Premier League

ဖာနန္ဒက္ကို စပါးအသင္းက ကမ္းလွမ္းတုန္းက ဘာေၾကာင့္ျငင္းပယ္ခဲ့ရလဲဆိုတာ ေျပာျပလိုက္တဲ့ စပို႔တင္းဥကၠဌ

စပို႔တင္းလစၥဘြန္းအသင္းရဲ႕ ဥကၠဌျဖစ္တဲ့ ဖက္ဒရီကို ဗာရန္ဒတ္စ္ကေတာ့ ၿပီးခဲ့တဲ့ ေႏြရာသီတုန္းက သူတို႔ရဲ႕ ကြင္းလယ္ကစားသမား ဘ႐ူႏို ဖာနန္ဒက္စ္ကို စပါးစ္အသင္းဘက္က ကမ္းလွမ္းလာမႈကို ျငင္းပယ္ခဲ့ရတဲ့အေၾကာင္းရင္းကို Sport Witnessနဲ႔ ေတြ႕ဆုံေမးျမန္းစဥ္မွာ အခုလိုေျပာသြားပါတယ္။

“ညႇိႏႈိင္းလို႔မရတဲ့ ကစားသမားမရွိဘူးဆိုတာ ဖာနန္ဒက္စ္က သက္ေသပါ။ သူသာ အသင္းမွာ မရွိေတာ့ရင္ ယူ႐ို ၁၁၅ သန္းထိ ရဖို႔ မလြယ္ဘူးဗ်။ ဇန္န၀ါရီမွ ေရာင္းရင္ ယူ႐ို ၆၃ သန္းေလာက္ေတာ့ ရႏိုင္ေသးတယ္ေလ။ ဒါေၾကာင့္လည္း စပါးစ္အသင္းရဲ႕ ေႏြရာသီတုန္းက ကမ္းလွမ္းမႈကို ျငင္းပယ္ၿပီး ဖာနန္ဒက္စ္ကို အသင္းမွာ ဆက္ရွိေစခဲ့တာပါ”ဆိုၿပီး ေျပာသြားပါတယ္။

ဖာနန္ဒက္စ္ဟာ ဇန္န၀ါရီအေျပာင္းအေ႐ႊ႕ေရာက္ခ်ိန္မွာေတာ့ ယူႏိုက္တက္အသင္းကိုပဲ ေရာက္လာခဲ့ျဖစ္ၿပီး အသင္းမေျပာင္းေ႐ႊ႕ခင္ကာလအတြင္း စပို႔တင္းအသင္းအတြက္ ၀င္ေငြမ်ားစြာ ရွာေပးႏိုင္ခဲ့သလို စပါးစ္အသင္းကို မေရာင္းခ်ခဲ့တဲ့ ဥကၠဌရဲ႕ ဆုံးျဖတ္ခ်က္ဟာ မွန္ခဲ့ေၾကာင္း သက္ေသျပႏိုင္ခဲ့ပါတယ္။

ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး စပို႔တင္းဥကၠဌက ထပ္မံေျပာၾကားခဲ့တာကေတာ့ “ဒီၾကားထဲမွာ ေငြသားခ်ည္းကို ယူ႐ို ၁၁၅ သန္းေလာက္အထိ ရခဲ့ပါတယ္။ ဒါက ဖာနန္ဒက္စ္ကို ထိန္းသိမ္းထားခဲ့လို႔ျဖစ္ၿပီး ကြၽန္ေတာ္တို႔တစ္ေတြ ဒီလိုမ်ိဳးေတြ ထပ္ရွိလာဖို႔ အကယ္ဒမီအသင္းကို ေသခ်ာရင္းႏွီးျမႇဳပ္ႏွံရမယ္”ဆိုၿပီး ေျပာသြားပါတယ္။

ဖာနန္ဒက္စ္ဟာ ယခုအခ်ိန္မွာ ယူႏိုက္တက္အသင္းအတြက္ တစ္ပြဲကစားထားၿပီး ေျခစြမ္းျပသထားသလို ယူႏိုက္တက္ပရိသတ္မ်ား၏ ႀကီးမားတဲ့ ေမွ်ာ္လင့္ခ်က္ေတြကိုလည္း ရယူထားႏုိင္ပါတယ္။ ဖာနန္ဒက္စ္အေနနဲ႔ ေျခစြမ္းျပေလေလ စပါးစ္အသင္းအေနနဲ႔ ခံျပင္းေလေလ ျဖစ္ေနမွာျဖစ္ပါေၾကာင္းလည္း သုံးသပ္ရပါတယ္။

REF: SPORTS WITNESS
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.

UNICODE: စပို့တင်းလစ္စဘွန်းအသင်းရဲ့ ဥက္ကဌဖြစ်တဲ့ ဖက်ဒရီကို ဗာရန်ဒတ်စ်ကတော့ ပြီးခဲ့တဲ့ နွေရာသီတုန်းက သူတို့ရဲ့ ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ကို စပါးစ်အသင်းဘက်က ကမ်းလှမ်းလာမှုကို ငြင်းပယ်ခဲ့ရတဲ့အကြောင်းရင်းကို Sport Witnessနဲ့ တွေ့ဆုံမေးမြန်းစဉ်မှာ အခုလိုပြောသွားပါတယ်။

“ညှိနှိုင်းလို့မရတဲ့ ကစားသမားမရှိဘူးဆိုတာ ဖာနန်ဒက်စ်က သက်သေပါ။ သူသာ အသင်းမှာ မရှိတော့ရင် ယူရို ၁၁၅ သန်းထိ ရဖို့ မလွယ်ဘူးဗျ။ ဇန်နဝါရီမှ ရောင်းရင် ယူရို ၆၃ သန်းလောက်တော့ ရနိုင်သေးတယ်လေ။ ဒါကြောင့်လည်း စပါးစ်အသင်းရဲ့ နွေရာသီတုန်းက ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ဖာနန်ဒက်စ်ကို အသင်းမှာ ဆက်ရှိစေခဲ့တာပါ”ဆိုပြီး ပြောသွားပါတယ်။

ဖာနန်ဒက်စ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ရောက်ချိန်မှာတော့ ယူနိုက်တက်အသင်းကိုပဲ ရောက်လာခဲ့ဖြစ်ပြီး အသင်းမပြောင်းရွှေ့ခင်ကာလအတွင်း စပို့တင်းအသင်းအတွက် ဝင်ငွေများစွာ ရှာပေးနိုင်ခဲ့သလို စပါးစ်အသင်းကို မရောင်းချခဲ့တဲ့ ဥက္ကဌရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ခဲ့ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး စပို့တင်းဥက္ကဌက ထပ်မံပြောကြားခဲ့တာကတော့ “ဒီကြားထဲမှာ ငွေသားချည်းကို ယူရို ၁၁၅ သန်းလောက်အထိ ရခဲ့ပါတယ်။ ဒါက ဖာနန်ဒက်စ်ကို ထိန်းသိမ်းထားခဲ့လို့ဖြစ်ပြီး ကျွန်တော်တို့တစ်တွေ ဒီလိုမျိုးတွေ ထပ်ရှိလာဖို့ အကယ်ဒမီအသင်းကို သေချာရင်းနှီးမြှုပ်နှံရမယ်”ဆိုပြီး ပြောသွားပါတယ်။

ဖာနန်ဒက်စ်ဟာ ယခုအချိန်မှာ ယူနိုက်တက်အသင်းအတွက် တစ်ပွဲကစားထားပြီး ခြေစွမ်းပြသထားသလို ယူနိုက်တက်ပရိသတ်များ၏ ကြီးမားတဲ့ မျှော်လင့်ချက်တွေကိုလည်း ရယူထားနိုင်ပါတယ်။ ဖာနန်ဒက်စ်အနေနဲ့ ခြေစွမ်းပြလေလေ စပါးစ်အသင်းအနေနဲ့ ခံပြင်းလေလေ ဖြစ်နေမှာဖြစ်ပါကြောင်းလည်း သုံးသပ်ရပါတယ်။

REF: SPORTS WITNESS
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.