La Liga Ligue1 Transfer News

မက်ဆီကို စာချုပ်ချုပ်ဆိုဖို့အတွက် နောက်ဆုံးအကြိမ် ထပ်မံကြိုးပမ်းနေတဲ့ ဘာစီလိုနာအမှုဆောင်အရာရှိချုပ်

လီယွန်နယ်မက်ဆီအနေနဲ့ ဘာစီလိုနာကို ပြန်လာမှာမဟုတ်ကြောင်းအတည်ပြုပြီးနောက် ကတ်တာလန်မြေမှာ ဆက်နေဖို့အတွက် အသက်သွေးကြောတစ်ခု ရှိလာနိုင်ချေ ပေါ်ပေါက်လာခဲ့ပါတယ်။ ပြီးခဲ့သည့်အပတ်မှာ ဘာစီလိုနာအသင်းနဲ့အတူ ပြီးခဲ့တဲ့ ၂၁ နှစ်အတွင်း ဆူပါစတားစွမ်းရည်တွေပြခဲ့တဲ့သူတို့အတွက် စိတ်ခံစားမှု‌တွေများခဲ့တဲ့ ရက်သတ္တပတ် တစ်ခုဖြစ်ခဲ့ပါတယ်။

ဇူလိုင်လမှာစာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းသားအနေနဲ့ ဆက်ရှိတော့မှာမဟုတ်ကြောင်းကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ညနေမှာအတည်ပြုခဲ့ပြီးနောက်မှာ ပီအက်စ်ဂျီအသင်းဘက်က ၃၄ နှစ်အရွယ် အာဂျင်တိုင်းသားကြီးကို ခေါ်ယူဖို့ အခြားအင်အားကြီးအသင်းတွေနဲ့ အပြိုင်အဆိုင် ကြိုးစားချိတ်ဆက်ခဲ့ပါတယ်။

ထွက်ပေါ်လာတဲ့သတင်းတွေအရ မက်ဆီနဲ့ သူ့ဖခင်ဖြစ်သူ ဟော်ဟဲ မက်ဆီအပါအဝင် ကိုယ်စားလှယ်တွေက ပီအက်စ်ဂျီရဲ့ကမ်းလှမ်းမှုကို ဂရုတစိုက်စဉ်းစားနေသလို အာဂျင်တီးနားသားကြီးရဲ့ ဘာစီလိုနာက ထွက်ခွာလာတဲ့ သတင်းတွေထွက်လာပြီးနောက် အခြားကလပ်အသင်းနှစ်သင်းကလည်း ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပြီး အဲ့ဒီနှစ်သင်းက ချဲလ်ဆီးနဲ့ စပါးစ်အသင်းတို့ဖြစ်ကြောင်း ကောလဟာလတွေလည်း ထွက်လာခဲ့ပါတယ်။

ဒါပေမယ့် ကတ်တာလန် တီဗီရှိုးတစ်ခုဖြစ်တဲ့ La Porteria အစီအစဉ်ရဲ့ Diario AS ကတစ်ဆင့် ဘာစီလိုနာအသင်းအ နေနဲ့ မက်ဆီကို အသင်းမှာဆက်ထိန်းဖို့အတွက် ကြိုးစားခဲ့တယ်လို့အခိုင်အမာဆိုထားခဲ့ပါတယ်။ Diario AS ရဲ့ဖော်ပြချက်အရ ကတ်တာလန်အခြေစိုက်အသင်းရဲ့ အမှုဆောင်အရာရှိချုပ် ဖာရန်း ရီဗာတာအနေနဲ့ အသင်းမှာ ထိန်းသိမ်းသွားဖို့အတွက် နောက်ဆုံးကြိုးပမ်းမှု ပြုလုပ်ဖို့ မက်ဆီကို ဆက်သွယ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မက်ဆီက နှုတ်ဆက်စကားဆိုခဲ့ပြီး အသင်းဥက္ကဌ လာပေါ်တာဘက်ကလည်း အတည်ပြုတဲ့ ဆုံးဖြတ်ချက်ချခဲ့ပြီးသားဆိုပေမယ့် မက်ဆီကိုပြန်လည်ခေါ်ယူဖို့ ဘာစီလိုနာအသင်းရဲ့ အမှုဆောင်အရာရှိချုပ် ရီဗာတာက မက်ဆီရဲ့ဖခင်ကို နှုတ်ဆက်ပွဲအပြီးမှာ ဆက်သွယ်ခဲ့ပြီး နောက်ဆုံးကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို ကစားသမားက ပရိသတ်ကို နှုတ်ဆက်ပွဲလုပ်ပြီးမှ ပြန်လည်ကမ်းလှမ်းမှုပြုလုပ်ခြင်းဟာ ဘာစီလိုနာအသင်းရဲ့ သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး လာလီဂါဘောလုံးအဖွဲ့ချုပ်ကလည်း သူတိုရဲ့ ပုံရိပ်မကျဆင်းစေဖို့ ဖြေလျော့မှုတချို့လုပ်ပေးလိုက်ပုံရကာ ယခုကမ်းလှမ်းမှုကို အမှုဆောင်အရာရှိချုပ် ရီဗာတာ ကိုယ်တိုင်ဦးဆောင်ဆွေးနွေးနေတာဖြစ်တာသေချာကြောင်း သတင်းထောက်က သူ့ကိုယ်ပိုင်ဆိုရှယ်မီဒီယာအကောင့်မှာ တင်ပြီး အတည်ပြုထားတာတွေ့ရှိရပါတယ်။

La Porteria မှ သတင်းအချက်အလက်တွေကို လက်ရှိအချိန်မှာတော့ အကုန်အတည်မပြုနိုင်သေးပေမယ့်လည်း ဖော်ပြချက်တစ်ခုလုံးအနေနဲ့ လီယွန်နယ် မက်ဆီနဲ့ ဘာစီလိုနာတို့ရဲ့ အရှုပ်တော်ပုံတစ်ခုလုံးအတွက် စိတ်ဝင်စားစရာကောင်းလာတဲ့ လှည့်ကွက်တစ်ခုဖြစ်နိုင်ပြီး လက်ရှိ စပိန်နိုင်ငံမှာပဲ ရှိနေသေးတဲ့ အာဂျင်တိုင်းသားကြီးကို ဘာစီလိုနာဂျာစီနဲ့ပဲ ဆက်လက်မြင်တွေ့ရဖို့ ရှိလာနိုင်တဲ့အကြောင်းကို ရေးသားဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:







REF: INTERNET SOURCES
SPORTS A2Z.