Premier League

အူဘာမီယန္းအေနနဲ႔ အေျပာင္းအေရႊ႕ေတြကို ၿငီးေငြ႕ေနၿပီး အသင္းမွာ ဆက္ရွိႏုိင္

အာဆင္နယ္တုိက္စစ္မွဴး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းအေနနဲ႔ အသင္းေျပာင္းဖို႔ ထြက္ေပၚေနတဲ့ ေကာလဟာလေတြကို ၿငီးေငြ႕ေနၿပီျဖစ္ၿပီး ကမ္းလွမ္းမွဳေတြကို စိတ္မဝင္စားေတာ့သလို အသင္းမွာ ဆက္ေနၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆုိသြားဖို႔ရွိေၾကာင္း သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။

တြစ္တာက အာဆင္နယ္ဖန္အေကာင့္တစ္ခုကေန ေဖာ္ျပခဲ့တဲ့ ဒီသတင္းကို စပိန္အေျခစိုက္ Sport.es သတင္းဌာနက ေရးသားခဲ့တယ္လို႔ ဆုိၿပီး အူဘာမီယန္းအေနနဲ႔ သူ႕ရဲ႕ဖခင္က အင္စတာဂရမ္မွာ တင္ၿပီး အတိတ္စိမ္းေပးခဲ့သလိုပဲ အသင္းမွာ ဆက္ရွိသြားႏုိင္ေတာ့မယ္လို႔ ယူဆေနၾကပါတယ္။

အသက္ ၃၀ အရြယ္ တုိက္စစ္မွဴးဟာ အာဆင္နယ္အသင္းအတြက္ေတာ့ မရွိမျဖစ္ျဖစ္ေနၿပီး ဒီရာသီမွာ ပရီးမီးယားလိဂ္ရဲ႕ သြင္းဂိုး ၁၇ ဂိုးကို ပုိင္ဆုိင္ထားခဲ့သလို အသင္းရဲ႕ သြင္းဂိုးစုစုေပါင္းရဲ႕ ၄၃ ရာခိုင္ႏွဳန္းအထိ သြင္းယူေပးခဲ့တာလည္းျဖစ္ၿပီး သူ႕ကို မဆုံးရွဳံးရေတာ့ဘူးဆုိရင္ေတာ့ ႀကီးမားတဲ့ စိတ္သက္သာစရာလည္းျဖစ္လာမွာပါ။

၂၀၁၈ ေဆာင္းရာသီတုန္းက ေျပာင္းေရႊ႕ေၾကး ေပါင္ ၅၆ သန္းနဲ႔ ေခၚယူထားခဲ့တဲ့ ဂါဘြန္သားကို လက္ရွိေဈးကြက္နဲ႔ က်ဆင္းေနတဲ့ ဘဏၰာေရးအေျခအေနေတြအရ ေပါင္သန္း ၃၀ နဲ႔ လက္လႊတ္ရမယ့္သေဘာမွာ ရွိေနၿပီး ေရာင္းခ်ရဖို႔ထက္ ထိန္းသိမ္းသြားႏုိင္တာပဲ အက်ဳိးအျမတ္ ပုိမ်ားမယ့္ အေနအထားမွာလည္း ရွိေနခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ေတာ့ အူဘာမီယန္းကို စာခ်ဳပ္သက္တမ္းတုိးဖို႔ ျပန္လည္လုပ္ေဆာင္ႏုိင္တဲ့ အေနအထားကို ေရာက္ရွိလာေတာ့မွာျဖစ္ၿပီး အသင္းအတြက္ မ်ားမ်ားစားစား အက်ဳိးမျပဳႏုိင္ေတာ့တဲ့ ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္ကိုေတာ့ အျမန္ဆုံး ရွင္းထုတ္သြားဖို႔နဲ႔ ကမ္းလွမ္းမွဳေတြ ရွိလာရင္ လက္ခံသြားမွာျဖစ္ေၾကာင္း သတင္းေတြက ေဖာ္ျပခဲ့တယ္လို႔ သိရွိရပါတယ္။

REF: SPORT.ES & CAUGHT OFFSIDE
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းအနေနဲ့ အသင်းပြောင်းဖို့ ထွက်ပေါ်နေတဲ့ ကောလဟာလတွေကို ငြီးငွေ့နေပြီဖြစ်ပြီး ကမ်းလှမ်းမှုတွေကို စိတ်မဝင်စားတော့သလို အသင်းမှာ ဆက်နေပြီး စာချုပ်သစ်ချုပ်ဆိုသွားဖို့ရှိကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

တွစ်တာက အာဆင်နယ်ဖန်အကောင့်တစ်ခုကနေ ဖော်ပြခဲ့တဲ့ ဒီသတင်းကို စပိန်အခြေစိုက် Sport.es သတင်းဌာနက ရေးသားခဲ့တယ်လို့ ဆိုပြီး အူဘာမီယန်းအနေနဲ့ သူ့ရဲ့ဖခင်က အင်စတာဂရမ်မှာ တင်ပြီး အတိတ်စိမ်းပေးခဲ့သလိုပဲ အသင်းမှာ ဆက်ရှိသွားနိုင်တော့မယ်လို့ ယူဆနေကြပါတယ်။

အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ အာဆင်နယ်အသင်းအတွက်တော့ မရှိမဖြစ်ဖြစ်နေပြီး ဒီရာသီမှာ ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုး ၁၇ ဂိုးကို ပိုင်ဆိုင်ထားခဲ့သလို အသင်းရဲ့ သွင်းဂိုးစုစုပေါင်းရဲ့ ၄၃ ရာခိုင်နှုန်းအထိ သွင်းယူပေးခဲ့တာလည်းဖြစ်ပြီး သူ့ကို မဆုံးရှုံးရတော့ဘူးဆိုရင်တော့ ကြီးမားတဲ့ စိတ်သက်သာစရာလည်းဖြစ်လာမှာပါ။

၂၀၁၈ ဆောင်းရာသီတုန်းက ပြောင်းရွှေ့ကြေး ပေါင် ၅၆ သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ ဂါဘွန်သားကို လက်ရှိဈေးကွက်နဲ့ ကျဆင်းနေတဲ့ ဘဏ္ဏာရေးအခြေအနေတွေအရ ပေါင်သန်း ၃၀ နဲ့ လက်လွှတ်ရမယ့်သဘောမှာ ရှိနေပြီး ရောင်းချရဖို့ထက် ထိန်းသိမ်းသွားနိုင်တာပဲ အကျိုးအမြတ် ပိုများမယ့် အနေအထားမှာလည်း ရှိနေခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့တော့ အူဘာမီယန်းကို စာချုပ်သက်တမ်းတိုးဖို့ ပြန်လည်လုပ်ဆောင်နိုင်တဲ့ အနေအထားကို ရောက်ရှိလာတော့မှာဖြစ်ပြီး အသင်းအတွက် များများစားစား အကျိုးမပြုနိုင်တော့တဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ကိုတော့ အမြန်ဆုံး ရှင်းထုတ်သွားဖို့နဲ့ ကမ်းလှမ်းမှုတွေ ရှိလာရင် လက်ခံသွားမှာဖြစ်ကြောင်း သတင်းတွေက ဖော်ပြခဲ့တယ်လို့ သိရှိရပါတယ်။

REF: SPORT.ES & CAUGHT OFFSIDE
PHOTOS CREDIT TO OWNERS
SPORTS A2Z.