Article Bundesliga Ligue1 Other Premier League Serie A

လက်ရှိဘောလုံးကမ္ဘာရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ရာဇဝင်ပြိုင်ဘက် ၄ တွဲ

လက်ရှိဘောလုံးလောကမှာ ပြိုင်ဘက်တွေအဖြစ် ရပ်တည်နေကြတဲ့ ကစားသမားတွေထဲက ဘောလုံးပရိသတ်တွေအချင်းချင်းထဲမှာ အငြင်းပွားလို့မဆုံး တရုန်းရုန်းနဲ့ ဖြစ်နေခဲ့ကြတဲ့ မလျှော့တမ်း မဆုတ်တမ်း ရေကုန်ရေခန်းနဲ့ တိုက်ပွဲဝင်နေကြဦးမယ့် နာမည်ကျော် တိုက်စစ်အနုပညာရှင်အတွဲ ၄ တွဲကို အားလုံးထဲကမှ ရွေးချယ်ဖော်ထုတ်ဖြစ်ခဲ့ပါတယ်။

မိုဟာမက် ဆာလား Vs ဆာဒီယို မာနေး
နည်းပြကြီး ယာဂင် ကလော့ပ်လက်အောက်မှာ လီဗာပူးလ်အသင်းရဲ့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်အောင်မြင်မှုအတွက် အကောင်းဆုံးလက်တွဲဖော်တွေဖြစ်ခဲ့ကြတဲ့ အာဖရိကဂုဏ်ဆောင် အီဂျစ်နဲ့ ဆီနီဂေါတိုက်စစ်မှူးနှစ်ဦးကိုတော့ သူငယ်ချင်းကောင်းတစ်ဖြစ်လဲ ပြိုင်ဘက်တွေအဖြစ် သတ်မှတ်ရမှာပါ။

၂၀၁၈-၁၉ ခုနှစ်၊ ပရီးမီးယားလိဂ်ရာသီမှာ နှစ်ဦးစလုံး ၂၂ ဂိုးစီသွင်းယူပြီး နောက်ထပ် အာဖရိကတိုက်စစ်မှူးတဦးဖြစ်တဲ့ ပျယ်-အမ်မရိခ် အူဘာမီယန်းနဲ့အတူ EPL ရွှေဖိနပ်ဆုကို ၃ ဦးတွဲ ရယူခဲ့ခြင်းက မှတ်မှတ်ရရဖြစ်ခဲ့ပြီး လီဗာပူးလ်ရဲ့ နှစ် ၃၀ ကြာ အိပ်မက်ဖြစ်တဲ့ သမိုင်းဝင် ပရီးမီးယားလိဂ်ဗိုလ်ဝင်ခံမှုရဲ့ အသက်သွေးကြောတွေလို့ သေချာပေါက်ဆိုရမှာဖြစ်ပါတယ်။

ကီဗင် ဒီဘရိုင်းနား Vs ဘရူနို ဖာနန်ဒက်စ်
မန်ချက်စတာမြို့ခံနှစ်သင်းရဲ့ ရန်ဘက်တွေအဖြစ် ရှုမြင်ခံထားရပြီး လက်ရှိပရီးမီးယားလိဂ်မှာ အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင်နှစ်ဦးအဖြစ် တစ်ညီတစ်ညွတ်တည်း ထောက်ခံထားကြပါတယ်။ ဖာနန်ဒက်စ်ကတော့ အိမ်နိမ့်စံဘဝက မန်ချက်စတာယူနိုက်တက်ကို စစ်သူကြီးတစ်ဦးသဖွယ် ဆွဲတင်နိုင်ခဲ့ပြီး အဆင့် ၂ နေရာအထိ ရပ်တည်နိုင်စေခဲ့တာပါ။

ဒီဘရိုင်းနားကတော့ ဘောလုံးဉာဏ်ကြီးရှင်တစ်ဦးလို့ ဆိုရမှာဖြစ်ပြီး ပက်ပ် ဂွါဒီယိုလာလက်အောက်က မန်ချက်စတာစီးတီးရဲ့ ခေတ်ပြောင်းတော်လှန်ရေးမှာ အခရာကျခဲ့သူဖြစ်ပြီး ပြီးပြည့်စုံတဲ့ ကွင်းလယ်ကစားသမားတစ်ဦးလို့ သတ်မှတ်ခံထားရချိန်မှာ သူ့ရဲ့အောင်မြင်မှုကို ဖာနန်ဒက်စ်အနေနဲ့ လိုက်မီဖို့တော့ အများကြီး ကြိုးစားဖို့ လိုအပ်နေဆဲလို့ပဲ သုံးသပ်ရမှာဖြစ်ပါတယ်။

အာလင်း ဟားလန်း Vs ခိုင်လျန် အမ်ဘာပေ
ဘောလုံးသမိုင်းရဲ့ နောက်ထပ် ဆယ်စုနှစ်တစ်စုအထိ ကောင်းကောင်းတည်တံ့မယ့် ခေတ်သစ်ပြိုင်ဘက်အတွဲအဖြစ် သတ်မှတ်ခံထားရပြီး လူငယ်မျိုးဆက် ခေတ်တစ်ခေတ်ကို မက်ဆီ-ရော်နယ်လ်ဒိုအတွဲဆီက အောင်မြင်မှုအမွေတွေကို ဆက်ခံနိုင်မယ့် လျှမ်းလျှမ်းတောက် အနာဂတ်ပိုင်ရှင် ချာတိတ်လေးတွေအဖြစ် အားကောင်းမောင်းသန် ဖြတ်သန်းနေပါတယ်။

နော်ဝေရဲ့ ၂၁ နှစ်သား ဟားလန်းကတော့ ဒေါ့မွန်မှာ ဂိုးတွေကို အပျော်သွင်းယူနေသလား ထင်မှတ်ရလောက်အထိ ဒေါင်ဒေါင်မြည် ဂိုးသွင်းစက်အဖြစ် တင်စားခံထားရသလို ကမ္ဘာ့ဖလားချန်ပီယံအဖြစ် သက်သေပြခဲ့ပြီးဖြစ်တဲ့ ပြင်သစ်ရဲ့ ၂၂ နှစ်သား အမ်ဘာပေကလည်း ဘလွန်ဒေါစင်မြင့်အထိ တက်လှမ်းဖို့ ပြင်ဆင်နေပြီး ဟားလန်းနဲ့အပြိုင် ဘယ်သူက အရင်ရသွားမလဲလို့ စိတ်လှုပ်ရှားစရာလည်း ကောင်းနေခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒို Vs လီယွန်နယ် မက်ဆီ
သမိုင်းကြောင်း လှပခဲ့ပြီးဖြစ်တဲ့ GOAT ကြီးနှစ်ဦးကတော့ လက်ရှိအချိန်အထိ နှစ်ပေါင်းတော်တော်ကြာ ညွှန်းစရာမလိုအောင်ကို မော်ကွန်းရေးထိုးခဲ့ပြီးဖြစ်သလို ဘယ်သူပိုကောင်းသလဲဆိုတဲ့ အငြင်းအခုန်တွေကလည်း အခုထိ သောသောညံနေဆဲဆိုပေမယ့် နေဝင်ဘုရင်တွေအဖြစ် နောက်ဆုံးပိုင်းနှစ်တွေမှာ ဘာတွေ လုပ်ပြသွားဦးမလဲလို့ ဆက်လက်စောင့်စားရဦးမှာဖြစ်ပါတယ်။

မက်ဆီကတော့ ဘာစီလိုနာနဲ့ လမ်းခွဲခဲ့ပြီး PSG မှာ နေမာ၊ အမ်ဘာပေတို့နဲ့အတူ တွဲကစားပြီး ကမ္ဘာ့ကြောက်မက်ဖွယ်အကောင်းဆုံး တိုက်စစ်ကို တစ်ခေတ် ဆန်းသစ်လာစေဖို့ ဦးဆောင်သွားတော့မယ့် အနေအထားဖြစ်ပြီး ရော်နယ်လ်ဒိုကတော့ သူ့ရဲ့ ဘလွန်ဒေါ ၆ ဆုကို အမီလိုက်ဖို့ ငယ်မူငယ်သွေးကြွပြီး ခြေစွမ်းထပ်ပြနိုင်ဖို့ ဂျူဗင်တပ်စ်နဲ့ အတက်ကြွဆုံး အားထုတ်လာဦးမှာဖြစ်သလို ဆက်လက်ကြည့်ကောင်းနေမယ့် ဒီတိုက်ပွဲက မပြီးသေးဘူးလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လက္ရွိေဘာလုံးေလာကမွာ ၿပိဳင္ဘက္ေတြအျဖစ္ ရပ္တည္ေနၾကတဲ့ ကစားသမားေတြထဲက ေဘာလုံးပရိသတ္ေတြအခ်င္းခ်င္းထဲမွာ အျငင္းပြားလို႔မဆုံး တ႐ုန္း႐ုန္းနဲ႔ ျဖစ္ေနခဲ့ၾကတဲ့ မေလွ်ာ့တမ္း မဆုတ္တမ္း ေရကုန္ေရခန္းနဲ႔ တိုက္ပြဲဝင္ေနၾကဦးမယ့္ နာမည္ေက်ာ္ တိုက္စစ္အႏုပညာရွင္အတြဲ ၄ တြဲကို အားလုံးထဲကမွ ေ႐ြးခ်ယ္ေဖာ္ထုတ္ျဖစ္ခဲ့ပါတယ္။

မိုဟာမက္ ဆာလား Vs ဆာဒီယို မာေနး
နည္းျပႀကီး ယာဂင္ ကေလာ့ပ္လက္ေအာက္မွာ လီဗာပူးလ္အသင္းရဲ႕ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ေအာင္ျမင္မႈအတြက္ အေကာင္းဆုံးလက္တြဲေဖာ္ေတြျဖစ္ခဲ့ၾကတဲ့ အာဖရိကဂုဏ္ေဆာင္ အီဂ်စ္နဲ႔ ဆီနီေဂါတိုက္စစ္မႉးႏွစ္ဦးကိုေတာ့ သူငယ္ခ်င္းေကာင္းတစ္ျဖစ္လဲ ၿပိဳင္ဘက္ေတြအျဖစ္ သတ္မွတ္ရမွာပါ။

၂၀၁၈-၁၉ ခုႏွစ္၊ ပရီးမီးယားလိဂ္ရာသီမွာ ႏွစ္ဦးစလုံး ၂၂ ဂိုးစီသြင္းယူၿပီး ေနာက္ထပ္ အာဖရိကတိုက္စစ္မႉးတဦးျဖစ္တဲ့ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းနဲ႔အတူ EPL ေ႐ႊဖိနပ္ဆုကို ၃ ဦးတြဲ ရယူခဲ့ျခင္းက မွတ္မွတ္ရရျဖစ္ခဲ့ၿပီး လီဗာပူးလ္ရဲ႕ ႏွစ္ ၃၀ ၾကာ အိပ္မက္ျဖစ္တဲ့ သမိုင္းဝင္ ပရီးမီးယားလိဂ္ဗိုလ္ဝင္ခံမႈရဲ႕ အသက္ေသြးေၾကာေတြလို႔ ေသခ်ာေပါက္ဆိုရမွာျဖစ္ပါတယ္။

ကီဗင္ ဒီဘ႐ိုင္းနား Vs ဘ႐ူႏို ဖာနန္ဒက္စ္
မန္ခ်က္စတာၿမိဳ႕ခံႏွစ္သင္းရဲ႕ ရန္ဘက္ေတြအျဖစ္ ရႈျမင္ခံထားရၿပီး လက္ရွိပရီးမီးယားလိဂ္မွာ အေကာင္းဆုံး ကြင္းလယ္ဖန္တီးရွင္ႏွစ္ဦးအျဖစ္ တစ္ညီတစ္ၫြတ္တည္း ေထာက္ခံထားၾကပါတယ္။ ဖာနန္ဒက္စ္ကေတာ့ အိမ္နိမ့္စံဘဝက မန္ခ်က္စတာယူႏိုက္တက္ကို စစ္သူႀကီးတစ္ဦးသဖြယ္ ဆြဲတင္ႏိုင္ခဲ့ၿပီး အဆင့္ ၂ ေနရာအထိ ရပ္တည္ႏိုင္ေစခဲ့တာပါ။

ဒီဘ႐ိုင္းနားကေတာ့ ေဘာလုံးဉာဏ္ႀကီးရွင္တစ္ဦးလို႔ ဆိုရမွာျဖစ္ၿပီး ပက္ပ္ ဂြါဒီယိုလာလက္ေအာက္က မန္ခ်က္စတာစီးတီးရဲ႕ ေခတ္ေျပာင္းေတာ္လွန္ေရးမွာ အခရာက်ခဲ့သူျဖစ္ၿပီး ၿပီးျပည့္စုံတဲ့ ကြင္းလယ္ကစားသမားတစ္ဦးလို႔ သတ္မွတ္ခံထားရခ်ိန္မွာ သူ႔ရဲ႕ေအာင္ျမင္မႈကို ဖာနန္ဒက္စ္အေနနဲ႔ လိုက္မီဖို႔ေတာ့ အမ်ားႀကီး ႀကိဳးစားဖို႔ လိုအပ္ေနဆဲလို႔ပဲ သုံးသပ္ရမွာျဖစ္ပါတယ္။

အာလင္း ဟားလန္း Vs ခိုင္လ်န္ အမ္ဘာေပ
ေဘာလုံးသမိုင္းရဲ႕ ေနာက္ထပ္ ဆယ္စုႏွစ္တစ္စုအထိ ေကာင္းေကာင္းတည္တံ့မယ့္ ေခတ္သစ္ၿပိဳင္ဘက္အတြဲအျဖစ္ သတ္မွတ္ခံထားရၿပီး လူငယ္မ်ိဳးဆက္ ေခတ္တစ္ေခတ္ကို မက္ဆီ-ေရာ္နယ္လ္ဒိုအတြဲဆီက ေအာင္ျမင္မႈအေမြေတြကို ဆက္ခံႏိုင္မယ့္ လွ်မ္းလွ်မ္းေတာက္ အနာဂတ္ပိုင္ရွင္ ခ်ာတိတ္ေလးေတြအျဖစ္ အားေကာင္းေမာင္းသန္ ျဖတ္သန္းေနပါတယ္။

ေနာ္ေဝရဲ႕ ၂၁ ႏွစ္သား ဟားလန္းကေတာ့ ေဒါ့မြန္မွာ ဂိုးေတြကို အေပ်ာ္သြင္းယူေနသလား ထင္မွတ္ရေလာက္အထိ ေဒါင္ေဒါင္ျမည္ ဂိုးသြင္းစက္အျဖစ္ တင္စားခံထားရသလို ကမာၻ႔ဖလားခ်န္ပီယံအျဖစ္ သက္ေသျပခဲ့ၿပီးျဖစ္တဲ့ ျပင္သစ္ရဲ႕ ၂၂ ႏွစ္သား အမ္ဘာေပကလည္း ဘလြန္ေဒါစင္ျမင့္အထိ တက္လွမ္းဖို႔ ျပင္ဆင္ေနၿပီး ဟားလန္းနဲ႔အၿပိဳင္ ဘယ္သူက အရင္ရသြားမလဲလို႔ စိတ္လႈပ္ရွားစရာလည္း ေကာင္းေနခဲ့ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒို Vs လီယြန္နယ္ မက္ဆီ
သမိုင္းေၾကာင္း လွပခဲ့ၿပီးျဖစ္တဲ့ GOAT ႀကီးႏွစ္ဦးကေတာ့ လက္ရွိအခ်ိန္အထိ ႏွစ္ေပါင္းေတာ္ေတာ္ၾကာ ၫႊန္းစရာမလိုေအာင္ကို ေမာ္ကြန္းေရးထိုးခဲ့ၿပီးျဖစ္သလို ဘယ္သူပိုေကာင္းသလဲဆိုတဲ့ အျငင္းအခုန္ေတြကလည္း အခုထိ ေသာေသာညံေနဆဲဆိုေပမယ့္ ေနဝင္ဘုရင္ေတြအျဖစ္ ေနာက္ဆုံးပိုင္းႏွစ္ေတြမွာ ဘာေတြ လုပ္ျပသြားဦးမလဲလို႔ ဆက္လက္ေစာင့္စားရဦးမွာျဖစ္ပါတယ္။

မက္ဆီကေတာ့ ဘာစီလိုနာနဲ႔ လမ္းခြဲခဲ့ၿပီး PSG မွာ ေနမာ၊ အမ္ဘာေပတို႔နဲ႔အတူ တြဲကစားၿပီး ကမာၻ႔ေၾကာက္မက္ဖြယ္အေကာင္းဆုံး တိုက္စစ္ကို တစ္ေခတ္ ဆန္းသစ္လာေစဖို႔ ဦးေဆာင္သြားေတာ့မယ့္ အေနအထားျဖစ္ၿပီး ေရာ္နယ္လ္ဒိုကေတာ့ သူ႔ရဲ႕ ဘလြန္ေဒါ ၆ ဆုကို အမီလိုက္ဖို႔ ငယ္မူငယ္ေသြးႂကြၿပီး ေျခစြမ္းထပ္ျပႏိုင္ဖို႔ ဂ်ဴဗင္တပ္စ္နဲ႔ အတက္ႂကြဆုံး အားထုတ္လာဦးမွာျဖစ္သလို ဆက္လက္ၾကည့္ေကာင္းေနမယ့္ ဒီတိုက္ပြဲက မၿပီးေသးဘူးလို႔ပဲ ဆိုရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.