Bundesliga La Liga Premier League

၇၅ နှစ်နီးပါး စောင့်ခဲ့ရတဲ့ အောင်ပွဲနဲ့ ဘရန့်ဖို့ဒ် 2-0 အာဆင်နယ် ပွဲအပြီး ပြောစရာ 7 ချက်

၇၅ နှစ်နီးပါး စောင့်ခဲ့ရတဲ့ အောင်ပွဲ
ပရီးမီးယားလိဂ်ကို ဘရန့်ဖို့ဒ်တို့ တက်လှမ်းနိုင်ဖို့ စောင့်ခဲ့ရတဲ့ နှစ်ပေါင်းက ၇၄ နှစ်ဆိုရင် ယုံနိုင်ကြပါ့မလား။ အသင်းကောင်းတစ်သင်းဖြစ်ဖို့ တည်ဆောက်ရင်း သမင်မွေးပေမယ့် ကျားမစားနိုင်တော့အောင် တောင့်ခံနိုင်ခဲ့ချိန်မှာ Play-off ချန်ပီယံအဖြစ် တန်းတက်လာခဲ့တဲ့ လန်ဒန်အခြေစိုက် ပျားတွေဟာ အာဆင်နယ်ရဲ့ အမြောက်ကျည်မထွက်နိုင်ဖို့ စုစည်းပိတ်ဆို့ရင်း “၂၇၁၁၀ ရက်” စောင့်ခဲ့ရတဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ တုပ်ချက် ပြင်းခဲ့ပါတယ်။ ဒါဟာ သူတို့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ရယူနိုင်ခဲ့တဲ့ အဖိုးတန်အောင်ပွဲလည်းဖြစ်ခဲ့ပါတယ်။

တစ်ခါလာလဲ မဲပြာပုဆိုး ရိုးနေတဲ့ အာဆင်နယ်
ဂျေမီ ကာရေဂါကတော့ ဘရန့်ဖို့ဒ်ရဲ့ ဒုတိယသွင်းဂိုးအပြီးမှာ တိုတိုတုတ်တုတ်နဲ့ ထိထိမိမိ မှတ်ချက်ပေးသွားခဲ့ပါတယ်။ အဲ့ဒါက “ရာသီသစ်၊ ထုံးစံအတိုင်း ပုံမလာတဲ့ အာဆင်နယ်”လို့ပါပဲ။ ဘန်ဝှိုက်၊ လိုကွန်ဂါတို့ဟာ မရှိမဲ့ရှိမဲ့ လူအင်အားထဲက တောက်မယ့် မီးတောက်တွေဆိုရင် ဆာဂျီ ကာနို့စ်ရဲ့ ညာခြေကန်ချက်က မီးသတ်ဆေးပါပဲ။ စမစ်ရိုးနဲ့ ဆာကာတို့လည်း အာတီတာရဲ့ လိပ်ပတ်မလည်တဲ့ ကစားကွက်ထဲမှာ ကျဆုံးခဲ့ရသလို အရေးကြုံရင် သက်လုံမကောင်းဘဲ အောက်ဆီဂျင်ရှူရတယ်လို့သာ သုံးသပ်ရတော့မှာပါ။

ရဲရဲရင့်ရင့်နဲ့ အမြင့်ပျံတဲ့ ပျားအုပ်စု
ဘရန့်ဖို့ဒ် ကွန်မြူနတီကွင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေကို လက်ခံကျင်းပတဲ့ ကွင်း ၅၀ မြောက်ဖြစ်ခဲ့သလို ပျားတွေကတော့ ဒီပြိုင်ပွဲကို ကစားခွင့်ရတဲ့ ၁၀ သင်းမြောက် လန်ဒန်အသင်းလည်းဖြစ်ခဲ့တာပါ။ ၅၀၊ ၁၀ ဆိုတဲ့ ဂဏန်းတွေရဲ့ ဦးဆောင်မှုနဲ့ ပွဲပြီးရလဒ်ကတော့ ပြတ်သား ၂-၀ ဖြစ်ခဲ့တာ တိုက်ဆိုင်မှုလားလို့ မေးခွန်းထုတ်စရာဖြစ်ခဲ့သလို အမြင့်ဘောတွေ ကောင်းလွန်းပြီး အာဆင်နယ်တို့ကို လေထဲမှာ လှုပ်မရအောင် စိုးမိုးထားနိုင်ခဲ့တဲ့ ဘရန့်ဖို့ဒ်ကစားသမားတွေရဲ့ ကျောမှာ မမြင်ရတဲ့ တောင်ပံတွေ ပါနေလို့များ ဒီလိုပျံသန်းနိုင်ခဲ့သလားလို့ မေးချင်စရာဖြစ်ခဲ့ပါတယ်။

ဖုန်းဒိုင်းဟင်ဟာနဲ့ ပစ်မှတ်မတည့်တဲ့ အမြောက်
အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးနှစ်ဦး တစ်ပြိုင်တည်းဖျားလို့ အာတီတာအနေနဲ့ မာတီနယ်လီနဲ့ ဘာလိုဂွန်ကို ထည့်သုံးတော့လည်း အစေးက မကပ်ပြန်ပါဘူး။ ဖန်တီးမှုတွေကို ဖြုန်းတီးမှုအပိုင်းမှာ ပေပေကလည်း ဝင်ရောက်အားပေးခဲ့ပြီး ၂၂ ကြိမ်ကန်ရာမှာ ၄ ကြိမ်သာ ဂိုးပေါက်တည့်တော့လည်း ဘရန့်ဖို့ဒ်ဂိုးသမား ဒေးဗစ် ရာယာက အာဆင်နယ် ဘာကြောင့် သူ့ကို လိုချင်တယ်ဆိုတာကို သွက်လက်ထက်မြက်စွာ ကာကွယ်ပြသွားပြန်ပါတယ်။ အဆုံးသတ်ပိုင်း တိကျမှုဆိုတာ ဒီလူတွေရဲ့ အဘိဓာန်ထဲမှာ ရှိတဲ့အရာ မဟုတ်ဘူးဆိုတာ အီဒူးနဲ့ ခရိုယန်ကီတို့ သိဖို့ လိုပါလိမ့်မယ်။

ဖိအားတွေ ရောက်နေပြီဖြစ်တဲ့ အာတီတာ
ပွဲမတိုင်ခင်က အာဆင်နယ်ရဲ့ အကြီးမားဆုံး အားနည်းချက်က အာတီတာပဲလို့ အပြောခံလိုက်ရတဲ့ စပိန်သားနည်းပြဟာ နည်းစနစ်ပိုင်း ပြင်ဆင်မှုတွေမှာ ခေါင်းမာနေခဲ့သလို သဘာဝကျတဲ့ ကစားကွက်ကိုလည်း မဖော်ဆောင်နိုင်ခဲ့ ဟန်ချက်မညီတဲ့ တောင်ပံတွေမှာ ဆိုးရွားတဲ့ အတွဲအဖက်နဲ့ အတွေးအခေါ်ကိုပဲ ပြသနေခဲ့တာပါ။ ဒီရာသီရဲ့ အဖွင့်ပွဲစဉ် ၃ ပွဲမှာ ဘရန့်ဖို့ဒ်တစ်သင်းကိုပဲ နိုင်မယ်လို့ အတွက်ခံထားခဲ့ရတာတောင် မလုပ်နိုင်ခဲ့ဘဲ လာမယ့် ချဲလ်ဆီးနဲ့ မန်စီးတီးတို့နဲ့ပွဲတွေမှာ သုံးပွဲဆက်တိုက် ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ပရိသတ်တွေရဲ့ ဖိအားကို ထိန်းသိမ်းနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။

လူငယ်တွေရဲ့ မတူညီတဲ့ ပွဲထွက်မှုများ
စမစ်ရိုးကတော့ အာဆင်နယ်ရဲ့ ကွင်းလယ်မှာ ပြေးလွှားရွေ့လျားပြီး တိုက်စစ်လမ်းကြောင်း ရှာဖွေနိုင်ခဲ့ပြီး အကောင်းဆုံးကစားနိုင်ခဲ့ပေမယ့် ဖန်တီးမှုတာဝန်ကို ပုံပေးလို့တော့ မဖြစ်ဘူးဆိုတာ ဒီနေ့မှာ ပြခဲ့ပါတယ်။ ဆာကာရဲ့ လူစားဝင် အတိုးအလှုပ်တချို့နဲ့ ပရိသတ်တွေ ကျေနပ်ခဲ့ရချိန်မှာ နူနို တာဗာရက်စ်ကတော့ ညာနောက်ခံလူအဖြစ် အရှက်ကွဲခဲ့တဲ့ ချိမ်းဘားစ်နေရာမှာ ဝင်ကစားပြီး သူ့အတွက်လည်း ကျေနပ်စရာတော့ မဟုတ်ခဲ့ပြန်ပါဘူး။ လိုကွန်ဂါကတော့ သူ့ရဲ့ ရဲဝံ့ပြီး တွန့်ဆုတ်မှု မရှိတဲ့ ကွင်းလယ်စိုးမိုးမှုကို လေထဲကလွဲလို့ ပြသနိုင်ခဲ့ချိန်မှာ ဘန်ဝှိုက်ကတော့ ပေးဂိုးနှစ်ဂိုးနဲ့ စိတ်ပျက်စရာ ပွဲဦးထွက်ဖြစ်ခဲ့ရပါတယ်။

တန်းတက်အသင်းကို မရှုံးတဲ့ စံချိန် ကျိုးပျက်တဲ့ ဂန်းနား
အာဆင်နယ်တို့အနေနဲ့ တန်းတက်အသင်းတွေနဲ့တွေ့ရင် မရှုံးဘူးလို့ ပရိသတ်တွေဘက်က စုံမှိတ်ယုံကြည်လို့ရခဲ့တာ လူလတ်ပိုင်းပရိသတ်တွေ တစ်သက်ဖြစ်ပြီး လူကြီးပိုင်းတွေလည်း ပါချင်ပါဦးမှာပါ။ ဒါပေမယ့် အဲ့ဒီစံချိန်က ဒီနေ့မှာ ကျိုးပျက်သွားခဲ့ပြီး ၁၉၇၆-၇၇ ရာသီမှာ ဘရစ္စတိုလ်စီးတီးကို ရှုံးနိမ့်အပြီးနောက်ပိုင်း ၄၅ နှစ်အကြာမှာ ဘရန့်ဖို့ဒ်နဲ့ အရှုံးပေးလိုက်ရတာဖြစ်ပေမယ့် တည်တံ့နေတဲ့ စံချိန်တွေကို မထင်မှတ်တဲ့ အဆိုးတွေနဲ့ ခဏခဏ ချိုးပြနေတဲ့ အာတီတာလက်ထက်မှာတော့ ဂန်းနားရဲ့ ဂွန်းနားတွေ နည်းနည်းအရေထူနေလောက်ပြီလည်းဖြစ်မှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၇၅ ႏွစ္နီးပါး ေစာင့္ခဲ့ရတဲ့ ေအာင္ပြဲ
ပရီးမီးယားလိဂ္ကို ဘရန႔္ဖို႔ဒ္တို႔ တက္လွမ္းနိုင္ဖို႔ ေစာင့္ခဲ့ရတဲ့ ႏွစ္ေပါင္းက ၇၄ ႏွစ္ဆိုရင္ ယုံနိုင္ၾကပါ့မလား။ အသင္းေကာင္းတစ္သင္းျဖစ္ဖို႔ တည္ေဆာက္ရင္း သမင္ေမြးေပမယ့္ က်ားမစားနိုင္ေတာ့ေအာင္ ေတာင့္ခံနိုင္ခဲ့ခ်ိန္မွာ Play-off ခ်န္ပီယံအျဖစ္ တန္းတက္လာခဲ့တဲ့ လန္ဒန္အေျခစိုက္ ပ်ားေတြဟာ အာဆင္နယ္ရဲ့ အေျမာက္က်ည္မထြက္နိုင္ဖို႔ စုစည္းပိတ္ဆို႔ရင္း “၂၇၁၁၀ ရက္” ေစာင့္ခဲ့ရတဲ့ သြင္းဂိုးႏွစ္ဂိုးနဲ႔ တုပ္ခ်က္ ျပင္းခဲ့ပါတယ္။ ဒါဟာ သူတို႔ရဲ့ ပထမဆုံး ပရီးမီးယားလိဂ္ပြဲဦးထြက္မွာ ရယူနိုင္ခဲ့တဲ့ အဖိုးတန္ေအာင္ပြဲလည္းျဖစ္ခဲ့ပါတယ္။

တစ္ခါလာလဲ မဲျပာပုဆိုး ရိုးေနတဲ့ အာဆင္နယ္
ေဂ်မီ ကာေရဂါကေတာ့ ဘရန႔္ဖို႔ဒ္ရဲ့ ဒုတိယသြင္းဂိုးအၿပီးမွာ တိုတိုတုတ္တုတ္နဲ႔ ထိထိမိမိ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။ အဲ့ဒါက “ရာသီသစ္၊ ထုံးစံအတိုင္း ပုံမလာတဲ့ အာဆင္နယ္”လို႔ပါပဲ။ ဘန္ဝွိုက္၊ လိုကြန္ဂါတို႔ဟာ မရွိမဲ့ရွိမဲ့ လူအင္အားထဲက ေတာက္မယ့္ မီးေတာက္ေတြဆိုရင္ ဆာဂ်ီ ကာနို႔စ္ရဲ့ ညာေျခကန္ခ်က္က မီးသတ္ေဆးပါပဲ။ စမစ္ရိုးနဲ႔ ဆာကာတို႔လည္း အာတီတာရဲ့ လိပ္ပတ္မလည္တဲ့ ကစားကြက္ထဲမွာ က်ဆုံးခဲ့ရသလို အေရးၾကဳံရင္ သက္လုံမေကာင္းဘဲ ေအာက္ဆီဂ်င္ရႉရတယ္လို႔သာ သုံးသပ္ရေတာ့မွာပါ။

ရဲရဲရင့္ရင့္နဲ႔ အျမင့္ပ်ံတဲ့ ပ်ားအုပ္စု
ဘရန႔္ဖို႔ဒ္ ကြန္ျမဴနတီကြင္းဟာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲေတြကို လက္ခံက်င္းပတဲ့ ကြင္း ၅၀ ေျမာက္ျဖစ္ခဲ့သလို ပ်ားေတြကေတာ့ ဒီၿပိဳင္ပြဲကို ကစားခြင့္ရတဲ့ ၁၀ သင္းေျမာက္ လန္ဒန္အသင္းလည္းျဖစ္ခဲ့တာပါ။ ၅၀၊ ၁၀ ဆိုတဲ့ ဂဏန္းေတြရဲ့ ဦးေဆာင္မႈနဲ႔ ပြဲၿပီးရလဒ္ကေတာ့ ျပတ္သား ၂-၀ ျဖစ္ခဲ့တာ တိုက္ဆိုင္မႈလားလို႔ ေမးခြန္းထုတ္စရာျဖစ္ခဲ့သလို အျမင့္ေဘာေတြ ေကာင္းလြန္းၿပီး အာဆင္နယ္တို႔ကို ေလထဲမွာ လႈပ္မရေအာင္ စိုးမိုးထားနိုင္ခဲ့တဲ့ ဘရန႔္ဖို႔ဒ္ကစားသမားေတြရဲ့ ေက်ာမွာ မျမင္ရတဲ့ ေတာင္ပံေတြ ပါေနလို႔မ်ား ဒီလိုပ်ံသန္းနိုင္ခဲ့သလားလို႔ ေမးခ်င္စရာျဖစ္ခဲ့ပါတယ္။

ဖုန္းဒိုင္းဟင္ဟာနဲ႔ ပစ္မွတ္မတည့္တဲ့ အေျမာက္
အသင္းရဲ့ ဝါရင့္တိုက္စစ္မႉးႏွစ္ဦး တစ္ၿပိဳင္တည္းဖ်ားလို႔ အာတီတာအေနနဲ႔ မာတီနယ္လီနဲ႔ ဘာလိုဂြန္ကို ထည့္သုံးေတာ့လည္း အေစးက မကပ္ျပန္ပါဘူး။ ဖန္တီးမႈေတြကို ျဖဳန္းတီးမႈအပိုင္းမွာ ေပေပကလည္း ဝင္ေရာက္အားေပးခဲ့ၿပီး ၂၂ ႀကိမ္ကန္ရာမွာ ၄ ႀကိမ္သာ ဂိုးေပါက္တည့္ေတာ့လည္း ဘရန႔္ဖို႔ဒ္ဂိုးသမား ေဒးဗစ္ ရာယာက အာဆင္နယ္ ဘာေၾကာင့္ သူ႔ကို လိုခ်င္တယ္ဆိုတာကို သြက္လက္ထက္ျမက္စြာ ကာကြယ္ျပသြားျပန္ပါတယ္။ အဆုံးသတ္ပိုင္း တိက်မႈဆိုတာ ဒီလူေတြရဲ့ အဘိဓာန္ထဲမွာ ရွိတဲ့အရာ မဟုတ္ဘူးဆိုတာ အီဒူးနဲ႔ ခရိုယန္ကီတို႔ သိဖို႔ လိုပါလိမ့္မယ္။

ဖိအားေတြ ေရာက္ေနၿပီျဖစ္တဲ့ အာတီတာ
ပြဲမတိုင္ခင္က အာဆင္နယ္ရဲ့ အႀကီးမားဆုံး အားနည္းခ်က္က အာတီတာပဲလို႔ အေျပာခံလိုက္ရတဲ့ စပိန္သားနည္းျပဟာ နည္းစနစ္ပိုင္း ျပင္ဆင္မႈေတြမွာ ေခါင္းမာေနခဲ့သလို သဘာဝက်တဲ့ ကစားကြက္ကိုလည္း မေဖာ္ေဆာင္နိုင္ခဲ့ ဟန္ခ်က္မညီတဲ့ ေတာင္ပံေတြမွာ ဆိုးရြားတဲ့ အတြဲအဖက္နဲ႔ အေတြးအေခၚကိုပဲ ျပသေနခဲ့တာပါ။ ဒီရာသီရဲ့ အဖြင့္ပြဲစဥ္ ၃ ပြဲမွာ ဘရန႔္ဖို႔ဒ္တစ္သင္းကိုပဲ နိုင္မယ္လို႔ အတြက္ခံထားခဲ့ရတာေတာင္ မလုပ္နိုင္ခဲ့ဘဲ လာမယ့္ ခ်ဲလ္ဆီးနဲ႔ မန္စီးတီးတို႔နဲ႔ပြဲေတြမွာ သုံးပြဲဆက္တိုက္ ရႈံးနိမ့္ခဲ့မယ္ဆိုရင္ေတာ့ ပရိသတ္ေတြရဲ့ ဖိအားကို ထိန္းသိမ္းနိုင္ဖို႔ ခက္ခဲပါလိမ့္မယ္။

လူငယ္ေတြရဲ့ မတူညီတဲ့ ပြဲထြက္မႈမ်ား
စမစ္ရိုးကေတာ့ အာဆင္နယ္ရဲ့ ကြင္းလယ္မွာ ေျပးလႊားေရြ႕လ်ားၿပီး တိုက္စစ္လမ္းေၾကာင္း ရွာေဖြနိုင္ခဲ့ၿပီး အေကာင္းဆုံးကစားနိုင္ခဲ့ေပမယ့္ ဖန္တီးမႈတာဝန္ကို ပုံေပးလို႔ေတာ့ မျဖစ္ဘူးဆိုတာ ဒီေန႔မွာ ျပခဲ့ပါတယ္။ ဆာကာရဲ့ လူစားဝင္ အတိုးအလႈပ္တခ်ိဳ႕နဲ႔ ပရိသတ္ေတြ ေက်နပ္ခဲ့ရခ်ိန္မွာ ႏူနို တာဗာရက္စ္ကေတာ့ ညာေနာက္ခံလူအျဖစ္ အရွက္ကြဲခဲ့တဲ့ ခ်ိမ္းဘားစ္ေနရာမွာ ဝင္ကစားၿပီး သူ႔အတြက္လည္း ေက်နပ္စရာေတာ့ မဟုတ္ခဲ့ျပန္ပါဘူး။ လိုကြန္ဂါကေတာ့ သူ႔ရဲ့ ရဲဝံ့ၿပီး တြန႔္ဆုတ္မႈ မရွိတဲ့ ကြင္းလယ္စိုးမိုးမႈကို ေလထဲကလြဲလို႔ ျပသနိုင္ခဲ့ခ်ိန္မွာ ဘန္ဝွိုက္ကေတာ့ ေပးဂိုးႏွစ္ဂိုးနဲ႔ စိတ္ပ်က္စရာ ပြဲဦးထြက္ျဖစ္ခဲ့ရပါတယ္။

တန္းတက္အသင္းကို မရႈံးတဲ့ စံခ်ိန္ က်ိဳးပ်က္တဲ့ ဂန္းနား
အာဆင္နယ္တို႔အေနနဲ႔ တန္းတက္အသင္းေတြနဲ႔ေတြ႕ရင္ မရႈံးဘူးလို႔ ပရိသတ္ေတြဘက္က စုံမွိတ္ယုံၾကည္လို႔ရခဲ့တာ လူလတ္ပိုင္းပရိသတ္ေတြ တစ္သက္ျဖစ္ၿပီး လူႀကီးပိုင္းေတြလည္း ပါခ်င္ပါဦးမွာပါ။ ဒါေပမယ့္ အဲ့ဒီစံခ်ိန္က ဒီေန႔မွာ က်ိဳးပ်က္သြားခဲ့ၿပီး ၁၉၇၆-၇၇ ရာသီမွာ ဘရစၥတိုလ္စီးတီးကို ရႈံးနိမ့္အၿပီးေနာက္ပိုင္း ၄၅ ႏွစ္အၾကာမွာ ဘရန႔္ဖို႔ဒ္နဲ႔ အရႈံးေပးလိုက္ရတာျဖစ္ေပမယ့္ တည္တံ့ေနတဲ့ စံခ်ိန္ေတြကို မထင္မွတ္တဲ့ အဆိုးေတြနဲ႔ ခဏခဏ ခ်ိဳးျပေနတဲ့ အာတီတာလက္ထက္မွာေတာ့ ဂန္းနားရဲ့ ဂြန္းနားေတြ နည္းနည္းအေရထူေနေလာက္ၿပီလည္းျဖစ္မွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.