Premier League

၂၉.၄.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ကဆုန္လဆန္း ၈ ရက္၊ ဗုဒၶဟူးေန႔။

၂၉.၄.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ကဆုန္လဆန္း ၈ ရက္၊ ဗုဒၶဟူးေန႔၊ ျပႆဒါး၊ ရွမ္းရက္။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ညေန ၁၆:၁၁ အထိ တိထီ ၆ လုံး။ ေက်ာ္လွ်င္ ၇ လုံး။ ၆ လုံးတြင္ အၿမိတၱယုဂ္၊ ထာဝရရွင္သန္ေအာင္ျမင္ေစလိုသည့္အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။ ၇ လုံးတြင္ သိဒၶိယုဂ္ ၿပီးေျမာက္ေအာင္ျမင္ျပည့္စုံေစလိုသည့္အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၃:၀၀ အထိ ပုဏၰဖုသွ်ဳနကၡတ္။ ေက်ာ္လွ်င္ ဖုသွ်နကၡတ္။ ည ၂၂:၄၆ အထိ ဓီတိယုဂ္၊ စဥ္းစားဆင္ျခင္ျခင္း၊ ထိန္းခ်ဳပ္ကြပ္ကဲရျခင္း၊ မိမိ၏ အေျမာ္အျမင္ေၾကာင့္ သူတပါးထံမွ အက်ဳိးခံစားရျခင္းမ်ားရွိမည္။ ေက်ာ္လွ်င္ သူလယုဂ္၊ နာက်င္ခံစားရျခင္း၊ ျငင္းခုံရျခင္း၊ ေဆြးေႏြးမွဳမ်ား၊ သေဘာတူညီမွဳမ်ား ျပဳလုပ္ျခင္းမ်ဳိး ေရွာင္ၾကဥ္ပါ။

တစ္ေန႔တာ က႐ိုဏ္း။
ညေန ၁၆:၁၁ အထိ ေတတုလက႐ိုဏ္း၊ စကားေကာင္း ေျပာဆုိျခင္း၊ ရာထူးတုိးတက္ျခင္း၊ တည္ေဆာက္ျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ နံနက္ ၄:၀၀ အထိ ကရဇက႐ိုဏ္း၊ စိုက္ပ်ဳိးျခင္း၊ လုပ္ငန္းအတြင္း ေငြေၾကးစိုက္ထည့္ျခင္း၊ တာဝန္ယူတာဝန္ခံျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ဝါဏိဇၨက႐ိုဏ္း၊ စီးပြားေရးႏွင့္ ဆက္သြယ္ဆက္ဆံေရးအလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း၊ ခ်မ္းသာျပည့္စုံရန္ စီစဥ္ႏိုင္။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္အေရာင္။
ညေန ၁၆:၁၁ အထိ အေနာက္ႏွင့္ ေတာင္၊ အနီေရာင္။ ေက်ာ္လွ်င္ ေျမာက္ႏွင့္ အေနာက္၊ အဝါေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၂၉.၄.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ ဗုဒ္ဓဟူးနေ့၊ ပြဿဒါး၊ ရှမ်းရက်။

တစ်နေ့တာ တိထီနှင့် ယုဂ်။
ညနေ ၁၆:၁၁ အထိ တိထီ ၆ လုံး။ ကျော်လျှင် ၇ လုံး။ ၆ လုံးတွင် အမြိတ္တယုဂ်၊ ထာဝရရှင်သန်အောင်မြင်စေလိုသည့်အလုပ်များ လုပ်ဆောင်ရန်ကောင်း။ ၇ လုံးတွင် သိဒ္ဓိယုဂ် ပြီးမြောက်အောင်မြင်ပြည့်စုံစေလိုသည့်အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၃:၀၀ အထိ ပုဏ္ဏဖုသျှုနက္ခတ်။ ကျော်လျှင် ဖုသျှနက္ခတ်။ ည ၂၂:၄၆ အထိ ဓီတိယုဂ်၊ စဉ်းစားဆင်ခြင်ခြင်း၊ ထိန်းချုပ်ကွပ်ကဲရခြင်း၊ မိမိ၏ အမြော်အမြင်ကြောင့် သူတပါးထံမှ အကျိုးခံစားရခြင်းများရှိမည်။ ကျော်လျှင် သူလယုဂ်၊ နာကျင်ခံစားရခြင်း၊ ငြင်းခုံရခြင်း၊ ဆွေးနွေးမှုများ၊ သဘောတူညီမှုများ ပြုလုပ်ခြင်းမျိုး ရှောင်ကြဉ်ပါ။

တစ်နေ့တာ ကရိုဏ်း။
ညနေ ၁၆:၁၁ အထိ တေတုလကရိုဏ်း၊ စကားကောင်း ပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။ နံနက် ၄:၀၀ အထိ ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးအလုပ်များ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန်အရောင်။
ညနေ ၁၆:၁၁ အထိ အနောက်နှင့် တောင်၊ အနီရောင်။ ကျော်လျှင် မြောက်နှင့် အနောက်၊ အဝါရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)