Premier League

ဖုန္းေတြ ဗီဒီယိုေကာလ္ေတြက အျပင္ေလာကနဲ႔ေတာ့ ဘယ္တူမလဲလို႔ ဖာနန္ဒင္ညဳိေျပာၾကား

မန္ခ်က္စတာစီးတီးအသင္းရဲ႕ လက္ေထာက္အသင္းေခါင္းေဆာင္ ဖာနန္ဒင္ညဳိက ကိုဗစ္-၁၉ ေၾကာင့္ အိမ္ေတြမွာ ခြဲျခားပိတ္ဆို႔ခံေနရတာဟာ ၿငီးေငြ႕စရာေကာင္းလြန္းေၾကာင္းနဲ႔ ဖုန္းေတြ၊ ဗီဒီယိုေကာလ္ေတြ ေခၚဆုိမွဳ ရွိေပမယ့္ တကယ္တမ္း လူလူခ်င္းဆက္ဆံရတဲ့ အျပင္ေလာကနဲ႔ေတာ့ မတူႏုိင္ေၾကာင္း ဝန္ခံေျပာၾကားလုိက္ပါတယ္။

အသက္ ၃၄ ႏွစ္အရြယ္ ကြင္းလယ္လူဟာ မန္ခ်က္စတာစီးတီးအသင္းအတြက္ အသက္အႀကီးဆုံးေတြထဲက တစ္ဦးျဖစ္သလို အေရးပါဆဲ ကစားသမားတစ္ဦးျဖစ္ၿပီး လာမယ့္ ေမလ ၄ ရက္ေန႔မွာ အသက္ ၃၅ ႏွစ္ျပည့္မွာျဖစ္ေပမယ့္ အိမ္ထဲမွာ ေနေနရတဲ့အတြက္ မေက်နပ္ေၾကာင္း ကေလးဆန္ဆန္ပဲ ေျပာၾကားလုိက္တာပါ။

“ဒီလိုပဲ တစ္ေယာက္နဲ႔ တစ္ေယာက္ တသီးတျခားနဲ႔ ေဝးေဝးေနရတာေပါ့ဗ်ာ။ ခြဲျခားခံထားရခ်ိန္မွာ ဖုန္းေတြ ဗီဒီယိုေကာလ္ေတြ လာေပမယ့္လည္း တကယ့္အျပင္နဲ႔ေတာ့ တူႏိုင္ပါ့မလား။ ႐ိုး႐ိုးသားသားဖြင့္ေျပာဖို႔ ခက္ခဲေပမယ့္ အားလုံး ေနတတ္ေအာင္ ေနေနၾကတာပါ”လို႔ ဖာနန္ဒင္ညဳိက ဆုိပါတယ္။

“တစ္ခါတစ္ခါ ေဘာလုံးနဲ႔ ၿခံထဲ ေလ့က်င့္လုိက္၊ အနားယူတဲ့အခါ ယူလုိက္ရွိေပမယ့္ ေန႔တုိင္းမွာ အျမဲတမ္းလုပ္ေဆာင္ေနရတဲ့ အရာေတြကေတာ့ ႀကံ့ခိုင္ေရး ေလ့က်င့္ခန္းေတြပါ။ အသင္းရဲ႕ ေလ့က်င့္ေရးဝန္ထမ္းေတြ၊ ကစားသမားေတြနဲ႔ ဗီဒီယိုေကာလ္ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးေနရၿပီး ဒါေတြဟာ လက္ရွိ ကၽြန္ေတာ္တုိ႔ရဲ႕ ခက္ခဲတဲ့ အခ်ိန္ေတြကို ျဖတ္သန္းေနရတဲ့ ပုံစံေပါ့ဗ်ာ”လို႔လည္း သူက ညည္းတြားခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းအတြက္ စုစုေပါင္း ၃၀၄ ပြဲကစားခဲ့ၿပီးျဖစ္တဲ့ ဖာနန္ဒင္ညဳိဟာ ဒီရာသီမွာေတာ့ ေျခစြမ္းေကာင္းမြန္ေပမယ့္လည္း ကိုယ္ပိုင္မွတ္တမ္းအရေတာ့ ကစားသမားဘဝမွာ ပထမဆုံး ဂိုးမရေသးတဲ့ ရာသီကို ျဖတ္သန္းေနရတာျဖစ္ၿပီး အသင္းပရိသတ္ေတြအေနနဲ႔ေတာ့ သူတုိ႔ရဲ႕ လက္ေထာက္အသင္းေခါင္းေဆာင္တစ္ေယာက္ ဂိုးရရွိေစဖို႔ ေမွ်ာ္လင့္ေနၾကမယ္လုိ႔ ယုံၾကည္ရေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းရဲ့ လက်ထောက်အသင်းခေါင်းဆောင် ဖာနန်ဒင်ညိုက ကိုဗစ်-၁၉ ကြောင့် အိမ်တွေမှာ ခွဲခြားပိတ်ဆို့ခံနေရတာဟာ ငြီးငွေ့စရာကောင်းလွန်းကြောင်းနဲ့ ဖုန်းတွေ၊ ဗီဒီယိုကောလ်တွေ ခေါ်ဆိုမှု ရှိပေမယ့် တကယ်တမ်း လူလူချင်းဆက်ဆံရတဲ့ အပြင်လောကနဲ့တော့ မတူနိုင်ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။

အသက် ၃၄ နှစ်အရွယ် ကွင်းလယ်လူဟာ မန်ချက်စတာစီးတီးအသင်းအတွက် အသက်အကြီးဆုံးတွေထဲက တစ်ဦးဖြစ်သလို အရေးပါဆဲ ကစားသမားတစ်ဦးဖြစ်ပြီး လာမယ့် မေလ ၄ ရက်နေ့မှာ အသက် ၃၅ နှစ်ပြည့်မှာဖြစ်ပေမယ့် အိမ်ထဲမှာ နေနေရတဲ့အတွက် မကျေနပ်ကြောင်း ကလေးဆန်ဆန်ပဲ ပြောကြားလိုက်တာပါ။

“ဒီလိုပဲ တစ်ယောက်နဲ့ တစ်ယောက် တသီးတခြားနဲ့ ဝေးဝေးနေရတာပေါ့ဗျာ။ ခွဲခြားခံထားရချိန်မှာ ဖုန်းတွေ ဗီဒီယိုကောလ်တွေ လာပေမယ့်လည်း တကယ့်အပြင်နဲ့တော့ တူနိုင်ပါ့မလား။ ရိုးရိုးသားသားဖွင့်ပြောဖို့ ခက်ခဲပေမယ့် အားလုံး နေတတ်အောင် နေနေကြတာပါ”လို့ ဖာနန်ဒင်ညိုက ဆိုပါတယ်။

“တစ်ခါတစ်ခါ ဘောလုံးနဲ့ ခြံထဲ လေ့ကျင့်လိုက်၊ အနားယူတဲ့အခါ ယူလိုက်ရှိပေမယ့် နေ့တိုင်းမှာ အမြဲတမ်းလုပ်ဆောင်နေရတဲ့ အရာတွေကတော့ ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေပါ။ အသင်းရဲ့ လေ့ကျင့်ရေးဝန်ထမ်းတွေ၊ ကစားသမားတွေနဲ့ ဗီဒီယိုကောလ်တွေနဲ့ တွေ့ဆုံဆွေးနွေးနေရပြီး ဒါတွေဟာ လက်ရှိ ကျွန်တော်တို့ရဲ့ ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းနေရတဲ့ ပုံစံပေါ့ဗျာ”လို့လည်း သူက ညည်းတွားခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းအတွက် စုစုပေါင်း ၃၀၄ ပွဲကစားခဲ့ပြီးဖြစ်တဲ့ ဖာနန်ဒင်ညိုဟာ ဒီရာသီမှာတော့ ခြေစွမ်းကောင်းမွန်ပေမယ့်လည်း ကိုယ်ပိုင်မှတ်တမ်းအရတော့ ကစားသမားဘဝမှာ ပထမဆုံး ဂိုးမရသေးတဲ့ ရာသီကို ဖြတ်သန်းနေရတာဖြစ်ပြီး အသင်းပရိသတ်တွေအနေနဲ့တော့ သူတို့ရဲ့ လက်ထောက်အသင်းခေါင်းဆောင်တစ်ယောက် ဂိုးရရှိစေဖို့ မျှော်လင့်နေကြမယ်လို့ ယုံကြည်ရကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.