La Liga Ligue1 Transfer News

မက်ဆီကြောင့် အမ်ဘာပေ ရီးရဲလ်မက်ဒရစ်ကို ရောက်ဖို့ နီးစပ်လာခဲ့ပြီလား

ရီးရဲလ်မက်ဒရစ်ဝါရင့်ကွင်းလယ်လူ တိုနီ ခရူးစ်အနေနဲ့ စပိန်တော်ဝင်ကလပ်ရဲ့ ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ ကစားသမားတွေကို ခေါ်ယူစုဆောင်းတတ်တဲ့ အကျင့်ကြောင့် ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်စူပါစတား ခီလီယန် အမ်ဘာပေကို ခေါ်နိုင်ခဲ့ရင်တောင် သူ့အနေနဲ့တော့ “အံ့ဩနေမှာ မဟုတ်ဘူး”ဆိုပြီး အပြောင်းအရွှေ့သတင်းတွေအပေါ် သူ့အမြင်ကို ပြောသွားခဲ့ပါတယ်။

ဘာစီလိုနာ တိုက်စစ်မှူးဟောင်း လီယွန်နယ် မက်ဆီအနေနဲ့ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့အတွက် ပိုမိုနီးစပ်လာတယ်ဆိုတဲ့ ထင်ကြေးတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေစဉ်မှာ ဂျာမန်သားကို အမ်ဘာပေရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဂျာမန်သတင်းဌာန BILD က မေးမြန်းခဲ့တာကို သူက “ကျွန်တော့်အနေနဲ့ အကုန်ပြီးစီးသွားတဲ့ အပြောင်းအရွှေ့တွေအကြောင်း ပြောရတာ ပိုသဘောကျတယ်”လို့ အစချီပြီး ပြောခဲ့ပါတယ်။

“ဒါပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းက အမြဲတမ်း အကောင်းဆုံးဆိုတာတွေကိုပဲ လိုချင်တဲ့ အသင်းလေ။ အပြောင်းအ‌ရွှေ့ဖြစ်လာရင်လဲ အံ့ဩမနေပါဘူး”လို့ ပြောသွားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းအနေနဲ့ အမ်ဘာပေကို “ရောင်းရန်မဟုတ်”လို့ ခဏခဏ ပြောနေပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းဘက်က ပြင်သစ်တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

စပိန်သတင်းဌာန မာကာရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းက ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဌ နက်ဆာ အယ်လ်ခယ်လိုင်ဖီကို တိုက်ရိုက်ဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီး အမ်ဘာပေက‌ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပြည်တွင်းလိဂ်မှာ ၃၁ ပွဲကစားခဲ့ချိန်မှာ ၂၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်သလို အသင်းနဲ့ ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်အဆင့်အထိနဲ့ ပြင်သစ်ပြည်တွင်းဖလားကိုလည်း ရခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

ဒါပေမယ့် လျှပ်စီးလက်သလို လျင်မြန်တဲ့ တိုက်စစ်ကစားသမားအနေနဲ့ ပါရီမြေကနေ အဝေးကို ထွက်သွားချင်နေတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းက သူ့ကို ခေါ်ယူနိုင်ဖို့ အလားအလာအကောင်းဆုံး အသင်းလည်းဖြစ်နေသလို ပီအက်စ်ဂျီအသင်းအနေနဲ့ နောက်နှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ပြင်သစ်သားနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ခက်ခဲနေပါတယ်။

လီဂူးဝမ်းကလပ်အနေနဲ့ အနာဂတ်မှာ ဘယ်လွန်ဒေါဆုကို ရဖို့အတွက် ခန့်မှန်းနေကြတဲ့ ကစားသမားကို ငွေကြေးနဲ့ ထိန်းထားနိုင်ဖို့ ရည်ရွယ်နေပြီး လီယွန်နယ် မက်ဆီ ရောက်ရှိလာမှာနဲ့အတူ ပီအက်စ်ဂျီအသင်းရဲ့ လစာငွေပေးချေမှု နှုန်းထားအနေနဲ့ တစ်ဟုန်ထိုးမြင့်တက်လာဖို့ရှိ‌နေတယ်လို့ မျှော်လင့်ရသလို အယ်လ်ခယ်လိုင်ဖီအနေနဲ့ သူ့ရဲ့ အဖိုးတန်တိုက်စစ်မှူးကို စပိန်မြို့တော်ဆီ ပြောင်းရွှေ့ခွင့်ပြုဖို့ ဖိအားပေးတာကို ခံခဲ့ရတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီနည်းပြ မော်ရီစီယို ပိုချက်တီနိုအနေနဲ့ ပါရီမြို့ကနေ အမ်ဘာပေ ထွက်သွားတော့မယ်ဆိုတဲ့ ကောလဟာလတွေအပေါ် သူက “ခီလီယန် အမ်ဘာပေအနေနဲ့ အသင်းက ထွက်ဖို့မရှိဘူး”လို့ ထွက်ပေါ်နေတဲ့ အသင်းရဲ့ အပြောင်းအရွှေ့သတင်းတွေအပေါ် ဖြေရှင်းသွားခဲ့‌ပေမယ့် ရီးရဲလ်မက်ဒရစ်ဂျာစီနဲ့ ပြင်သစ်ကြယ်ပွင့်ကို တွေ့မြင်ရမလားဆိုတာ ခန့်မှန်းသူ များနေတဲ့အတွက် စောင့်ကြည့်ရမှာဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္ဝါရင့္ကြင္းလယ္လူ တိုနီ ခ႐ူးစ္အေနနဲ႔ စပိန္ေတာ္ဝင္ကလပ္ရဲ႕ ကမာၻ႔အေကာင္းဆုံးဆိုတဲ့ ကစားသမားေတြကို ေခၚယူစုေဆာင္းတတ္တဲ့ အက်င့္ေၾကာင့္ ပီအက္စ္ဂ်ီအသင္းရဲ႕ ျပင္သစ္စူပါစတား ခီလီယန္ အမ္ဘာေပကို ေခၚႏိုင္ခဲ့ရင္ေတာင္ သူ႔အေနနဲ႔ေတာ့ “အံ့ဩေနမွာ မဟုတ္ဘူး”ဆိုၿပီး အေျပာင္းအေ႐ႊ႕သတင္းေတြအေပၚ သူ႔အျမင္ကို ေျပာသြားခဲ့ပါတယ္။

ဘာစီလိုနာ တိုက္စစ္မႉးေဟာင္း လီယြန္နယ္ မက္ဆီအေနနဲ႔ ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ ပိုမိုနီးစပ္လာတယ္ဆိုတဲ့ ထင္ေၾကးေတြ က်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေပၚေနစဥ္မွာ ဂ်ာမန္သားကို အမ္ဘာေပရဲ႕ အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ၿပီး ဂ်ာမန္သတင္းဌာန BILD က ေမးျမန္းခဲ့တာကို သူက “ကြၽန္ေတာ့္အေနနဲ႔ အကုန္ၿပီးစီးသြားတဲ့ အေျပာင္းအေ႐ႊ႕ေတြအေၾကာင္း ေျပာရတာ ပိုသေဘာက်တယ္”လို႔ အစခ်ီၿပီး ေျပာခဲ့ပါတယ္။

“ဒါေပမယ့္ ရီးရဲလ္မက္ဒရစ္အသင္းက အၿမဲတမ္း အေကာင္းဆုံးဆိုတာေတြကိုပဲ လိုခ်င္တဲ့ အသင္းေလ။ အေျပာင္းအ‌ေ႐ႊ႕ျဖစ္လာရင္လဲ အံ့ဩမေနပါဘူး”လို႔ ေျပာသြားခဲ့ပါတယ္။ ပီအက္စ္ဂ်ီအသင္းအေနနဲ႔ အမ္ဘာေပကို “ေရာင္းရန္မဟုတ္”လို႔ ခဏခဏ ေျပာေနေပမယ့္ ရီးရဲလ္မက္ဒရစ္အသင္းဘက္က ျပင္သစ္တိုက္စစ္မႉးကို ေခၚယူဖို႔အတြက္ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနတယ္လို႔ သတင္းေတြ ထြက္လာခဲ့ပါတယ္။

စပိန္သတင္းဌာန မာကာရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္အသင္းက ပီအက္စ္ဂ်ီအသင္းရဲ႕ ဥကၠဌ နက္ဆာ အယ္လ္ခယ္လိုင္ဖီကို တိုက္႐ိုက္ဖုန္းေခၚဆိုမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရၿပီး အမ္ဘာေပက‌ ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက ျပည္တြင္းလိဂ္မွာ ၃၁ ပြဲကစားခဲ့ခ်ိန္မွာ ၂၇ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့တာျဖစ္သလို အသင္းနဲ႔ ခ်န္ပီယံလိဂ္မွာလည္း ဆီမီးဖိုင္နယ္အဆင့္အထိနဲ႔ ျပင္သစ္ျပည္တြင္းဖလားကိုလည္း ရခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

ဒါေပမယ့္ လွ်ပ္စီးလက္သလို လ်င္ျမန္တဲ့ တိုက္စစ္ကစားသမားအေနနဲ႔ ပါရီေျမကေန အေဝးကို ထြက္သြားခ်င္ေနတာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းက သူ႔ကို ေခၚယူႏိုင္ဖို႔ အလားအလာအေကာင္းဆုံး အသင္းလည္းျဖစ္ေနသလို ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ေနာက္ႏွစ္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ ျပင္သစ္သားနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ခက္ခဲေနပါတယ္။

လီဂူးဝမ္းကလပ္အေနနဲ႔ အနာဂတ္မွာ ဘယ္လြန္ေဒါဆုကို ရဖို႔အတြက္ ခန႔္မွန္းေနၾကတဲ့ ကစားသမားကို ေငြေၾကးနဲ႔ ထိန္းထားႏိုင္ဖို႔ ရည္႐ြယ္ေနၿပီး လီယြန္နယ္ မက္ဆီ ေရာက္ရွိလာမွာနဲ႔အတူ ပီအက္စ္ဂ်ီအသင္းရဲ႕ လစာေငြေပးေခ်မႈ ႏႈန္းထားအေနနဲ႔ တစ္ဟုန္ထိုးျမင့္တက္လာဖို႔ရွိ‌ေနတယ္လို႔ ေမွ်ာ္လင့္ရသလို အယ္လ္ခယ္လိုင္ဖီအေနနဲ႔ သူ႔ရဲ႕ အဖိုးတန္တိုက္စစ္မႉးကို စပိန္ၿမိဳ႕ေတာ္ဆီ ေျပာင္းေ႐ႊ႕ခြင့္ျပဳဖို႔ ဖိအားေပးတာကို ခံခဲ့ရတာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ ပီအက္စ္ဂ်ီနည္းျပ ေမာ္ရီစီယို ပိုခ်က္တီႏိုအေနနဲ႔ ပါရီၿမိဳ႕ကေန အမ္ဘာေပ ထြက္သြားေတာ့မယ္ဆိုတဲ့ ေကာလဟာလေတြအေပၚ သူက “ခီလီယန္ အမ္ဘာေပအေနနဲ႔ အသင္းက ထြက္ဖို႔မရွိဘူး”လို႔ ထြက္ေပၚေနတဲ့ အသင္းရဲ႕ အေျပာင္းအေ႐ႊ႕သတင္းေတြအေပၚ ေျဖရွင္းသြားခဲ့‌ေပမယ့္ ရီးရဲလ္မက္ဒရစ္ဂ်ာစီနဲ႔ ျပင္သစ္ၾကယ္ပြင့္ကို ေတြ႕ျမင္ရမလားဆိုတာ ခန႔္မွန္းသူ မ်ားေနတဲ့အတြက္ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေရးသားေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.