Premier League Transfer News

9 Aug နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ မနေ့ညက ကစားတဲ့ Mind Series ပွဲစဉ်မှာ စပါးစ်အသင်းကို တိုက်စစ်က ဆိုးရွားတဲ့ပုံစံနဲ့ ရှုံးနိမ့်ခဲ့ရတဲ့အတွက် ပရိသတ်တွေအနေနဲ့ တိုက်စစ်မှူးသစ်ခေါ်ဖို့ တောင်းဆိုခဲ့ကြပြီး ဖီအိုရင်တီးနားအသင်းရဲ့ ပေါင် ၅၁ သန်းတန် ဆားဘီးယားတိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ချ်ကို ခေါ်ယူစေဖို့ အလိုရှိနေကြ။

– အက်စ်တန်ဗီလာရဲ့ ဂျက်ခ် ဂရီးလစ်ရှ်ကို ခေါ်ယူထားခဲ့ပြီး တော့တင်ဟမ်တိုက်စစ်မှူး ဟာရီကိန်းကိုလည်း ခေါ်ယူဖို့ ရှိနေတဲ့ မန်ချက်စတာ စီးတီးအသင်းမှာ ပွဲထွက်ခွင့် ခြိမ်းခြောက်ခံရနိုင်တဲ့ ကွင်းလယ်တိုက်စစ်သမား ဘာနာဒို ဆေးလ်ဗားကို စည်းရုံးခေါ်ယူဖို့ အာဆင်နယ်တို့ အလိုရှိနေပြီး အသင်းရဲ့ အဓိက ဖန်တီးမှု ပေးစွမ်းသူဖြစ်လာနိုင်ဖို့ ရည်ရွယ်နေ။

– အာဆင်နယ်အသင်းအနေနဲ့ နယူးကာဆယ်လ်ယူနိုက်တက်အသင်းမှာ ပြီးခဲ့တဲ့ ရာသီ ဒုတိယဝက်မှာ သွားရောက်ပြီး ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်ကစားသမား ဂျိုးဝီလော့ခ်ကို ရောင်းချဖို့ ပေါင် ၂၂ သန်းနဲ့ သဘောတူညီသွားပြီဖြစ်ပြီး နည်းပြ မီခယ်လ် အာတီတာက စပါးစ်နဲ့ပွဲမတိုင်ခင်မှာ အရိပ်အမြွက် အတည်ပြုခဲ့သလို ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆွေးနွေးမှုတွေတော့ ကျန်ရှိနေကြောင်း ဒေးလီးမေးလ်ဖော်ပြ။

– အာဆင်နယ်အသင်းရဲ့ ဘန်ဝှိုက်အပေါ် ပေါင်သန်း ၅၀ သုံးပြီး ခေါ်ယူခဲ့မှုဟာ မှန်ကန်ကြောင်းနဲ့ ရာသီသစ်မှာ အသင်းအတွက် ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ရဲ့ ရာဖေးလ် ဗာရွန်းထက် ပိုမိုခြေစွမ်းပြနိုင်မှာဖြစ်ကြောင်း အသင်းဂန္ထဝင် အီယန်ရိုက်ရဲ့သားဖြစ်သူ မန်စီးတီး တောင်ပံကစားသမားဟောင်း ရှောင် ရိုက်ဖိလစ်က သုံးသပ်သွားခဲ့။

– ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ၈ ဂိုးသွင်းယူနိုင်ခဲ့တဲ့ လူငယ်ကွင်းလယ်လူ ဂျိုးဝီလော့ခ်ကို အသင်းမှာ ထိန်းသိမ်းမထားဘဲ နယူးကာဆယ်လ်ဆီ လက်လွှတ်မယ့် ဆုံးဖြတ်ချက်နဲ့ ဂရာနစ် ချာကာလို ကစားသမားမျိုးကို ဆက်လက်ထိန်းသိမ်းဖို့ စာချုပ်ချုပ်ခဲ့တာတွေကို ကြည့်ရင် အာဆင်နယ်အသင်းရဲ့ စီမံခန့်ခွဲသူတွေဟာ ဘယ်လောက်အထိ လွဲမှားနေပြီလဲဆိုတာ မြင်သာကြောင်း ပရိသတ်တွေ တိုက်ခိုက်။

– လက်စတာစီးတီးကွင်းလယ်ဖန်တီးရှင် ဂျိမ်းစ် မက်ဒီဆန်ကို ခေါ်ယူဖို့ကို အာဆင်နယ်ဘက် အမှန်တကယ် လေးလေးနက်နက် စိတ်ဝင်စား နေတာဖြစ်ကြောင်းနဲ့ သူတို့အနေနဲ့ ထပ်မံကြိုးစားသွားဖို့ ရှိနေပြီး ခေါ်ယူဖို့ကတော့ ပေါင် ၆၅ သန်းအထက်မှာ ခက်ခဲဖွယ်ရှိနေကြောင်း နာမည်ကြီး အီတလီဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုပြောကြား။’

– မာတင် အော်ဒီဂွါဒ်ကို တစ်ကျော့ပြန် ခေါ်ယူဖို့ အာဆင်နယ်အသင်းအနေနဲ့ စိတ်ဝင်တစား စောင့်ကြည့်နေဆဲဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ လာလီဂါရဲ့ ဘဏ္ဏာရေးစည်းမျဉ်းသစ်မှာ ရုန်းကန်နေရမှုကို အခွင့်ကောင်းယူ ညှိနှိုင်းနိုင်သလို ဘာနာဒို ဆေးလ်ဗားနဲ့ မက်ဒီဆန်တို့ကို မရခဲ့ရင် ဘာနေဗျူးဘက်က တောင်းဆိုတဲ့ Buy Back Clause နဲ့ပဲဖြစ်ဖြစ် ခေါ်ယူသွားဖွယ်ရှိနေ။

– တော့တင်ဟမ်ဟော့စပါးစ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အိမ်ရှင် ဝှိုက်ဟတ်လိန်းပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ လုပ်ဆောင်မှုမျိုးနဲ့ ဆိုင်းဘုတ်ချိတ်ဆွဲပြီး အထူးတလည် ကြိုဆိုသွားခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း အာဆင်နယ်တောင်ပံကစားသမား ဘူကာယို ဆာကာက သူ့ရဲ့ အင်စတာဂရမ်ကတစ်ဆင့် ပြောကြား။

– ချဲလ်ဆီးအသင်းကနေ ရောင်းချဖို့ အတည်ပြုထားခဲ့ပြီး ပေါင်သန်း ၄၀ ဈေးနှုန်းသတ်မှတ်မှုကိုလည်း လျှော့ချဖို့ သဘောထားချမှတ်ထားခဲ့တဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကို ခေါ်ယူဖို့ နည်းပြဟောင်း ဂျိုဆေး မော်ရင်ညိုရဲ့ ရိုးမားအသင်းက ကမ်းလှမ်းလာခဲ့ပေမယ့် ကစားသမားဘက်ကတော့ အာဆင်နယ်အသင်းကိုပဲ ပြောင်းရွှေ့လိုနေ။

– အာဆင်နယ်ပရိသတ်တွေအနေနဲ့ သူတို့ရဲ့ ကစားသမားသစ် အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါဟာ ပရီးမီးယားလိဂ်မှာ ပွဲထွက်ဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်းနဲ့ သောမတ်စ် ပါတေး ဒဏ်ရာရနေတဲ့ နေရာကို အစားထိုးနိုင်ကြောင်း စပါးစ်နဲ့ပွဲအပြီးမှာ ချီးကျူးခဲ့ကြပေမယ့် အသင်းခေါင်းဆောင် တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းကတော့ ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း ညည်းတွားခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: <

– အာဆင္နယ္အသင္းအေနနဲ႔ မေန႔ညက ကစားတဲ့ Mind Series ပြဲစဥ္မွာ စပါးစ္အသင္းကို တိုက္စစ္က ဆိုး႐ြားတဲ့ပုံစံနဲ႔ ရႈံးနိမ့္ခဲ့ရတဲ့အတြက္ ပရိသတ္ေတြအေနနဲ႔ တိုက္စစ္မႉးသစ္ေခၚဖို႔ ေတာင္းဆိုခဲ့ၾကၿပီး ဖီအိုရင္တီးနားအသင္းရဲ႕ ေပါင္ ၅၁ သန္းတန္ ဆားဘီးယားတိုက္စစ္မႉး ဒူဆန္ ဗလာဟိုဗစ္ခ်္ကို ေခၚယူေစဖို႔ အလိုရွိေနၾက။

– အက္စ္တန္ဗီလာရဲ႕ ဂ်က္ခ္ ဂရီးလစ္ရွ္ကို ေခၚယူထားခဲ့ၿပီး ေတာ့တင္ဟမ္တိုက္စစ္မႉး ဟာရီကိန္းကိုလည္း ေခၚယူဖို႔ ရွိေနတဲ့ မန္ခ်က္စတာ စီးတီးအသင္းမွာ ပြဲထြက္ခြင့္ ၿခိမ္းေျခာက္ခံရႏိုင္တဲ့ ကြင္းလယ္တိုက္စစ္သမား ဘာနာဒို ေဆးလ္ဗားကို စည္း႐ုံးေခၚယူဖို႔ အာဆင္နယ္တို႔ အလိုရွိေနၿပီး အသင္းရဲ႕ အဓိက ဖန္တီးမႈ ေပးစြမ္းသူျဖစ္လာႏိုင္ဖို႔ ရည္႐ြယ္ေန။

– အာဆင္နယ္အသင္းအေနနဲ႔ နယူးကာဆယ္လ္ယူႏိုက္တက္အသင္းမွာ ၿပီးခဲ့တဲ့ ရာသီ ဒုတိယဝက္မွာ သြားေရာက္ၿပီး ေျခစြမ္းျပခဲ့တဲ့ ကြင္းလယ္ကစားသမား ဂ်ိဳးဝီေလာ့ခ္ကို ေရာင္းခ်ဖို႔ ေပါင္ ၂၂ သန္းနဲ႔ သေဘာတူညီသြားၿပီျဖစ္ၿပီး နည္းျပ မီခယ္လ္ အာတီတာက စပါးစ္နဲ႔ပြဲမတိုင္ခင္မွာ အရိပ္အႁမြက္ အတည္ျပဳခဲ့သလို ကစားသမားနဲ႔ ပုဂၢိဳလ္ေရးေဆြးေႏြးမႈေတြေတာ့ က်န္ရွိေနေၾကာင္း ေဒးလီးေမးလ္ေဖာ္ျပ။

– အာဆင္နယ္အသင္းရဲ႕ ဘန္ဝႈိက္အေပၚ ေပါင္သန္း ၅၀ သုံးၿပီး ေခၚယူခဲ့မႈဟာ မွန္ကန္ေၾကာင္းနဲ႔ ရာသီသစ္မွာ အသင္းအတြက္ ၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ရာေဖးလ္ ဗာ႐ြန္းထက္ ပိုမိုေျခစြမ္းျပႏိုင္မွာျဖစ္ေၾကာင္း အသင္းဂႏၴဝင္ အီယန္႐ိုက္ရဲ႕သားျဖစ္သူ မန္စီးတီး ေတာင္ပံကစားသမားေဟာင္း ေရွာင္ ႐ိုက္ဖိလစ္က သုံးသပ္သြားခဲ့။

– ပရီးမီးယားလိဂ္ ၁၁ ပြဲမွာ ၈ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ လူငယ္ကြင္းလယ္လူ ဂ်ိဳးဝီေလာ့ခ္ကို အသင္းမွာ ထိန္းသိမ္းမထားဘဲ နယူးကာဆယ္လ္ဆီ လက္လႊတ္မယ့္ ဆုံးျဖတ္ခ်က္နဲ႔ ဂရာနစ္ ခ်ာကာလို ကစားသမားမ်ိဳးကို ဆက္လက္ထိန္းသိမ္းဖို႔ စာခ်ဳပ္ခ်ဳပ္ခဲ့တာေတြကို ၾကည့္ရင္ အာဆင္နယ္အသင္းရဲ႕ စီမံခန႔္ခြဲသူေတြဟာ ဘယ္ေလာက္အထိ လြဲမွားေနၿပီလဲဆိုတာ ျမင္သာေၾကာင္း ပရိသတ္ေတြ တိုက္ခိုက္။

– လက္စတာစီးတီးကြင္းလယ္ဖန္တီးရွင္ ဂ်ိမ္းစ္ မက္ဒီဆန္ကို ေခၚယူဖို႔ကို အာဆင္နယ္ဘက္ အမွန္တကယ္ ေလးေလးနက္နက္ စိတ္ဝင္စား ေနတာျဖစ္ေၾကာင္းနဲ႔ သူတို႔အေနနဲ႔ ထပ္မံႀကိဳးစားသြားဖို႔ ရွိေနၿပီး ေခၚယူဖို႔ကေတာ့ ေပါင္ ၆၅ သန္းအထက္မွာ ခက္ခဲဖြယ္ရွိေနေၾကာင္း နာမည္ႀကီး အီတလီဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏိုေျပာၾကား။’

– မာတင္ ေအာ္ဒီဂြါဒ္ကို တစ္ေက်ာ့ျပန္ ေခၚယူဖို႔ အာဆင္နယ္အသင္းအေနနဲ႔ စိတ္ဝင္တစား ေစာင့္ၾကည့္ေနဆဲျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ လာလီဂါရဲ႕ ဘဏၰာေရးစည္းမ်ဥ္းသစ္မွာ ႐ုန္းကန္ေနရမႈကို အခြင့္ေကာင္းယူ ညႇိႏႈိင္းႏိုင္သလို ဘာနာဒို ေဆးလ္ဗားနဲ႔ မက္ဒီဆန္တို႔ကို မရခဲ့ရင္ ဘာေနဗ်ဴးဘက္က ေတာင္းဆိုတဲ့ Buy Back Clause နဲ႔ပဲျဖစ္ျဖစ္ ေခၚယူသြားဖြယ္ရွိေန။

– ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းကို ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာ အိမ္ရွင္ ဝႈိက္ဟတ္လိန္းပရိသတ္ေတြရဲ႕ လူမ်ိဳးေရးခြဲျခားမႈကို ဆန႔္က်င္တဲ့ လုပ္ေဆာင္မႈမ်ိဳးနဲ႔ ဆိုင္းဘုတ္ခ်ိတ္ဆြဲၿပီး အထူးတလည္ ႀကိဳဆိုသြားခဲ့တဲ့အတြက္ ေက်းဇူးတင္ေၾကာင္း အာဆင္နယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာက သူ႔ရဲ႕ အင္စတာဂရမ္ကတစ္ဆင့္ ေျပာၾကား။

– ခ်ဲလ္ဆီးအသင္းကေန ေရာင္းခ်ဖို႔ အတည္ျပဳထားခဲ့ၿပီး ေပါင္သန္း ၄၀ ေဈးႏႈန္းသတ္မွတ္မႈကိုလည္း ေလွ်ာ့ခ်ဖို႔ သေဘာထားခ်မွတ္ထားခဲ့တဲ့ တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ကို ေခၚယူဖို႔ နည္းျပေဟာင္း ဂ်ိဳေဆး ေမာ္ရင္ညိဳရဲ႕ ႐ိုးမားအသင္းက ကမ္းလွမ္းလာခဲ့ေပမယ့္ ကစားသမားဘက္ကေတာ့ အာဆင္နယ္အသင္းကိုပဲ ေျပာင္းေ႐ႊ႕လိုေန။

– အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ သူတို႔ရဲ႕ ကစားသမားသစ္ အဲလ္ဘတ္ ဆမ္ဘီ လိုကြန္ဂါဟာ ပရီးမီးယားလိဂ္မွာ ပြဲထြက္ဖို႔ အဆင္သင့္ျဖစ္ေနၿပီ ျဖစ္ေၾကာင္းနဲ႔ ေသာမတ္စ္ ပါေတး ဒဏ္ရာရေနတဲ့ ေနရာကို အစားထိုးႏိုင္ေၾကာင္း စပါးစ္နဲ႔ပြဲအၿပီးမွာ ခ်ီးက်ဴးခဲ့ၾကေပမယ့္ အသင္းေခါင္းေဆာင္ တိုက္စစ္မႉး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကေတာ့ ပ်က္စီးသြားခဲ့ၿပီျဖစ္ေၾကာင္း ညည္းတြားခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.