးေပးထားၿပီး ပိုင္ဆိုင္မႈအသာစီးနဲ႔ ကစားေစခဲ့သလို တူဟယ္လ္ရဲ႕နည္းလမ္းကို အတုယူၿပီး ေကာင္တာကို ေခ်ာင္းကစားသြားခဲ့တယ္။ ဒါေၾကာင့္ ေျပာင္းျပန္တိုက္ပြဲလို႔ ဆိုရျခင္းျဖစ္သလို တူဟယ္လ္ကေတာ့ ပြဲနဲ႔အသားက်ေအာင္ နည္းဗ်ဴဟာပိုင္းအရ အနည္းငယ္႐ုန္းကန္သြားခဲ့ရတယ္။

ဗီလာရီးရဲလ္ကလည္း အ​ေကာင္းဆုံးေျခစြမ္းကို ပထမပိုင္းမွာ ေပ်ာက္ဆုံးေနခဲ့တာပါ။ ဗီလာရီးရဲလ္ရဲ႕အ​ေတာက္ပဆုံးအေနနဲ႔ ခ်ယ္လ္ဆီးကို ဒုကၡအေပးႏိုင္ဆုံးျဖစ္ခဲ့တဲ့ တိုက္စစ္မႉး ဂ်ရတ္ မိုရီႏိုက တူဟယ္လ္ကို ၿဖိဳခ်ဖို႔ အမ္မရီရဲ႕အေျဖလည္းျဖစ္ခဲ့တာကို ေတြ႕ရပါတယ္။ ပင္နယ္တီကန္သြင္းမွာမွာေတာ့ စပိန္သားနည္းျပႀကီးအတြက္ ကံမလိုက္ခဲ့ဘဲ ဥေရာပစူပါဖလားနဲ႔ ဆက္လက္လြဲေခ်ာ္တဲ့နည္းျပက အမ္မရီပဲျဖစ္လာခဲ့သလို တူဟယ္လ္လက္ထဲ ဖလားအပ္ခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.