Article Other Premier League Serie A

ပရီးမီးယားလိဂ်ကြီး အသင်းကြီးတွေရဲ့ “ဖွတ်ကျားအကျခဲ့ဆုံး” အပြောင်းအရွှေ့ ၁၀ ခု

အန်ဟဲလ် ဒီမာရီယာ (မန်ချက်စတာယူနိုက်တက်)
၂၀၁၄ ခုနှစ်က ပေါင် ၅၉.၇ သန်းနဲ့ ရီးရဲလ်မက်ဒရစ်ကနေ မန်ချက်စတာယူနိုက်တက်တို့ ဝယ်ယူပြီး “ဖွတ်”ဖြစ်ခဲ့ရသူပါ။ အာဂျင်တီးနားတောင်ပံကစားသမား အနေနဲ့ ပရီးမီးယားလိဂ်မှာ အထိုင်ကျဖို့ ရုန်းကန်ခဲ့ရပြီး တစ်ရာသီအကြာမှာပဲ ပြင်သစ်ကလပ် PSG အသင်းဆီကို ရောင်းထုတ်ခံခဲ့ရပါတယ်။ တစ်ရာသီအတွင်းမှာ အသင်းဖော်တွေကို ၁၂ ဂိုးအထိ ဖန်တီးပေးသွားခဲ့ပေမယ့် ပရီးမီးယားလိဂ်ဖလားကို ပြန်လည်စိန်ခေါ်မယ့် နည်းပြ လူဝီ ဗန်ငါးလ်နဲ့ သရဲနီတွေရဲ့ မျှော်လင့်ချက်အတွက်တော့ လုံလောက်ခြင်း မရှိခဲ့တာပါ။

မာရီယို ဘာလိုတယ်လီ (လီဗာပူးလ်)
ရောက်လာရာအရပ်မှာ ငပွကြီးဖြစ်လေ့ရှိတဲ့ အီတလီသားဟာ မန်ချက်စတာစီးတီးကနေ စည်းကမ်းပိုင်းလျော့ရဲတာကြောင့် ရောင်းထုတ်ခံခဲ့ရအပြီးမှာ အေစီမီလန်နဲ့ ပြန်လည်တောက်ပနိုင်ခဲ့လို့ ၂၀၁၄ မှာ လီဗာပူးလ်ဆီ ပေါင် ၁၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။ ဒါပေမယ့် တစ်ကျော့ပြန် ပရီးမီးယားလိဂ်ခရီးမှာ သူ့ထုံးစံအတိုင်း ကွင်းထဲမှာ အရူးထဖို့သာ ပိုအားသန်နေခဲ့လို့ ၂၈ ပွဲမှာ ​၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ၂၀၁၆ မှာ အင်္ဂလန်ကနေ ဘင်သံမပါဘဲ အိမ်ပြန်သွားခဲ့ရပါတယ်။

ဟွမ် ဆီဘက်စတီယန် ဗာရွန် (မန်ချက်စတာယူနိုက်တက်)
မန်ချက်စတာယူနိုက်တက်ပရိသတ်တွေ မှတ်မိနေဦးမယ့် အာဂျင်တီးနားကွင်းလယ်လူဟာ စီးရီးအေကလပ် လာဇီယိုမှာ အထူးခြေစွမ်းပြခဲ့လို့ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ရဲ့ စင်တော်ကောက်ခြင်းခံခဲ့ရပေမယ့် အဲဒီခေတ်က ပေါင် ၂၈ သန်း တန်ကြေးအထိ ပေးချေခဲ့ရတာနဲ့ မကာမိအောင် ခြေစွမ်းအရ ကျေနပ်စရာမရှိခဲ့လို့ ၂၀၀၃ ခုနှစ်မှာ ပြိုင်ဘက်ကလပ် ချဲလ်ဆီးအသင်းဆီ ဘာမှမတွေးတော့ဘဲ ရှင်းထုတ်ခံခဲ့ရပါတယ်။

ဖာနန်ဒို တောရက်စ် (ချဲလ်ဆီး)
လီဗာပူးလ်မှာ အသင်းခေါင်းဆောင် စတီဗင် ဂျရတ်နဲ့ တွဲဖက်ညီလွန်းလို့ ပရီးမီးယားလိဂ်ရဲ့ ကြောက်စရာအကောင်းဆုံး တိုက်စစ်မှူးတစ်ဦးဖြစ်ခဲ့တဲ့ စပိန်သားကို ၂၀၁၁ မှာ ချဲလ်ဆီးအသင်း​က ပေါင်သန်း ၅၀ နဲ့ ဝယ်ယူခဲ့ပေမယ့် ဂျင်းမိသလိုသာ ခံစားသွားခဲ့ရတာပါ။ အသင်းရဲ့ တိုက်စစ်မှာ လွဲချော်မှုတွေ များခဲ့သလို ၁၇၂ ပွဲအတွင်း ၄၅ ဂိုးသာ သွင်းနိုင်ခဲ့တာကြောင့် အက်သလက်တီကို မက်ဒရစ်ကို ပြန်ပို့ခြင်းခံခဲ့ရပြီး သူ့ရဲ့ ပရီးမီးယားလိဂ် အရှိန်အဝါတွေ အဆုံးသတ်သွားခဲ့ပါတယ်။

အန်ဒီ ကာရိုးလ် (လီဗာပူးလ်)
လီဗာပူးလ်ရဲ့ အဝယ်မှားမှုတွေထဲက နောက်ထပ်တဦးဖြစ်ခဲ့ပြီး တောရက်စ်နေရာမှာ ဖြည့်ဖို့ နယူးကာဆယ်ကနေ ပေါင် ၃၅ သန်း ပြန်သုံးစွဲပြီး ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တွဲဖက်အဖြစ် ရောက်ရှိနေခဲ့တဲ့ လူးဝစ် ဆွာရက်ဇ်နဲ့ လိုက်ဖက်ညီခြင်းမရှိခဲ့ဘဲ ၄၄ ပွဲမှာ ၆ ဂိုးသာရပြီး ၂၀၁၃ မှာပဲ ဝက်စ်ဟမ်းအသင်းကို ပေါင် ၁၅ သန်းနဲ့ လစ်သွားခဲ့ရတာလည်းဖြစ်ပြီး အင်္ဂလန်ရဲ့ ဘာဆိုလားတိုက်စစ်မှူးကြီး အန်းဖီးလ်မှာ အရှက်ကွဲခဲ့ရတာပါ။

ဒန်နီ ဒရင့်ခ်ဝါးတား (ချဲလ်ဆီး)
ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီး ဘုန်းမီးနေလတောက်ခဲ့တဲ့ လက်စတာအသင်းရဲ့ လူစာရင်းထဲက အဓိကကွင်းလယ်လူတဦးဖြစ်ခဲ့ပေမယ့် ချဲလ်ဆီးကတော့ သူ့ကို အန်ဂိုလို ကွန်တေနဲ့တော့ တခြားစီပဲဖြစ်ခဲ့တာပါ။ မြန်မာပရိသတ်အချို့နဲ့ နာမည်ပြောင်ပေးမှုမှာ “သောက်ရေ”လို့ နာမည်ရတဲ့ ကွင်းလယ်လူဟာ ပေါင် ၃၅ သန်းနဲ့ ရောက်လာခဲ့ပေမယ့် ၄ နှစ်အတွင်း ပရီးမီးယားလိဂ် ၁၂ ပွဲသာ ကစားခဲ့ရသလို “အလုပ်မရှိ အကိုင်မရှိ၊ ပြဿနာတွေပဲ လိုက်ရှာနေမိ”ဆိုသလို ဖြစ်သွားခဲ့ရပါတယ်။

အီလီယာကင် မန်ဂါလာ (မန်ချက်စတာစီးတီး)
ပေါ်တိုနဲ့ ပေါ်တူဂီလိဂ်မှာ တော်တော်လေးခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဟုတ်လှချည်ရဲ့ဆိုပြီး မန်ချက်စတာစီးတီးနည်းပြ မန်ညူယယ် ပယ်လီဂရီနီက မျက်စိကျပြီး ခေါ်ယူဖြစ်ခဲ့ပေမယ့် အီတီဟတ်မှာ ပေါင် ၃၂ သန်းနဲ့ မတန်အောင် ခြေစွမ်းဆိုးရွားခဲ့သလို အငှားကစားသမားတစ်ယောက်အဖြစ် နိမ့်ကျသွားခဲ့ရပြီး ၂၀၁၉ မှာ ဗလင်စီယာဆီ ရောင်းထုတ်ခဲ့ရသလို နောက်ဆုံးမှာတော့ သူ့အသံကို မကြားရတော့ဘဲ လူတွေရဲ့ အမေ့ခံတစ်ယောက်ပဲဖြစ်ခဲ့ရတာပါ။

ဘီဘီ (မန်ချက်စတာယူနိုက်တက်)
သတင်းတွေရဲ့ ဖော်ပြချက်အရတော့ မန်ချက်စတာယူနိုက်တက်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်အနေနဲ့ ၁၀၀ ရာခိုင်နှုန်း ဂျင်းမိခဲ့တယ်လို့ ဆိုပါတယ်။ ကိပ်ဗာဒီနွယ်ဖွား ပေါ်တူဂီသား ဘီဘီရဲ့ ကစားပုံကိုတောင် တစ်ခါမှ မမြင်ဖူးခဲ့ဘဲနဲ့ နာမည်ကြီး အေးဂျင့် ဂျော်ဂျီ မန်ဒက်စ်ရဲ့ တိုက်တွန်းမှုနဲ့ ဗစ်တိုးရီးယား ဂီမာရိုင်းစ်အသင်းရဲ့ လျော်ကြေးစာချုပ် ယူရို ၉ သန်းကို ပေးချေခဲ့တာပါ။ လေးနှစ်တာအတွင်း ၇ ပွဲကစားပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့အပြီးမှာတော့ ပေါ်တူဂီကလပ် ဘင်ဖီကာက သူ့ကို ယူရို ၃ သန်းနဲ့ ပြန်ဝယ်သွားခဲ့ပါတယ်။

ယွန်း-အလန် ဘွမ်ဆောင်း (နယူးကာဆယ်လ်ယူနိုက်တက်)
၂၀၀၅ ခုနှစ်က ပေါင် ၅ သန်းနဲ့ ဝယ်ယူခဲ့တဲ့ နယူးကာဆယ်လ်ကစားသမားဟောင်းဟာ စိန့်ဂျိမ်းစ်ပါ့ခ်မှာတော့ အရာမထင်ခဲ့သလို ကာယအား သုံးလွန်းပြီး အာရုံစူးစိုက်မှုမရှိခြင်းက သူ့ပြဿနာဖြစ်ခဲ့ပါတယ်။ တစ်ရာသီအပြီးမှာ စီးရီးဘီရောက် ဂျူဗင်တပ်စ်အသင်းဆီ ပေါင် ၃.၃ သန်းနဲ့ ရောင်းချခြင်းခံခဲ့ရတဲ့ ပြင်သစ်လက်ရွေးစင် ကစားသမားဟောင်းဟာ လီယွန်၊ ပါနာသီနိုင်ကော့စ်အသင်းတွေမှာ ဆက်ကစားအပြီး ၂၀၁၃ ခုနစ်မှာ အနားယူသွားခဲ့ရပါတယ်။

ဆိုင်ဒို ဘီရာဟီနို (စတုတ်စီးတီး)
စတုတ်ခ်စီးတီးရဲ့ လူဝယ်အမှားတခုဖြစ်ခဲ့တဲ့ ဘီရာဟီနိုဟာ ၂၀၁၇ ခုနှစ်မှာ ဝက်စ်ဘရွန်းအသင်းနဲ့ အင်္ဂလန်ယူ-၂၁ မှာ တောက်ပခဲ့အပြီး ပေါင် ၁၂ သန်းတန်ကြေးနဲ့ ပေါ့တာတို့ရဲ့ ဘရစ်တန်းနီးယားကွင်းဆီ တစ်ခမ်းတစ်နား ရောက်လာခဲ့ပေမယ့် ၅၆ ပွဲမှာ ၅ ဂိုးသာရခဲ့လို့ ပရိသတ်တွေရှေ့ နာမည်ပျက်ခဲ့ရပြီး စာချုပ်သစ် ထပ်မချုပ်ဘဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့ရသလို ဘယ်လ်ဂျီယမ်လိဂ်လို နှစ်ဆင့်လောက်နိမ့်တဲ့ ပြိုင်ပွဲဆီမှာတောင် ခြေစွမ်းမပြနိုင်ဘဲရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အန္ဟဲလ္ ဒီမာရီယာ (မန္ခ်က္စတာယူႏိုက္တက္)
၂၀၁၄ ခုႏွစ္က ေပါင္ ၅၉.၇ သန္းနဲ႔ ရီးရဲလ္မက္ဒရစ္ကေန မန္ခ်က္စတာယူႏိုက္တက္တို႔ ဝယ္ယူၿပီး “ဖြတ္”ျဖစ္ခဲ့ရသူပါ။ အာဂ်င္တီးနားေတာင္ပံကစားသမား အေနနဲ႔ ပရီးမီးယားလိဂ္မွာ အထိုင္က်ဖို႔ ႐ုန္းကန္ခဲ့ရၿပီး တစ္ရာသီအၾကာမွာပဲ ျပင္သစ္ကလပ္ PSG အသင္းဆီကို ေရာင္းထုတ္ခံခဲ့ရပါတယ္။ တစ္ရာသီအတြင္းမွာ အသင္းေဖာ္ေတြကို ၁၂ ဂိုးအထိ ဖန္တီးေပးသြားခဲ့ေပမယ့္ ပရီးမီးယားလိဂ္ဖလားကို ျပန္လည္စိန္ေခၚမယ့္ နည္းျပ လူဝီ ဗန္ငါးလ္နဲ႔ သရဲနီေတြရဲ႕ ေမွ်ာ္လင့္ခ်က္အတြက္ေတာ့ လုံေလာက္ျခင္း မရွိခဲ့တာပါ။

မာရီယို ဘာလိုတယ္လီ (လီဗာပူးလ္)
ေရာက္လာရာအရပ္မွာ ငပြႀကီးျဖစ္ေလ့ရွိတဲ့ အီတလီသားဟာ မန္ခ်က္စတာစီးတီးကေန စည္းကမ္းပိုင္းေလ်ာ့ရဲတာေၾကာင့္ ေရာင္းထုတ္ခံခဲ့ရအၿပီးမွာ ေအစီမီလန္နဲ႔ ျပန္လည္ေတာက္ပႏိုင္ခဲ့လို႔ ၂၀၁၄ မွာ လီဗာပူးလ္ဆီ ေပါင္ ၁၆ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့ပါတယ္။ ဒါေပမယ့္ တစ္ေက်ာ့ျပန္ ပရီးမီးယားလိဂ္ခရီးမွာ သူ႔ထုံးစံအတိုင္း ကြင္းထဲမွာ အ႐ူးထဖို႔သာ ပိုအားသန္ေနခဲ့လို႔ ၂၈ ပြဲမွာ ​၄ ဂိုးသာ သြင္းယူႏိုင္ခဲ့ၿပီး ၂၀၁၆ မွာ အဂၤလန္ကေန ဘင္သံမပါဘဲ အိမ္ျပန္သြားခဲ့ရပါတယ္။

ဟြမ္ ဆီဘက္စတီယန္ ဗာ႐ြန္ (မန္ခ်က္စတာယူႏိုက္တက္)
မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြ မွတ္မိေနဦးမယ့္ အာဂ်င္တီးနားကြင္းလယ္လူဟာ စီးရီးေအကလပ္ လာဇီယိုမွာ အထူးေျခစြမ္းျပခဲ့လို႔ ဂႏၴဝင္နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္ရဲ႕ စင္ေတာ္ေကာက္ျခင္းခံခဲ့ရေပမယ့္ အဲဒီေခတ္က ေပါင္ ၂၈ သန္း တန္ေၾကးအထိ ေပးေခ်ခဲ့ရတာနဲ႔ မကာမိေအာင္ ေျခစြမ္းအရ ေက်နပ္စရာမရွိခဲ့လို႔ ၂၀၀၃ ခုႏွစ္မွာ ၿပိဳင္ဘက္ကလပ္ ခ်ဲလ္ဆီးအသင္းဆီ ဘာမွမေတြးေတာ့ဘဲ ရွင္းထုတ္ခံခဲ့ရပါတယ္။

ဖာနန္ဒို ေတာရက္စ္ (ခ်ဲလ္ဆီး)
လီဗာပူးလ္မွာ အသင္းေခါင္းေဆာင္ စတီဗင္ ဂ်ရတ္နဲ႔ တြဲဖက္ညီလြန္းလို႔ ပရီးမီးယားလိဂ္ရဲ႕ ေၾကာက္စရာအေကာင္းဆုံး တိုက္စစ္မႉးတစ္ဦးျဖစ္ခဲ့တဲ့ စပိန္သားကို ၂၀၁၁ မွာ ခ်ဲလ္ဆီးအသင္း​က ေပါင္သန္း ၅၀ နဲ႔ ဝယ္ယူခဲ့ေပမယ့္ ဂ်င္းမိသလိုသာ ခံစားသြားခဲ့ရတာပါ။ အသင္းရဲ႕ တိုက္စစ္မွာ လြဲေခ်ာ္မႈေတြ မ်ားခဲ့သလို ၁၇၂ ပြဲအတြင္း ၄၅ ဂိုးသာ သြင္းႏိုင္ခဲ့တာေၾကာင့္ အက္သလက္တီကို မက္ဒရစ္ကို ျပန္ပို႔ျခင္းခံခဲ့ရၿပီး သူ႔ရဲ႕ ပရီးမီးယားလိဂ္ အရွိန္အဝါေတြ အဆုံးသတ္သြားခဲ့ပါတယ္။

အန္ဒီ ကာ႐ိုးလ္ (လီဗာပူးလ္)
လီဗာပူးလ္ရဲ႕ အဝယ္မွားမႈေတြထဲက ေနာက္ထပ္တဦးျဖစ္ခဲ့ၿပီး ေတာရက္စ္ေနရာမွာ ျဖည့္ဖို႔ နယူးကာဆယ္ကေန ေပါင္ ၃၅ သန္း ျပန္သုံးစြဲၿပီး ေခၚယူခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ တြဲဖက္အျဖစ္ ေရာက္ရွိေနခဲ့တဲ့ လူးဝစ္ ဆြာရက္ဇ္နဲ႔ လိုက္ဖက္ညီျခင္းမရွိခဲ့ဘဲ ၄၄ ပြဲမွာ ၆ ဂိုးသာရၿပီး ၂၀၁၃ မွာပဲ ဝက္စ္ဟမ္းအသင္းကို ေပါင္ ၁၅ သန္းနဲ႔ လစ္သြားခဲ့ရတာလည္းျဖစ္ၿပီး အဂၤလန္ရဲ႕ ဘာဆိုလားတိုက္စစ္မႉးႀကီး အန္းဖီးလ္မွာ အရွက္ကြဲခဲ့ရတာပါ။

ဒန္နီ ဒရင့္ခ္ဝါးတား (ခ်ဲလ္ဆီး)
ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ၿပီး ဘုန္းမီးေနလေတာက္ခဲ့တဲ့ လက္စတာအသင္းရဲ႕ လူစာရင္းထဲက အဓိကကြင္းလယ္လူတဦးျဖစ္ခဲ့ေပမယ့္ ခ်ဲလ္ဆီးကေတာ့ သူ႔ကို အန္ဂိုလို ကြန္ေတနဲ႔ေတာ့ တျခားစီပဲျဖစ္ခဲ့တာပါ။ ျမန္မာပရိသတ္အခ်ိဳ႕နဲ႔ နာမည္ေျပာင္ေပးမႈမွာ “ေသာက္ေရ”လို႔ နာမည္ရတဲ့ ကြင္းလယ္လူဟာ ေပါင္ ၃၅ သန္းနဲ႔ ေရာက္လာခဲ့ေပမယ့္ ၄ ႏွစ္အတြင္း ပရီးမီးယားလိဂ္ ၁၂ ပြဲသာ ကစားခဲ့ရသလို “အလုပ္မရွိ အကိုင္မရွိ၊ ျပႆနာေတြပဲ လိုက္ရွာေနမိ”ဆိုသလို ျဖစ္သြားခဲ့ရပါတယ္။

အီလီယာကင္ မန္ဂါလာ (မန္ခ်က္စတာစီးတီး)
ေပၚတိုနဲ႔ ေပၚတူဂီလိဂ္မွာ ေတာ္ေတာ္ေလးေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ ဟုတ္လွခ်ည္ရဲ႕ဆိုၿပီး မန္ခ်က္စတာစီးတီးနည္းျပ မန္ညဴယယ္ ပယ္လီဂရီနီက မ်က္စိက်ၿပီး ေခၚယူျဖစ္ခဲ့ေပမယ့္ အီတီဟတ္မွာ ေပါင္ ၃၂ သန္းနဲ႔ မတန္ေအာင္ ေျခစြမ္းဆိုး႐ြားခဲ့သလို အငွားကစားသမားတစ္ေယာက္အျဖစ္ နိမ့္က်သြားခဲ့ရၿပီး ၂၀၁၉ မွာ ဗလင္စီယာဆီ ေရာင္းထုတ္ခဲ့ရသလို ေနာက္ဆုံးမွာေတာ့ သူ႔အသံကို မၾကားရေတာ့ဘဲ လူေတြရဲ႕ အေမ့ခံတစ္ေယာက္ပဲျဖစ္ခဲ့ရတာပါ။

ဘီဘီ (မန္ခ်က္စတာယူႏိုက္တက္)
သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရေတာ့ မန္ခ်က္စတာယူႏိုက္တက္နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္အေနနဲ႔ ၁၀၀ ရာခိုင္ႏႈန္း ဂ်င္းမိခဲ့တယ္လို႔ ဆိုပါတယ္။ ကိပ္ဗာဒီႏြယ္ဖြား ေပၚတူဂီသား ဘီဘီရဲ႕ ကစားပုံကိုေတာင္ တစ္ခါမွ မျမင္ဖူးခဲ့ဘဲနဲ႔ နာမည္ႀကီး ေအးဂ်င့္ ေဂ်ာ္ဂ်ီ မန္ဒက္စ္ရဲ႕ တိုက္တြန္းမႈနဲ႔ ဗစ္တိုးရီးယား ဂီမာ႐ိုင္းစ္အသင္းရဲ႕ ေလ်ာ္ေၾကးစာခ်ဳပ္ ယူ႐ို ၉ သန္းကို ေပးေခ်ခဲ့တာပါ။ ေလးႏွစ္တာအတြင္း ၇ ပြဲကစားၿပီး ၂ ဂိုးသြင္းယူႏိုင္ခဲ့အၿပီးမွာေတာ့ ေပၚတူဂီကလပ္ ဘင္ဖီကာက သူ႔ကို ယူ႐ို ၃ သန္းနဲ႔ ျပန္ဝယ္သြားခဲ့ပါတယ္။

ယြန္း-အလန္ ဘြမ္ေဆာင္း (နယူးကာဆယ္လ္ယူႏိုက္တက္)
၂၀၀၅ ခုႏွစ္က ေပါင္ ၅ သန္းနဲ႔ ဝယ္ယူခဲ့တဲ့ နယူးကာဆယ္လ္ကစားသမားေဟာင္းဟာ စိန္႔ဂ်ိမ္းစ္ပါ့ခ္မွာေတာ့ အရာမထင္ခဲ့သလို ကာယအား သုံးလြန္းၿပီး အာ႐ုံစူးစိုက္မႈမရွိျခင္းက သူ႔ျပႆနာျဖစ္ခဲ့ပါတယ္။ တစ္ရာသီအၿပီးမွာ စီးရီးဘီေရာက္ ဂ်ဴဗင္တပ္စ္အသင္းဆီ ေပါင္ ၃.၃ သန္းနဲ႔ ေရာင္းခ်ျခင္းခံခဲ့ရတဲ့ ျပင္သစ္လက္ေ႐ြးစင္ ကစားသမားေဟာင္းဟာ လီယြန္၊ ပါနာသီႏိုင္ေကာ့စ္အသင္းေတြမွာ ဆက္ကစားအၿပီး ၂၀၁၃ ခုနစ္မွာ အနားယူသြားခဲ့ရပါတယ္။

ဆိုင္ဒို ဘီရာဟီႏို (စတုတ္စီးတီး)
စတုတ္ခ္စီးတီးရဲ႕ လူဝယ္အမွားတခုျဖစ္ခဲ့တဲ့ ဘီရာဟီႏိုဟာ ၂၀၁၇ ခုႏွစ္မွာ ဝက္စ္ဘ႐ြန္းအသင္းနဲ႔ အဂၤလန္ယူ-၂၁ မွာ ေတာက္ပခဲ့အၿပီး ေပါင္ ၁၂ သန္းတန္ေၾကးနဲ႔ ေပါ့တာတို႔ရဲ႕ ဘရစ္တန္းနီးယားကြင္းဆီ တစ္ခမ္းတစ္နား ေရာက္လာခဲ့ေပမယ့္ ၅၆ ပြဲမွာ ၅ ဂိုးသာရခဲ့လို႔ ပရိသတ္ေတြေရွ႕ နာမည္ပ်က္ခဲ့ရၿပီး စာခ်ဳပ္သစ္ ထပ္မခ်ဳပ္ဘဲ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာခဲ့ရသလို ဘယ္လ္ဂ်ီယမ္လိဂ္လို ႏွစ္ဆင့္ေလာက္နိမ့္တဲ့ ၿပိဳင္ပြဲဆီမွာေတာင္ ေျခစြမ္းမျပႏိုင္ဘဲရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.