Premier League Serie A Transfer News

ကူလီေဘလီကို စတင္ခ်ဥ္းကပ္ေနတဲ့ နယူးကာဆယ္လ္ယူႏုိက္တက္

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပ အိုလီဂန္နာ ဆိုးလ္ရွားရဲ႕ ပစ္မွတ္ျဖစ္ခဲ့ၿပီး ဘုတ္အဖြဲ႕က သေဘာမတူခဲ့လို႔ မနီးစပ္ႏိုင္ေတာ့တဲ့ နာပိုလီေနာက္ခံလူ ခါလီဒူး ကူလီေဘလီအတြက္ ပိုင္ရွင္သစ္ ေဆာ္ဒီလုပ္ငန္းစုလက္ထဲကို ေရာက္ရွိလာေတာ့မယ့္ နယူးကာဆယ္လ္ယူႏုိက္တက္က စတင္ခ်ဥ္းကပ္ေဆြးေႏြးေနၿပီျဖစ္ပါတယ္။

ေျပာင္းေရႊ႕ေၾကးအတြက္ကေတာ့ အသင္းကို တရားဝင္လက္လႊဲရယူမယ့္ ပုိင္ရွင္သစ္ေတြ ေရာက္ရွိလာမွ ျဖစ္ႏုိင္မွာျဖစ္ေပမယ့္ ကစားသမားအတြက္ ပုဂၢဳိလ္ေရးအခ်က္အလက္ေတြကိုေတာ့ စတင္ညႇိႏွဳိင္းေနခဲ့ၿပီး အသင္းပိုင္ရွင္ ေအာ္ရယ္လီယို ဒီေလာ္ရန္တစ္နဲ႔ အဆင္မေျပလို႔ အသင္းက ထြက္ခြာခ်င္ေနတဲ့သူအတြက္ေတာ့ စဥ္းစားစရာလည္းျဖစ္လာခဲ့ပါတယ္။

နယူးကာဆယ္လ္အသင္းအေနနဲ႔ ဒီအသက္ ၂၈ ႏွစ္အရြယ္ ဆီနီေဂါလက္ေရြးစင္အတြက္ တစ္ပတ္လုပ္ခ ေပါင္ႏွစ္သိန္းနဲ႔ တစ္ႏွစ္မွာ ေပါင္ ၁၀ သန္းခြဲ (ယူ႐ုိ ၁၂ သန္း)ရရွိမယ့္ စာခ်ဳပ္ကုိ ေပးအပ္သြားဖို႔ ကမ္းလွမ္းထားၿပီး မန္ခ်က္စတာယူႏုိက္တက္တုိ႔ စိတ္ျပန္မလည္ခင္ လက္ဦးမွဳ ရယူသြားဖို႔ စီစဥ္ေနတာလည္း ျဖစ္ပါတယ္။

နာပိုလီအသင္းအေနနဲ႔ေတာ့ ကူလီေဘလီအတြက္ ေပါင္သန္း ၇၀ ပတ္ဝန္းက်င္ ရရွိရင္ ေရာင္းထုတ္သြားဖို႔ ဆႏၵရွိေနတယ္လို႔ အီတလီက လာတဲ့ သတင္းေတြက ေဖာ္ျပထားခဲ့ၾကၿပီး မန္ခ်က္စတာစီးတီးအသင္းရဲ႕ တစ္စြန္းတစ္စ စိတ္ဝင္စားမွဳနဲ႔ေတာ့ ရင္ဆုိင္ရႏုိင္တယ္လုိ႔လည္း သိရပါတယ္။

ခံစစ္ပုိင္းကို အားျဖည့္ဖို႔ ျပင္ဆင္ေနတဲ့ မန္စီးတီးအသင္းအတြက္ေတာ့ လာမယ့္ ဇြန္လမွာ အသက္ ၂၉ ႏွစ္ျပည့္မယ္ဆုိတဲ့ အခ်က္အလက္ကေတာ့ ဦးစားေပးစာရင္းထဲက ဖယ္ထုတ္ခ်င္စရာအခ်က္ျဖစ္ေနၿပီး သူတုိ႔သာ မေႏွာင့္ယွက္ခဲ့ဘူးဆုိရင္ေတာ့ ပရီးမီးယားလိဂ္မွာ ကစားခ်င္ေနတဲ့ ကူလီေဘလီကို ပုိင္ရွင္သစ္လက္ထဲ တရားဝင္ေရာက္တာနဲ႔ နယူးကာဆယ္လ္တုိ႔ ေခၚယူႏုိင္ဖို႔ အခြင့္အေရးမ်ားသြားမွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အိုလီဂန်နာ ဆိုးလ်ရှားရဲ့ ပစ်မှတ်ဖြစ်ခဲ့ပြီး ဘုတ်အဖွဲ့က သဘောမတူခဲ့လို့ မနီးစပ်နိုင်တော့တဲ့ နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီအတွက် ပိုင်ရှင်သစ် ဆော်ဒီလုပ်ငန်းစုလက်ထဲကို ရောက်ရှိလာတော့မယ့် နယူးကာဆယ်လ်ယူနိုက်တက်က စတင်ချဉ်းကပ်ဆွေးနွေးနေပြီဖြစ်ပါတယ်။

ပြောင်းရွှေ့ကြေးအတွက်ကတော့ အသင်းကို တရားဝင်လက်လွှဲရယူမယ့် ပိုင်ရှင်သစ်တွေ ရောက်ရှိလာမှ ဖြစ်နိုင်မှာဖြစ်ပေမယ့် ကစားသမားအတွက် ပုဂ္ဂိုလ်ရေးအချက်အလက်တွေကိုတော့ စတင်ညှိနှိုင်းနေခဲ့ပြီး အသင်းပိုင်ရှင် အော်ရယ်လီယို ဒီလော်ရန်တစ်နဲ့ အဆင်မပြေလို့ အသင်းက ထွက်ခွာချင်နေတဲ့သူအတွက်တော့ စဉ်းစားစရာလည်းဖြစ်လာခဲ့ပါတယ်။

နယူးကာဆယ်လ်အသင်းအနေနဲ့ ဒီအသက် ၂၈ နှစ်အရွယ် ဆီနီဂေါလက်ရွေးစင်အတွက် တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းနဲ့ တစ်နှစ်မှာ ပေါင် ၁၀ သန်းခွဲ (ယူရို ၁၂ သန်း)ရရှိမယ့် စာချုပ်ကို ပေးအပ်သွားဖို့ ကမ်းလှမ်းထားပြီး မန်ချက်စတာယူနိုက်တက်တို့ စိတ်ပြန်မလည်ခင် လက်ဦးမှု ရယူသွားဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

နာပိုလီအသင်းအနေနဲ့တော့ ကူလီဘေလီအတွက် ပေါင်သန်း ၇၀ ပတ်ဝန်းကျင် ရရှိရင် ရောင်းထုတ်သွားဖို့ ဆန္ဒရှိနေတယ်လို့ အီတလီက လာတဲ့ သတင်းတွေက ဖော်ပြထားခဲ့ကြပြီး မန်ချက်စတာစီးတီးအသင်းရဲ့ တစ်စွန်းတစ်စ စိတ်ဝင်စားမှုနဲ့တော့ ရင်ဆိုင်ရနိုင်တယ်လို့လည်း သိရပါတယ်။

ခံစစ်ပိုင်းကို အားဖြည့်ဖို့ ပြင်ဆင်နေတဲ့ မန်စီးတီးအသင်းအတွက်တော့ လာမယ့် ဇွန်လမှာ အသက် ၂၉ နှစ်ပြည့်မယ်ဆိုတဲ့ အချက်အလက်ကတော့ ဦးစားပေးစာရင်းထဲက ဖယ်ထုတ်ချင်စရာအချက်ဖြစ်နေပြီး သူတို့သာ မနှောင့်ယှက်ခဲ့ဘူးဆိုရင်တော့ ပရီးမီးယားလိဂ်မှာ ကစားချင်နေတဲ့ ကူလီဘေလီကို ပိုင်ရှင်သစ်လက်ထဲ တရားဝင်ရောက်တာနဲ့ နယူးကာဆယ်လ်တို့ ခေါ်ယူနိုင်ဖို့ အခွင့်အရေးများသွားမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.