Other Leagues Premier League
ချဲလ်ဆီးအသင်းနဲ့ ခုကတည်းက ဆက်ဆံရေးကောင်းရှိနေပြီလို့ ဆိုခဲ့တဲ့ ဇီယက်ခ်ျ
ပြီးခဲ့တဲ့ မတ်လတုန်းက အိုင်းယက်စ်အသင်းကနေ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီထားခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဟာကင်မ် ဇီယက်ခ်ျက လက်ရှိအချိန်မှာကတည်းက သူနဲ့ အသင်းသစ်နဲ့ကြားမှာ ခိုင်မာတဲ့ ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်ပြီးပြီလို့ ခံစားမိနေကြောင်း ပြောကြားလိုက်ပါတယ်။
ဇီယက်ခ်ျက သူ့ကို ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖြစ်အောင် ဆွဲဆောင်နိုင်ခဲ့တာဟာ နည်းပြ ဖရန့် လမ်းပတ်ရဲ့ နည်းစနစ်ပိုင်းတွေကို သဘောကျမိလို့ဖြစ်ကြောင်းနဲ့ ဒါကပဲ သူတို့နှစ်ယောက်ကြားမှာ အလိုလို ရင်းနှီးနားလည်မှုကို ရရှိလိမ့်မယ်လို့ ထင်မိကြောင်း ပေါင် ၃၇ သန်းတန် ကစားသမားက ဆိုပါတယ်။
အသက် ၂၇ နှစ်အရွယ် မော်ရိုကိုလက်ရွေးစင်အနေနဲ့ ချဲလ်ဆီးအသင်းကို မထွက်ခွာခင် သူ့ရဲ့ အိုင်းယက်စ်အသင်းနဲ့ နောက်ဆုံးရာသီကို ချန်ပီယံဆုတွေနဲ့ ပိတ်သိမ်းခဲ့ချင်ပေမယ့် ဒတ်ခ်ျဘောလုံးအဖွဲ့ချုပ်နဲ့ အစိုးရတာဝန်ရှိသူတွေရဲ့ ဘောလုံးရာသီကို ပယ်ဖျက်မှုအတွက် ဒေါသထွက်နေပြီး ဒါတွေက အသင်းသစ်မှာ ပိုမိုခြေစွမ်းပြဖို့ တွန်းအားဖြစ်လာမလား စောင့်ကြည့်သွားရမှာပါ။
REF: DAILY MAIL
SPORTS A2Z.
UNICODE: ပြီးခဲ့တဲ့ မတ်လတုန်းက အိုင်းယက်စ်အသင်းကနေ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီထားခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဟာကင်မ် ဇီယက်ချ်က လက်ရှိအချိန်မှာကတည်းက သူနဲ့ အသင်းသစ်နဲ့ကြားမှာ ခိုင်မာတဲ့ ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်ပြီးပြီလို့ ခံစားမိနေကြောင်း ပြောကြားလိုက်ပါတယ်။
ဇီယက်ချ်က သူ့ကို ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖြစ်အောင် ဆွဲဆောင်နိုင်ခဲ့တာဟာ နည်းပြ ဖရန့် လမ်းပတ်ရဲ့ နည်းစနစ်ပိုင်းတွေကို သဘောကျမိလို့ဖြစ်ကြောင်းနဲ့ ဒါကပဲ သူတို့နှစ်ယောက်ကြားမှာ အလိုလို ရင်းနှီးနားလည်မှုကို ရရှိလိမ့်မယ်လို့ ထင်မိကြောင်း ပေါင် ၃၇ သန်းတန် ကစားသမားက ဆိုပါတယ်။
အသက် ၂၇ နှစ်အရွယ် မော်ရိုကိုလက်ရွေးစင်အနေနဲ့ ချဲလ်ဆီးအသင်းကို မထွက်ခွာခင် သူ့ရဲ့ အိုင်းယက်စ်အသင်းနဲ့ နောက်ဆုံးရာသီကို ချန်ပီယံဆုတွေနဲ့ ပိတ်သိမ်းခဲ့ချင်ပေမယ့် ဒတ်ချ်ဘောလုံးအဖွဲ့ချုပ်နဲ့ အစိုးရတာဝန်ရှိသူတွေရဲ့ ဘောလုံးရာသီကို ပယ်ဖျက်မှုအတွက် ဒေါသထွက်နေပြီး ဒါတွေက အသင်းသစ်မှာ ပိုမိုခြေစွမ်းပြဖို့ တွန်းအားဖြစ်လာမလား စောင့်ကြည့်သွားရမှာပါ။
“အခုတော့ အားလုံးအဆင်ပြေသွားပါပြီ။ ချဲလ်ဆီးအသင်းကလည်း ကြီးမားကောင်းမွန်တဲ့ အသင်းတစ်သင်းပါ။ ဒီအသင်းမှာ ခြေစွမ်းကောင်းတဲ့ လူငယ်တွေကို စုမိနေပြီး ဒါက ကျွန်တော် အိုင်းယက်စ်မှာ ကြုံခဲ့ရသလို အစုအဖွဲ့မျိုးဖြစ်လို့ အသားကျနေတဲ့ ပုံစံတစ်ခုအနေနဲ့ ကောင်းကောင်း ပူးပေါင်းလုပ်ဆောင်သွားနိုင်မယ်လို့ ထင်ပါတယ်”လို့ ဇီယက်ချ်က ဆိုပါတယ်။
“ချဲလ်ဆီးအသင်းရဲ့ နည်းပြဟာ တိုက်စစ်ကစားပုံကို ခုံမင်သူဖြစ်ပြီး ကစားပုံကောင်းကောင်းကို တည်ဆောက်တတ်သူပါ။ ဖရန့် လမ်းပတ်နဲ့ ကျွန်တော်တို့ဟာ တူညီတဲ့ အတွေးအခေါ်ရှိပြီး စကားပြောကြည့်ဖြစ်တော့ သူ့ရဲ့ တည်ငြိမ်အေးဆေးတဲ့ ပုံစံကို သဘောကျမိပါတယ်။ ကျွန်တော်တို့ကြားမှာ ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီလို့လည်း ခံစားရပါတယ်”လို့ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့လာနိုင်ခွင့် ရှိနေပြီဖြစ်တဲ့ ကစားသမားက ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။
REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.