Premier League Transfer News

9 Aug နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်သူ ခိုင် ဟာဗက်ဇ်အနေနဲ့ တရားဝင်ဝက်ဘ်ဆိုက်က အမေးအဖြေကဏ္ဍတစ်ခုမှာ အသင်းရဲ့ အမြန်ဆုံးကစားသမားကို မေးရာမှာ သူ့အနေနဲ့ ဖြေရခက်ကြောင်း၊ ပုံမှန်ဆိုရင် တိုက်စစ်မှူး တီမို ဗာနာက ပိုမြန်ပေမယ့် ဝေးဝေးပြေးလေ နောက်ခံလူ အန်တိုနီယို ရူဒီဂျာက ပိုမြန်လေဖြစ်ကြောင်း ဖြေကြား။

– ရိုးမားအသင်းအနေနဲ့ အင်တာမီလန်အသင်းနဲ့ ဆက်သွယ်နေတဲ့ သူတို့ရဲ့ တိုက်စစ်မှူး အီဒင် ဂျက်ကိုကြောင့် ချဲလ်ဆီးတို့ရဲ့ ပေါင်သန်း ၄၀ နဲ့ အရောင်းစာရင်း တင်ထားတဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ဘက် မြှားဦးလှည့်လာခဲ့သလို နည်းပြ ဂျိုဆေး မော်ရင်ညိုအနေနဲ့ အင်္ဂလန်တိုက်စစ်မှူးနဲ့ လက်တွဲချင်နေကြောင်း နာမည်ကျော်သတင်းထောက် ဂျန်လူကာ ဒီမာဇီယိုက ထုတ်ဖော်သွားခဲ့။

– ချဲလ်ဆီးအသင်းအနေနဲ့ ဆီဗီလာအသင်းနဲ့ကြားမှာ ဂျူးလ် ကွန်ဒီအတွက် အလိုက်ပေးမယ့် ကစားသမား ကတ်ဇူးမားရဲ့ တန်ဖိုးသတ်မှတ်မှုအတွက် သဘောထားချင်း မတိုက်ဆိုင်ဘဲဖြစ်နေတာကြောင့် ပြောင်းရွှေ့ကြေးအတွက် ယူရို ၁၀ သန်းဝန်းကျင် ကွာဟနေပြီး ကြန့်ကြာနေရတာလို့ ဖာဘရီဇီယို ရိုမာနိုက ထုတ်ဖော်လိုက်ပြီး နောက်ဆုံးမှာတော့ ဘာပဲဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးသဘောတူညီပြီးတဲ့ ပြင်သစ်သားကို ခေါ်ယူသွားမှာဖြစ်ကြောင်းဆို။

– ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ညိုအနေနဲ့ ဘာစီလိုနာအသင်းက ထွက်ခွာလာတဲ့ လီယွန်နယ် မက်ဆီကို စာပို့ခဲ့ကြောင်း ဟာသ‌လုပ်ပြောသွားခဲ့ပြီး အာဂျင်တိုင်းသားကြီးအနေနဲ့ ချဲလ်ဆီးကို မပြောင်းရွှေ့ဘူးဆိုရင် ပရီးမီးယားလိဂ်ကို မလာနိုင်ကြောင်းနဲ့ သူ့ရဲ့သတင်းကို စတွေ့ခါစတုန်းကဆိုရင် သတင်းအမှားတွေလို့တောင် ထင်ခဲ့ကြောင်း TNT Sports Brasil ရဲ့ အမေးအဖြေကဏ္ဍတစ်ခုမှာ ပြောသွားခဲ့။

– ဘာစီလိုနာအသင်းမှာ မက်ဆီနဲ့ တွဲကစားချင်လို့ ရောက်လာကာမှ သူ့ရဲ့ ရည်မှန်းချက်ကို အကောင်အထည်မဖော်နိုင်ခဲ့ဘဲ သူ့သူငယ်ချင်း ထွက်ခွာသွားချိန်မှာ နူးကမ့်ကနေ ပြန်ထွက်ဖို့ တောင်းဆိုထားခဲ့တဲ့ မန်ချက်စတာစီးတီးတိုက်စစ်မှူးဟောင်း ဆာဂျီယို အဂွေရိုကို ခေါ်ယူဖို့ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့အပြိုင် ချဲလ်ဆီးတို့ စိတ်ဝင်စားနေ။

– ဘိုင်ယန်မြူးနစ်အသင်းရဲ့ အားကစားဒါရိုက်တာ ဟာဆန် ဆာလီဟာမစ်ဂျစ်ရဲ့ အဆိုအရတော့ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်းရဲ့ ခြေစွမ်းက ကမ္ဘာ့ထိပ်တန်းဖြစ်ပြီး မိမိတို့အလိုရှိတဲ့ ကစားသမားမျိုးဖြစ်တာကြောင့် ခေါ်ယူဖို့ ကြိုးစားမှာဖြစ်ကြောင်း သိရပြီး ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်အသင်းတွေ အတွက်တော့ အန္တရာယ်အချက်ပေး ခေါင်းလောင်းသံဖြစ်လာ။

– လာမယ့် အင်္ဂါနေ့ ဗြိတိန်စံတော်ချိန် ည ၁၁ နာရီအထိ ဥရောပဆူပါဖလားအတွက် လူစာရင်းတင်သွင်းခွင့် ရှိနေလို့ ချဲလ်ဆီးအသင်းအနေနဲ့ တိုက်စစ်မှူးသစ် ဖြစ်လာမယ့် ရိုမဲလူ လူကာကူးကို အချိန်မီ စာရင်းသွင်းနိုင်ဖို့ ကြိုးစားနေပြီး မနေ့က ဆေးစစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေအရ ဘယ်လ်ဂျီယမ်သားအနေနဲ့ အသင်းရဲ့ ဒီနှစ်ဘောလုံးရာသီအတွက် ပထမဆုံးပွဲအဖြစ် ဗီလာရီးရဲလ်နဲ့ ကစားမယ့် ပွဲစဉ်ကို ပါဝင်ကစားလာနိုင်ကြောင်းသိရ။

– ချဲလ်ဆီးအသင်းအနေနဲ့ အတ္တလန်တာအသင်းအတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ၄၄ ပွဲအတွင်း ၁၂ ဂိုးသွင်း၊ ၈ ဂိုးဖန်တီးပေးခဲ့တဲ့ ဘယ်အစွန်ခံစစ်ကစားသမား ရော်ဘင် ဂိုဆန်စ်ကို ခေါ်ယူဖို့အတွက် ချိတ်ဆက်လာခဲ့ပြီး အီတလီမီဒီယာတွေကတော့ ဂျာမန်သားဟာ လက်ရှိအသင်းနောက်ခံလူ ဘန် ချေးလ်ဝဲလ်ထက် ကောင်းမွန်ကြောင်း ဆိုနေကြ။

– ဘယ်လ်ဂျီယမ်တိုက်စစ်မှူး ရိုမဲလူ လူကာကူးအနေနဲ့ ပရီးမီးယားလိဂ်နဲ့ အံဝင်နိုင်မယ်မထင်ကြောင်း၊ အခြားလိဂ်တွေမှာဆို အံဝင်နိုင်ပေမယ့် ပရီးမီးယားလိဂ်က သူ့အတွက် ထင်ထားတာထက် မြန်နှုန်းမြင့်မားနေနိုင်လို့ အခက်အခဲတွေ အရင်ကထက် ကြုံတွေ့ရနိုင်ကြောင်း ချဲလ်ဆီးနောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်က ထောက်ပြသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းလယ္တိုက္စစ္ကစားသမားျဖစ္သူ ခိုင္ ဟာဗက္ဇ္အေနနဲ႔ တရားဝင္ဝက္ဘ္ဆိုက္က အေမးအေျဖက႑တစ္ခုမွာ အသင္းရဲ႕ အျမန္ဆုံးကစားသမားကို ေမးရာမွာ သူ႔အေနနဲ႔ ေျဖရခက္ေၾကာင္း၊ ပုံမွန္ဆိုရင္ တိုက္စစ္မႉး တီမို ဗာနာက ပိုျမန္ေပမယ့္ ေဝးေဝးေျပးေလ ေနာက္ခံလူ အန္တိုနီယို ႐ူဒီဂ်ာက ပိုျမန္ေလျဖစ္ေၾကာင္း ေျဖၾကား။

– ႐ိုးမားအသင္းအေနနဲ႔ အင္တာမီလန္အသင္းနဲ႔ ဆက္သြယ္ေနတဲ့ သူတို႔ရဲ႕ တိုက္စစ္မႉး အီဒင္ ဂ်က္ကိုေၾကာင့္ ခ်ဲလ္ဆီးတို႔ရဲ႕ ေပါင္သန္း ၄၀ နဲ႔ အေရာင္းစာရင္း တင္ထားတဲ့ တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ဘက္ ျမႇားဦးလွည့္လာခဲ့သလို နည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳအေနနဲ႔ အဂၤလန္တိုက္စစ္မႉးနဲ႔ လက္တြဲခ်င္ေနေၾကာင္း နာမည္ေက်ာ္သတင္းေထာက္ ဂ်န္လူကာ ဒီမာဇီယိုက ထုတ္ေဖာ္သြားခဲ့။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဆီဗီလာအသင္းနဲ႔ၾကားမွာ ဂ်ဴးလ္ ကြန္ဒီအတြက္ အလိုက္ေပးမယ့္ ကစားသမား ကတ္ဇူးမားရဲ႕ တန္ဖိုးသတ္မွတ္မႈအတြက္ သေဘာထားခ်င္း မတိုက္ဆိုင္ဘဲျဖစ္ေနတာေၾကာင့္ ေျပာင္းေ႐ႊ႕ေၾကးအတြက္ ယူ႐ို ၁၀ သန္းဝန္းက်င္ ကြာဟေနၿပီး ၾကန႔္ၾကာေနရတာလို႔ ဖာဘရီဇီယို ႐ိုမာႏိုက ထုတ္ေဖာ္လိုက္ၿပီး ေနာက္ဆုံးမွာေတာ့ ဘာပဲျဖစ္ျဖစ္ ပုဂၢိဳလ္ေရးသေဘာတူညီၿပီးတဲ့ ျပင္သစ္သားကို ေခၚယူသြားမွာျဖစ္ေၾကာင္းဆို။

– ခ်ဲလ္ဆီးကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳအေနနဲ႔ ဘာစီလိုနာအသင္းက ထြက္ခြာလာတဲ့ လီယြန္နယ္ မက္ဆီကို စာပို႔ခဲ့ေၾကာင္း ဟာသ‌လုပ္ေျပာသြားခဲ့ၿပီး အာဂ်င္တိုင္းသားႀကီးအေနနဲ႔ ခ်ဲလ္ဆီးကို မေျပာင္းေ႐ႊ႕ဘူးဆိုရင္ ပရီးမီးယားလိဂ္ကို မလာႏိုင္ေၾကာင္းနဲ႔ သူ႔ရဲ႕သတင္းကို စေတြ႕ခါစတုန္းကဆိုရင္ သတင္းအမွားေတြလို႔ေတာင္ ထင္ခဲ့ေၾကာင္း TNT Sports Brasil ရဲ႕ အေမးအေျဖက႑တစ္ခုမွာ ေျပာသြားခဲ့။

– ဘာစီလိုနာအသင္းမွာ မက္ဆီနဲ႔ တြဲကစားခ်င္လို႔ ေရာက္လာကာမွ သူ႔ရဲ႕ ရည္မွန္းခ်က္ကို အေကာင္အထည္မေဖာ္ႏိုင္ခဲ့ဘဲ သူ႔သူငယ္ခ်င္း ထြက္ခြာသြားခ်ိန္မွာ ႏူးကမ့္ကေန ျပန္ထြက္ဖို႔ ေတာင္းဆိုထားခဲ့တဲ့ မန္ခ်က္စတာစီးတီးတိုက္စစ္မႉးေဟာင္း ဆာဂ်ီယို အေဂြ႐ိုကို ေခၚယူဖို႔ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနဲ႔အၿပိဳင္ ခ်ဲလ္ဆီးတို႔ စိတ္ဝင္စားေန။

– ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ အားကစားဒါ႐ိုက္တာ ဟာဆန္ ဆာလီဟာမစ္ဂ်စ္ရဲ႕ အဆိုအရေတာ့ ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟားလန္းရဲ႕ ေျခစြမ္းက ကမာၻ႔ထိပ္တန္းျဖစ္ၿပီး မိမိတို႔အလိုရွိတဲ့ ကစားသမားမ်ိဳးျဖစ္တာေၾကာင့္ ေခၚယူဖို႔ ႀကိဳးစားမွာျဖစ္ေၾကာင္း သိရၿပီး ခ်ဲလ္ဆီးနဲ႔ ပရီးမီးယားလိဂ္အသင္းေတြ အတြက္ေတာ့ အႏၲရာယ္အခ်က္ေပး ေခါင္းေလာင္းသံျဖစ္လာ။

– လာမယ့္ အဂၤါေန႔ ၿဗိတိန္စံေတာ္ခ်ိန္ ည ၁၁ နာရီအထိ ဥေရာပဆူပါဖလားအတြက္ လူစာရင္းတင္သြင္းခြင့္ ရွိေနလို႔ ခ်ဲလ္ဆီးအသင္းအေနနဲ႔ တိုက္စစ္မႉးသစ္ ျဖစ္လာမယ့္ ႐ိုမဲလူ လူကာကူးကို အခ်ိန္မီ စာရင္းသြင္းႏိုင္ဖို႔ ႀကိဳးစားေနၿပီး မေန႔က ေဆးစစ္ခဲ့တယ္ဆိုတဲ့ သတင္းေတြအရ ဘယ္လ္ဂ်ီယမ္သားအေနနဲ႔ အသင္းရဲ႕ ဒီႏွစ္ေဘာလုံးရာသီအတြက္ ပထမဆုံးပြဲအျဖစ္ ဗီလာရီးရဲလ္နဲ႔ ကစားမယ့္ ပြဲစဥ္ကို ပါဝင္ကစားလာႏိုင္ေၾကာင္းသိရ။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ အတၱလန္တာအသင္းအတြက္ ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက ၄၄ ပြဲအတြင္း ၁၂ ဂိုးသြင္း၊ ၈ ဂိုးဖန္တီးေပးခဲ့တဲ့ ဘယ္အစြန္ခံစစ္ကစားသမား ေရာ္ဘင္ ဂိုဆန္စ္ကို ေခၚယူဖို႔အတြက္ ခ်ိတ္ဆက္လာခဲ့ၿပီး အီတလီမီဒီယာေတြကေတာ့ ဂ်ာမန္သားဟာ လက္ရွိအသင္းေနာက္ခံလူ ဘန္ ေခ်းလ္ဝဲလ္ထက္ ေကာင္းမြန္ေၾကာင္း ဆိုေနၾက။

– ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉး ႐ိုမဲလူ လူကာကူးအေနနဲ႔ ပရီးမီးယားလိဂ္နဲ႔ အံဝင္ႏိုင္မယ္မထင္ေၾကာင္း၊ အျခားလိဂ္ေတြမွာဆို အံဝင္ႏိုင္ေပမယ့္ ပရီးမီးယားလိဂ္က သူ႔အတြက္ ထင္ထားတာထက္ ျမန္ႏႈန္းျမင့္မားေနႏိုင္လို႔ အခက္အခဲေတြ အရင္ကထက္ ႀကဳံေတြ႕ရႏိုင္ေၾကာင္း ခ်ဲလ္ဆီးေနာက္ခံလူေဟာင္း ဂလင္းဂြၽန္ဆင္က ေထာက္ျပသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.