Premier League

နယူးကာဆယ္လ္အေရးမွာ ကာတာကို ေဆာ္ဒီတုိ႔ ျပတ္ျပတ္သားသားႏွိမ္နင္းေတာ့မလား

နယူးကာဆယ္လ္ယူႏုိက္တက္အသင္းကို ဝယ္ယူဖို႔အတြက္ တရားဝင္မွတ္ပုံတင္ဖို႔နဲ႔ ပုိင္ရွင္ေတြ လႊဲေျပာင္းဖို႔သာ က်န္ရွိေတာ့ၿပီး စရန္ေငြ ေပးေခ်ထားၿပီးသားျဖစ္တဲ့ ေဆာ္ဒီအာေရးဘီးယားရင္းႏွီးျမႇဳပ္ႏွံမွဳလုပ္ငန္းစုအေနနဲ႔ သူတုိ႔ကုိ ဆန္႔က်င္ကန္႔ကြက္ေနတဲ့ ကာတာအတုိက္အခံအုပ္စုကို ျပတ္ျပတ္သားသား ႏွိမ္နင္းမယ့္ပုံစံကို ျပသလုိက္ပါတယ္။

အဂၤလန္ေျမာက္ပုိင္းကလပ္ျဖစ္တဲ့ ငွက္က်ားေတြကို ေဆာ္ဒီအုပ္စုကသာ ဝယ္ယူခဲ့ရင္ ပရီးမီးယားလိဂ္မွာ မမွ်မတေတြ ျဖစ္လာလိမ့္မယ္လို႔ ကာတာအေျခစိုက္ Be In Sports နဲ႔ အဂၤလန္ NGO တစ္ခုျဖစ္တဲ့ Amnesty International တို႔က ကန္႔ကြက္ထားခဲ့ၿပီး ႐ုပ္သံထုတ္လႊင့္မွဳအတြက္လည္း ပယ္ဖ်က္မယ္လို႔ ၿခိမ္းေျခာက္ခဲ့တာပါ။

ပရီးမီးယားလိဂ္ကုိ အေရွ႕အလယ္ပုိင္းနဲ႔ ေျမာက္အာဖရိကမွာ ထုတ္လႊင့္ဖို႔ ၂၀၂၂ အထိ စာခ်ဳပ္ခ်ဳပ္ဆုိထားတဲ့ ကာတာ႐ုပ္သံ Be In Sports ရဲ႕ စာခ်ဳပ္က ေပါင္သန္းငါးရာေက်ာ္ တန္ဖိုးရွိေနၿပီး ဒါကို လက္နက္အျဖစ္ ၿခိမ္းေျခာက္ခဲ့ေပမယ့္ သူတုိ႔လိုပဲ ခ်မ္းသာၾကြယ္ဝတဲ့ ေဆာ္ဒီအုပ္စုက ျပန္လည္တိုက္ခုိက္ဖို႔ ျပင္ဆင္လာခဲ့ၾကတာျဖစ္ပါတယ္။

ေဘာလုံးပရိသတ္ေတြကေတာ့ ကာတာနဲ႔ ေဆာ္ဒီၾကားက ႏုိင္ငံေရးျပႆနာေတြကို ပရီးမီးယားလိဂ္ကို ယူေဆာင္လာတာလုိ႔ပဲ ရွဳျမင္ေနၾကၿပီး အားကစားမဆန္တဲ့ ကိစၥမွာ ေဆာ္ဒီဘက္က ရပ္တည္ေနၾကသလို အိမ္ေရွ႕မင္းသား မိုဟာမက္ ဘင္ဆယ္လ္မန္းရဲ႕ အဖြဲ႕အေနနဲ႔ Be In Sports က ႐ုပ္သံထုတ္လႊင့္ခြင့္ကို ဖ်က္သိမ္းရင္ သူတို႔က အစားထိုးရယူသြားမယ္လုိ႔ ဆုိလာခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ၿပဳိင္ပြဲေတြဟာ ေဆာ္ဒီအာေရးဘီးယားႏုိင္ငံမွာ လူစိတ္ဝင္စားမွဳ အလြန္ျမင့္မားတဲ့ ၿပဳိင္ပြဲေတြလည္းျဖစ္ေနၿပီး ဒါကို ဘင္ဆယ္လ္မန္းနဲ႔ ယက္ဆာ အယ္လ္႐ူေမယန္တုိ႔က ရယူသြားႏုိင္ခဲ့ရင္ေတာ့ ကာတာအုပ္စုအတြက္ ႏွစ္ခါနာေတာ့မွာျဖစ္ၿပီး ႏုိင္ငံေရးနဲ႔ ၾသဇာအာဏာတုိက္ပြဲမွာ ေဆာ္ဒီအုပ္စုကပဲ နယူးကာဆယ္လ္ယူႏိုက္တက္နဲ႔အတူ ေအာင္ပြဲခံသြားဖို႔ရွိေနေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: နယူးကာဆယ်လ်ယူနိုက်တက်အသင်းကို ဝယ်ယူဖို့အတွက် တရားဝင်မှတ်ပုံတင်ဖို့နဲ့ ပိုင်ရှင်တွေ လွှဲပြောင်းဖို့သာ ကျန်ရှိတော့ပြီး စရန်ငွေ ပေးချေထားပြီးသားဖြစ်တဲ့ ဆော်ဒီအာရေးဘီးယားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစုအနေနဲ့ သူတို့ကို ဆန့်ကျင်ကန့်ကွက်နေတဲ့ ကာတာအတိုက်အခံအုပ်စုကို ပြတ်ပြတ်သားသား နှိမ်နင်းမယ့်ပုံစံကို ပြသလိုက်ပါတယ်။

အင်္ဂလန်မြောက်ပိုင်းကလပ်ဖြစ်တဲ့ ငှက်ကျားတွေကို ဆော်ဒီအုပ်စုကသာ ဝယ်ယူခဲ့ရင် ပရီးမီးယားလိဂ်မှာ မမျှမတတွေ ဖြစ်လာလိမ့်မယ်လို့ ကာတာအခြေစိုက် Be In Sports နဲ့ အင်္ဂလန် NGO တစ်ခုဖြစ်တဲ့ Amnesty International တို့က ကန့်ကွက်ထားခဲ့ပြီး ရုပ်သံထုတ်လွှင့်မှုအတွက်လည်း ပယ်ဖျက်မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။

ပရီးမီးယားလိဂ်ကို အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကမှာ ထုတ်လွှင့်ဖို့ ၂၀၂၂ အထိ စာချုပ်ချုပ်ဆိုထားတဲ့ ကာတာရုပ်သံ Be In Sports ရဲ့ စာချုပ်က ပေါင်သန်းငါးရာကျော် တန်ဖိုးရှိနေပြီး ဒါကို လက်နက်အဖြစ် ခြိမ်းခြောက်ခဲ့ပေမယ့် သူတို့လိုပဲ ချမ်းသာကြွယ်ဝတဲ့ ဆော်ဒီအုပ်စုက ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်လာခဲ့ကြတာဖြစ်ပါတယ်။

ဘောလုံးပရိသတ်တွေကတော့ ကာတာနဲ့ ဆော်ဒီကြားက နိုင်ငံရေးပြဿနာတွေကို ပရီးမီးယားလိဂ်ကို ယူဆောင်လာတာလို့ပဲ ရှုမြင်နေကြပြီး အားကစားမဆန်တဲ့ ကိစ္စမှာ ဆော်ဒီဘက်က ရပ်တည်နေကြသလို အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်းရဲ့ အဖွဲ့အနေနဲ့ Be In Sports က ရုပ်သံထုတ်လွှင့်ခွင့်ကို ဖျက်သိမ်းရင် သူတို့က အစားထိုးရယူသွားမယ်လို့ ဆိုလာခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေဟာ ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ လူစိတ်ဝင်စားမှု အလွန်မြင့်မားတဲ့ ပြိုင်ပွဲတွေလည်းဖြစ်နေပြီး ဒါကို ဘင်ဆယ်လ်မန်းနဲ့ ယက်ဆာ အယ်လ်ရူမေယန်တို့က ရယူသွားနိုင်ခဲ့ရင်တော့ ကာတာအုပ်စုအတွက် နှစ်ခါနာတော့မှာဖြစ်ပြီး နိုင်ငံရေးနဲ့ သြဇာအာဏာတိုက်ပွဲမှာ ဆော်ဒီအုပ်စုကပဲ နယူးကာဆယ်လ်ယူနိုက်တက်နဲ့အတူ အောင်ပွဲခံသွားဖို့ရှိနေကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.