Premier League Transfer News

10 Aug နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ဆရာမကြီး မာရီနာ ဂရာနော့ဗ်စကားယာအနေနဲ့ ရိုမီလူ လူကာကူးကို ခေါ်ယူပြီးလည်း အပြောင်းအရွှေ့လုပ်ငန်းစဉ်တွေကို ရပ်တန့်ဖို့အတွက် အစီအစဉ်မရှိသေးဘဲ ဆီဗီလာနောက်ခံလူ ဂျူးလ်စ် ကွန်ဒီ၊ ဝက်စ်ဟမ်းကွင်းလယ်ခံစစ်ကစားသမား ဒက်ကလန် ရိုက်စ်နဲ့ ဗီလာရီးရဲလ်ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆို ပက်ဒရာဇာတို့ကို ခေါ်ယူသွားဖို့ပါ စီစဉ်နေကြောင်း Daily Express သတင်းဌာနက ဖော်ပြသွားခဲ့။

– ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့အတွက် သေချာနေပြီဖြစ်တဲ့ အင်တာမီလန်တိုက်စစ်မှူး ရိုမီလူ လူကာကူးအနေနဲ့ မနေ့က လန်ဒန်ကိုလေကြောင်းခရီးနဲ့သွားဖို့ မီလန်လေဆိပ်အရောက်မှာ သူ့ကို အင်တာမီလန်အသင်းမှာပဲ ဆက်ရှိနေစေချင်ခဲ့တဲ့ ပရိသတ်တွေကို နှုတ်ဆက်ကြောင်းနဲ့ လာမယ့်ရက်အနည်းငယ်အတွင်း သတင်းစကားပါးလိုက်မှာဖြစ်ကြောင်း ပြောသွားခဲ့။

– ချဲလ်ဆီးနည်းပြဟောင်း ဂျိုဆေး မော်ရင်ညိုကိုင်တွယ်နေတဲ့ ရိုးမားအသင်းအနေနဲ့ အနောက်လန်ဒန်အသင်းရဲ့ အရောင်းစာရင်းထဲရှိနေတဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကို ခေါ်ယူဖို့အတွက် ကနဦးအငှားခေါ်ယူကြေး ယူရို ၅ သန်းနဲ့ ရာသီအကုန်မှာ ယူရို ၃၅-၄၀ သန်းကြားပမာဏနဲ့ အပြီးသတ်ခေါ်ယူခွင့်ရှိတဲ့ ကမ်းလှမ်းချက်နဲ့ စတင်ခဲ့ပြီး ချဲလ်ဆီးအသင်းဘက်က လက်ခံခဲ့သလို အာဆင်နယ်ကို စိတ်ညွှတ်နေတဲ့ ကစားသမားနဲ့ ညှိနှိုင်းဖို့သာ ကျန်ရှိတော့ကြောင်းသိရ။

– ဘာစီလိုနာအသင်းကို ရောက်ရှိပြီး မကြာမီမှာတင် အသင်းပြောင်းဖို့ ဆန္ဒရှိလာခဲ့တဲ့ မန်ချက်စတာစီးတီးတိုက်စစ်မှူးဟောင်း ဆာဂျီယို အဂွေရိုကို ချဲလ်ဆီးအသင်းအနေနဲ့ ခေါ်ယူဖို့အတွက် စိတ်ဝင်စားခဲ့ပေမယ့် အာဂျင်တိုင်းသားကြီးရဲ့ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ၁၀ ပတ်ဝန်းကျင် အနားယူရပြီး နိုဝင်ဘာမှာမှ ပြန်ကစားနိုင်မယ့် အနေအထားကြောင့် လက်လျှော့ရဖို့ဖြစ်လာ။

– ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ရင်ဆိုင်ကစားမယ့် ပွဲစဉ်တွေကို ကိုင်တွယ်မယ့် ဒိုင်လူကြီးတွေစာရင်း တရားဝင်ထွက်ရှိလာခဲ့ပြီး ချဲလ်ဆီးအသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ ရင်ဆိုင်ကစားမယ့် အဖွင့်ပွဲကိုတော့ နာမည်ကြီး ကွင်းလယ်ဒိုင် ဂျွန်နသန် မော့စ်က ကိုင်တွယ်မှာဖြစ်သလို VAR ဒိုင်တွေအနေနဲ့ တိုနီ ဟာရင်တန်နဲ့ ဒါရင်း အင်္ဂလန်တို့က ကိုင်တွယ်သွားမှာဖြစ်ကြောင်းသိရ။

– ချဲလ်ဆီးအသင်းအနေနဲ့ ၉ နှစ်အတွင်း ၃ ကြိမ်မြောက်ယှဉ်ပြိုင်ပြီး ယူရမယ့် UEFA ဆူပါဖလားမတိုင်မီ ဒီ‌ည မြန်မာစံတော်ချိန် ၁၀ နာရီမှာ ပြုလုပ်မယ့် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ချဲလ်ဆီးအသင်းဘက်က နည်းပြ သောမတ်စ် တူဟယ်လ်၊ နောက်ခံလူ အန်တိုနီယို ရူဒီဂျာနဲ့ ကွင်းလယ်လူ မတ်တီယို ကိုဗာချစ်တို့အနေနဲ့ တက်ရောက်မှာဖြစ်ကြောင်း အသင်းဘက်က အတည်ပြုသွားခဲ့။

– UEFA ရဲ့တရားဝင် ဝက်ဘ်ဆိုက်က အင်တာဗျူးမှာ ပြီးခဲ့တဲ့ဘောလုံးရာသီက ချန်ပီယံလိဂ်မှာ ဘယ်လိုအောင်မြင်ခဲ့သလဲဆိုတဲ့ အမေးကို ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်က သူ့အနေနဲ့ နောက်ဆုံးမှာ ကောင်းကောင်းဖွဲ့စည်းထားပြီး ပွင့်ပွင့်လင်းလင်းရှိတဲ့အပြင် ရည်မှန်းချက်ကြီးသလို အားပေးမှု တစ်ခဲနက်ရတဲ့အသင်းကို ကိုင်တွယ်ခဲ့ရတာကြောင့်လို့ ‌ဖြေကြားသွားခဲ့။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်နောက်ခံလူ ရီယို ဖာဒီနန်က ချဲလ်ဆီးတိုက်စစ်မှူးသစ် ရိုမီလူ လူကာကူးအနေနဲ့ တစ်ရာသီကို သွင်းဂိုး ၂၀ လောက် အာမခံသွင်းပေးနိုင်တဲ့ ထိပ်တန်းတိုက်စစ်မှူးမျိုးဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက တီမို ဗာနာရခဲ့သလို အခွင့်အရေးတွေသာ ဘယ်လ်ဂျီယမ်သားအနေနဲ့ ရမယ်ဆို သွင်းဂိုး ၃၀-၃၅ ဂိုးလောက် သွင်းနိုင်မှာဖြစ်ကြောင်း FIVE YouTube channel ရဲ့ အစီအစဉ်တစ်ခုမှာ ပြောသွားခဲ့။

– လာမယ့်ဘောလုံးရာသီအတွက် ချန်ပီယံလိဂ်ဖလားဆုရှင်တွေကို အင်္ဂလန်ရဲ့ နာမည်ကျော်ခန့်မှန်းသူ ပေါလ် မာဆန်က ခန့်မှန်းသွားခဲ့ပြီး ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ ချန်ပီယံလိဂ် လက်ရှိချန်ပီယံ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးအသင်းတို့ ပါဝင်ခဲ့သလို ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့ ဂျာမန်ဘီလူး ဘိုင်ယန်မြူးနစ်အသင်းတို့ ပါဝင်ခဲ့ကြောင်းသိရ။

– ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ခရစ္စတီယန် ပူလီရှစ်ခ်အနေနဲ့ စပွန်ဆာပြောင်းလဲခဲ့ပြီဖြစ်ပြီး သူ့ရဲ့ကစားသမားဘဝအစကတည်းက လက်တွဲလာခဲ့တဲ့ နိုက်ကီနဲ့ လမ်းခွဲပြီးနောက် အမေရိကန်ကုမ္ပဏီရဲ့ ပြိုင်ဘက် ဂျာမန်ကုမ္ပဏီ ပူးမားနဲ့ စာချုပ်ခဲ့ပြီဖြစ်သလို ထုတ်ကုန်သစ်ဖြစ်တဲ့ Puma Ultra 1.3 ဖိနပ်ကို ဗီလာရီးရဲလ်နဲ့ ဥရောပဆူပါဖလားမှာ ဝတ်ဆင်ကစားပြီး မိတ်ဆက်ဖို့ရှိလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းရဲ႕ အေျပာင္းအေ႐ႊ႕ဆရာမႀကီး မာရီနာ ဂရာေနာ့ဗ္စကားယာအေနနဲ႔ ႐ိုမီလူ လူကာကူးကို ေခၚယူၿပီးလည္း အေျပာင္းအေ႐ႊ႕လုပ္ငန္းစဥ္ေတြကို ရပ္တန႔္ဖို႔အတြက္ အစီအစဥ္မရွိေသးဘဲ ဆီဗီလာေနာက္ခံလူ ဂ်ဴးလ္စ္ ကြန္ဒီ၊ ဝက္စ္ဟမ္းကြင္းလယ္ခံစစ္ကစားသမား ဒက္ကလန္ ႐ိုက္စ္နဲ႔ ဗီလာရီးရဲလ္ဘယ္ေနာက္ခံလူ အယ္လ္ဖြန္ဆို ပက္ဒရာဇာတို႔ကို ေခၚယူသြားဖို႔ပါ စီစဥ္ေနေၾကာင္း Daily Express သတင္းဌာနက ေဖာ္ျပသြားခဲ့။

– ခ်ဲလ္ဆီးအသင္းကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ ေသခ်ာေနၿပီျဖစ္တဲ့ အင္တာမီလန္တိုက္စစ္မႉး ႐ိုမီလူ လူကာကူးအေနနဲ႔ မေန႔က လန္ဒန္ကိုေလေၾကာင္းခရီးနဲ႔သြားဖို႔ မီလန္ေလဆိပ္အေရာက္မွာ သူ႔ကို အင္တာမီလန္အသင္းမွာပဲ ဆက္ရွိေနေစခ်င္ခဲ့တဲ့ ပရိသတ္ေတြကို ႏႈတ္ဆက္ေၾကာင္းနဲ႔ လာမယ့္ရက္အနည္းငယ္အတြင္း သတင္းစကားပါးလိုက္မွာျဖစ္ေၾကာင္း ေျပာသြားခဲ့။

– ခ်ဲလ္ဆီးနည္းျပေဟာင္း ဂ်ိဳေဆး ေမာ္ရင္ညိဳကိုင္တြယ္ေနတဲ့ ႐ိုးမားအသင္းအေနနဲ႔ အေနာက္လန္ဒန္အသင္းရဲ႕ အေရာင္းစာရင္းထဲရွိေနတဲ့ တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ကို ေခၚယူဖို႔အတြက္ ကနဦးအငွားေခၚယူေၾကး ယူ႐ို ၅ သန္းနဲ႔ ရာသီအကုန္မွာ ယူ႐ို ၃၅-၄၀ သန္းၾကားပမာဏနဲ႔ အၿပီးသတ္ေခၚယူခြင့္ရွိတဲ့ ကမ္းလွမ္းခ်က္နဲ႔ စတင္ခဲ့ၿပီး ခ်ဲလ္ဆီးအသင္းဘက္က လက္ခံခဲ့သလို အာဆင္နယ္ကို စိတ္ၫႊတ္ေနတဲ့ ကစားသမားနဲ႔ ညႇိႏႈိင္းဖို႔သာ က်န္ရွိေတာ့ေၾကာင္းသိရ။

– ဘာစီလိုနာအသင္းကို ေရာက္ရွိၿပီး မၾကာမီမွာတင္ အသင္းေျပာင္းဖို႔ ဆႏၵရွိလာခဲ့တဲ့ မန္ခ်က္စတာစီးတီးတိုက္စစ္မႉးေဟာင္း ဆာဂ်ီယို အေဂြ႐ိုကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေခၚယူဖို႔အတြက္ စိတ္ဝင္စားခဲ့ေပမယ့္ အာဂ်င္တိုင္းသားႀကီးရဲ႕ ေျခသလုံးႂကြက္သားဒဏ္ရာေၾကာင့္ ၁၀ ပတ္ဝန္းက်င္ အနားယူရၿပီး ႏိုဝင္ဘာမွာမွ ျပန္ကစားႏိုင္မယ့္ အေနအထားေၾကာင့္ လက္ေလွ်ာ့ရဖို႔ျဖစ္လာ။

– ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္အျဖစ္ ရင္ဆိုင္ကစားမယ့္ ပြဲစဥ္ေတြကို ကိုင္တြယ္မယ့္ ဒိုင္လူႀကီးေတြစာရင္း တရားဝင္ထြက္ရွိလာခဲ့ၿပီး ခ်ဲလ္ဆီးအသင္းနဲ႔ ခရစၥတယ္ပဲေလ့စ္တို႔ ရင္ဆိုင္ကစားမယ့္ အဖြင့္ပြဲကိုေတာ့ နာမည္ႀကီး ကြင္းလယ္ဒိုင္ ဂြၽန္နသန္ ေမာ့စ္က ကိုင္တြယ္မွာျဖစ္သလို VAR ဒိုင္ေတြအေနနဲ႔ တိုနီ ဟာရင္တန္နဲ႔ ဒါရင္း အဂၤလန္တို႔က ကိုင္တြယ္သြားမွာျဖစ္ေၾကာင္းသိရ။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ ၉ ႏွစ္အတြင္း ၃ ႀကိမ္ေျမာက္ယွဥ္ၿပိဳင္ၿပီး ယူရမယ့္ UEFA ဆူပါဖလားမတိုင္မီ ဒီ‌ည ျမန္မာစံေတာ္ခ်ိန္ ၁၀ နာရီမွာ ျပဳလုပ္မယ့္ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲကို ခ်ဲလ္ဆီးအသင္းဘက္က နည္းျပ ေသာမတ္စ္ တူဟယ္လ္၊ ေနာက္ခံလူ အန္တိုနီယို ႐ူဒီဂ်ာနဲ႔ ကြင္းလယ္လူ မတ္တီယို ကိုဗာခ်စ္တို႔အေနနဲ႔ တက္ေရာက္မွာျဖစ္ေၾကာင္း အသင္းဘက္က အတည္ျပဳသြားခဲ့။

– UEFA ရဲ႕တရားဝင္ ဝက္ဘ္ဆိုက္က အင္တာဗ်ဴးမွာ ၿပီးခဲ့တဲ့ေဘာလုံးရာသီက ခ်န္ပီယံလိဂ္မွာ ဘယ္လိုေအာင္ျမင္ခဲ့သလဲဆိုတဲ့ အေမးကို ခ်ဲလ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္လ္က သူ႔အေနနဲ႔ ေနာက္ဆုံးမွာ ေကာင္းေကာင္းဖြဲ႕စည္းထားၿပီး ပြင့္ပြင့္လင္းလင္းရွိတဲ့အျပင္ ရည္မွန္းခ်က္ႀကီးသလို အားေပးမႈ တစ္ခဲနက္ရတဲ့အသင္းကို ကိုင္တြယ္ခဲ့ရတာေၾကာင့္လို႔ ‌ေျဖၾကားသြားခဲ့။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဂႏၴဝင္ေနာက္ခံလူ ရီယို ဖာဒီနန္က ခ်ဲလ္ဆီးတိုက္စစ္မႉးသစ္ ႐ိုမီလူ လူကာကူးအေနနဲ႔ တစ္ရာသီကို သြင္းဂိုး ၂၀ ေလာက္ အာမခံသြင္းေပးႏိုင္တဲ့ ထိပ္တန္းတိုက္စစ္မႉးမ်ိဳးျဖစ္ၿပီး ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းက တီမို ဗာနာရခဲ့သလို အခြင့္အေရးေတြသာ ဘယ္လ္ဂ်ီယမ္သားအေနနဲ႔ ရမယ္ဆို သြင္းဂိုး ၃၀-၃၅ ဂိုးေလာက္ သြင္းႏိုင္မွာျဖစ္ေၾကာင္း FIVE YouTube channel ရဲ႕ အစီအစဥ္တစ္ခုမွာ ေျပာသြားခဲ့။

– လာမယ့္ေဘာလုံးရာသီအတြက္ ခ်န္ပီယံလိဂ္ဖလားဆုရွင္ေတြကို အဂၤလန္ရဲ႕ နာမည္ေက်ာ္ခန႔္မွန္းသူ ေပါလ္ မာဆန္က ခန႔္မွန္းသြားခဲ့ၿပီး ပရီးမီးယားလိဂ္အသင္းေတြျဖစ္တဲ့ ခ်န္ပီယံလိဂ္ လက္ရွိခ်န္ပီယံ ခ်ဲလ္ဆီး၊ မန္ခ်က္စတာယူႏိုက္တက္နဲ႔ မန္ခ်က္စတာစီးတီးအသင္းတို႔ ပါဝင္ခဲ့သလို ျပင္သစ္ထိပ္သီးကလပ္ ပီအက္စ္ဂ်ီနဲ႔ ဂ်ာမန္ဘီလူး ဘိုင္ယန္ျမဴးနစ္အသင္းတို႔ ပါဝင္ခဲ့ေၾကာင္းသိရ။

– ခ်ဲလ္ဆီးအသင္းရဲ႕ ေတာင္ပံကစားသမား ခရစၥတီယန္ ပူလီရွစ္ခ္အေနနဲ႔ စပြန္ဆာေျပာင္းလဲခဲ့ၿပီျဖစ္ၿပီး သူ႔ရဲ႕ကစားသမားဘဝအစကတည္းက လက္တြဲလာခဲ့တဲ့ ႏိုက္ကီနဲ႔ လမ္းခြဲၿပီးေနာက္ အေမရိကန္ကုမၸဏီရဲ႕ ၿပိဳင္ဘက္ ဂ်ာမန္ကုမၸဏီ ပူးမားနဲ႔ စာခ်ဳပ္ခဲ့ၿပီျဖစ္သလို ထုတ္ကုန္သစ္ျဖစ္တဲ့ Puma Ultra 1.3 ဖိနပ္ကို ဗီလာရီးရဲလ္နဲ႔ ဥေရာပဆူပါဖလားမွာ ဝတ္ဆင္ကစားၿပီး မိတ္ဆက္ဖို႔ရွိလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.