Premier League

ဗန်ဒိုက်ရဲ့ စာချုပ်သစ်အတွက် ကျေနပ်နေပြီး ရာသီသစ်အတွက် ပြင်ဆင်နေတဲ့ ကလော့ပ်

လီဗာပူးလ်အသင်းနဲ့ နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်တစ်ယောက် စာချုပ်သက်တမ်းတိုးလိုက်တာကတော့ အသင်းရဲ့ ရာသီသစ်အတွက် ကြီးမားတဲ့ ခွန်အားလည်းဖြစ်ခဲ့ပြီး တခြား ကြယ်ပွင့်ကစားသမားတွေနဲ့အတူ တည်ငြိမ်တဲ့ လူစာရင်းကို အင်အားပြုပြီး ဆုဖလားတွေအတွက် စိန်ခေါ်နိုင်ဖို့ မျှော်လင့်ချက်တွေ စုဆောင်းမိစေခဲ့ပါတယ်။

၂၀၁၈ ဆောင်းရာသီအပြောင်းအရွှေ့မှာ ဆောက်သမ်တန်အသင်းကနေ ပေါင် ၇၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ နယ်သာလန်နောက်ခံလူဟာ အန်းဖီးလ်ကွင်းမှာ ၂၀၂၅ ခုနှစ်အထိ ရှိစေမယ့် ၄ နှစ်စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး လာမယ့် စနေနေ့ညမှာ ကစားရမယ့် နော့ဝစ်ချ်အသင်းနဲ့ ပွဲစဉ်မှာ လီဗာပူးလ်တို့အတွက် ပြန်လည်နိုင်ဖို့လည်း ပရိသတ်တွေက မျှော်လင့်နေကြတာပါ။

လီဗာပူးလ်အသင်းရဲ့ ရာသီကြိုပြင်ဆင်မှုမှာ လူတွေက အသင်းရဲ့ တကယ့်ကွက်လပ်ဖြစ်တဲ့ ဗဟိုနောက်ခံလူတစ်ဦးနေရာကို ဖြည့်ဆည်းနိုင်ခဲ့တာ မေ့နေကြပြီး ဘွန်ဒက်စ်လီဂါရဲ့ အကောင်းဆုံးတစ်ဦးဖြစ်တဲ့ အီဘရာဟီမာ ကိုနာတေကို ရရှိလိုက်တာက အင်အားဖြစ်ခဲ့သလို ကွင်းလယ်မှာ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်ရဲ့ နေရာကို ဘယ်လိုဖြည့်ဆည်းမယ်ဆိုတဲ့ ပုစ္ဆာတစ်ပုဒ်ကိုပဲ အဓိက ဖြေရှင်းသွားရပါလိမ့်မယ်။

လက်ရှိမှာ အသင်းအနေနဲ့ ဂိုးသမား အယ်လစ်ဆန် ဘက်ကာ၊ နောက်ခံလူ အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ကွင်းလယ်ခံစစ်သမား ဖာဘင်ညိုနဲ့ လူငယ်တောင်ပံကစားသမား ဟာ‌ဗီ အီးလီးယော့တို့ကို စာချုပ်သစ် ချုပ်ဆိုထားနိုင်သလို မာနေး၊ ဆာလားနဲ့ ဖာမီနိုတို့ရဲ့ MSF တိုက်စစ်သုံးဦးကိုလည်း စာချုပ်သစ် ဆွေးနွေးဖို့ ရှိနေပြီး သူတို့တွေကို ဖျက်ဆီးမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ပိုက်ဘောမိပြီး တိုင်ပတ်သွားကြတာကလည်း ပရိသတ်တွေ ဝမ်းသာစရာပဲ ဖြစ်နေမှာပါ။

နည်းပြ ယာဂန် ကလော့ပ်ကတော့ “ကျွန်တော်တို့အနေနဲ့ ရသမျှ ငွေကြေးကို သုံးစွဲခွင့် ရှိနေပေမယ့် ချဲလ်ဆီး၊ မန်စီးတီး၊ မန်ယူနိုက်တက်တို့နဲ့တော့ ယှဉ်လို့ မရဘူးပေါ့ဗျာ”လို့ ဆိုသွားခဲ့သလို နောက်ခံလူ ကိုနာတေကို ခေါ်ယူနိုင်ခဲ့ပြီး လွန်ခဲ့တဲ့ ရာသီမှာ ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့တဲ့ ခံစစ်အပေါက်ကြီးကို ဖာထေးနိုင်ခဲ့တာအတွက် ကျေနပ်ပုံပြသခဲ့ပါတယ်။

“တခြားကလပ်တွေက ရသမျှ ပိုက်ဆံထဲက သုံးတာ မဟုတ်လို့ ကျွန်တော်တို့နဲ့တော့ မတူဘူးပေါ့လေ… ချဲလ်ဆီး၊ မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့တွေ ဘယ်ကရလို့ ငွေသုံးနိုင်တယ်ဆိုတာလည်း သိကြတာပဲ။ ကိုဗစ်ကြောင့် ဖြစ်လာမယ့် အသင်းရဲ့ ဈေးကွက်ထဲမှာ လှုပ်ရှားမှုနည်းနိုင်တာကိုတော့ ကျွန်တော် ကြိုတွက်ထားပြီးသားပါ။ နွေရာသီက စိတ်လှုပ်ရှားစရာ သိပ်မရှိဘဲ ဒီရက်ပိုင်း သတင်းတွေဖြစ်တဲ့ အယ်လစ်ဆန်၊ ဖာဘင်ညို၊ ဗာဂျီးလ်တို့လို ကစားသမားတွေ သက်တမ်းတိုးနိုင်ပြီး တခြားသူတွေလည်း စာချုပ်သစ် ဆွေးနွေးနေတာအတွက် ပျော်ရွှင်နေပါတယ်”လို့ ကလော့ပ်က ဆိုပါတယ်။

ယာဂန် ကလောပ့်က သူတို့ လီဗာပူးလ်အသင်းရဲ့ သတ်မှတ်ဘတ်ဂျက် အကန့်အသတ်နဲ့ သွားနေတဲ့ ပုံစံကို တခြား ငွေတွင်းထဲ လက်နှိုက်နေတဲ့ ကလပ်တွေနဲ့ မနှိုင်းယှဉ်ဖို့တော့ တောင်းဆိုလိုက်ပြီး လိုအပ်တဲ့ အချိန်မှာ ရှိတဲ့ ငွေကြေးကို အသုံးချနိုင်ဖို့ အပြောင်းအရွှေ့ဌာနက တာဝန်ရှိသူတွေ အလုပ်မလုပ်ဘဲနေတာ မဟုတ်ဘဲ ကြိုးစားနေကြကြောင်းလည်း ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းနဲ႔ ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္တစ္ေယာက္ စာခ်ဳပ္သက္တမ္းတိုးလိုက္တာကေတာ့ အသင္းရဲ႕ ရာသီသစ္အတြက္ ႀကီးမားတဲ့ ခြန္အားလည္းျဖစ္ခဲ့ၿပီး တျခား ၾကယ္ပြင့္ကစားသမားေတြနဲ႔အတူ တည္ၿငိမ္တဲ့ လူစာရင္းကို အင္အားျပဳၿပီး ဆုဖလားေတြအတြက္ စိန္ေခၚႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ေတြ စုေဆာင္းမိေစခဲ့ပါတယ္။

၂၀၁၈ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕မွာ ေဆာက္သမ္တန္အသင္းကေန ေပါင္ ၇၅ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ နယ္သာလန္ေနာက္ခံလူဟာ အန္းဖီးလ္ကြင္းမွာ ၂၀၂၅ ခုႏွစ္အထိ ရွိေစမယ့္ ၄ ႏွစ္စာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး လာမယ့္ စေနေန႔ညမွာ ကစားရမယ့္ ေနာ့ဝစ္ခ်္အသင္းနဲ႔ ပြဲစဥ္မွာ လီဗာပူးလ္တို႔အတြက္ ျပန္လည္ႏိုင္ဖို႔လည္း ပရိသတ္ေတြက ေမွ်ာ္လင့္ေနၾကတာပါ။

လီဗာပူးလ္အသင္းရဲ႕ ရာသီႀကိဳျပင္ဆင္မႈမွာ လူေတြက အသင္းရဲ႕ တကယ့္ကြက္လပ္ျဖစ္တဲ့ ဗဟိုေနာက္ခံလူတစ္ဦးေနရာကို ျဖည့္ဆည္းႏိုင္ခဲ့တာ ေမ့ေနၾကၿပီး ဘြန္ဒက္စ္လီဂါရဲ႕ အေကာင္းဆုံးတစ္ဦးျဖစ္တဲ့ အီဘရာဟီမာ ကိုနာေတကို ရရွိလိုက္တာက အင္အားျဖစ္ခဲ့သလို ကြင္းလယ္မွာ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္ရဲ႕ ေနရာကို ဘယ္လိုျဖည့္ဆည္းမယ္ဆိုတဲ့ ပုစာၦတစ္ပုဒ္ကိုပဲ အဓိက ေျဖရွင္းသြားရပါလိမ့္မယ္။

လက္ရွိမွာ အသင္းအေနနဲ႔ ဂိုးသမား အယ္လစ္ဆန္ ဘက္ကာ၊ ေနာက္ခံလူ အလက္ဇန္းဒါး-အာႏိုးလ္ဒ္၊ ကြင္းလယ္ခံစစ္သမား ဖာဘင္ညိဳနဲ႔ လူငယ္ေတာင္ပံကစားသမား ဟာ‌ဗီ အီးလီးေယာ့တို႔ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုထားႏိုင္သလို မာေနး၊ ဆာလားနဲ႔ ဖာမီႏိုတို႔ရဲ႕ MSF တိုက္စစ္သုံးဦးကိုလည္း စာခ်ဳပ္သစ္ ေဆြးေႏြးဖို႔ ရွိေနၿပီး သူတို႔ေတြကို ဖ်က္ဆီးမယ့္ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔ ပိုက္ေဘာမိၿပီး တိုင္ပတ္သြားၾကတာကလည္း ပရိသတ္ေတြ ဝမ္းသာစရာပဲ ျဖစ္ေနမွာပါ။

နည္းျပ ယာဂန္ ကေလာ့ပ္ကေတာ့ “ကြၽန္ေတာ္တို႔အေနနဲ႔ ရသမွ် ေငြေၾကးကို သုံးစြဲခြင့္ ရွိေနေပမယ့္ ခ်ဲလ္ဆီး၊ မန္စီးတီး၊ မန္ယူႏိုက္တက္တို႔နဲ႔ေတာ့ ယွဥ္လို႔ မရဘူးေပါ့ဗ်ာ”လို႔ ဆိုသြားခဲ့သလို ေနာက္ခံလူ ကိုနာေတကို ေခၚယူႏိုင္ခဲ့ၿပီး လြန္ခဲ့တဲ့ ရာသီမွာ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ ျဖစ္ခဲ့တဲ့ ခံစစ္အေပါက္ႀကီးကို ဖာေထးႏိုင္ခဲ့တာအတြက္ ေက်နပ္ပုံျပသခဲ့ပါတယ္။

“တျခားကလပ္ေတြက ရသမွ် ပိုက္ဆံထဲက သုံးတာ မဟုတ္လို႔ ကြၽန္ေတာ္တို႔နဲ႔ေတာ့ မတူဘူးေပါ့ေလ… ခ်ဲလ္ဆီး၊ မန္စီးတီးနဲ႔ ပီအက္စ္ဂ်ီတို႔ေတြ ဘယ္ကရလို႔ ေငြသုံးႏိုင္တယ္ဆိုတာလည္း သိၾကတာပဲ။ ကိုဗစ္ေၾကာင့္ ျဖစ္လာမယ့္ အသင္းရဲ႕ ေဈးကြက္ထဲမွာ လႈပ္ရွားမႈနည္းႏိုင္တာကိုေတာ့ ကြၽန္ေတာ္ ႀကိဳတြက္ထားၿပီးသားပါ။ ေႏြရာသီက စိတ္လႈပ္ရွားစရာ သိပ္မရွိဘဲ ဒီရက္ပိုင္း သတင္းေတြျဖစ္တဲ့ အယ္လစ္ဆန္၊ ဖာဘင္ညိဳ၊ ဗာဂ်ီးလ္တို႔လို ကစားသမားေတြ သက္တမ္းတိုးႏိုင္ၿပီး တျခားသူေတြလည္း စာခ်ဳပ္သစ္ ေဆြးေႏြးေနတာအတြက္ ေပ်ာ္႐ႊင္ေနပါတယ္”လို႔ ကေလာ့ပ္က ဆိုပါတယ္။

ယာဂန္ ကေလာပ့္က သူတို႔ လီဗာပူးလ္အသင္းရဲ႕ သတ္မွတ္ဘတ္ဂ်က္ အကန႔္အသတ္နဲ႔ သြားေနတဲ့ ပုံစံကို တျခား ေငြတြင္းထဲ လက္ႏႈိက္ေနတဲ့ ကလပ္ေတြနဲ႔ မႏႈိင္းယွဥ္ဖို႔ေတာ့ ေတာင္းဆိုလိုက္ၿပီး လိုအပ္တဲ့ အခ်ိန္မွာ ရွိတဲ့ ေငြေၾကးကို အသုံးခ်ႏိုင္ဖို႔ အေျပာင္းအေ႐ႊ႕ဌာနက တာဝန္ရွိသူေတြ အလုပ္မလုပ္ဘဲေနတာ မဟုတ္ဘဲ ႀကိဳးစားေနၾကေၾကာင္းလည္း ေျပာၾကားသြားခဲ့တယ္လို႔ သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.