Article International La Liga Other UCL&UEL

Haters တွေကို အသံတိတ်သွားစေခဲ့တဲ့ CR7 မယုံနိုင်ဖွယ်ရာ စွမ်းဆောင်မှု ၅ ကြိမ်

နာမည်တဏ်လုံးနဲ့ ရပ်တည်နေတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဆိုတာ လျှော့တွက်မိရင် မှားသွားမယ်လို့ အလုပ်နဲ့သက်သေပြလာခဲ့တာ အကြိမ်ကြိမ်ပါ။ အက်သလက်တီကိုမက်ဒရစ်နည်းပြ ဒီယေဂို ဆီမြွန်နီကအစ ဘောလုံးဝေဖန်သူတွေအဆုံး အမနာပစကားတွေနဲ့ ထိုးနှက်ခဲ့ပေမယ့် ဆူညံလွန်းတဲ့ Haters တွေကို အာစေးမိနေသလား ထင်ရအောင် အသံတိတ်သွားစေခဲ့တဲ့ CR7 မယုံနိုင်ဖွယ်ရာ စွမ်းဆောင်မှု ၅ ကြိမ်ကို အခုဖော်ပြပေးမှာပါ။

ဖြစ်ရပ် – ၅
၂၀၁၄ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဥရောပဇုန် Play-off မှာ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းက ဇလာတန် အီဘရာဟီမိုဗစ်ချ်ရဲ့ ဆွီဒင်အသင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီအချိန်က အသက် ၂၈ နှစ်အရွယ် CR7 က ခြေစစ်ပွဲတလျှောက်လုံး ၄ ဂိုးသာ စုဆောင်းရရှိထားခဲ့တာပါ။

ဒါပေမယ့် ဆွီဒင်နဲ့ တွေ့ဆုံချိန်မှာတော့ ပထမအကျော့မှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့သလို ဒုတိယကျော့ ဆွီဒင်မြေမှာလည်း ဟက်ထရစ်သွင်းယူပြီး ပေါ်တူဂီအသင်းကို ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခွင့်လက်မှတ် ရရှိစေခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၄ ခုနှစ်ရဲ့ ဘယ်လွန်ဒေါဆုကိုပါ သူကပဲ သိမ်းပိုက်သွားခဲ့တာပါ။

ဖြစ်ရပ် – ၄
၂၀၁၃-၁၄ ရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်၊ ၂၀၁၂ က ဒီလိုမျိုး ဆီမီးအဆင့်မှာပဲ ဂျာမန်ဘီလူးတွေဘက်ကို ပင်နယ်တီလွဲချော်ပြီး ထွက်ခွာခဲ့ရတဲ့ ဒဏ်ရာဆိုးကလည်း ခရစ္စတီယာနို ရော်နယ်လ်ဒိုမှာ ရှိနေခဲ့တာပါ။

ဒါပေမယ့် သူက အုပ်စုအဆင့်မှာတင် ၁၀ ဂိုးပြည့်ခဲ့တဲ့ ၂၀၁၄ ချန်ပီယံလိဂ်မှာ ဘိုင်ယန်ကို ပထမအကျော့ သိပ်ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် ​ဒုတိယကျော့ အလီယန့်ဇ် အရီနာကွင်းထဲမှာ ၂ ဂိုးသွင်းပြီး ရီးရဲလ်မက်ဒရစ်အသင်းကို နောက်ဆုံး ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဖိုင်နယ်တက်စေခဲ့သလို ၁၀ ကြိမ်မြောက် ချန်ပီယံသရဖူကိုပါ ဆောင်းသွားနိုင်ခဲ့ပါတယ်။

ဖြစ်ရပ် – ၃
ရုရှားမြေက ၂၀၁၈ ကမ္ဘာ့ဖလားမှာတော့ ပေါ်တူဂီအသင်းနဲ့ စပိန်အသင်းတို့ တစ်အုပ်စုထဲမှာ တွေ့ဆုံခဲ့ပါတယ်။ ပွဲနေ့မှာတော့ ဘယ်သူမှ ထင်မှတ်မထားတဲ့ ရော်နယ်လ်ဒိုကပဲ အဖွင့် ၄ မိနစ်မှာ ပင်နယ်တီကနေ အဖွင့်ဂိုး သွင်းယူခဲ့ပေမယ့် ဒီယေဂို ကော်စတာရဲ့ ချေပဂိုးကို ပြန်လည်ခွင့်ပြုခဲ့ရပါတယ်။

ပထမပိုင်းမပြီးခင်မှာပဲ CR7 က ဒုတိယဂိုးထပ်သွင်းပြီး စပိန်ကို ဦးဆောင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ စပိန်က ၂ ဂိုးပြန်သွင်းပြီး ၃-၂ ဖြစ်နေခဲ့ချိန်မှာ သူကပဲ ဖိအားတွေကြားက ဖရီးကစ်ဂိုးကို လှလှပပကန်သွင်းယူပြီး စပိန်ဂိုးသမား ဒဟေးယား ဘာမှမတတ်နိုင်ခဲ့လို့ ပေါ်တူဂီအတွက် တစ်မှတ်ခွဲယူနိုင်ခဲ့သလို အသက် ၃၃ နှစ်အရွယ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အသက်အကြီးဆုံး ဟက်ထရစ်ရှင်အဖြစ်လည်း စံချိန်တင်သွားခဲ့တာပါ။

ဖြစ်ရပ် – ၂
၂၀၀၉ ခုနှစ်က အာဆင်နယ်နဲ မန်ချက်စတာယူနိုက်တက်တို့ ချန်ပီယံလိဂ်ဆီမီးအဆင့်မှာ တွေ့ဆုံခဲ့ကြတာကို မှတ်မိကြဦးမှာပါ။ ဒုတိယအကျော့ အမ်းမရိတ်ကွင်းမှာ ကစားဖို့ ယူနိုက်တက်​တို့အနေနဲ့ အိုးလ်ထရက်ဖို့ဒ် ပထမအကျော့က တစ်ဂိုးနဲ့ ဦးဆောင်ပြီး သိပ်စိတ်မချရသေးတဲ့ အနေအထားနဲ့ ရောက်ရှိလာခဲ့ပါတယ်။

အဆုတ်သုံးလုံးရှင် ပတ်ဂျီဆန်က ယူနိုက်တက်ရဲ့ ဦးဆောင်ဂိုးကို သွင်းယူပြီးနောက်မှာ ရော်နယ်လ်ဒိုရဲ့ ရူးလောက်ဖွယ်ရာ ကိုက် ၄၀ အကွာက ဖရီးကစ်ဂိုးက အဲဒီပွဲမှာ အတော်လေး နာမည်ကြီးခဲ့သလို ဂန်းနားဂိုးသမား အယ်လ်မူနီယာ လက်မှိုင်ချခဲ့ရတဲ့နောက် သူက နောက်ထပ်တစ်ဂိုး ထပ်သွင်းပြီး သရဲနီတွေကို ဖိုင်နယ်ပို့ပေးသွားခဲ့ပါတယ်။

ဖြစ်ရပ် – ၁
၂၀၁၅-၁၆ ရာသီမှာ ရီးရဲလ်မက်ဒရစ်တို့အနေနဲ့ ဘွန်ဒက်စ်လီဂါ ကိုယ်စားပြု ဝုလ်ဖ်စ်ဘတ်အသင်းနဲ့ ချန်ပီယံလိဂ်ကွာတားအဆင့်မှာ ဆုံခဲ့ကြတာပါ။ ဂျာမန်ကလပ်က ပထမအကျော့မှာတင် စပိန်ဘုရင်တွေကို နှစ်ဂိုးပြတ်တီးပြီး အောင်ပွဲခံနိုင်ခဲ့ပေမယ့် နောက်တစ်ကျော့မှာတော့ ရော်နယ်လ်ဒိုကြောင့် အောင်ဖျာလိပ်သွားခဲ့ကြရတာပါ။

ရီးရဲလ်ကို ဆီမီးတက်စေနိုင်မယ့် ပထမဂိုးကို ၁၅ မိနစ်မှာ သွင်းယူပြီး နောက် ၂ မိနစ်အကြာမှာပဲ ဒုတိယဂိုးကို ထပ်သွင်းသွားခဲ့လို့ ဝုလ်ဖ်စ်ဘတ်တို့ ပြာသွားခဲ့ရတယ်။ ပွဲပြီးဖို့ ၁၃ မိနစ်အလိုမှာပဲ ဧရိယာထိပ်က ကန်သွင်းတဲ့ CR7 ရဲ့ ဖရီးကစ်က ဂိုးပိုက်နဲ့ မိတ်ဆက်သွားခဲ့ပြီး ဘာနေဗျူးအတွက် ၁၁ လုံးမြောက် ချန်ပီယံလိဂ်ဖလားကို အိမ်ပြန်သယ်နိုင်ခဲ့တဲ့ ရာသီလည်း ဖြစ်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နာမည္တလုံးနဲ႔ ရပ္တည္ေနတဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဆိုတာ ေလွ်ာ့တြက္မိရင္ မွားသြားမယ္လို႔ အလုပ္နဲ႔သက္ေသျပလာခဲ့တာ အႀကိမ္ႀကိမ္ပါ။ အက္သလက္တီကိုမက္ဒရစ္နည္းျပ ဒီေယဂို ဆီႁမြန္နီကအစ ေဘာလုံးေဝဖန္သူေတြအဆုံး အမနာပစကားေတြနဲ႔ ထိုးႏွက္ခဲ့ေပမယ့္ ဆူညံလြန္းတဲ့ Haters ေတြကို အာေစးမိေနသလား ထင္ရေအာင္ အသံတိတ္သြားေစခဲ့တဲ့ CR7 မယုံႏိုင္ဖြယ္ရာ စြမ္းေဆာင္မႈ ၅ ႀကိမ္ကို အခုေဖာ္ျပေပးမွာပါ။

ျဖစ္ရပ္ – ၅
၂၀၁၄ ဖီဖာကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ ဥေရာပဇုန္ Play-off မွာ ခရစၥတီယာႏို ေရာ္နယ္ဒိုရဲ႕ ေပၚတူဂီအသင္းက ဇလာတန္ အီဘရာဟီမိုဗစ္ခ်္ရဲ႕ ဆြီဒင္အသင္းနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ အဲဒီအခ်ိန္က အသက္ ၂၈ ႏွစ္အ႐ြယ္ CR7 က ေျခစစ္ပြဲတေလွ်ာက္လုံး ၄ ဂိုးသာ စုေဆာင္းရရွိထားခဲ့တာပါ။

ဒါေပမယ့္ ဆြီဒင္နဲ႔ ေတြ႕ဆုံခ်ိန္မွာေတာ့ ပထမအေက်ာ့မွာ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူခဲ့သလို ဒုတိယေက်ာ့ ဆြီဒင္ေျမမွာလည္း ဟက္ထရစ္သြင္းယူၿပီး ေပၚတူဂီအသင္းကို ၂၀၁၄ ကမာၻ႔ဖလား ၿပိဳင္ပြဲဝင္ခြင့္လက္မွတ္ ရရွိေစခဲ့ပါတယ္။ ဒါ့အျပင္ ၂၀၁၄ ခုႏွစ္ရဲ႕ ဘလြန္ေဒါဆုကိုပါ သူကပဲ သိမ္းပိုက္သြားခဲ့တာပါ။

ျဖစ္ရပ္ – ၄
၂၀၁၃-၁၄ ရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္းဟာ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အဆင့္မွာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၂ ႏွစ္၊ ၂၀၁၂ က ဒီလိုမ်ိဳး ဆီမီးအဆင့္မွာပဲ ဂ်ာမန္ဘီလူးေတြဘက္ကို ပင္နယ္တီလြဲေခ်ာ္ၿပီး ထြက္ခြာခဲ့ရတဲ့ ဒဏ္ရာဆိုးကလည္း ခရစၥတီယာႏို ေရာ္နယ္လ္ဒိုမွာ ရွိေနခဲ့တာပါ။

ဒါေပမယ့္ သူက အုပ္စုအဆင့္မွာတင္ ၁၀ ဂိုးျပည့္ခဲ့တဲ့ ၂၀၁၄ ခ်န္ပီယံလိဂ္မွာ ဘိုင္ယန္ကို ပထမအေက်ာ့ သိပ္ေျခစြမ္းမျပႏိုင္ခဲ့ေပမယ့္ ​ဒုတိယေက်ာ့ အလီယန္႔ဇ္ အရီနာကြင္းထဲမွာ ၂ ဂိုးသြင္းၿပီး ရီးရဲလ္မက္ဒရစ္အသင္းကို ေနာက္ဆုံး ၁၂ ႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္ဖိုင္နယ္တက္ေစခဲ့သလို ၁၀ ႀကိမ္ေျမာက္ ခ်န္ပီယံသရဖူကိုပါ ေဆာင္းသြားႏိုင္ခဲ့ပါတယ္။

ျဖစ္ရပ္ – ၃
႐ုရွားေျမက ၂၀၁၈ ကမာၻ႔ဖလားမွာေတာ့ ေပၚတူဂီအသင္းနဲ႔ စပိန္အသင္းတို႔ တစ္အုပ္စုထဲမွာ ေတြ႕ဆုံခဲ့ပါတယ္။ ပြဲေန႔မွာေတာ့ ဘယ္သူမွ ထင္မွတ္မထားတဲ့ ေရာ္နယ္လ္ဒိုကပဲ အဖြင့္ ၄ မိနစ္မွာ ပင္နယ္တီကေန အဖြင့္ဂိုး သြင္းယူခဲ့ေပမယ့္ ဒီေယဂို ေကာ္စတာရဲ႕ ေခ်ပဂိုးကို ျပန္လည္ခြင့္ျပဳခဲ့ရပါတယ္။

ပထမပိုင္းမၿပီးခင္မွာပဲ CR7 က ဒုတိယဂိုးထပ္သြင္းၿပီး စပိန္ကို ဦးေဆာင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ စပိန္က ၂ ဂိုးျပန္သြင္းၿပီး ၃-၂ ျဖစ္ေနခဲ့ခ်ိန္မွာ သူကပဲ ဖိအားေတြၾကားက ဖရီးကစ္ဂိုးကို လွလွပပကန္သြင္းယူၿပီး စပိန္ဂိုးသမား ဒေဟးယား ဘာမွမတတ္ႏိုင္ခဲ့လို႔ ေပၚတူဂီအတြက္ တစ္မွတ္ခြဲယူႏိုင္ခဲ့သလို အသက္ ၃၃ ႏွစ္အ႐ြယ္မွာ ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ အသက္အႀကီးဆုံး ဟက္ထရစ္ရွင္အျဖစ္လည္း စံခ်ိန္တင္သြားခဲ့တာပါ။

ျဖစ္ရပ္ – ၂
၂၀၀၉ ခုႏွစ္က အာဆင္နယ္နဲ မန္ခ်က္စတာယူႏိုက္တက္တို႔ ခ်န္ပီယံလိဂ္ဆီမီးအဆင့္မွာ ေတြ႕ဆုံခဲ့ၾကတာကို မွတ္မိၾကဦးမွာပါ။ ဒုတိယအေက်ာ့ အမ္းမရိတ္ကြင္းမွာ ကစားဖို႔ ယူႏိုက္တက္​တို႔အေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္ ပထမအေက်ာ့က တစ္ဂိုးနဲ႔ ဦးေဆာင္ၿပီး သိပ္စိတ္မခ်ရေသးတဲ့ အေနအထားနဲ႔ ေရာက္ရွိလာခဲ့ပါတယ္။

အဆုတ္သုံးလုံးရွင္ ပတ္ဂ်ီဆန္က ယူႏိုက္တက္ရဲ႕ ဦးေဆာင္ဂိုးကို သြင္းယူၿပီးေနာက္မွာ ေရာ္နယ္လ္ဒိုရဲ႕ ႐ူးေလာက္ဖြယ္ရာေကာင္းတဲ့ ကိုက္ ၄၀ အကြာက ဖရီးကစ္ဂိုးက အဲဒီပြဲမွာ အေတာ္ေလး နာမည္ႀကီးခဲ့သလို ဂန္းနားဂိုးသမား အယ္လ္မူနီယာ လက္မႈိင္ခ်ခဲ့ရတဲ့ေနာက္ သူက ေနာက္ထပ္တစ္ဂိုး ထပ္သြင္းၿပီး သရဲနီေတြကို ဖိုင္နယ္ပို႔ေပးသြားခဲ့ပါတယ္။

ျဖစ္ရပ္ – ၁
၂၀၁၅-၁၆ ရာသီမွာ ရီးရဲလ္မက္ဒရစ္တို႔အေနနဲ႔ ဘြန္ဒက္စ္လီဂါ ကိုယ္စားျပဳ ဝုလ္ဖ္စ္ဘတ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ကြာတားအဆင့္မွာ ဆုံခဲ့ၾကတာပါ။ ဂ်ာမန္ကလပ္က ပထမအေက်ာ့မွာတင္ စပိန္ဘုရင္ေတြကို ႏွစ္ဂိုးျပတ္တီးၿပီး ေအာင္ပြဲခံႏိုင္ခဲ့ေပမယ့္ ေနာက္တစ္ေက်ာ့မွာေတာ့ ေရာ္နယ္လ္ဒိုေၾကာင့္ ေအာင္ဖ်ာလိပ္သြားခဲ့ၾကရတာပါ။

ရီးရဲလ္ကို ဆီမီးတက္ေစႏိုင္မယ့္ ပထမဂိုးကို ၁၅ မိနစ္မွာ သြင္းယူၿပီး ေနာက္ ၂ မိနစ္အၾကာမွာပဲ ဒုတိယဂိုးကို ထပ္သြင္းသြားခဲ့လို႔ ဝုလ္ဖ္စ္ဘတ္တို႔ ျပာသြားခဲ့ရတယ္။ ပြဲၿပီးဖို႔ ၁၃ မိနစ္အလိုမွာပဲ ဧရိယာထိပ္က ကန္သြင္းတဲ့ CR7 ရဲ႕ ဖရီးကစ္က ဂိုးပိုက္နဲ႔ မိတ္ဆက္သြားခဲ့ၿပီး ဘာေနဗ်ဴးအတြက္ ၁၁ လုံးေျမာက္ ခ်န္ပီယံလိဂ္ဖလားကို အိမ္ျပန္သယ္ႏိုင္ခဲ့တဲ့ ရာသီလည္း ျဖစ္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.