Other Premier League Transfer News

11 Aug နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် သတင်းများ

မန်ချက်စတာယူနိုက်တက်ဟာ အပြောင်းအရွှေ့တံခါးမပိတ်ခင် တိုက်စစ်မှူးတဦးဖြည့်တင်းသွားဖို့ ကြံစည်နေချိန်မှာ ရီးရဲလ်မက်ဒရစ်ကစားသမား လူကာ ဂျိုဗစ်ကို စိတ်ဝင်စားနေကြောင်း သိရသလို လာလီဂါမှာသွင်းဂိုး ၂ ဂိုးသာရထားတဲ့ ပေါင် ၅၂ သန်းတန် ဆာဘီးယားသားကို အဲရစ် ဘိုင်ယီ၊ ဒီယိုဂို ဒါးလော့၊ ဒွန်နီ ဗန်ဒဘိခ်တို့ ၃ ဦးထဲက ၁ ဦးနဲ့ တိုက်ရိုက်အလဲအထပ်လုပ်သွားဖို့ စီစဥ်နေ။

ဗဟိုကွင်းလယ်လူတဦးရှာဖွေနေတဲ့ ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ကိုရွန်တင် တိုလစ်ဆိုကို ဝယ်ယူဖို့ အာဆင်နယ်အသင်းနဲ့ အားပြိုင်နေကြောင်း သိရပြီး ဂျာမန်ကလပ်နဲ့ တနှစ်စာချုပ်သာ ကျန်ရှိတော့တဲ့ ပြင်သစ်သားကို ရောင်းစျေး ယူရို ၁၀ သန်းနဲ့ လက်ခံသွားဖွယ်ရှိနေ။

ယူနိုက်တက်တို့ဟာ အက်သလက်တီကို မက်ဒရစ်ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ကြောင်း စပိန်သတင်းတွေက အတည်ပြုသွားခဲ့ပြီး နည်းပြဆိုးလ်ရှားအနေနဲ့ အသက် ၂၆ နှစ်သားကို အထူးအခွင့်အရေးအဖြစ် သတ်မှတ်ထားသလို ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းသွားဖို့ စဥ်းစားနေ။

Telegraph သတင်းရဲ့ဖော်ပြချက်အရ အင်တာမီလန်အသင်းက ချိတ်ဆက်နေတဲ့ တိုက်စစ်မှူး အန်သော်နီ မာစီယယ်လ်ကို အိုးထရက်ဖို့ဒ်မှာ ဆက်ထိန်းထားဖို့ ရှိနေတယ်လို့ သိရပြီး ယူနိုက်တက်နည်းပြဆိုးလ်ရှားအနေနဲ့ ပေါင်သန်း ၅၀ တန် ပြင်သစ်သားကို အသင်းရဲ့အစီအစဥ်တွေထဲမှာ တစိတ်တပိုင်းအနေနဲ့ ဆက်လက်ထည့်သွင်းထားကြောင်း သိရ။

စီးရီးအေကလပ် အတ္တလန်တာအသင်းဟာ ဆန်ချိုကြောင့် နေရာရဖို့ မရှိတော့တဲ့ ယူနိုက်တက်တောင်ပံတိုက်စစ်မှုး ဒန်နီယယ်လ် ဂျိမ်းစ်ကို ထုတ်ရောင်းနိုင်မလားလို့ စကားကမ်းလှမ်းလာခဲ့ပြီး ဝေးလ်စ်သားကို မျက်စိကျနေတဲ့ နည်းပြ ဂတ်စ်ပါရီနီအနေနဲ့ စုံစမ်းမှုတွေဟာ အိုးထရက်ဖို့ဒ်ဆီ ရောက်ရှိလာခဲ့ပြီလို့သိရ။

ရင်းနင်းအသင်းနဲ့ နောက်ရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာကြောင့် ရောင်းထုတ်ခံရဖို့ သေချာသလောက်ရှိနေတဲ့ ကွင်းလယ်လူ အက်ဒွာဒို ကာမာဗင်ဂါဟာ PSG အသင်းကိုသာ ပြောင်းဖို့ စိတ်အားထက်သန်နေတာကြောင့် ယူနိုက်တက်အတွက် ထိုးနှက်ချက်ဖြစ်လာခဲ့ပြီး အိုးထရက်ဖို့ဒ်ဆီ ဆွဲဆောင်စည်းရုံးဖို့ ကစားသမားရဲ့ကိုယ်စားလှယ်တွေနဲ့ ဆက်လက်ကြိုးပမ်းနေ။

မန်ချက်စတာမြို့မှာ ကွာရန်တင်းဝင်ရတဲ့ကာလပြီးမြောက်သွားပြီး မနေ့က ကာရင်တန်မှာ ဆေးစစ်မှုခံယူခဲ့တဲ့ ဗဟိုခံစစ်မှူး ရာဖေးလ် ဗာရွန်းကို ပရိသတ်တွေ မျှော်လင့်နေတဲ့အတိုင်း ဒီနေ့မှာ ယူနိုက်တက်အသင်းက တရားဝင်ကြေငြာသွားဖွယ်ရှိနေပြီး လိဒ်စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲမှာလည်း ပြင်သစ်သားဟာ ဂျေဒန် ဆန်ချိုနဲ့အတူ ပွဲဦးထွက်လာဖွယ်ရှိနေကြောင်းသိရ။

ကာလရှည်ပခုံးဒဏ်ရာကို ခွဲစိတ်မှုအောင်မြင်ခဲ့ပြီဖြစ်ကြောင်း တွစ်တာမှာ ရေးသားအသိပေးလိုက်တဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို သရဲနီပရိသတ်တွေက “ကောင်းကောင်းအနားယူပါ လူစွမ်းကောင်းကြီး” လို့ ဆုမွန်ကောင်းပို့သသွားခဲ့သလို တွစ်တာသုံးနေတာကို ချက်ချင်းရပ်ပြီး လက်မောင်းကို အထိအခိုက်မခံဖို့ စိုးရိမ်တကြီး တိုက်တွန်းသွား။

လီယွန်နယ် မက်ဆီနဲ့ အပြောင်းအရွှေ့သေချာသွားခဲ့ပြီဖြစ်​ကြောင်း အတည်ပြုခံထားရတဲ့ PSG အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် ယူနိုက်တက်မှာ လှုပ်ခတ်နေတဲ့ ပေါလ် ပေါ့ဘာရဲ့ အခြေအနေဟာ အရာရာတည်ငြိမ်သွားခဲ့ပြီလို့ Daily Mail သတင်းက ဖော်ပြလာခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ တပတ်ပေါင် ၃ သိန်းခွဲနဲ့ စာချုပ်သစ်တရပ်ဖြစ်ပေါ်လာဖွယ်ရှိကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ဟာ အေျပာင္းအေ႐ႊ႕တံခါးမပိတ္ခင္ တိုက္စစ္မႉးတဦးျဖည့္တင္းသြားဖို႔ ႀကံစည္ေနခ်ိန္မွာ ရီးရဲလ္မက္ဒရစ္ကစားသမား လူကာ ဂ်ိဳဗစ္ကို စိတ္ဝင္စားေနေၾကာင္း သိရသလို လာလီဂါမွာသြင္းဂိုး ၂ ဂိုးသာရထားတဲ့ ေပါင္ ၅၂ သန္းတန္ ဆာဘီးယားသားကို အဲရစ္ ဘိုင္ယီ၊ ဒီယိုဂို ဒါးေလာ့၊ ဒြန္နီ ဗန္ဒဘိခ္တို႔ ၃ ဦးထဲက ၁ ဦးနဲ႔ တိုက္႐ိုက္အလဲအထပ္လုပ္သြားဖို႔ စီစဥ္ေန။

ဗဟိုကြင္းလယ္လူတဦးရွာေဖြေနတဲ့ ယူႏိုက္တက္အသင္းဟာ ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူ ကို႐ြန္တင္ တိုလစ္ဆိုကို ဝယ္ယူဖို႔ အာဆင္နယ္အသင္းနဲ႔ အားၿပိဳင္ေနေၾကာင္း သိရၿပီး ဂ်ာမန္ကလပ္နဲ႔ တႏွစ္စာခ်ဳပ္သာ က်န္ရွိေတာ့တဲ့ ျပင္သစ္သားကို ေရာင္းေစ်း ယူ႐ို ၁၀ သန္းနဲ႔ လက္ခံသြားဖြယ္ရွိေန။

ယူႏိုက္တက္တို႔ဟာ အက္သလက္တီကို မက္ဒရစ္ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနဆဲျဖစ္ေၾကာင္း စပိန္သတင္းေတြက အတည္ျပဳသြားခဲ့ၿပီး နည္းျပဆိုးလ္ရွားအေနနဲ႔ အသက္ ၂၆ ႏွစ္သားကို အထူးအခြင့္အေရးအျဖစ္ သတ္မွတ္ထားသလို ေပါင္သန္း ၄၀ နဲ႔ ကမ္းလွမ္းသြားဖို႔ စဥ္းစားေန။

Telegraph သတင္းရဲ႕ေဖာ္ျပခ်က္အရ အင္တာမီလန္အသင္းက ခ်ိတ္ဆက္ေနတဲ့ တိုက္စစ္မႉး အန္ေသာ္နီ မာစီယယ္လ္ကို အိုးထရက္ဖို႔ဒ္မွာ ဆက္ထိန္းထားဖို႔ ရွိေနတယ္လို႔ သိရၿပီး ယူႏိုက္တက္နည္းျပဆိုးလ္ရွားအေနနဲ႔ ေပါင္သန္း ၅၀ တန္ ျပင္သစ္သားကို အသင္းရဲ႕အစီအစဥ္ေတြထဲမွာ တစိတ္တပိုင္းအေနနဲ႔ ဆက္လက္ထည့္သြင္းထားေၾကာင္း သိရ။

စီးရီးေအကလပ္ အတၱလန္တာအသင္းဟာ ဆန္ခ်ိဳေၾကာင့္ ေနရာရဖို႔ မရွိေတာ့တဲ့ ယူႏိုက္တက္ေတာင္ပံတိုက္စစ္မႈး ဒန္နီယယ္လ္ ဂ်ိမ္းစ္ကို ထုတ္ေရာင္းႏိုင္မလားလို႔ စကားကမ္းလွမ္းလာခဲ့ၿပီး ေဝးလ္စ္သားကို မ်က္စိက်ေနတဲ့ နည္းျပ ဂတ္စ္ပါရီနီအေနနဲ႔ စုံစမ္းမႈေတြဟာ အိုးထရက္ဖို႔ဒ္ဆီ ေရာက္ရွိလာခဲ့ၿပီလို႔သိရ။

ရင္းနင္းအသင္းနဲ႔ ေနာက္ရာသီမွာ သက္တမ္းကုန္ဆုံးေတာ့မွာေၾကာင့္ ေရာင္းထုတ္ခံရဖို႔ ေသခ်ာသေလာက္ရွိေနတဲ့ ကြင္းလယ္လူ အက္ဒြာဒို ကာမာဗင္ဂါဟာ PSG အသင္းကိုသာ ေျပာင္းဖို႔ စိတ္အားထက္သန္ေနတာေၾကာင့္ ယူႏိုက္တက္အတြက္ ထိုးႏွက္ခ်က္ျဖစ္လာခဲ့ၿပီး အိုးထရက္ဖို႔ဒ္ဆီ ဆြဲေဆာင္စည္း႐ုံးဖို႔ ကစားသမားရဲ႕ကိုယ္စားလွယ္ေတြနဲ႔ ဆက္လက္ႀကိဳးပမ္းေန။

မန္ခ်က္စတာၿမိဳ႕မွာ ကြာရန္တင္းဝင္ရတဲ့ကာလၿပီးေျမာက္သြားၿပီး မေန႔က ကာရင္တန္မွာ ေဆးစစ္မႈခံယူခဲ့တဲ့ ဗဟိုခံစစ္မႉး ရာေဖးလ္ ဗာ႐ြန္းကို ပရိသတ္ေတြ ေမွ်ာ္လင့္ေနတဲ့အတိုင္း ဒီေန႔မွာ ယူႏိုက္တက္အသင္းက တရားဝင္ေၾကျငာသြားဖြယ္ရွိေနၿပီး လိဒ္စ္နဲ႔ကစားမယ့္ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာလည္း ျပင္သစ္သားဟာ ေဂ်ဒန္ ဆန္ခ်ိဳနဲ႔အတူ ပြဲဦးထြက္လာဖြယ္ရွိေနေၾကာင္းသိရ။

ကာလရွည္ပခုံးဒဏ္ရာကို ခြဲစိတ္မႈေအာင္ျမင္ခဲ့ၿပီျဖစ္ေၾကာင္း တြစ္တာမွာ ေရးသားအသိေပးလိုက္တဲ့ တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကို သရဲနီပရိသတ္ေတြက “ေကာင္းေကာင္းအနားယူပါ လူစြမ္းေကာင္းႀကီး” လို႔ ဆုမြန္ေကာင္းပို႔သသြားခဲ့သလို တြစ္တာသုံးေနတာကို ခ်က္ခ်င္းရပ္ၿပီး လက္ေမာင္းကို အထိအခိုက္မခံဖို႔ စိုးရိမ္တႀကီး တိုက္တြန္းသြား။

လီယြန္နယ္ မက္ဆီနဲ႔ အေျပာင္းအေ႐ႊ႕ေသခ်ာသြားခဲ့ၿပီျဖစ္​ေၾကာင္း အတည္ျပဳခံထားရတဲ့ PSG အသင္းရဲ႕ ဘ႑ာေရးအေျခအေနေၾကာင့္ ယူႏိုက္တက္မွာ လႈပ္ခတ္ေနတဲ့ ေပါလ္ ေပါ့ဘာရဲ႕ အေျခအေနဟာ အရာရာတည္ၿငိမ္သြားခဲ့ၿပီလို႔ Daily Mail သတင္းက ေဖာ္ျပလာခဲ့ၿပီး အိုးထရက္ဖို႔ဒ္မွာ တပတ္ေပါင္ ၃ သိန္းခြဲနဲ႔ စာခ်ဳပ္သစ္တရပ္ျဖစ္ေပၚလာဖြယ္ရွိေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.