Match Report Premier League

အင်္ကျီနဲ့ ကစားကွက် ထပ်တူညီပြီး စောစောစီးစီး ပျားတုပ်ခံလိုက်ရတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ အဓိကတိုက်စစ်မှူးနှစ်ဦး မပါဝင်နိုင်ချိန်မှာ အကောင်းဆုံးဖြစ်နိုင်မယ့် လူစာရင်းကို ရွေးချယ်ခဲ့ပြီး ဘန်ဝှိုက်နဲ့ ဆမ်ဘီ လိုကွန်ဂါတို့ ကစားသမားသစ်နှစ်ဦးကို ပွဲထုတ်ခဲ့သလို ပါဘလို မာရီ၊ ချာကာတို့ ဝါရင့်တွေက အသင်းကို ထိန်းကစားဖို့ လုပ်ခဲ့ချိန်မှာ စမစ်ရိုးကို နံပါတ် ၁၀၊ ရှေ့မှာတော့ ပေပေ၊ ဘာလိုဂွန်နဲ့ မာတီနယ်လီတို့ကို အသုံးပြုလာခဲ့ပါတယ်။

ဘရန့်ဖို့ဒ်ကတော့ အရပ်အမောင်းနဲ့ ကြံ့ခိုင်မှု မြင့်မားတဲ့ ချန်ပီယံရှစ်ဂိုးသွင်းဘုရင် အိုင်ဗန် တိုနီကို တိုးကစားခိုင်းပြီး နောက်ကနေ ကာနို့စ်နဲ့ အမ်ဘူမိုတို့က လိုက်ပါကစားခဲ့ကြသလို ၃-၄-၂-၁ ကစားကွက်နဲ့ အာဆင်နယ်ရဲ့ ၄-၂-၃-၁ ကစားကွက်ကို အိမ်ကွင်းမှာ ရင်ဆိုင်လာခဲ့တဲ့ နည်းပြ သောမတ်စ် ဖရန့်ခ်ရဲ့ လုပ်အားနှုန်း ဦးစားပေး ကစားပုံကလည်း ချီးကျူးစရာဖြစ်ခဲ့ပါတယ်။

အာဆင်နယ်တို့ စက္ကန့်ပိုင်းအတွင်းမှာ ထောင့်ကန်ဘော ရယူနိုင်ခဲ့တာနဲ့ တီယာနီရဲ့ အဝေးက ကန်ချက် ခပ်ပျော့ပျော့နဲ့ ဂိုးပေါက်တည့်မှုကလွဲလို့ ဘာမှ မယ်မယ်ရရ လုပ်မပြနိုင်ခဲ့ချိန်မှာ ကိုယ့်တာဝန်ကိုယ်ကျေတဲ့ ဘရန့်ဖို့ဒ်တို့က စနစ်ကျကျ Pressing ကစားသွားခဲ့ကြပြီး ရာသီအစမို့ ခြေလေးနေတဲ့ အာတီတာရဲ့ လူတွေကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့သလို ခံစစ်ပိုင်းနဲ့ ဂိုးသမား လီနိုတို့ ဖိအားဝင်သွားခဲ့ကြတာပါ။

ဘရန့်ဖို့ဒ်တို့ ညာခြမ်းကနေ တောက်လျှောက် ဒုက္ခပေးနေခဲ့သလို ပွဲချိန် ၁၂ မိနစ်မှာ အမြင့်ဘောလုယူမှုကနေ ကျလာတဲ့ ဘောလုံးကို တိုနီ ကျော်ချပေးရာမှာ အမ်ဘူမိုက လေးလံနေတဲ့ ပါဘလို မာရီကို ကျော်ပြေးပြီး ညာခြေနဲ့ ကန်သွင်းခဲ့ရာမှာ တိုင်ထိထွက်ခဲ့လို့သာ အာဆင်နယ်တို့ သက်သာရာရခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၂ မိနစ်မှာတော့ အာဆင်နယ်တို့ ကံဆက်မကောင်းနိုင်တော့ဘဲ ဖြတ်တင်ဘောကနေ ပြန်ကျတဲ့ ဘောလုံးကို ဂိုးစည်းမကျော်တကျော်မှာ ချိမ်းဘားစ်က အသည်းအသန် ဖျက်ထုတ်ရာကနေ ကွင်းလယ်က ချက်ချင်းပဲ ခေါင်းပြန်တိုက်ချပေးလိုက်တဲ့ ဘောလုံးကို ဘရန်ဖို့ဒ်ဘယ်ခြမ်းက ကာနို့စ် ရရှိသွားခဲ့ပြီး ဝင်ဖျက်သူမရှိတဲ့ နောက်တန်းကြားက ကန်သွင်းခဲ့ရာမှာ လီနို မကာကွယ်နိုင်လိုက်ဘဲ ဂိုးပေးခဲ့ရလို့ အိမ်ရှင်တွေ စတင်ဦးဆောင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အမြင့်ဘောတွေကို အာဆင်နယ်တို့ ရယူနိုင်မှု နည်းပါးခဲ့ပြီး ကွင်းလယ်မှာရော ကိုယ့်ဂိုးရှေ့မှာပါ ဆုံးရှုံးနေခဲ့ချိန်မှာ ဘရန့်ဖို့ဒ်ဘက်က အသုံးချမှုပိုင်းမှာ လိုအပ်ချက် အနည်းငယ်ရှိနေခဲ့လို့သာ သက်သာခဲ့တာဖြစ်သလို အတိုးအလှုပ်ကစားတဲ့ အမ်ဘူမိုကိုလည်း လုံးဝနီးပါး မထိန်းနိုင်ခဲ့တာကြောင့် ပွဲချိန် မိနစ် ၃၀ မှာ ခံစစ်သမား ၃ ယောက်ကြားက ဂိုးပေးရမလိုတောင် ဖြစ်ခဲ့သေးတာပါ။

မိနစ်ဝက်လောက်အကြာမှာ တီယာနီရဲ့ အနိမ့်ဘောချိုးပေးတာ ကောင်းပေမယ့် အဆုံးသတ်ဖို့ ထိန်းသိမ်းချက်မှာ ဘောစရှည်သွားတာကြောင့် ဘာလိုဂွန်အတွက် အခွင့်အရေး ပျက်ပြယ်ခဲ့ရသလို သူနဲ့ ပေပေတို့ အဖြုန်းများခဲ့ပြီး မာတီနယ်လီနဲ့လည်း တွဲမရခဲ့တာကြောင့် ပထမပိုင်းမှာ ဘရန့်ဖို့ဒ်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်အစမှာတော့ အာဆင်နယ်တို့ ပိုမိုတိုက်စစ်ဆင်နိုင်ခဲ့ပေမယ့် တီယာနီနဲ့ စမစ်ရိုးတို့ရဲ့ ကန်ချက်တွေကို သူတို့တွေ အလိုရှိခဲ့ဖူးတဲ့ ဂိုးသမား ဒေးဗစ် ရာယာက လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့ပြီး လိုကွန်ဂါရဲ့ အဝေးကန်ချက်ကိုပါ အမိဖမ်းသွားခဲ့သလို ဂန်းနားတွေကတော့ ညာခြမ်းက ရှေ့ပါမလာတဲ့ ချိမ်းဘားစ်ကြောင့်ပါ တိုက်စစ်အတွဲတွေ ပျက်ပြီး စမ်းတ‌ဝါးဝါး ပိုဖြစ်လာခဲ့ပါတယ်။

နည်းပြ အာတီတာအနေနဲ့ သူ့ရဲ့ ကြောင်ကြောင်ကျားကျားဖြစ်နေတဲ့ အင်္ကျီနဲ့ ထပ်တူကျတဲ့ ကစားကွက်ကိုလည်း မပြင်နိုင်ခဲ့ပဲ လူလဲရင်းလဲရင်း အထောင်တိုက်စစ်မှူး မကျန်တော့ဘဲဖြစ်ခဲ့သလို မာတီနယ်လီရဲ့ ထောင့်ကန်ဘောကနေ အပိုင်ခေါင်းတိုက်ချက်ကလည်း ဂိုးပေါက်နဲ့လွဲခဲ့တာကြောင့် ပရိသတ်တွေအတွက် စိတ်ပျက်စရာပဲဖြစ်လာခဲ့တာပါ။

ပွဲချိန် ၇၃ မိနစ်မှာတော့ ဒဏ်ရာရသွားတဲ့ နောက်ခံလူ အာယေးအစား ဝင်လာတဲ့ ဆိုရန်ဆင်ရဲ့ လက်ပစ်ဘော အဝေးမြှောက်တင်ပေးမှုကို လီနိုက သူ့ရှေ့က ပညာသားပါပါနဲ့ ပိတ်ထားတဲ့ ဘရန့်ဖို့ဒ်တိုက်စစ်သမားတွေကို ကျော်မဖမ်းနိုင်ဘဲ လွှတ်လိုက်ရတာကတစ်ဆင့် ကွင်းလယ်လူ နော်ဂါ့ဒ်က ပြေးဝင် ခေါင်းတိုက်သွင်းပြီး အိမ်ရှင်တွေကို ဒုတိယဂိုး ရယူပေးပြီး နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်စေခဲ့ပြန်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဘာမှ အကျိုးမရှိတဲ့ လူစားလဲမှုတွေအဖြစ် နယ်လ်ဆန်နဲ့ နူနို တာဗာရက်စ်တို့ကို ထည့်သုံးသွားခဲ့တဲ့ အာတီတာရဲ့ အာဆင်နယ်တို့ နောက်ထပ်တစ်ဂိုးပေးရဖို့တောင် နီးစပ်ခဲ့သေးချိန်မှာ ဘရန့်ဖို့ဒ်ရဲ့ တိုက်စစ်ခံစစ် အကွက်ကျကျ ကစားခဲ့တဲ့ ပါးနပ်မှုကို မယှဉ်နိုင်ခဲ့ဘဲ ပွဲချိန် ၈၆ မိနစ်မှာ ပေပေရဲ့ ကန်ချက်ပြင်းပြင်းကိုလည်း ဂိုးသမား ရာယာ လက်စွမ်းပြ ပုတ်ထုတ်သွားခဲ့လို့ ဘဲဥမကွဲဘဲ ရာသီသစ်ကို ရှုံးပွဲနဲ့ စတင်ခဲ့ရတာပါ။

ဘရန့်ဖို့ဒ်တို့ကတော့ ပရီးမီးယားလိဂ်လို အဆင့်အမြင့်ဆုံး ပြိုင်ပွဲမှာ ကစားဖို့ ၇၄ နှစ် စောင့်ခဲ့ရတာဖြစ်ပြီး ပထမဆုံး ပွဲဦးထွက်မှာပဲ နိုင်ပွဲနဲ့ အဖွင့်လှခဲ့သလို တစ်ပွဲသာ ကစားရသေးတဲ့ EPL မှာတော့ နှစ်ဂိုး-ဂိုးမရှိရလဒ်နဲ့ ဇယားထိပ်ဆုံးမှာ ပွဲတွေ မကန်ခင် အမြဲတမ်း ရပ်တည်တတ်တဲ့ အာဆင်နယ်ကို ဖယ်ထုတ်ပြီး အဆင့် ၁ နေရာကို သိမ်းပိုက်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ အဓိကတိုက္စစ္မႉးႏွစ္ဦး မပါဝင္နိုင္ခ်ိန္မွာ အေကာင္းဆုံးျဖစ္နိုင္မယ့္ လူစာရင္းကို ေရြးခ်ယ္ခဲ့ၿပီး ဘန္ဝွိုက္နဲ႔ ဆမ္ဘီ လိုကြန္ဂါတို႔ ကစားသမားသစ္ႏွစ္ဦးကို ပြဲထုတ္ခဲ့သလို ပါဘလို မာရီ၊ ခ်ာကာတို႔ ဝါရင့္ေတြက အသင္းကို ထိန္းကစားဖို႔ လုပ္ခဲ့ခ်ိန္မွာ စမစ္ရိုးကို နံပါတ္ ၁၀၊ ေရွ႕မွာေတာ့ ေပေပ၊ ဘာလိုဂြန္နဲ႔ မာတီနယ္လီတို႔ကို အသုံးျပဳလာခဲ့ပါတယ္။

ဘရန႔္ဖို႔ဒ္ကေတာ့ အရပ္အေမာင္းနဲ႔ ႀကံ့ခိုင္မႈ ျမင့္မားတဲ့ ခ်န္ပီယံရွစ္ဂိုးသြင္းဘုရင္ အိုင္ဗန္ တိုနီကို တိုးကစားခိုင္းၿပီး ေနာက္ကေန ကာနို႔စ္နဲ႔ အမ္ဘူမိုတို႔က လိုက္ပါကစားခဲ့ၾကသလို ၃-၄-၂-၁ ကစားကြက္နဲ႔ အာဆင္နယ္ရဲ့ ၄-၂-၃-၁ ကစားကြက္ကို အိမ္ကြင္းမွာ ရင္ဆိုင္လာခဲ့တဲ့ နည္းၿပ ေသာမတ္စ္ ဖရန႔္ခ္ရဲ့ လုပ္အားႏႈန္း ဦးစားေပး ကစားပုံကလည္း ခ်ီးက်ဴးစရာျဖစ္ခဲ့ပါတယ္။

အာဆင္နယ္တို႔ စကၠန႔္ပိုင္းအတြင္းမွာ ေထာင့္ကန္ေဘာ ရယူနိုင္ခဲ့တာနဲ႔ တီယာနီရဲ့ အေဝးက ကန္ခ်က္ ခပ္ေပ်ာ့ေပ်ာ့နဲ႔ ဂိုးေပါက္တည့္မႈကလြဲလို႔ ဘာမွ မယ္မယ္ရရ လုပ္မျပနိုင္ခဲ့ခ်ိန္မွာ ကိုယ့္တာဝန္ကိုယ္ေက်တဲ့ ဘရန႔္ဖို႔ဒ္တို႔က စနစ္က်က် Pressing ကစားသြားခဲ့ၾကၿပီး ရာသီအစမို႔ ေျခေလးေနတဲ့ အာတီတာရဲ့ လူေတြကို ေကာင္းေကာင္း ဒုကၡေပးနိုင္ခဲ့သလို ခံစစ္ပိုင္းနဲ႔ ဂိုးသမား လီနိုတို႔ ဖိအားဝင္သြားခဲ့ၾကတာပါ။

ဘရန႔္ဖို႔ဒ္တို႔ ညာျခမ္းကေန ေတာက္ေလၽွာက္ ဒုကၡေပးေနခဲ့သလို ပြဲခ်ိန္ ၁၂ မိနစ္မွာ အျမင့္ေဘာလုယူမႈကေန က်လာတဲ့ ေဘာလုံးကို တိုနီ ေက်ာ္ခ်ေပးရာမွာ အမ္ဘူမိုက ေလးလံေနတဲ့ ပါဘလို မာရီကို ေက်ာ္ေျပးၿပီး ညာေျခနဲ႔ ကန္သြင္းခဲ့ရာမွာ တိုင္ထိထြက္ခဲ့လို႔သာ အာဆင္နယ္တို႔ သက္သာရာရခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၂ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ကံဆက္မေကာင္းနိုင္ေတာ့ဘဲ ျဖတ္တင္ေဘာကေန ျပန္က်တဲ့ ေဘာလုံးကို ဂိုးစည္းမေက်ာ္တေက်ာ္မွာ ခ်ိမ္းဘားစ္က အသည္းအသန္ ဖ်က္ထုတ္ရာကေန ကြင္းလယ္က ခ်က္ခ်င္းပဲ ေခါင္းျပန္တိုက္ခ်ေပးလိုက္တဲ့ ေဘာလုံးကို ဘရန္ဖို႔ဒ္ဘယ္ျခမ္းက ကာနို႔စ္ ရရွိသြားခဲ့ၿပီး ဝင္ဖ်က္သူမရွိတဲ့ ေနာက္တန္းၾကားက ကန္သြင္းခဲ့ရာမွာ လီနို မကာကြယ္နိုင္လိုက္ဘဲ ဂိုးေပးခဲ့ရလို႔ အိမ္ရွင္ေတြ စတင္ဦးေဆာင္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာ အျမင့္ေဘာေတြကို အာဆင္နယ္တို႔ ရယူနိုင္မႈ နည္းပါးခဲ့ၿပီး ကြင္းလယ္မွာေရာ ကိုယ့္ဂိုးေရွ႕မွာပါ ဆုံးရႈံးေနခဲ့ခ်ိန္မွာ ဘရန႔္ဖို႔ဒ္ဘက္က အသုံးခ်မႈပိုင္းမွာ လိုအပ္ခ်က္ အနည္းငယ္ရွိေနခဲ့လို႔သာ သက္သာခဲ့တာျဖစ္သလို အတိုးအလႈပ္ကစားတဲ့ အမ္ဘူမိုကိုလည္း လုံးဝနီးပါး မထိန္းနိုင္ခဲ့တာေၾကာင့္ ပြဲခ်ိန္ မိနစ္ ၃၀ မွာ ခံစစ္သမား ၃ ေယာက္ၾကားက ဂိုးေပးရမလိုေတာင္ ျဖစ္ခဲ့ေသးတာပါ။

မိနစ္ဝက္ေလာက္အၾကာမွာ တီယာနီရဲ့ အနိမ့္ေဘာခ်ိဳးေပးတာ ေကာင္းေပမယ့္ အဆုံးသတ္ဖို႔ ထိန္းသိမ္းခ်က္မွာ ေဘာစရွည္သြားတာေၾကာင့္ ဘာလိုဂြန္အတြက္ အခြင့္အေရး ပ်က္ျပယ္ခဲ့ရသလို သူနဲ႔ ေပေပတို႔ အျဖဳန္းမ်ားခဲ့ၿပီး မာတီနယ္လီနဲ႔လည္း တြဲမရခဲ့တာေၾကာင့္ ပထမပိုင္းမွာ ဘရန႔္ဖို႔ဒ္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္နိုင္ခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္အစမွာေတာ့ အာဆင္နယ္တို႔ ပိုမိုတိုက္စစ္ဆင္နိုင္ခဲ့ေပမယ့္ တီယာနီနဲ႔ စမစ္ရိုးတို႔ရဲ့ ကန္ခ်က္ေတြကို သူတို႔ေတြ အလိုရွိခဲ့ဖူးတဲ့ ဂိုးသမား ေဒးဗစ္ ရာယာက လက္စြမ္းၿပ ကာကြယ္သြားနိုင္ခဲ့ၿပီး လိုကြန္ဂါရဲ့ အေဝးကန္ခ်က္ကိုပါ အမိဖမ္းသြားခဲ့သလို ဂန္းနားေတြကေတာ့ ညာျခမ္းက ေရွ႕ပါမလာတဲ့ ခ်ိမ္းဘားစ္ေၾကာင့္ပါ တိုက္စစ္အတြဲေတြ ပ်က္ၿပီး စမ္းတ‌ဝါးဝါး ပိုျဖစ္လာခဲ့ပါတယ္။

နည္းၿပ အာတီတာအေနနဲ႔ သူ႔ရဲ့ ေၾကာင္ေၾကာင္က်ားက်ားျဖစ္ေနတဲ့ အကၤ်ီနဲ႔ ထပ္တူက်တဲ့ ကစားကြက္ကိုလည္း မျပင္နိုင္ခဲ့ပဲ လူလဲရင္းလဲရင္း အေထာင္တိုက္စစ္မႉး မက်န္ေတာ့ဘဲျဖစ္ခဲ့သလို မာတီနယ္လီရဲ့ ေထာင့္ကန္ေဘာကေန အပိုင္ေခါင္းတိုက္ခ်က္ကလည္း ဂိုးေပါက္နဲ႔လြဲခဲ့တာေၾကာင့္ ပရိသတ္ေတြအတြက္ စိတ္ပ်က္စရာပဲျဖစ္လာခဲ့တာပါ။

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ ဒဏ္ရာရသြားတဲ့ ေနာက္ခံလူ အာေယးအစား ဝင္လာတဲ့ ဆိုရန္ဆင္ရဲ့ လက္ပစ္ေဘာ အေဝးေျမႇာက္တင္ေပးမႈကို လီနိုက သူ႔ေရွ႕က ပညာသားပါပါနဲ႔ ပိတ္ထားတဲ့ ဘရန႔္ဖို႔ဒ္တိုက္စစ္သမားေတြကို ေက်ာ္မဖမ္းနိုင္ဘဲ လႊတ္လိုက္ရတာကတစ္ဆင့္ ကြင္းလယ္လူ ေနာ္ဂါ့ဒ္က ေျပးဝင္ ေခါင္းတိုက္သြင္းၿပီး အိမ္ရွင္ေတြကို ဒုတိယဂိုး ရယူေပးၿပီး ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေစခဲ့ျပန္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဘာမွ အက်ိဳးမရွိတဲ့ လူစားလဲမႈေတြအျဖစ္ နယ္လ္ဆန္နဲ႔ ႏူနို တာဗာရက္စ္တို႔ကို ထည့္သုံးသြားခဲ့တဲ့ အာတီတာရဲ့ အာဆင္နယ္တို႔ ေနာက္ထပ္တစ္ဂိုးေပးရဖို႔ေတာင္ နီးစပ္ခဲ့ေသးခ်ိန္မွာ ဘရန႔္ဖို႔ဒ္ရဲ့ တိုက္စစ္ခံစစ္ အကြက္က်က် ကစားခဲ့တဲ့ ပါးနပ္မႈကို မယွဥ္နိုင္ခဲ့ဘဲ ပြဲခ်ိန္ ၈၆ မိနစ္မွာ ေပေပရဲ့ ကန္ခ်က္ျပင္းျပင္းကိုလည္း ဂိုးသမား ရာယာ လက္စြမ္းၿပ ပုတ္ထုတ္သြားခဲ့လို႔ ဘဲဥမကြဲဘဲ ရာသီသစ္ကို ရႈံးပြဲနဲ႔ စတင္ခဲ့ရတာပါ။

ဘရန႔္ဖို႔ဒ္တို႔ကေတာ့ ပရီးမီးယားလိဂ္လို အဆင့္အျမင့္ဆုံး ၿပိဳင္ပြဲမွာ ကစားဖို႔ ၇၄ ႏွစ္ ေစာင့္ခဲ့ရတာျဖစ္ၿပီး ပထမဆုံး ပြဲဦးထြက္မွာပဲ နိုင္ပြဲနဲ႔ အဖြင့္လွခဲ့သလို တစ္ပြဲသာ ကစားရေသးတဲ့ EPL မွာေတာ့ ႏွစ္ဂိုး-ဂိုးမရွိရလဒ္နဲ႔ ဇယားထိပ္ဆုံးမွာ ပြဲေတြ မကန္ခင္ အျမဲတမ္း ရပ္တည္တတ္တဲ့ အာဆင္နယ္ကို ဖယ္ထုတ္ၿပီး အဆင့္ ၁ ေနရာကို သိမ္းပိုက္နိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.