Premier League Transfer News

11 Aug နံနက်ခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းအနေနဲ့ ဖီအိုရင်တီးနားအသင်းရဲ့တိုက်စစ်မှူး ဒူရှန် ဗလာဟိုဗစ်ခ်ျကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေဆဲဖြစ်ပြီး စီးရီးအေကလပ်ဘက်က ပေါင် ၅၀.၈ သန်းထက်‌ လျော့တဲ့ဈေးနဲ့ ရောင်းထုတ်ဖို့မရှိကြောင်း သတိပေးထားလို့ စပါးစ်အပါအဝင် အသင်းအများစုက လက်ရှောင်ချင်နေကြပေမယ့် ကြိုးကြာနီတို့အနေနဲ့ ကမ်းလှမ်းမှုတစ်ခုခု ပြုလုပ်သွားဖို့ ရှိနေကြောင်း သတင်းတွေထွက်လာ။

– ပြင်သစ်ကလပ် လီယွန်အသင်းအနေနဲ့ လီဗာပူးလ်အသင်းရဲ့ တောင်ပံကစားသမား ချာဒန် ရှာကျီရီကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်းသိရပြီး လီဗာပူးလ်အသင်းသတ်မှတ်ထားတဲ့ ပေါင် ၁၂ သန်းနဲ့ ဝေးကွာတဲ့ဈေးနဲ့ ကမ်းလှမ်းခဲ့လို့ ကြိုးကြာနီတို့ဘက်က ချက်ချင်းပယ်ချခဲ့သလို အသက် ၂၉ နှစ်အရွယ် ကစားသမားကို ဆီဗီလာ၊ ဗီလာရီးရဲလ်၊ နာပိုလီနဲ့ လာဇီယိုအသင်းတို့က ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်းသိရ။

– ဝက်စ်ဟမ်းအသင်းအနေနဲ့ လီဗာပူးလ်အသင်းတိုက်စစ်မှူး ဒီဗော့ခ် အိုရီဂီကို ခေါ်ယူဖို့အတွက် ကြိုးကြာနီတို့နဲ့ ဆွေးနွေးမှု‌တွေ စတင်နေကြောင်းသိရပြီး အန်ဖီးလ်သားတွေဘက်က ၂၆ နှစ်အရွယ် ဘယ်လ်ဂျီယမ်သားအတွက် မူလတုန်းက ပေါင်သန်း ၂၀ အလိုရှိခဲ့ပေမယ့် အခုအခါ ပေါင် ၁၅ သန်းဝန်းကျင်နဲ့ သြဂုတ်လမကုန်မီ အပြောင်းအရွှေ့ဖြစ်လာဖို့ရှိကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြ။

– လီဗာပူးလ်အသင်းအနေနဲ့ ဖာဘင်ညို၊ အယ်လစ်ဆန် ဘက်ကာနဲ့ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့ကို ပြီးခဲ့တဲ့အပတ်က စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ပြီး လက်ရှိမှာ တိုက်စစ်မှူး မိုဟာမက် ဆာလားနဲ့ နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်တို့ကို တစ်ပတ်လုပ်ခပေါင် ၂၀၀,၀၀၀ ကျော်နဲ့ ၃ နှစ်စာချုပ်ရှိတဲ့ စာချုပ်သစ်နစ်ခု ကမ်းလှမ်းခဲ့ကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြ။

– ရင်းနေးတောင်ပံတိုက်စစ်မှူး ဂျယ်ရမီ ဒိုကူကို ခေါ်ယူဖို့အတွက် လီဗာပူးလ်အသင်းအနေနဲ့ အသင်းမှာ ဆက်လက်ထားဖို့မရှိတော့တဲ့ တောင်ပံကစားသမား ချာဒန် ရှာကျီရီနဲ့ ငွေသားနဲ့အတူ အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်လာခဲ့သလို ဘယ်လ်ဂျီယမ်သားရဲ့အေးဂျင့်က မကြာသေးမီက လီဗာပူးလ်အသင်းကို ရောက်ရှိလာခဲ့တဲ့ နောက်ခံလူ အီဘရာဟီမာ ကိုနာတေရဲ့အေးဂျင့်နဲ့အတူတူပဲ ဖြစ်ကြောင်းသိရ။

– မနေ့ညက အိုဆာဆူနာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ တစ်ဖက်နောက်ခံလူနဲ့ ခိုက်မိပြီး ဝမ်းဗိုက်မှာ ဒဏ်ရာရရှိသွားခဲ့တဲ့ လီဗာပူးလ်ကွင်းလယ်ကစားသမား ကာတစ် ဂျုံးစ်အနေနဲ့ သူ့ရဲ့ဒဏ်ရာမပြင်းထန်ကြောင်းနဲ့ မြက်ခင်းစိမ်းတွေပေါ် မကြာမီ ပြန်လာမှာဖြစ်ကြောင်း သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ တင်ခဲ့လို့ လီဗာပူးလ်ပရိသတ်တွေအနေနဲ့ စိတ်အေးခဲ့ရကြောင်း သတင်းတွေထွက်လာ။

– လီဗာပူးလ်အသင်းက ထွက်ခွာဖို့အတွက် သေချာသလောက်ရှိနေတဲ့ တိုက်စစ်မှူး ဒီဗော့ခ် အိုရီဂီအနေနဲ့ မနေ့ညက ကစားခဲ့တဲ့ အိုဆာဆူနာအသင်းနဲ့ ခြေစမ်းပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ချိန်မှာ ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာရဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို လွှဲပြောင်းရယူခဲ့တာကြောင့် ပရိသတ်တွေ အံ့ဩမှင်သက်ခဲ့ကြပြီး တချို့က အသင်းရဲ့ ဂုဏ်ပြုတဲ့ နှုတ်ဆက်ခြင်းလို့ လူမှုကွန်ယက်တွေမှာ ရေးသားနေကြ။

– လီယွန်နယ် မက်ဆီကို အရခေါ်ယူဖို့အတွက် ပီအက်စ်ဂျီအသင်းအနေနဲ့ အသင်းက,ကစားသမား ၁၀ ယောက်လောက်အထိ ရောင်းထုတ်ဖို့စီစဥ်ခဲ့ပြီး ပါရီသားတို့ အလိုမရှိတဲ့ ဘယ်နောက်ခံလူ ဟွမ် ဘားနက်ကို လီဗာပူးလ်အသင်းအနေနဲ့ အန်ဒရူး ရောဘတ်ဆန်ရဲ့အရန်အဖြစ် ခေါ်ယူသွားဖို့ရှိနေသလို စိတ်မချရတဲ့ ဂိုးသမား အက်ဒရီယန်နေရာမှာ အစားထိုးဖို့ ပါရီမြေက ဂိုးသမား ဆာဂျီယို ရီကို,ကို ခေါ်ယူသွားဖို့ စီစဉ်နေကြောင်း သတင်းတွေထွက်လာ။

– လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်အနေနဲ့ မနေ့က အင်တာဗျူးတစ်ခုမှာ သတင်းထောက်တစ်ယောက်က အသင်းရဲ့ဒဏ်ရာရကစားသမားဖြစ်တဲ့ အန်ဒရူး ရောဘတ်ဆန်ရဲ့ ဒဏ်ရာအခြေအနေကို မနက်ဖြန်မှာ ဓါတ်မှန်ရိုက်စစ်ဆေးဖို့ အစီအစဉ်ရှိလားလို့မေးတာကို ဂျာမန်သားက နားကြားမှားခဲ့ပြီး ဒါက ဒုတိယအစီအစဉ်မဟုတ်ဘဲ ပထမအစီအစဉ်ဖြစ်ကြောင်း ပြန်ရှင်းပြခဲ့တဲ့အဖြစ်က လူမှုကွန်ယက်တွေပေါ်မှာ အမောပြေစရာ‌ဖြစ်လာခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းအေနနဲ႔ ဖီအိုရင္တီးနားအသင္းရဲ႕တိုက္စစ္မႉး ဒူရွန္ ဗလာဟိုဗစ္ခ္်ကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနဆဲျဖစ္ၿပီး စီးရီးေအကလပ္ဘက္က ေပါင္ ၅၀.၈ သန္းထက္‌ ေလ်ာ့တဲ့ေဈးနဲ႔ ေရာင္းထုတ္ဖို႔မရွိေၾကာင္း သတိေပးထားလို႔ စပါးစ္အပါအဝင္ အသင္းအမ်ားစုက လက္ေရွာင္ခ်င္ေနၾကေပမယ့္ ႀကိဳးၾကာနီတို႔အေနနဲ႔ ကမ္းလွမ္းမႈတစ္ခုခု ျပဳလုပ္သြားဖို႔ ရွိေနေၾကာင္း သတင္းေတြထြက္လာ။

– ျပင္သစ္ကလပ္ လီယြန္အသင္းအေနနဲ႔ လီဗာပူးလ္အသင္းရဲ႕ ေတာင္ပံကစားသမား ခ်ာဒန္ ရွာက်ီရီကို ေခၚယူဖို႔အတြက္ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့ေၾကာင္းသိရၿပီး လီဗာပူးလ္အသင္းသတ္မွတ္ထားတဲ့ ေပါင္ ၁၂ သန္းနဲ႔ ေဝးကြာတဲ့ေဈးနဲ႔ ကမ္းလွမ္းခဲ့လို႔ ႀကိဳးၾကာနီတို႔ဘက္က ခ်က္ခ်င္းပယ္ခ်ခဲ့သလို အသက္ ၂၉ ႏွစ္အ႐ြယ္ ကစားသမားကို ဆီဗီလာ၊ ဗီလာရီးရဲလ္၊ နာပိုလီနဲ႔ လာဇီယိုအသင္းတို႔က ေခၚယူဖို႔ ေစာင့္ၾကည့္ေနေၾကာင္းသိရ။

– ဝက္စ္ဟမ္းအသင္းအေနနဲ႔ လီဗာပူးလ္အသင္းတိုက္စစ္မႉး ဒီေဗာ့ခ္ အိုရီဂီကို ေခၚယူဖို႔အတြက္ ႀကိဳးၾကာနီတို႔နဲ႔ ေဆြးေႏြးမႈ‌ေတြ စတင္ေနေၾကာင္းသိရၿပီး အန္ဖီးလ္သားေတြဘက္က ၂၆ ႏွစ္အ႐ြယ္ ဘယ္လ္ဂ်ီယမ္သားအတြက္ မူလတုန္းက ေပါင္သန္း ၂၀ အလိုရွိခဲ့ေပမယ့္ အခုအခါ ေပါင္ ၁၅ သန္းဝန္းက်င္နဲ႔ ၾသဂုတ္လမကုန္မီ အေျပာင္းအေ႐ႊ႕ျဖစ္လာဖို႔ရွိေၾကာင္း ၿဗိတိန္မီဒီယာေတြက ေဖာ္ျပေနၾက။

– လီဗာပူးလ္အသင္းအေနနဲ႔ ဖာဘင္ညိဳ၊ အယ္လစ္ဆန္ ဘက္ကာနဲ႔ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္တို႔ကို ၿပီးခဲ့တဲ့အပတ္က စာခ်ဳပ္သက္တမ္း တိုးျမႇင့္ခဲ့ၿပီး လက္ရွိမွာ တိုက္စစ္မႉး မိုဟာမက္ ဆာလားနဲ႔ ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္တို႔ကို တစ္ပတ္လုပ္ခေပါင္ ၂၀၀,၀၀၀ ေက်ာ္နဲ႔ ၃ ႏွစ္စာခ်ဳပ္ရွိတဲ့ စာခ်ဳပ္သစ္နစ္ခု ကမ္းလွမ္းခဲ့ေၾကာင္း ၿဗိတိန္မီဒီယာေတြက ေဖာ္ျပေနၾက။

– ရင္းေနးေတာင္ပံတိုက္စစ္မႉး ဂ်ယ္ရမီ ဒိုကူကို ေခၚယူဖို႔အတြက္ လီဗာပူးလ္အသင္းအေနနဲ႔ အသင္းမွာ ဆက္လက္ထားဖို႔မရွိေတာ့တဲ့ ေတာင္ပံကစားသမား ခ်ာဒန္ ရွာက်ီရီနဲ႔ ေငြသားနဲ႔အတူ အလိုက္ေပးကမ္းလွမ္းဖို႔ စီစဥ္လာခဲ့သလို ဘယ္လ္ဂ်ီယမ္သားရဲ႕ေအးဂ်င့္က မၾကာေသးမီက လီဗာပူးလ္အသင္းကို ေရာက္ရွိလာခဲ့တဲ့ ေနာက္ခံလူ အီဘရာဟီမာ ကိုနာေတရဲ႕ေအးဂ်င့္နဲ႔အတူတူပဲ ျဖစ္ေၾကာင္းသိရ။

– မေန႔ညက အိုဆာဆူနာအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ေျခစမ္းပြဲမွာ တစ္ဖက္ေနာက္ခံလူနဲ႔ ခိုက္မိၿပီး ဝမ္းဗိုက္မွာ ဒဏ္ရာရရွိသြားခဲ့တဲ့ လီဗာပူးလ္ကြင္းလယ္ကစားသမား ကာတစ္ ဂ်ဳံးစ္အေနနဲ႔ သူ႔ရဲ႕ဒဏ္ရာမျပင္းထန္ေၾကာင္းနဲ႔ ျမက္ခင္းစိမ္းေတြေပၚ မၾကာမီ ျပန္လာမွာျဖစ္ေၾကာင္း သူ႔ရဲ႕ အင္စတာဂရမ္အေကာင့္မွာ တင္ခဲ့လို႔ လီဗာပူးလ္ပရိသတ္ေတြအေနနဲ႔ စိတ္ေအးခဲ့ရေၾကာင္း သတင္းေတြထြက္လာ။

– လီဗာပူးလ္အသင္းက ထြက္ခြာဖို႔အတြက္ ေသခ်ာသေလာက္ရွိေနတဲ့ တိုက္စစ္မႉး ဒီေဗာ့ခ္ အိုရီဂီအေနနဲ႔ မေန႔ညက ကစားခဲ့တဲ့ အိုဆာဆူနာအသင္းနဲ႔ ေျခစမ္းပြဲမွာ လူစားဝင္ကစားသမားအျဖစ္ ပါဝင္ကစားခဲ့ခ်ိန္မွာ ကြင္းလယ္လူ သီယာဂို အယ္လ္ကန္တာရာရဲ႕ အသင္းေခါင္းေဆာင္လက္ပတ္ကို လႊဲေျပာင္းရယူခဲ့တာေၾကာင့္ ပရိသတ္ေတြ အံ့ဩမွင္သက္ခဲ့ၾကၿပီး တခ်ိဳ႕က အသင္းရဲ႕ ဂုဏ္ျပဳတဲ့ ႏႈတ္ဆက္ျခင္းလို႔ လူမႈကြန္ယက္ေတြမွာ ေရးသားေနၾက။

– လီယြန္နယ္ မက္ဆီကို အရေခၚယူဖို႔အတြက္ ပီအက္စ္ဂ်ီအသင္းအေနနဲ႔ အသင္းက,ကစားသမား ၁၀ ေယာက္ေလာက္အထိ ေရာင္းထုတ္ဖို႔စီစဥ္ခဲ့ၿပီး ပါရီသားတို႔ အလိုမရွိတဲ့ ဘယ္ေနာက္ခံလူ ဟြမ္ ဘားနက္ကို လီဗာပူးလ္အသင္းအေနနဲ႔ အန္ဒ႐ူး ေရာဘတ္ဆန္ရဲ႕အရန္အျဖစ္ ေခၚယူသြားဖို႔ရွိေနသလို စိတ္မခ်ရတဲ့ ဂိုးသမား အက္ဒရီယန္ေနရာမွာ အစားထိုးဖို႔ ပါရီေျမက ဂိုးသမား ဆာဂ်ီယို ရီကို,ကို ေခၚယူသြားဖို႔ စီစဥ္ေနေၾကာင္း သတင္းေတြထြက္လာ။

– လီဗာပူးလ္အသင္းနည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ မေန႔က အင္တာဗ်ဴးတစ္ခုမွာ သတင္းေထာက္တစ္ေယာက္က အသင္းရဲ႕ဒဏ္ရာရကစားသမားျဖစ္တဲ့ အန္ဒ႐ူး ေရာဘတ္ဆန္ရဲ႕ ဒဏ္ရာအေျခအေနကို မနက္ျဖန္မွာ ဓါတ္မွန္႐ိုက္စစ္ေဆးဖို႔ အစီအစဥ္ရွိလားလို႔ေမးတာကို ဂ်ာမန္သားက နားၾကားမွားခဲ့ၿပီး ဒါက ဒုတိယအစီအစဥ္မဟုတ္ဘဲ ပထမအစီအစဥ္ျဖစ္ေၾကာင္း ျပန္ရွင္းျပခဲ့တဲ့အျဖစ္က လူမႈကြန္ယက္ေတြေပၚမွာ အေမာေျပစရာ‌ျဖစ္လာခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.