Analysis La Liga Transfer News

ယူနိုက်တက်နဲ့ အာဆင်နယ်တို့ မနိုင်ခဲ့တဲ့ ဗီလာရီးရဲလ်ကို အနိုင်ယူပြီး ဆူပါဖလားကိုင်မြောက်မယ့် ခြင်္သေ့ပြာများ

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ချန်ပီယံဆု အသီးသီးရယူခဲ့တဲ့ ချန်ပီယံလိဂ်ချန်ပီယံ ချဲလ်ဆီးနဲ့ ယူရိုပါလိဂ်လိဂ်ချန်ပီယံ ဗီလာရီးရဲလ်အသင်းတို့ရဲ့ UEFA ဆူပါဖလားမှာ တွေ့ဆုံမှုက ပြိုင်ဆိုင်မှုပြင်းထန်မယ့် ဖျော်ဖြေမှုကို ပေးစွမ်းလာမှာဖြစ်ပြီး ကြာသပတေးမနက် မြန်မာစံတော်ချိန် မနက် တစ်နာရီခွဲမှာ မြောက်အိုင်ယာလန်ကလပ် လင်းဖီးလ်ဒ်အသင်းရဲ့ အိမ်ကွင်း ဝင်းဒ်ဆာပါ့ခ်ကွင်းအတွင်း ရင်ဆိုင်ကြမယ့်ပွဲက စိတ်ဝင်စားစရာကောင်းပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဆုဖလားကို ရယူခဲ့ပြီး မကြာသေးမီက အမ်းမရိတ်စ်ကွင်းမှာ ရန်ပုံငွေဖလားအဖြစ် အာဆင်နယ်၊ စပါးစ်အသင်းတို့နဲ့ ယှဉ်ပြိုင်တဲ့ Mind Series ဖလားကိုလည်း ရခဲ့သလို လူငယ်လူကြီးမရွေး ခြေစွမ်းပြခဲ့ပါတယ်။ အထူးသဖြင့် ခြေစမ်းပွဲတွေမှာတောင် ကွင်းလယ်လူ အန်ဂိုလို ကွန်တေရဲ့ကစားအားက အင်ပြည့်အားပြည့်နဲ့ အားရစရာအနေအထားမှာ ရှိခဲ့ပါတယ်။

ဗီလာရီးရဲလ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လာလီဂါမှာ ရပ်တည်မှုက အဆင့် ၆ သာ ရရှိခဲ့ပေမယ့် သမိုင်းတစ်လျှောက် ပထမဆုံး ယူရိုပါလိဂ်ဆုဖလားကို ရယူခဲ့ပြီး ချန်ပီယံလိဂ်ကို တိုက်ရိုက်ဝင်ခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် အဝါရောင်ရေငုပ်သင်္ဘောတွေအနေနဲ့ နောက်ဆုံး ၆ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တာကြောင့် ရာသီကြိုခြေစမ်းပွဲရလဒ်တွေကို မေ့ပစ်သင့်နေပြီး အင်္ဂလန်ခရီးစဉ်မှာ လိဒ်စ်အသင်းကို သရေ၊ လက်စတာကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲမှာ မေဆန်မောင့်၊ သီယာဂို ဆေးလ်ဗား၊ ဆီဇာ အက်ဇ်ပီလီကွယ်တာနဲ့ ဂျော်ဂျင်ညိုတို့ကိုတော့ တွေ့မြင်ခဲ့ရခြင်းမရှိခဲ့ပေမယ့် လူစာရင်းမှာ ပါဝင်လာနိုင်ပြီး ရော့စ် ဘာကလီ၊ ရူဘင် လော့ဖ်တပ်စ်-ချိခ်နဲ့ ဒါဗီဒေး ဇက်ပါကော့စတာတို့ မပါဝင်နိုင်ပေမယ့် တိုက်စစ်မှူးသစ်ဖြစ်လာမယ့် ရိုမီလူ လူကာကူးကိုတော့ အချိန်မီစာရင်းသွင်းနိုင်ဖို့ အနောက်လန်ဒန်ကလပ်အနေနဲ့ ကြိုးစားနေပါတယ်။ ဒဏ်ရာရနဲ့ ပွဲပယ်ကစားသမားတော့ မရှိပါဘူး။

ဗီလာရီးရဲလ်အသင်းအနေနဲ့တော့ အဓိက ကစားသမားအချို့မှာ ဒဏ်ရာပြသနာရှိနေပြီး ဖရန်စစ် ကိုကွယ်လင်အပါအဝင် ကစားသမားအချို့မှာ ကိုဗစ်ကူးစက်မှုရှိနေတဲ့အတွက် နည်းပြ အမ်မရီအတွက် ပွဲထွက်လူစာရင်းမှာ ခေါင်းခဲစရာဖြစ်နေပါတယ်။ ခြေသလုံးကြွက်သားဒဏ်ရာရှိနေတဲ့ ကွင်းလယ်လူ ဒါနီ ပါရဲဟိုတော့ မပါဝင်လာနိုင်တာ သေချာနေပြီး ဗီလာရီးရဲလ်အတွက် ဂိုးဖန်တီးမှု ၄ ကြိမ်ထိ ပြုလုပ်ပေးထားတဲ့ ဆမ်မြူရယ်ချုခ်ဝူဇီအနေနဲ့ ဒဏ်ရာကသက်သာလာကာ လေ့ကျင့်ခန်းဆင်းနိုင်ပြီဖြစ်ပေမယ့် ပွဲကစားရတဲ့အထိ ကြံ့ခိုင်မှု မပြည့်သေးဘူးလို့ သိရပါတယ်။ ။

ကနဦးက ယခုပွဲကို လွဲချော်မယ်လို့ သတင်းထွက်နေတဲ့ အဓိကဂိုးသမားရူလီအနေနဲ့ ယနေ့ထပ်မံ စစ်ဆေးမှုမှာ Negative အဖြေထွက်ရှိလာတဲ့အတွက် ချဲလ်ဆီးအသင်းနဲ့ ဆူပါဖလားပွဲမှာ ပွဲထွက်ပါဝင်လာမယ်လို့ သိရပါတဲ့အတွက် အမ်မရီအတွက်အနည်းငယ်စိတ်အေးရပါတယ်

ချဲလ်ဆီးအသင်းအနေနဲ့ ၃-၄-၂-၁ ကစားကွက်နဲ့ ပွဲထွက်လာနိုင်ပြီး ဂိုးမှာ မန်ဒီ၊ နောက်တန်းမှာ အက်ဇ်ပီလီကွယ်တာ၊ ရူဒီဂျာ၊ ခရစ္စတင်ဆန် ကွင်းလယ်မှာ ဟဒ်ဆန်-အိုဒွိုင်း၊ ကွန်တေ၊ ဂျော်ဂျင်ညို၊ ချေးလ်ဝဲလ်၊ ရှေ့တန်းမှာ မေဆန် မောင့်၊ ခိုင် ဟာဗက်ဇ်၊ တီမို ဗာနာတို့နဲ့ ပွဲထွက်လာနိုင်ဖွယ်ရှိနေပါတယ်။

ဗီလာရီးရဲလ်အသင်းအနေနဲ့တော့ အူနိုင်းအမ်မရီရဲ့ စိတ်ကြိုက် ၄-၄-၂ ကစားကွက်နဲ့ ပွဲထွက်လာနိုင်ပြီး ပွဲထွက်လူစာရင်းမှာ ဂိုးမှာ ရူလီ၊ နောက်တန်းမှာ ဖွိုက်သ်၊ အယ်လ်ဘီယောလ်၊ ဂတ်စပါနဲ့ ပက်ဒရာဇာ၊ ကွင်းလယ်မှာ မော်လာနက်စ်၊ ထရီဂွယ်ရို့စ်၊ ယယ်ရမီ ပီနာ၊ ဘူလာ‌ယေ ဒီယာတို့နဲ့ တိုက်စစ်ပိုင်းမှာ မိုရီနိုနဲ့ အယ်လ်ကာဆာတို့ကို အူနိုင်းအမ်မရီရဲ့ ပွဲထွက်လူစာရင်းမှာ မြင်တွေ့ရဖွယ် ရှိနေပါတယ်။

ရလဒ်ခန့်မှန်းချက်အနေနဲ့ Sports Mole သတင်းဌာနကတော့ ဗီလာရီးရဲလ်အသင်းအနေနဲ့ အင်္ဂလန်အသင်းတွေကို ဘယ်လိုကစားရမလဲဆိုတာ သေချာသိပြီး မနှစ်က အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ကို ကျော်ဖြတ်ခဲ့တာကိုကြည့်တာနဲ့ သိနိုင်ပေမယ့် အဓိကကွင်းလယ်လူ ပါရီယိုမပါတဲ့ အဝါရောင်ရေငုပ်သင်္သောအနေနဲ့ ဒီတစ်ကြိမ်မှာတော့ ခက်ခဲမယ်လို့ သုံးသပ်ခဲ့ပြီး ခြေပိုမှန်တဲ့ ခြင်္သေ့ပြာတွေကပဲ နှစ်ဂိုး-တစ်ဂိုးနဲ့ ကပ်နိုင်သွားလိမ့်မယ်လို့ ဆိုခဲ့တာပါ။ ၉၀ မိနစ်သတင်းဌာနကြီးကလည်း ချဲလ်ဆီးအသင်းအနေနဲ့ ဗီလာရီးရဲလ်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီးဆူပါဖလားကို ကိုင်မြှောက်သွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ကျွန်တော်တို့ Sports A2Z အနေနဲ့ကတော့ လူစုံပါဝင်လာနိုင်မယ့် ချန်ပီယံလိဂ်လက်ရှိချန်ပီယံ ချဲလ်ဆီးအသင်းကပဲ မနှစ်က အင်္ဂလန်အသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ကို ဖြုတ်ချခဲ့ပေမယ့် ယခုပွဲမှာ အဓိကကစားသမားအချို့ ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့ ဗီလာရီးရဲလ်ကို အနိုင်ယူပြီး ချဲလ်ဆီးနည်းပြတူဟယ်လ်အနေနဲ့ ဒေါ့မွန်နဲ့ ပီအက်စ်ဂျီတို့ကို နည်းပြခဲ့တုန်းက မရခဲ့တဲ့ ဥရောပဆူပါဖလားကို ခြင်္သေ့ပြာတို့နဲ့အတူ ကိုင်မြှောက်သွားမယ်လို့ သုံးသပ်ခန့်မှန်းလိုက်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:
ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက ခ်န္ပီယံဆု အသီးသီးရယူခဲ့တဲ့ ခ်န္ပီယံလိဂ္ခ်န္ပီယံ ခ်ဲလ္ဆီးနဲ႔ ယူ႐ိုပါလိဂ္လိဂ္ခ်န္ပီယံ ဗီလာရီးရဲလ္အသင္းတို႔ရဲ႕ UEFA ဆူပါဖလားမွာ ေတြ႕ဆုံမႈက ၿပိဳင္ဆိုင္မႈျပင္းထန္မယ့္ ေဖ်ာ္ေျဖမႈကို ေပးစြမ္းလာမွာျဖစ္ၿပီး ၾကာသပေတးမနက္ ျမန္မာစံေတာ္ခ်ိန္ မနက္ တစ္နာရီခြဲမွာ ေျမာက္အိုင္ယာလန္ကလပ္ လင္းဖီးလ္ဒ္အသင္းရဲ႕ အိမ္ကြင္း ဝင္းဒ္ဆာပါ့ခ္ကြင္းအတြင္း ရင္ဆိုင္ၾကမယ့္ပြဲက စိတ္ဝင္စားစရာေကာင္းပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ၿပီးခဲ့တဲ့ရာသီမွာ ခ်န္ပီယံလိဂ္ဆုဖလားကို ရယူခဲ့ၿပီး မၾကာေသးမီက အမ္းမရိတ္စ္ကြင္းမွာ ရန္ပုံေငြဖလားအျဖစ္ အာဆင္နယ္၊ စပါးစ္အသင္းတို႔နဲ႔ ယွဥ္ၿပိဳင္တဲ့ Mind Series ဖလားကိုလည္း ရခဲ့သလို လူငယ္လူႀကီးမေ႐ြး ေျခစြမ္းျပခဲ့ပါတယ္။ အထူးသျဖင့္ ေျခစမ္းပြဲေတြမွာေတာင္ ကြင္းလယ္လူ အန္ဂိုလို ကြန္ေတရဲ႕ကစားအားက အင္ျပည့္အားျပည့္နဲ႔ အားရစရာအေနအထားမွာ ရွိခဲ့ပါတယ္။

ဗီလာရီးရဲလ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ လာလီဂါမွာ ရပ္တည္မႈက အဆင့္ ၆ သာ ရရွိခဲ့ေပမယ့္ သမိုင္းတစ္ေလွ်ာက္ ပထမဆုံး ယူ႐ိုပါလိဂ္ဆုဖလားကို ရယူခဲ့ၿပီး ခ်န္ပီယံလိဂ္ကို တိုက္႐ိုက္ဝင္ခြင့္ ရခဲ့ပါတယ္။ ဒါေပမယ့္ အဝါေရာင္ေရငုပ္သေဘၤာေတြအေနနဲ႔ ေနာက္ဆုံး ၆ ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ခဲ့တာေၾကာင့္ ရာသီႀကိဳေျခစမ္းပြဲရလဒ္ေတြကို ေမ့ပစ္သင့္ေနၿပီး အဂၤလန္ခရီးစဥ္မွာ လိဒ္စ္အသင္းကို သေရ၊ လက္စတာကို ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းရဲ႕ ရာသီႀကိဳေျခစမ္းပြဲမွာ ေမဆန္ေမာင့္၊ သီယာဂို ေဆးလ္ဗား၊ ဆီဇာ အက္ဇ္ပီလီကြယ္တာနဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔ကိုေတာ့ ေတြ႕ျမင္ခဲ့ရျခင္းမရွိခဲ့ေပမယ့္ လူစာရင္းမွာ ပါဝင္လာႏိုင္ၿပီး ေရာ့စ္ ဘာကလီ၊ ႐ူဘင္ ေလာ့ဖ္တပ္စ္-ခ်ိခ္နဲ႔ ဒါဗီေဒး ဇက္ပါေကာ့စတာတို႔ မပါဝင္ႏိုင္ေပမယ့္ တိုက္စစ္မႉးသစ္ျဖစ္လာမယ့္ ႐ိုမီလူ လူကာကူးကိုေတာ့ အခ်ိန္မီစာရင္းသြင္းႏိုင္ဖို႔ အေနာက္လန္ဒန္ကလပ္အေနနဲ႔ ႀကိဳးစားေနပါတယ္။ ဒဏ္ရာရနဲ႔ ပြဲပယ္ကစားသမားေတာ့ မရွိပါဘူး။

ဗီလာရီးရဲလ္အသင္းအေနနဲ႔ေတာ့ အဓိက ကစားသမားအခ်ိဳ႕မွာ ဒဏ္ရာျပသနာရွိေနၿပီး ဖရန္စစ္ ကိုကြယ္လင္အပါအဝင္ ကစားသမားအခ်ိဳ႕မွာ ကိုဗစ္ကူးစက္မႈရွိေနတဲ့အတြက္ နည္းျပ အမ္မရီအတြက္ ပြဲထြက္လူစာရင္းမွာ ေခါင္းခဲစရာျဖစ္ေနပါတယ္။ ေျခသလုံးႂကြက္သားဒဏ္ရာရွိေနတဲ့ ကြင္းလယ္လူ ဒါနီ ပါရဲဟိုေတာ့ မပါဝင္လာႏိုင္တာ ေသခ်ာေနၿပီး ဗီလာရီးရဲလ္အတြက္ ဂိုးဖန္တီးမႈ ၄ ႀကိမ္ထိ ျပဳလုပ္ေပးထားတဲ့ ဆမ္ျမဴရယ္ခ်ဳခ္ဝူဇီအေနနဲ႔ ဒဏ္ရာကသက္သာလာကာ ေလ့က်င့္ခန္းဆင္းႏိုင္ၿပီျဖစ္ေပမယ့္ ပြဲကစားရတဲ့အထိ ႀကံ့ခိုင္မႈ မျပည့္ေသးဘူးလို႔ သိရပါတယ္။ ။

ကနဦးက ယခုပြဲကို လြဲေခ်ာ္မယ္လို႔ သတင္းထြက္ေနတဲ့ အဓိကဂိုးသမား႐ူလီအေနနဲ႔ ယေန႔ထပ္မံ စစ္ေဆးမႈမွာ Negative အေျဖထြက္ရွိလာတဲ့အတြက္ ခ်ဲလ္ဆီးအသင္းနဲ႔ ဆူပါဖလားပြဲမွာ ပြဲထြက္ပါဝင္လာမယ္လို႔ သိရပါတဲ့အတြက္ အမ္မရီအတြက္အနည္းငယ္စိတ္ေအးရပါတယ္

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ၃-၄-၂-၁ ကစားကြက္နဲ႔ ပြဲထြက္လာႏိုင္ၿပီး ဂိုးမွာ မန္ဒီ၊ ေနာက္တန္းမွာ အက္ဇ္ပီလီကြယ္တာ၊ ႐ူဒီဂ်ာ၊ ခရစၥတင္ဆန္ ကြင္းလယ္မွာ ဟဒ္ဆန္-အိုဒြိဳင္း၊ ကြန္ေတ၊ ေဂ်ာ္ဂ်င္ညိဳ၊ ေခ်းလ္ဝဲလ္၊ ေရွ႕တန္းမွာ ေမဆန္ ေမာင့္၊ ခိုင္ ဟာဗက္ဇ္၊ တီမို ဗာနာတို႔နဲ႔ ပြဲထြက္လာႏိုင္ဖြယ္ရွိေနပါတယ္။

ဗီလာရီးရဲလ္အသင္းအေနနဲ႔ေတာ့ အူႏိုင္းအမ္မရီရဲ႕ စိတ္ႀကိဳက္ ၄-၄-၂ ကစားကြက္နဲ႔ ပြဲထြက္လာႏိုင္ၿပီး ပြဲထြက္လူစာရင္းမွာ ဂိုးမွာ ႐ူလီ၊ ေနာက္တန္းမွာ ဖြိဳက္သ္၊ အယ္လ္ဘီေယာလ္၊ ဂတ္စပါနဲ႔ ပက္ဒရာဇာ၊ ကြင္းလယ္မွာ ေမာ္လာနက္စ္၊ ထရီဂြယ္႐ို႕စ္၊ ယယ္ရမီ ပီနာ၊ ဘူလာ‌ေယ ဒီယာတို႔နဲ႔ တိုက္စစ္ပိုင္းမွာ မိုရီႏိုနဲ႔ အယ္လ္ကာဆာတို႔ကို အူႏိုင္းအမ္မရီရဲ႕ ပြဲထြက္လူစာရင္းမွာ ျမင္ေတြ႕ရဖြယ္ ရွိေနပါတယ္။

ရလဒ္ခန႔္မွန္းခ်က္အေနနဲ႔ Sports Mole သတင္းဌာနကေတာ့ ဗီလာရီးရဲလ္အသင္းအေနနဲ႔ အဂၤလန္အသင္းေတြကို ဘယ္လိုကစားရမလဲဆိုတာ ေသခ်ာသိၿပီး မႏွစ္က အာဆင္နယ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ကို ေက်ာ္ျဖတ္ခဲ့တာကိုၾကည့္တာနဲ႔ သိႏိုင္ေပမယ့္ အဓိကကြင္းလယ္လူ ပါရီယိုမပါတဲ့ အဝါေရာင္ေရငုပ္သေသၤာအေနနဲ႔ ဒီတစ္ႀကိမ္မွာေတာ့ ခက္ခဲမယ္လို႔ သုံးသပ္ခဲ့ၿပီး ေျခပိုမွန္တဲ့ ျခေသၤ့ျပာေတြကပဲ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ကပ္ႏိုင္သြားလိမ့္မယ္လို႔ ဆိုခဲ့တာပါ။ ၉၀ မိနစ္သတင္းဌာနႀကီးကလည္း ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဗီလာရီးရဲလ္အသင္းကို တစ္ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရၿပီးဆူပါဖလားကို ကိုင္ေျမႇာက္သြားလိမ့္မယ္လို႔ ခန႔္မွန္းထားပါတယ္။

ကြၽန္ေတာ္တို႔ Sports A2Z အေနနဲ႔ကေတာ့ လူစုံပါဝင္လာႏိုင္မယ့္ ခ်န္ပီယံလိဂ္လက္ရွိခ်န္ပီယံ ခ်ဲလ္ဆီးအသင္းကပဲ မႏွစ္က အဂၤလန္အသင္းေတြျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အာဆင္နယ္တို႔ကို ျဖဳတ္ခ်ခဲ့ေပမယ့္ ယခုပြဲမွာ အဓိကကစားသမားအခ်ိဳ႕ ဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္တဲ့ ဗီလာရီးရဲလ္ကို အႏိုင္ယူၿပီး ခ်ဲလ္ဆီးနည္းျပတူဟယ္လ္အေနနဲ႔ ေဒါ့မြန္နဲ႔ ပီအက္စ္ဂ်ီတို႔ကို နည္းျပခဲ့တုန္းက မရခဲ့တဲ့ ဥေရာပဆူပါဖလားကို ျခေသၤ့ျပာတို႔နဲ႔အတူ ကိုင္ေျမႇာက္သြားမယ္လို႔ သုံးသပ္ခန႔္မွန္းလိုက္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z