Premier League

ပြဲကစားႏုိင္ဖို႔အတြက္ ကာရင္တန္ကို သြားေရာက္ၿပီး ႀကံ့ခုိင္မွဳစစ္ေဆးခဲ့တဲ့ ရက္ရွ္ဖို႔ဒ္

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ပြဲစဥ္ေတြကေန ဇန္နဝါရီကတည္းက လြဲေခ်ာ္ေနခဲ့ရတဲ့ တုိက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္အေနနဲ႔ ေဘာလုံးသမားေတြအတြက္ အိမ္မွာ ေနထိုင္ခြဲျခားထားျခင္းကေန စတင္ေျဖေလွ်ာ့ေပးလုိက္ခ်ိန္မွာ အသင္းရဲ႕ ကာရင္တန္ေလ့က်င့္ေရးကြင္းကို သြားၿပီး စစ္ေဆးမွဳ ခံယူခဲ့ပါတယ္။

ရက္ရွ္ဖို႔ဒ္အေနနဲ႔ တနလၤာေန႔က အသင္းရဲ႕ ေလ့က်င့္ေရးကြင္းကို သြားေရာက္ၿပီး သူ႕ရဲ႕ ေက်ာဒဏ္ရာအတြက္ လိုအပ္တဲ့ စစ္ေဆးမွဳေတြ ျပဳလုပ္ၿပီး ကုသမွဳနဲ႔ ျပန္လည္ၾကံ့ခုိင္ေရးလုပ္ငန္းစဥ္ေတြ ေဆာင္ရြက္ခဲ့သလို အားကစားခန္းမတြင္းမွာလည္း ေလ့က်င့္မွဳေတြ ျပဳလုပ္ခဲ့ပါေသးတယ္။

အသင္းရဲ႕ ရာသီလက္က်န္ပြဲစဥ္ေတြနဲ႔ အဂၤလန္လက္ေရြးစင္အသင္းရဲ႕ ယူ႐ုိပြဲစဥ္ေတြကို လြဲေခ်ာ္ရမယ့္အျဖစ္ကေန ကိုဗစ္-၁၉ ေၾကာင့္ အက်ဳိးရွိခဲ့သူေတြထဲမွာ ဒီအသက္ ၂၂ ႏွစ္အရြယ္ တုိက္စစ္မွဴးလည္း ပါဝင္ေနၿပီး သက္သာေကာင္းမြန္ဖို႔ အခ်ိန္ပုိမို ရရွိႏုိင္ခဲ့တဲ့အတြက္ ပြဲအတြင္း ျပန္လည္ကစားႏိုင္ဖို႔ အသင္းဆရာဝန္ေတြနဲ႔ပါ ေဆြးေႏြးႏုိင္ခဲ့ၿပီလို႔ The Sun က ေဖာ္ျပခဲ့ပါတယ္။

ရက္ရွ္ဖို႔ဒ္အေနနဲ႔ ရရွိထားတဲ့ ေက်ာဒဏ္ရာဟာ ေက်ာ႐ိုးနဲ႔ပါ သက္ဆုိင္ေနတာေၾကာင့္ ကိုဗစ္-၁၉ ေၾကာင့္ အိမ္မွာ ေနေနခဲ့ရတဲ့ ၅ ပတ္ အတြင္းမွာ ေလ့က်င့္ခန္းေတြကို အကန္႔အသတ္နဲ႔ပဲ ျပဳလုပ္ခဲ့ရၿပီး လက္ရွိမွာေတာ့ ၾကံ့ခုိင္ေရးေလ့က်င့္ခန္းေတြကို အျပည့္အဝနီးပါး ကိရိယာေတြနဲ႔ ျပန္လည္လုပ္ေဆာင္ႏုိင္ၿပီလို႔ ဆုိပါတယ္။

နီးစပ္သူတစ္ဦးကေတာ့ ရက္ရွ္ဖို႔ဒ္အေနနဲ႔ ေလ့က်င့္ခဲ့သလုိ ကုသမွဳေတြလည္း ခံယူေနေၾကာင္း၊ သူ႕ရဲ႕အေနအထားက ေကာင္းမြန္လန္းဆန္းသလို စိတ္အားထက္သန္တဲ့ ပုံစံမွာလည္း ရွိေနၿပီး အလွည့္အေျပာင္းမ်ားတဲ့ ဒဏ္ရာေၾကာင့္ ခက္ခဲတဲ့ အေျခအေနေတြကို ျဖတ္ေက်ာ္ခဲ့ရမွဳကို အဆုံးသတ္ႏုိင္ေတာ့မွာျဖစ္ေၾကာင္း ေျပာၾကားသြားခဲ့တယ္လုိ႔ သိရွိရပါတယ္။

REF: DAILY MAIL & THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပွဲစဉ်တွေကနေ ဇန်နဝါရီကတည်းက လွဲချော်နေခဲ့ရတဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်အနေနဲ့ ဘောလုံးသမားတွေအတွက် အိမ်မှာ နေထိုင်ခွဲခြားထားခြင်းကနေ စတင်ဖြေလျှော့ပေးလိုက်ချိန်မှာ အသင်းရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းကို သွားပြီး စစ်ဆေးမှု ခံယူခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်အနေနဲ့ တနင်္လာနေ့က အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို သွားရောက်ပြီး သူ့ရဲ့ ကျောဒဏ်ရာအတွက် လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီး ကုသမှုနဲ့ ပြန်လည်ကြံ့ခိုင်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ခဲ့သလို အားကစားခန်းမတွင်းမှာလည်း လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

အသင်းရဲ့ ရာသီလက်ကျန်ပွဲစဉ်တွေနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ယူရိုပွဲစဉ်တွေကို လွဲချော်ရမယ့်အဖြစ်ကနေ ကိုဗစ်-၁၉ ကြောင့် အကျိုးရှိခဲ့သူတွေထဲမှာ ဒီအသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးလည်း ပါဝင်နေပြီး သက်သာကောင်းမွန်ဖို့ အချိန်ပိုမို ရရှိနိုင်ခဲ့တဲ့အတွက် ပွဲအတွင်း ပြန်လည်ကစားနိုင်ဖို့ အသင်းဆရာဝန်တွေနဲ့ပါ ဆွေးနွေးနိုင်ခဲ့ပြီလို့ The Sun က ဖော်ပြခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်အနေနဲ့ ရရှိထားတဲ့ ကျောဒဏ်ရာဟာ ကျောရိုးနဲ့ပါ သက်ဆိုင်နေတာကြောင့် ကိုဗစ်-၁၉ ကြောင့် အိမ်မှာ နေနေခဲ့ရတဲ့ ၅ ပတ် အတွင်းမှာ လေ့ကျင့်ခန်းတွေကို အကန့်အသတ်နဲ့ပဲ ပြုလုပ်ခဲ့ရပြီး လက်ရှိမှာတော့ ကြံ့ခိုင်ရေးလေ့ကျင့်ခန်းတွေကို အပြည့်အဝနီးပါး ကိရိယာတွေနဲ့ ပြန်လည်လုပ်ဆောင်နိုင်ပြီလို့ ဆိုပါတယ်။

နီးစပ်သူတစ်ဦးကတော့ ရက်ရှ်ဖို့ဒ်အနေနဲ့ လေ့ကျင့်ခဲ့သလို ကုသမှုတွေလည်း ခံယူနေကြောင်း၊ သူ့ရဲ့အနေအထားက ကောင်းမွန်လန်းဆန်းသလို စိတ်အားထက်သန်တဲ့ ပုံစံမှာလည်း ရှိနေပြီး အလှည့်အပြောင်းများတဲ့ ဒဏ်ရာကြောင့် ခက်ခဲတဲ့ အခြေအနေတွေကို ဖြတ်ကျော်ခဲ့ရမှုကို အဆုံးသတ်နိုင်တော့မှာဖြစ်ကြောင်း ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL & THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.