Match Report Premier League

ဘရူနို ဖာနန်ဒက်စ်ရဲ့ ဟက်ထရစ်နဲ့ ပေါက်ကွဲပြီး အိမ်ကွင်းမှာ ငါးဂိုးသွင်းပြတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာတော့ ကစားသမားသစ် ရာဖေးလ် ဗာရွန်းကို မိတ်ဆက်ခဲ့အပြီးမှာ သူတို့ရဲ့ လူစာရင်းကိုတော့ အထောင်တိုက်စစ်မှူးတစ်ယောက်မှ မပါဘဲ ခင်းကျင်းလာခဲ့သလို ခံစစ်နဲ့ ကွင်းလယ်မှာ မက်ဂွိုင်းယား၊ ဝန်ဘစ်ဆာကာ၊ လုခ်ရှော၊ ပေါ့ဘာတို့လို ကစားသမားတွေကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဂရင်းဝုဒ်ကို မြားဦးမှာ ထားခဲ့ချိန်မှာ ဘရူနို ဖာနန်ဒက်စ်နဲ့ ဒန်ဂျိမ်းစ်တို့က နောက်ကလိုက်ပြီး ပုံဖော်ကစားခဲ့ကြတာဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက်နည်းပြ ဘီယယ်လ်ဆာကတော့ သူ့အသင်းကို ကစားနေကျ ၃-၃-၃-၁ နဲ့ အနည်းငယ်ကွဲပြားတဲ့ ပုံစံကို ခင်းကျင်းခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး ဒီလူတွေပဲ ပါဝင်ကစားခဲ့ပေမယ့် ကစားပုံက ၄-၂-၃-၁ ဆန်ခဲ့သလို အာလီယော့စကီးနေရာ ပါဝင်ကစားခဲ့တဲ့ ဘာစီလိုနာကစားသမားဟောင်း ဂျူနီယာ ဖာပိုကလည်း အသင်းနဲ့ အသားကျမှုနည်းပါးခဲ့တာကြောင့် အထောင်တွေ မပါဘဲ လှုပ်ကစားခဲ့တဲ့ ယူနိုက်တက်တို့အကြိုက် ဖန်တီးပေးမိခဲ့သလို ဖြစ်ခဲ့တာပါ။

ပွဲစတာနဲ့ လိဒ်စ်တို့က ဘောလုံးပိုင်ဆိုင်မှုအတွက် ကစားလာသလို ယူနိုက်တက်တို့ကတော့ တိုက်စစ်ကို အမြန်ဆုံးသွားတဲ့ ပုံစံနဲ့ ခြိမ်းခြောက်ခဲ့ရာမှာ ဂိုးသမား မေလီယေး အလုပ်များခဲ့ပြီး လေးလံတဲ့ ခံစစ်သမားတွေနဲ့ အိမ်ရှင်တို့ရဲ့ လျင်မြန်တဲ့ တိုက်စစ်သမားတွေကြားမှာ တော်တော်လေး ရုန်းကန်နေခဲ့ရပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာ လိဒ်စ်ကွင်းလယ်ကို ဂရင်းဝုဒ် ထိုးဖောက်လာပြီး ဖန်တီးပေးတာကို ပေါ့ဘာနဲ့ ဂိုးသမား တစ်ယောက်ချင်း တွေ့ခွင့်ရခဲ့ပေမယ့် တိုင်ဘေးကို လွဲချော်ခဲ့ပြီး ဧည့်သည်တွေဘက်က ဟာရစ်ဆန်ရဲ့ ကန်ချက်ကိုတော့ ဒဟေးယား ကာကွယ်ခဲ့ရသလို မိနစ်ပိုင်းအတွင်းမှာပဲ ကလစ်ချ်ရဲ့ ကန်ချက်ကိုပါ ပုတ်ထုတ်ခဲ့ရတာပါ။

ဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်တို့ရဲ့ တိုက်စစ်မြားတွေက တဖြည်းဖြည်း ချွန်မြလာခဲ့သလို ပွဲချိန် မိနစ် ၃၀ မှာတော့ ဂိုးသမား ကန်တင်ပုံ မကောင်းတာကနေ မက်တော်မီနေးက ပေါ့ဘာကို ပေးခဲ့ရာမှာ ပြင်သစ်သားက ပါးပါးနပ်နပ်နဲ့ လိဒ်စ်ခံစစ်မှူး စထရိုက်ခ်ကို ကျော်ချပေးတာကို ဘရူနို ဖာနန်ဒက်စ်က လိုက်လံရယူပြီး ဘယ်ခြေနဲ့ ချိုးကန်သွင်းခဲ့ရာမှာ မေလီယေးရဲ့ ခြေထောက်နဲ့ ထိခဲ့ပေမယ့် ဂိုးထဲဝင်သွားခဲ့လို့ အဖွင့်ဂိုး စရခဲ့ပါတယ်။

ဘယ်တောင်ပံက လုခ်ရှောနဲ့ အထောင်မှာ မနေဘဲ တောင်ပံတွေ လိုက်ကစားနေတဲ့ ဂရင်းဝုဒ်နဲ့ ညာခြမ်းက ဂျိမ်းစ်တို့ကတော့ လေးလံတဲ့ ကူးပါးနဲ့ လိဒ်စ်ခံစစ်အတွက်တော့ အိပ်မက်ဆိုးတွေဖြစ်နေခဲ့ပြီး ယူနိုက်တက်တို့ ပထမပိုင်းမှာ ဂိုးကန်ခွင့် ၁၁ ကြိမ်ရခဲ့ပေမယ့် ၄ ကြိမ်သာ ဂိုးပေါက်တည့်မှုနဲ့အတူ တစ်ဂိုး-ဂိုးမရှိနဲ့သာ ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ လိဒ်စ်တို့ ချေပဂိုးပြန်ရဖို့ တင်ကစားလာခဲ့တာက အနည်းငယ် အာရုံစူးစိုက်မှုလျော့သွားတဲ့ ယူနိုက်တက်တို့ကို Clean Sheet မရဘဲဖြစ်စေခဲ့ပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ ဘယ်ခြမ်းက မြှောက်ပေးတဲ့ လက်ပစ်ဘောကို ဒါးလက်စ်က ညာခြမ်းကို ပြန်ခင်းပေးရာမှာ ရှေ့တက်လာတဲ့ ညာနောက်ခံလူ အေးလင်းက မဆိုင်းမတွ ကန်သွင်းခဲ့ရာမှာ ဝင်ကာတဲ့ မက်ဂွိုင်းယားဘေးက ထွက်လာတဲ့ ဘောလုံးကို ဒဟေးယား မမီခဲ့ဘဲ ချေပဂိုး ပြန်ပေးခဲ့ရပါတယ်။

ဒီဂိုးက ယူနိုက်တက်တို့ကို လှုပ်နှိုးလိုက်သလိုဖြစ်ခဲ့ပြီး အိမ်ကွင်းမှာ ပေါက်ကွဲဖို့ တွန်းအားဖြစ်ခဲ့သလို ပွဲချိန် ၅၂ မိနစ်မှာတော့ တန်ပြန်တိုက်စစ်က ပေါ့ဘာရဲ့ တိကျလွန်းတဲ့ အဝေးဘောခင်းကျင်းမှုကို ဂရင်းဝုဒ်က ဘယ်ခြမ်းတောက်လျှောက် လိုက်လံရယူပြီး နောက်ခံလူ စထရိုက်ခ်ကို ကျော်ဖြတ်ခဲ့သလို ထောင့်ကျဉ်းဘက်ကနေ ချိုးကန်သွင်းမှုက ညာဘက်တိုင်ခြေကို တိကျလွန်းခဲ့တာတော့ ဂိုးသမား မေလီယေး ဘာမှ မတတ်နိုင်ခဲ့ဘဲ နှစ်ဂိုး-တစ်ဂိုး ပြန်ဖြစ်သွားခဲ့တာပါ။

ဒီနောက်မှာတော့ ယူနိုက်တက်တို့ ကျားကို အတောင်တပ်ပေးလိုက်သလိုဖြစ်သွားခဲ့ပြီး ချက်ချင်းဂိုးပြန်ပေးရလို့ စိတ်ဓာတ်ပျက်ပြားသွားတဲ့ လိဒ်စ်ကို ဆက်လက်နှိပ်စက်နိုင်ခဲ့သလို ပွဲချိန် ၅၄ မိနစ်မှာတော့ ပေါ့ဘာကပဲ ပေးလိုက်တဲ့ ဘောလုံးကို ဂိုးဧရိယာထဲမှာ ရသွားခဲ့တဲ့ ဖာနန်ဒက်စ်က ညာခြေနဲ့ တစ်ချက်ခေါက်ပြီးမှ ဘယ်ခြေနဲ့ ကန်သွင်းခဲ့ရာမှာ ပိတ်ဆို့ဖို့ ကြိုးစားနေကြတဲ့ ဂိုးသမား မေလီယေးနဲ့ နောက်ခံလူ စထရိုက်ခ်တို့ကို ကျော်ပြီး ဂိုးထဲ ဝင်သွားခဲ့ရာမှာ အေးလင်း သတိမလစ်ဘဲ ဖျက်ထုတ်ခဲ့ပေမယ့် ဂိုးစည်းကျော်နေခဲ့တာကြောင့် တတိယဂိုးနဲ့ သရဲနီတွေ ဦးဆောင်ခဲ့ပါတယ်။

လိဒ်စ်တို့ရဲ့ ကယောင်ခြောက်ခြားဖြစ်မှုတွေက ရပ်တန့်ခြင်း မရှိသေးဘဲ နောက်ခံလူ ကူးပါး အဝါထပ်ထိပြန်သလို ပွဲချိန် မိနစ် ၆၀ မှာတော့ လင်ဒီလော့ဖ်ရဲ့ အလစ်အငိုက်ပေးပို့တဲ့ ဘောလုံးကို ဘရူနို ဖာနန်ဒက်စ်ကပဲ လူကျွံထောင်ချောက်ကို ဖြတ်ကျော်ပြီး ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ Volley ကန်သွင်းယူနိုင်ခဲ့လို့ သူ့ရဲ့ ယူနိုက်တက်အတွက် ပထမဆုံး ဟက်ထရစ်နဲ့ လေးဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာတော့ ပေါ့ဘာက သူ့ရဲ့ တန်ဖိုးကို စတုတ္ထမြောက် ဖန်တီးမှုနဲ့ ထပ်မံပြသခဲ့ပြီး ဂရင်းဝုဒ် ထုတ်ပေးလိုက်တဲ့ ဘောလုံးကို ဘယ်ခြမ်းကနေ ဆွဲပြေးပြီး အတွင်းကို ပြန်ချိုးပေးရာမှာ ဧရိယာထဲ Arrive Late နောက်ကျ ပြေးဝင်မှုကို ဗျူဟာမြောက်လုပ်ဆောင်နိုင်ခဲ့တဲ့ ဖရက်ဒ်က ကန်သွင်းခဲ့ရာမှာ ပဉ္စမမြောက် အနိုင်ဂိုးနဲ့ အိမ်ကွင်းမှာ ယူနိုက်တက်တို့ ဝံ့ကြွားနိုင်ခဲ့သလို နောက်ဆုံးပရီးမီးယားလိဂ် တွေ့ဆုံမှု နှစ်ကြိမ်မှာ လိဒ်စ်ကို ၁၁ ဂိုးအထိ နှိပ်စက်နိုင်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်တို့ လူစားလဲမှု စတင်ခဲ့ပြီး မက်တော်မီနေးအစား မာတစ်ချ်၊ ဒန်ဂျိမ်းစ်အစား ကစားသမားသစ် ဆန်ချိုနဲ့ ပေါ့ဘာအစား တိုက်စစ်မှူး မာစီယယ်လ်တို့ကို ထည့်သွင်းခဲ့ပြီး ကစားအား လျှော့ချခဲ့သလို ပွဲကို ထိန်းသိမ်းနိုင်ဖို့ လုပ်ခဲ့ချိန်မှာ လိဒ်စ်တို့ကတော့ ကစားအား ပြန်တင်လာခဲ့ပါတယ်။

ဒါပေမယ့် ရောဘတ်စ်၊ ဟဲလ်ဒါ ကော့စတာနဲ့ ကလစ်ချ်တို့ အခွင့်အရေးတွေကို အသုံးချနိုင်ခြင်း မရှိခဲ့သလို ဖာနန်ဒက်စ်တို့ သရဲနီအုပ်စုကလည်း နောက်ထပ်ဂိုးတွေ ရှာဖွေနိုင်ခဲ့ခြင်းမရှိတော့တာကြောင့် အိုးလ်ထရက်ဖို့ဒ်မှာ ငါးဂိုး-တစ်ဂိုး ရလဒ်နဲ့ပဲ အောင်ပွဲခံနိုင်ခဲ့ပြီး စနေနေ့ရဲ့ အစောဆုံးပွဲစဉ်ကို ကစားအပြီးမှာ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားထိပ်ကို တက်ရောက်နေရာယူနိုင်ခဲ့ပါကြောင်း စုစည်းတင်ဆက်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာေတာ့ ကစားသမားသစ္ ရာေဖးလ္ ဗာ႐ြန္းကို မိတ္ဆက္ခဲ့အၿပီးမွာ သူတို႔ရဲ႕ လူစာရင္းကိုေတာ့ အေထာင္တိုက္စစ္မႉးတစ္ေယာက္မွ မပါဘဲ ခင္းက်င္းလာခဲ့သလို ခံစစ္နဲ႔ ကြင္းလယ္မွာ မက္ဂြိဳင္းယား၊ ဝန္ဘစ္ဆာကာ၊ လုခ္ေရွာ၊ ေပါ့ဘာတို႔လို ကစားသမားေတြကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဂရင္းဝုဒ္ကို ျမားဦးမွာ ထားခဲ့ခ်ိန္မွာ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ဒန္ဂ်ိမ္းစ္တို႔က ေနာက္ကလိုက္ၿပီး ပုံေဖာ္ကစားခဲ့ၾကတာျဖစ္ပါတယ္။

လိဒ္စ္ယူႏိုက္တက္နည္းျပ ဘီယယ္လ္ဆာကေတာ့ သူ႔အသင္းကို ကစားေနက် ၃-၃-၃-၁ နဲ႔ အနည္းငယ္ကြဲျပားတဲ့ ပုံစံကို ခင္းက်င္းခဲ့တယ္လို႔ ဆိုရမွာျဖစ္ၿပီး ဒီလူေတြပဲ ပါဝင္ကစားခဲ့ေပမယ့္ ကစားပုံက ၄-၂-၃-၁ ဆန္ခဲ့သလို အာလီေယာ့စကီးေနရာ ပါဝင္ကစားခဲ့တဲ့ ဘာစီလိုနာကစားသမားေဟာင္း ဂ်ဴနီယာ ဖာပိုကလည္း အသင္းနဲ႔ အသားက်မႈနည္းပါးခဲ့တာေၾကာင့္ အေထာင္ေတြ မပါဘဲ လႈပ္ကစားခဲ့တဲ့ ယူႏိုက္တက္တို႔အႀကိဳက္ ဖန္တီးေပးမိခဲ့သလို ျဖစ္ခဲ့တာပါ။

ပြဲစတာနဲ႔ လိဒ္စ္တို႔က ေဘာလုံးပိုင္ဆိုင္မႈအတြက္ ကစားလာသလို ယူႏိုက္တက္တို႔ကေတာ့ တိုက္စစ္ကို အျမန္ဆုံးသြားတဲ့ ပုံစံနဲ႔ ၿခိမ္းေျခာက္ခဲ့ရာမွာ ဂိုးသမား ေမလီေယး အလုပ္မ်ားခဲ့ၿပီး ေလးလံတဲ့ ခံစစ္သမားေတြနဲ႔ အိမ္ရွင္တို႔ရဲ႕ လ်င္ျမန္တဲ့ တိုက္စစ္သမားေတြၾကားမွာ ေတာ္ေတာ္ေလး ႐ုန္းကန္ေနခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၂ မိနစ္မွာ လိဒ္စ္ကြင္းလယ္ကို ဂရင္းဝုဒ္ ထိုးေဖာက္လာၿပီး ဖန္တီးေပးတာကို ေပါ့ဘာနဲ႔ ဂိုးသမား တစ္ေယာက္ခ်င္း ေတြ႕ခြင့္ရခဲ့ေပမယ့္ တိုင္ေဘးကို လြဲေခ်ာ္ခဲ့ၿပီး ဧည့္သည္ေတြဘက္က ဟာရစ္ဆန္ရဲ႕ ကန္ခ်က္ကိုေတာ့ ဒေဟးယား ကာကြယ္ခဲ့ရသလို မိနစ္ပိုင္းအတြင္းမွာပဲ ကလစ္ခ်္ရဲ႕ ကန္ခ်က္ကိုပါ ပုတ္ထုတ္ခဲ့ရတာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ယူႏိုက္တက္တို႔ရဲ႕ တိုက္စစ္ျမားေတြက တျဖည္းျဖည္း ခြၽန္ျမလာခဲ့သလို ပြဲခ်ိန္ မိနစ္ ၃၀ မွာေတာ့ ဂိုးသမား ကန္တင္ပုံ မေကာင္းတာကေန မက္ေတာ္မီေနးက ေပါ့ဘာကို ေပးခဲ့ရာမွာ ျပင္သစ္သားက ပါးပါးနပ္နပ္နဲ႔ လိဒ္စ္ခံစစ္မႉး စထ႐ိုက္ခ္ကို ေက်ာ္ခ်ေပးတာကို ဘ႐ူႏို ဖာနန္ဒက္စ္က လိုက္လံရယူၿပီး ဘယ္ေျခနဲ႔ ခ်ိဳးကန္သြင္းခဲ့ရာမွာ ေမလီေယးရဲ႕ ေျခေထာက္နဲ႔ ထိခဲ့ေပမယ့္ ဂိုးထဲဝင္သြားခဲ့လို႔ အဖြင့္ဂိုး စရခဲ့ပါတယ္။

ဘယ္ေတာင္ပံက လုခ္ေရွာနဲ႔ အေထာင္မွာ မေနဘဲ ေတာင္ပံေတြ လိုက္ကစားေနတဲ့ ဂရင္းဝုဒ္နဲ႔ ညာျခမ္းက ဂ်ိမ္းစ္တို႔ကေတာ့ ေလးလံတဲ့ ကူးပါးနဲ႔ လိဒ္စ္ခံစစ္အတြက္ေတာ့ အိပ္မက္ဆိုးေတြျဖစ္ေနခဲ့ၿပီး ယူႏိုက္တက္တို႔ ပထမပိုင္းမွာ ဂိုးကန္ခြင့္ ၁၁ ႀကိမ္ရခဲ့ေပမယ့္ ၄ ႀကိမ္သာ ဂိုးေပါက္တည့္မႈနဲ႔အတူ တစ္ဂိုး-ဂိုးမရွိနဲ႔သာ ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ လိဒ္စ္တို႔ ေခ်ပဂိုးျပန္ရဖို႔ တင္ကစားလာခဲ့တာက အနည္းငယ္ အာ႐ုံစူးစိုက္မႈေလ်ာ့သြားတဲ့ ယူႏိုက္တက္တို႔ကို Clean Sheet မရဘဲျဖစ္ေစခဲ့ၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ ဘယ္ျခမ္းက ေျမႇာက္ေပးတဲ့ လက္ပစ္ေဘာကို ဒါးလက္စ္က ညာျခမ္းကို ျပန္ခင္းေပးရာမွာ ေရွ႕တက္လာတဲ့ ညာေနာက္ခံလူ ေအးလင္းက မဆိုင္းမတြ ကန္သြင္းခဲ့ရာမွာ ဝင္ကာတဲ့ မက္ဂြိဳင္းယားေဘးက ထြက္လာတဲ့ ေဘာလုံးကို ဒေဟးယား မမီခဲ့ဘဲ ေခ်ပဂိုး ျပန္ေပးခဲ့ရပါတယ္။

ဒီဂိုးက ယူႏိုက္တက္တို႔ကို လႈပ္ႏႈိးလိုက္သလိုျဖစ္ခဲ့ၿပီး အိမ္ကြင္းမွာ ေပါက္ကြဲဖို႔ တြန္းအားျဖစ္ခဲ့သလို ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္က ေပါ့ဘာရဲ႕ တိက်လြန္းတဲ့ အေဝးေဘာခင္းက်င္းမႈကို ဂရင္းဝုဒ္က ဘယ္ျခမ္းေတာက္ေလွ်ာက္ လိုက္လံရယူၿပီး ေနာက္ခံလူ စထ႐ိုက္ခ္ကို ေက်ာ္ျဖတ္ခဲ့သလို ေထာင့္က်ဥ္းဘက္ကေန ခ်ိဳးကန္သြင္းမႈက ညာဘက္တိုင္ေျခကို တိက်လြန္းခဲ့တာေတာ့ ဂိုးသမား ေမလီေယး ဘာမွ မတတ္ႏိုင္ခဲ့ဘဲ ႏွစ္ဂိုး-တစ္ဂိုး ျပန္ျဖစ္သြားခဲ့တာပါ။

ဒီေနာက္မွာေတာ့ ယူႏိုက္တက္တို႔ က်ားကို အေတာင္တပ္ေပးလိုက္သလိုျဖစ္သြားခဲ့ၿပီး ခ်က္ခ်င္းဂိုးျပန္ေပးရလို႔ စိတ္ဓာတ္ပ်က္ျပားသြားတဲ့ လိဒ္စ္ကို ဆက္လက္ႏွိပ္စက္ႏိုင္ခဲ့သလို ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ ေပါ့ဘာကပဲ ေပးလိုက္တဲ့ ေဘာလုံးကို ဂိုးဧရိယာထဲမွာ ရသြားခဲ့တဲ့ ဖာနန္ဒက္စ္က ညာေျခနဲ႔ တစ္ခ်က္ေခါက္ၿပီးမွ ဘယ္ေျခနဲ႔ ကန္သြင္းခဲ့ရာမွာ ပိတ္ဆို႔ဖို႔ ႀကိဳးစားေနၾကတဲ့ ဂိုးသမား ေမလီေယးနဲ႔ ေနာက္ခံလူ စထ႐ိုက္ခ္တို႔ကို ေက်ာ္ၿပီး ဂိုးထဲ ဝင္သြားခဲ့ရာမွာ ေအးလင္း သတိမလစ္ဘဲ ဖ်က္ထုတ္ခဲ့ေပမယ့္ ဂိုးစည္းေက်ာ္ေနခဲ့တာေၾကာင့္ တတိယဂိုးနဲ႔ သရဲနီေတြ ဦးေဆာင္ခဲ့ပါတယ္။

လိဒ္စ္တို႔ရဲ႕ ကေယာင္ေျခာက္ျခားျဖစ္မႈေတြက ရပ္တန႔္ျခင္း မရွိေသးဘဲ ေနာက္ခံလူ ကူးပါး အဝါထပ္ထိျပန္သလို ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ လင္ဒီေလာ့ဖ္ရဲ႕ အလစ္အငိုက္ေပးပို႔တဲ့ ေဘာလုံးကို ဘ႐ူႏို ဖာနန္ဒက္စ္ကပဲ လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ေက်ာ္ၿပီး ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ Volley ကန္သြင္းယူႏိုင္ခဲ့လို႔ သူ႔ရဲ႕ ယူႏိုက္တက္အတြက္ ပထမဆုံး ဟက္ထရစ္နဲ႔ ေလးဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ ေပါ့ဘာက သူ႔ရဲ႕ တန္ဖိုးကို စတုတၳေျမာက္ ဖန္တီးမႈနဲ႔ ထပ္မံျပသခဲ့ၿပီး ဂရင္းဝုဒ္ ထုတ္ေပးလိုက္တဲ့ ေဘာလုံးကို ဘယ္ျခမ္းကေန ဆြဲေျပးၿပီး အတြင္းကို ျပန္ခ်ိဳးေပးရာမွာ ဧရိယာထဲ Arrive Late ေနာက္က် ေျပးဝင္မႈကို ဗ်ဴဟာေျမာက္လုပ္ေဆာင္ႏိုင္ခဲ့တဲ့ ဖရက္ဒ္က ကန္သြင္းခဲ့ရာမွာ ပၪၥမေျမာက္ အႏိုင္ဂိုးနဲ႔ အိမ္ကြင္းမွာ ယူႏိုက္တက္တို႔ ဝံ့ႂကြားႏိုင္ခဲ့သလို ေနာက္ဆုံးပရီးမီးယားလိဂ္ ေတြ႕ဆုံမႈ ႏွစ္ႀကိမ္မွာ လိဒ္စ္ကို ၁၁ ဂိုးအထိ ႏွိပ္စက္ႏိုင္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ယူႏိုက္တက္တို႔ လူစားလဲမႈ စတင္ခဲ့ၿပီး မက္ေတာ္မီေနးအစား မာတစ္ခ်္၊ ဒန္ဂ်ိမ္းစ္အစား ကစားသမားသစ္ ဆန္ခ်ိဳနဲ႔ ေပါ့ဘာအစား တိုက္စစ္မႉး မာစီယယ္လ္တို႔ကို ထည့္သြင္းခဲ့ၿပီး ကစားအား ေလွ်ာ့ခ်ခဲ့သလို ပြဲကို ထိန္းသိမ္းႏိုင္ဖို႔ လုပ္ခဲ့ခ်ိန္မွာ လိဒ္စ္တို႔ကေတာ့ ကစားအား ျပန္တင္လာခဲ့ပါတယ္။

ဒါေပမယ့္ ေရာဘတ္စ္၊ ဟဲလ္ဒါ ေကာ့စတာနဲ႔ ကလစ္ခ်္တို႔ အခြင့္အေရးေတြကို အသုံးခ်ႏိုင္ျခင္း မရွိခဲ့သလို ဖာနန္ဒက္စ္တို႔ သရဲနီအုပ္စုကလည္း ေနာက္ထပ္ဂိုးေတြ ရွာေဖြႏိုင္ခဲ့ျခင္းမရွိေတာ့တာေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္မွာ ငါးဂိုး-တစ္ဂိုး ရလဒ္နဲ႔ပဲ ေအာင္ပြဲခံႏိုင္ခဲ့ၿပီး စေနေန႔ရဲ႕ အေစာဆုံးပြဲစဥ္ကို ကစားအၿပီးမွာ ပရီးမီးယားလိဂ္ရဲ႕ အမွတ္ေပးဇယားထိပ္ကို တက္ေရာက္ေနရာယူႏိုင္ခဲ့ပါေၾကာင္း စုစည္းတင္ဆက္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.