Premier League

လက္စတာကေန ထြက္ခြာဖို႔မရွိဘူးလို႔ဆိုတဲ့ ကြင္းလယ္လူေၾကာင့္ အသင္းႀကီးေတြ စိတ္ပ်က္စရာျဖစ္လာ

တုိက္စစ္ဦးစားေပးၿပီး တစ္သင္းလုံးတက္ကစားတဲ့ အသင္းႀကီးေတြရဲ႕ ေခတ္မွာ အေရးအပါဆုံးေနရာမွာ ကစားေနတဲ့ လက္စတာအသင္းရဲ႕ ကြင္းလယ္လူ ဝီလ္ဖရက္ အန္ဒီဒီအေနနဲ႔ အသင္းကေန ထြက္ခြာဖို႔ လုံေလာက္တဲ့ အေၾကာင္း မရွိဘူးလို႔ ဆုိလာခဲ့လို႔ သူ႕ကို ေခၚယူလုိေနတဲ့သူေတြအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။

ဘရန္ဒန္ ေရာ့ဂ်ားစ္ရဲ႕ အသင္းမွာ အေရးပါတဲ့ ဆုံခ်က္တစ္ခုအျဖစ္ ခံစစ္ပုိင္းရဲ႕ေရွ႕က မားမားမတ္မတ္ ရပ္ေနတဲ့ အန္ဒီဒီပါဝင္တဲ့ အသင္းရဲ႕ စြမ္းေဆာင္ရည္နဲ႔ မပါဝင္ခ်ိန္ စြမ္းေဆာင္ရည္ကလည္း သိသိသာသာ ကြာျခားေနၿပီး ဒီႏုိင္ဂ်ီးရီးယားကြင္းလယ္လူကေတာ့ သူ႕အေနနဲ႔ လက္စတာကေန ထြက္ခြာဖို႔ ေဝးလြန္းေနေသးတယ္လို႔ ဆုိခဲ့တာပါ။

ဒီရာသီမွာ အသင္းအတြက္ ကစားေပးရင္း ဒူးဒဏ္ရာတစ္ႀကိမ္ ရခဲ့ေပမယ့္လည္း အသက္ ၂၃ ႏွစ္သားကေတာ့ ပြဲေပါင္း ၂၉ ပြဲအထိ ပါဝင္ ကစားေပးႏုိင္ခဲ့သလို သြင္းဂိုး ၂ ဂိုးနဲ႔ ဖန္တီးမွဳတစ္ႀကိမ္ ျပဳလုပ္ခဲ့ၿပီး အသင္းႀကီးအမ်ားစုရဲ႕ စိတ္ဝင္စားမွဳေတြကို သိမ္းပုိက္ႏုိင္ခဲ့သူလည္းျဖစ္ပါတယ္။

“ကၽြန္ေတာ္တုိ႔အသင္းက ေကာင္းေကာင္းကစားေနႏိုင္သလုိ ဒီမွာလည္း ေပ်ာ္ရႊင္ေနပါတယ္။ လက္စတာအသင္းနဲ႔ စာခ်ဳပ္ရွိေနၿပီး ေန႔တုိင္းမွာ ကၽြန္ေတာ့္အေနနဲ႔ တုိးတက္ေအာင္ သင္ယူေနခ်ိန္မွာ အသင္းကေန ထြက္ခြာဖို႔အတြက္ေတာ့ လုံေလာက္တဲ့အေၾကာင္း မရွိဘူးလုိ႔ ထင္ပါတယ္”လို႔ အန္ဒီဒီက ESPN ကို ေျပာပါတယ္။

၂၀၁၇ ခုႏွစ္က ဘယ္လ္ဂ်ီယံကလပ္ ဂ်န္႔ခ္အသင္းကေန ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၅ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ အန္ဒီဒီဟာ လက္စတာအသင္းနဲ႔ ပြဲေပါင္း ၁၃၀ ေက်ာ္ ကစားၿပီးခ်ိန္မွာ ဒီတန္ဖိုးထက္ ႏွစ္ဆမက တန္ေၾကးရွိေနၿပီျဖစ္ၿပီး လက္ရွိမွာ အသင္းနဲ႔ ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆုိထားေၾကာင္းလည္း သိရွိရပါတယ္။

REF: ESPN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: တိုက်စစ်ဦးစားပေးပြီး တစ်သင်းလုံးတက်ကစားတဲ့ အသင်းကြီးတွေရဲ့ ခေတ်မှာ အရေးအပါဆုံးနေရာမှာ ကစားနေတဲ့ လက်စတာအသင်းရဲ့ ကွင်းလယ်လူ ဝီလ်ဖရက် အန်ဒီဒီအနေနဲ့ အသင်းကနေ ထွက်ခွာဖို့ လုံလောက်တဲ့ အကြောင်း မရှိဘူးလို့ ဆိုလာခဲ့လို့ သူ့ကို ခေါ်ယူလိုနေတဲ့သူတွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

ဘရန်ဒန် ရော့ဂျားစ်ရဲ့ အသင်းမှာ အရေးပါတဲ့ ဆုံချက်တစ်ခုအဖြစ် ခံစစ်ပိုင်းရဲ့ရှေ့က မားမားမတ်မတ် ရပ်နေတဲ့ အန်ဒီဒီပါဝင်တဲ့ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ မပါဝင်ချိန် စွမ်းဆောင်ရည်ကလည်း သိသိသာသာ ကွာခြားနေပြီး ဒီနိုင်ဂျီးရီးယားကွင်းလယ်လူကတော့ သူ့အနေနဲ့ လက်စတာကနေ ထွက်ခွာဖို့ ဝေးလွန်းနေသေးတယ်လို့ ဆိုခဲ့တာပါ။

ဒီရာသီမှာ အသင်းအတွက် ကစားပေးရင်း ဒူးဒဏ်ရာတစ်ကြိမ် ရခဲ့ပေမယ့်လည်း အသက် ၂၃ နှစ်သားကတော့ ပွဲပေါင်း ၂၉ ပွဲအထိ ပါဝင် ကစားပေးနိုင်ခဲ့သလို သွင်းဂိုး ၂ ဂိုးနဲ့ ဖန်တီးမှုတစ်ကြိမ် ပြုလုပ်ခဲ့ပြီး အသင်းကြီးအများစုရဲ့ စိတ်ဝင်စားမှုတွေကို သိမ်းပိုက်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။

“ကျွန်တော်တို့အသင်းက ကောင်းကောင်းကစားနေနိုင်သလို ဒီမှာလည်း ပျော်ရွှင်နေပါတယ်။ လက်စတာအသင်းနဲ့ စာချုပ်ရှိနေပြီး နေ့တိုင်းမှာ ကျွန်တော့်အနေနဲ့ တိုးတက်အောင် သင်ယူနေချိန်မှာ အသင်းကနေ ထွက်ခွာဖို့အတွက်တော့ လုံလောက်တဲ့အကြောင်း မရှိဘူးလို့ ထင်ပါတယ်”လို့ အန်ဒီဒီက ESPN ကို ပြောပါတယ်။

၂၀၁၇ ခုနှစ်က ဘယ်လ်ဂျီယံကလပ် ဂျန့်ခ်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အန်ဒီဒီဟာ လက်စတာအသင်းနဲ့ ပွဲပေါင်း ၁၃၀ ကျော် ကစားပြီးချိန်မှာ ဒီတန်ဖိုးထက် နှစ်ဆမက တန်ကြေးရှိနေပြီဖြစ်ပြီး လက်ရှိမှာ အသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားကြောင်းလည်း သိရှိရပါတယ်။

REF: ESPN
PHOTOS CREDIT TO OWNERS
SPORTS A2Z.