Premier League Transfer News

10 Aug နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် အပြောင်းအရွှေ့သတင်းများ

ကမ္ဘာ့အဆင့်ကစားသမားနှစ်ဦးဖြစ်တဲ့ ဂျေဒန် ဆန်ချိုနဲ့ ရာဖေးလ် ဗာရွန်းတို့ကို ပေါင်သန်း ၁၀၀ ကျော်သုံးစွဲပြီး ခေါ်ယူခဲ့ပေမယ့် ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့နဲ့ ဥရောပဗိုလ်ဝင်ခံဖို့ ဝေးကွာနေဦးမယ်လို့ လီဗာပူးလ်ကစားသမားဟောင်း ဂရေမီ ဆောင်းနက်စ်က သုံးသပ်သွားခဲ့ပြီး အင်္ဂလန်အသင်းခေါင်းဆောင်တိုက်စစ်မှူး ဟာရီကိန်းကို အရခေါ်ယူသင့်တယ်လို့ စပါးစ်နည်းပြဟောင်း ဟယ်ရီ ရက်နပ်ကလည်း အမှာပါးသွား။

ရင်းနေးအားကစားဒါရိုက်တာ ဖလိုရီယန် မော်ရစ်က ကွင်းလယ်လူ အက်ဒွာဒို ကာမာဗင်ဂါဟာ အသင်းကနေ ထွက်ခွာလိုနေကြောင်း အတည်ပြုသွားခဲ့ပြီး ယူနိုက်တက်နဲ့ အပြိုင်လိုက်နေတဲ့ PSG အသင်းဟာ လီယွန်နယ် မက်ဆီဘက်ကို မြှားဦးလှည့်သွားခဲ့ခြင်းမှာ သရဲနီတို့ အသာစီးရဖို့ ဖြစ်လာခဲ့တယ်လို့ Daily Mail သတင်းက ဖော်ပြသွားခဲ့သလို ကစားသမားရဲ့အေးဂျင့် ဂျိုနသန် ဘားနတ်ကလည်း နွေစျေးကွက်မပိတ်ခင် အိုးထရက်ဖို့ဒ်ဆီ ပို့ပေးသွားနိုင်ဖို့ အရှိန်မြှင့်လုပ်ဆောင်နေ။

အာဆင်နယ်အသင်းနဲ့ အားပြိုင်နေရတဲ့ အက်သလက်တီကို မက်ဒရစ်ညာနောက်ခံလူ ကီရန် ထရစ်ပီယာကို ခေါ်ယူဖို့ ပေါင်သန်း ၂၀ နဲ့ ကမ်းလှမ်းအပြီးမှာ နောက်ဆုတ်လိုက်ပြီလို့ အသင်းနည်းပြ ဆိုးလ်ရှားက ဆုံးဖြတ်သွားခဲ့တယ်လို့ သိရပြီး ဒီယိုဂို ဒါးလော့ကို ရောင်းမထုတ်ဘဲ ပေါင် ၃၄ သန်းပေးချေဖို့ ယူနိုက်တက်ဘက်က ခက်ခဲနေ။

စတမ်းဖို့ဒ်ဘရစ်ချ်ဆီ တိုက်စစ်မှုး ရိုမီလူ လူကာကူးကို လက်လွှတ်ရတော့မယ့် အင်တာမီလန်အသင်းဟာ ယူနိုက်တက်တိုက်စစ်မှူး အန်ထော်နီ မာစီယယ်လ်နဲ့ ပြန်လည်အစားထိုးဖို့ ပြင်ဆင်နေပြီး အိုးထရက်ဖို့ဒ်ဘက်က မိုနာကိုကနေ ဝယ်ယူခဲ့တဲ့ ပေါင်သန်း ၅၀ စျေးအတိုင်း ရောင်းချသွားလိုနေကြောင်း သိရသလို ကနဦး တနှစ်အငှားချဖို့လည်း ဆန္ဒရှိနေ။

ယူနိုက်တက်ရဲ့ ပေါင် ၇၃ သန်းတန် ကစားသမားသစ် ဂျေဒန် ဆန်ချိုဟာ အသင်းနဲ့အတူ လေ့ကျင့်ရေးဆင်းနေပြီဖြစ်ကြောင်း တွစ်တာမှာ ဖော်ပြသွားခဲ့သလို အင်္ဂလန်တောင်ပံကစားသမားဟာ လိဒ်စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ရာဖေးလ် ဗာရွန်းနဲ့အတူ ပွဲထွက်လူစာရင်းမှာ ပါဝင်လာနိုင်ဖွယ်ရှိကြောင်း နည်းပြဆိုးလ်ရှားအတည်ပြုသွား။

လက်စတာအသင်းဟာ အာဆင်နယ်အသင်းက ခေါ်ထုတ်ဖို့ ​ကြိုးစားနေတဲ့ ဂျိမ်းစ်မက်ဒီဆန်ရဲ့နေရာမှာ ယူနိုက်တက်ကွင်းလယ်လူ ဂျက်စီ လင်ဂတ်နဲ့ အစားထိုးသွားလိုနေကြောင်း သိရပြီး နည်းပြ ဘရန်ဒန် ရော့ဂျားစ်ရဲ့ နံပါတ်တစ်ပစ်မှတ်ဖြစ်လာချိန်မှာ ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ ကမ်းလှမ်းမှုပြုလုပ်လာဖွယ်ရှိနေ။

ယူနိုက်တက်ရဲ့ နွေရာသီအပြောင်းအရွှေ့ဟာ ဘာစီလိုနာတိုက်စစ်မှူး အွန်ထွာ ဂရိဇ်မန်းကို ခေါ်ယူပြီး တံခါးပိတ်တော့မယ်လို့ သတင်းထွက်ပေါ်လာခဲ့ပြီး နူးကမ့်ကို စွန့်ခွာလိုနေတဲ့ ပြင်သစ်သားကို ဗာရွန်း၊ ပေါ့ဘာတို့နဲ့ အိုးထရက်ဖို့ဒ်မှာ အတူပူးပေါင်းနိုင်စေဖို့ ကမ်းလှမ်းမှုတရပ်ကို ပြင်ဆင်နေကြောင်း သိရ။

ယူနိုက်တက်ဟာ အသင်းလက်မဲ့ဖြစ်နေတဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို တနှစ်လုပ်ခ ပေါင် ၂၁ သန်းနဲ့ ၂ နှစ်စာချုပ်အတွက် သဘောတူညီမှုရယူဖို့ လှုပ်ရှားနေပြီး ကစားသမားရဲ့ကိုယ်စားလှယ်တွေနဲ့ အကျေအလည် ညှိနှိုင်းနေကြောင်း သိရသလို PSG အသင်းက ဦးဆောင်နေတဲ့ ၂ နှစ်လုပ်ခ ပေါင် ၆၃.၅ သန်းတန် စာချုပ်ကမ်းလှမ်းမှုကို ဖြတ်ခုတ်နိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေ။

ချယ်လ်ဆီးဂန္ထဝင်ကစားသမားကြီးဖြစ်သလို နည်းပြဟောင်းလည်းဖြစ်တဲ့ ဖရန့် လမ်းပတ်က လာမယ့်ရာသီမှာ မန်ချက်စတာယူနိုက်တက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လိမ့်မယ်လို့ သုံးသပ်သွားခဲ့ချိန်မှာ သရဲနီတို့ဟာ ချယ်လ်ဆီး၊ မန်စီးတီး၊ PSG၊ ဘိုင်ယန်မြူးနစ်တို့နဲ့အပြိုင် ချန်ပီယံလိဂ်ဗိုလ်လုလိမ့်ဦးမယ်လို့ ပေါလ်မာဆန်ကလည်း ထောက်ခံမှုပြုလုပ်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကမာၻ႔အဆင့္ကစားသမားႏွစ္ဦးျဖစ္တဲ့ ေဂ်ဒန္ ဆန္ခ်ိဳနဲ႔ ရာေဖးလ္ ဗာ႐ြန္းတို႔ကို ေပါင္သန္း ၁၀၀ ေက်ာ္သုံးစြဲၿပီး ေခၚယူခဲ့ေပမယ့္ ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔နဲ႔ ဥေရာပဗိုလ္ဝင္ခံဖို႔ ေဝးကြာေနဦးမယ္လို႔ လီဗာပူးလ္ကစားသမားေဟာင္း ဂေရမီ ေဆာင္းနက္စ္က သုံးသပ္သြားခဲ့ၿပီး အဂၤလန္အသင္းေခါင္းေဆာင္တိုက္စစ္မႉး ဟာရီကိန္းကို အရေခၚယူသင့္တယ္လို႔ စပါးစ္နည္းျပေဟာင္း ဟယ္ရီ ရက္နပ္ကလည္း အမွာပါးသြား။

ရင္းေနးအားကစားဒါ႐ိုက္တာ ဖလိုရီယန္ ေမာ္ရစ္က ကြင္းလယ္လူ အက္ဒြာဒို ကာမာဗင္ဂါဟာ အသင္းကေန ထြက္ခြာလိုေနေၾကာင္း အတည္ျပဳသြားခဲ့ၿပီး ယူႏိုက္တက္နဲ႔ အၿပိဳင္လိုက္ေနတဲ့ PSG အသင္းဟာ လီယြန္နယ္ မက္ဆီဘက္ကို ျမႇားဦးလွည့္သြားခဲ့ျခင္းမွာ သရဲနီတို႔ အသာစီးရဖို႔ ျဖစ္လာခဲ့တယ္လို႔ Daily Mail သတင္းက ေဖာ္ျပသြားခဲ့သလို ကစားသမားရဲ႕ေအးဂ်င့္ ဂ်ိဳနသန္ ဘားနတ္ကလည္း ေႏြေစ်းကြက္မပိတ္ခင္ အိုးထရက္ဖို႔ဒ္ဆီ ပို႔ေပးသြားႏိုင္ဖို႔ အရွိန္ျမႇင့္လုပ္ေဆာင္ေန။

အာဆင္နယ္အသင္းနဲ႔ အားၿပိဳင္ေနရတဲ့ အက္သလက္တီကို မက္ဒရစ္ညာေနာက္ခံလူ ကီရန္ ထရစ္ပီယာကို ေခၚယူဖို႔ ေပါင္သန္း ၂၀ နဲ႔ ကမ္းလွမ္းအၿပီးမွာ ေနာက္ဆုတ္လိုက္ၿပီလို႔ အသင္းနည္းျပ ဆိုးလ္ရွားက ဆုံးျဖတ္သြားခဲ့တယ္လို႔ သိရၿပီး ဒီယိုဂို ဒါးေလာ့ကို ေရာင္းမထုတ္ဘဲ ေပါင္ ၃၄ သန္းေပးေခ်ဖို႔ ယူႏိုက္တက္ဘက္က ခက္ခဲေန။

စတမ္းဖို႔ဒ္ဘရစ္ခ်္ဆီ တိုက္စစ္မႈး ႐ိုမီလူ လူကာကူးကို လက္လႊတ္ရေတာ့မယ့္ အင္တာမီလန္အသင္းဟာ ယူႏိုက္တက္တိုက္စစ္မႉး အန္ေထာ္နီ မာစီယယ္လ္နဲ႔ ျပန္လည္အစားထိုးဖို႔ ျပင္ဆင္ေနၿပီး အိုးထရက္ဖို႔ဒ္ဘက္က မိုနာကိုကေန ဝယ္ယူခဲ့တဲ့ ေပါင္သန္း ၅၀ ေစ်းအတိုင္း ေရာင္းခ်သြားလိုေနေၾကာင္း သိရသလို ကနဦး တႏွစ္အငွားခ်ဖို႔လည္း ဆႏၵရွိေန။

ယူႏိုက္တက္ရဲ႕ ေပါင္ ၇၃ သန္းတန္ ကစားသမားသစ္ ေဂ်ဒန္ ဆန္ခ်ိဳဟာ အသင္းနဲ႔အတူ ေလ့က်င့္ေရးဆင္းေနၿပီျဖစ္ေၾကာင္း တြစ္တာမွာ ေဖာ္ျပသြားခဲ့သလို အဂၤလန္ေတာင္ပံကစားသမားဟာ လိဒ္စ္နဲ႔ကစားမယ့္ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ ရာေဖးလ္ ဗာ႐ြန္းနဲ႔အတူ ပြဲထြက္လူစာရင္းမွာ ပါဝင္လာႏိုင္ဖြယ္ရွိေၾကာင္း နည္းျပဆိုးလ္ရွားအတည္ျပဳသြား။

လက္စတာအသင္းဟာ အာဆင္နယ္အသင္းက ေခၚထုတ္ဖို႔ ​ႀကိဳးစားေနတဲ့ ဂ်ိမ္းစ္မက္ဒီဆန္ရဲ႕ေနရာမွာ ယူႏိုက္တက္ကြင္းလယ္လူ ဂ်က္စီ လင္ဂတ္နဲ႔ အစားထိုးသြားလိုေနေၾကာင္း သိရၿပီး နည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္ရဲ႕ နံပါတ္တစ္ပစ္မွတ္ျဖစ္လာခ်ိန္မွာ ေပါင္သန္း ၃၀ ဝန္းက်င္နဲ႔ ကမ္းလွမ္းမႈျပဳလုပ္လာဖြယ္ရွိေန။

ယူႏိုက္တက္ရဲ႕ ေႏြရာသီအေျပာင္းအေ႐ႊ႕ဟာ ဘာစီလိုနာတိုက္စစ္မႉး အြန္ထြာ ဂရိဇ္မန္းကို ေခၚယူၿပီး တံခါးပိတ္ေတာ့မယ္လို႔ သတင္းထြက္ေပၚလာခဲ့ၿပီး ႏူးကမ့္ကို စြန္႔ခြာလိုေနတဲ့ ျပင္သစ္သားကို ဗာ႐ြန္း၊ ေပါ့ဘာတို႔နဲ႔ အိုးထရက္ဖို႔ဒ္မွာ အတူပူးေပါင္းႏိုင္ေစဖို႔ ကမ္းလွမ္းမႈတရပ္ကို ျပင္ဆင္ေနေၾကာင္း သိရ။

ယူႏိုက္တက္ဟာ အသင္းလက္မဲ့ျဖစ္ေနတဲ့ တိုက္စစ္မႉး လီယြန္နယ္ မက္ဆီကို တႏွစ္လုပ္ခ ေပါင္ ၂၁ သန္းနဲ႔ ၂ ႏွစ္စာခ်ဳပ္အတြက္ သေဘာတူညီမႈရယူဖို႔ လႈပ္ရွားေနၿပီး ကစားသမားရဲ႕ကိုယ္စားလွယ္ေတြနဲ႔ အေက်အလည္ ညႇိႏႈိင္းေနေၾကာင္း သိရသလို PSG အသင္းက ဦးေဆာင္ေနတဲ့ ၂ ႏွစ္လုပ္ခ ေပါင္ ၆၃.၅ သန္းတန္ စာခ်ဳပ္ကမ္းလွမ္းမႈကို ျဖတ္ခုတ္ႏိုင္ဖို႔ ႀကိဳးပမ္းလုပ္ေဆာင္ေန။

ခ်ယ္လ္ဆီးဂႏၴဝင္ကစားသမားႀကီးျဖစ္သလို နည္းျပေဟာင္းလည္းျဖစ္တဲ့ ဖရန္႔ လမ္းပတ္က လာမယ့္ရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္လိမ့္မယ္လို႔ သုံးသပ္သြားခဲ့ခ်ိန္မွာ သရဲနီတို႔ဟာ ခ်ယ္လ္ဆီး၊ မန္စီးတီး၊ PSG၊ ဘိုင္ယန္ျမဴးနစ္တို႔နဲ႔အၿပိဳင္ ခ်န္ပီယံလိဂ္ဗိုလ္လုလိမ့္ဦးမယ္လို႔ ေပါလ္မာဆန္ကလည္း ေထာက္ခံမႈျပဳလုပ္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.