Premier League

ကိုဗစ္-၁၉ ေၾကာင့္ လူမစုရ သတ္မွတ္ထားခ်ိန္မွာ ေဘာလုံးပြဲတစ္ပြဲရဲ႕ ပါဝင္သူေတြကို တြက္ခ်က္ျပ

ကိုဗစ္-၁၉ ကူးစက္ေရာဂါ ပ်ံ႕ႏွံ႔မွဳေၾကာင့္ ဥေရာပတစ္ခြင္က ေဘာလုံးပြဲေတြ ပိတ္သိမ္းထားရၿပီး နယ္သာလန္ႏုိင္ငံရဲ႕ အမွတ္ေပးၿပဳိင္ပြဲေတြကို ပယ္ဖ်က္ခဲ့ခ်ိန္မွာ ပရီးမီးယားလိဂ္ကေတာ့ ေဘာလုံးပြဲေတြ ျပန္စဖို႔ ျပင္ဆင္ေနခ်ိန္ျဖစ္ၿပီး ဒီအခ်ိန္မွာ ေဘာလုံးပြဲတစ္ပြဲအတြက္ လူအင္အားဘယ္ေလာက္ ပါဝင္လွဳပ္ရွားရမလဲဆုိတဲ့ တြက္ခ်က္မွဳ ေပၚထြက္လာခဲ့ပါတယ္။

အၾကမ္းဖ်ဥ္းတြက္ခ်က္မွဳေတြအရ ပရီးမီးယားလိဂ္ေဘာလုံးပြဲတစ္ပြဲမွာ ပါဝင္သူ အနည္းဆုံး ၃၀၀ ကေန ၅၀၀ အထိ ရွိႏုိင္ၿပီး ကလပ္အသင္းေတြအေနနဲ႔ ေသေသခ်ာခ်ာ စိစစ္ခြင့္ျပဳခဲ့ရင္ေတာင္မွ အသုံးျပဳရမယ့္ ကစားသမား၊ ဝန္ထမ္း၊ မီဒီယာနဲ႔ ႐ုပ္သံထုတ္လႊင့္သူ ပမာဏေတြက အရမ္းေတာ့ ေလွ်ာ့ခ်လို႔ မရႏုိင္တာပါ။

အေသးစိတ္တြက္ခ်က္မွဳေတြအရေတာ့ ပြဲတစ္ပြဲအတြက္ ႏွစ္ဖက္အသင္းကစားသမား ၄၀ ဦး၊ နည္းျပအဖြဲ႕နဲ႔ တာဝန္ရွိသူ ၃၂ ဦး အနည္းဆုံး ပါဝင္မွာျဖစ္သလို ပရီးမီးယားလိဂ္ရဲ႕ ပြဲႀကီးၾကပ္သူ ၃ ဦး၊ ဒိုင္အဖြဲ႕ဝင္နဲ႔ ဂိုးလုိင္းနည္းပညာ၊ VAR စုစုေပါင္း ၁၂ ဦး၊ ပြဲအတြက္ တာဝန္ရွိဝန္ထမ္း အနည္းဆုံး ၁၆ ဦးနဲ႔ မီဒီယာတာဝန္ရွိသူ အနည္းဆုံး ၁၃၀၊ အားလုံးေပါင္း ၂၃၀ နဲ႔ ထပ္မံပါဝင္လာႏုိင္သူေတြကို တြက္ခ်က္ရင္ လူ ၃၀၀ အထိ ရွိႏုိင္ပါတယ္။

အထက္က ပမာဏဟာ ပြဲေတြကို တိုက္႐ိုက္ထုတ္လႊင့္မွဳမျပဳေသးတဲ့ ကြင္းထဲက အေနအထားျဖစ္ၿပီး ႐ုပ္သံထုတ္လႊင့္သူေတြကိုပါ ထည့္သြင္းခဲ့မယ္ဆုိရင္ေတာ့ ေနာက္ထပ္ အနည္းဆုံး လူ ၁၀၀ ထပ္ေပါင္းရမွာျဖစ္သလို တင္ဆက္မယ့္သူေတြအားလုံးနဲ႔ဆိုရင္ လူ ၅၀၀ နီးပါး ရွိသြားမွာ ျဖစ္ေၾကာင္းလည္း ဆုိပါတယ္။

ဂ်ာမနီႏုိင္ငံမွာ လုပ္ေဆာင္ေနတဲ့ စည္းမ်ဥ္းျဖစ္တဲ့ သန္႔ရွင္းမွဳကို အာမခံႏုိင္တဲ့ ကြင္းႀကီးကြင္းေကာင္းေတြကိုပဲ အသုံးျပဳတဲ့ သတ္မွတ္ခ်က္ကို ပရီးမီးယားလိဂ္အေနနဲ႔လည္း လုိက္နာက်င့္သုံးသြားမွာျဖစ္ၿပီး ဂ်ာမန္ေတြကေတာ့ သူတုိ႔အေနနဲ႔ ပြဲေတြကို လူဦးေရအတိအက် ၃၂၂ ဦး အသုံးျပဳမယ္လို႔ လ်ာထားေနၿပီး အဂၤလိပ္ေတြဘက္ကေတာ့ ဘယ္လုိရွိမယ္ဆုိတာကို ေစာင့္ၾကည့္ရဦးမွာျဖစ္ေၾကာင္း ေဖာ္ျပေပးလိုက္ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ကိုဗစ်-၁၉ ကူးစက်ရောဂါ ပျံ့နှံ့မှုကြောင့် ဥရောပတစ်ခွင်က ဘောလုံးပွဲတွေ ပိတ်သိမ်းထားရပြီး နယ်သာလန်နိုင်ငံရဲ့ အမှတ်ပေးပြိုင်ပွဲတွေကို ပယ်ဖျက်ခဲ့ချိန်မှာ ပရီးမီးယားလိဂ်ကတော့ ဘောလုံးပွဲတွေ ပြန်စဖို့ ပြင်ဆင်နေချိန်ဖြစ်ပြီး ဒီအချိန်မှာ ဘောလုံးပွဲတစ်ပွဲအတွက် လူအင်အားဘယ်လောက် ပါဝင်လှုပ်ရှားရမလဲဆိုတဲ့ တွက်ချက်မှု ပေါ်ထွက်လာခဲ့ပါတယ်။

အကြမ်းဖျဉ်းတွက်ချက်မှုတွေအရ ပရီးမီးယားလိဂ်ဘောလုံးပွဲတစ်ပွဲမှာ ပါဝင်သူ အနည်းဆုံး ၃၀၀ ကနေ ၅၀၀ အထိ ရှိနိုင်ပြီး ကလပ်အသင်းတွေအနေနဲ့ သေသေချာချာ စိစစ်ခွင့်ပြုခဲ့ရင်တောင်မှ အသုံးပြုရမယ့် ကစားသမား၊ ဝန်ထမ်း၊ မီဒီယာနဲ့ ရုပ်သံထုတ်လွှင့်သူ ပမာဏတွေက အရမ်းတော့ လျှော့ချလို့ မရနိုင်တာပါ။

အသေးစိတ်တွက်ချက်မှုတွေအရတော့ ပွဲတစ်ပွဲအတွက် နှစ်ဖက်အသင်းကစားသမား ၄၀ ဦး၊ နည်းပြအဖွဲ့နဲ့ တာဝန်ရှိသူ ၃၂ ဦး အနည်းဆုံး ပါဝင်မှာဖြစ်သလို ပရီးမီးယားလိဂ်ရဲ့ ပွဲကြီးကြပ်သူ ၃ ဦး၊ ဒိုင်အဖွဲ့ဝင်နဲ့ ဂိုးလိုင်းနည်းပညာ၊ VAR စုစုပေါင်း ၁၂ ဦး၊ ပွဲအတွက် တာဝန်ရှိဝန်ထမ်း အနည်းဆုံး ၁၆ ဦးနဲ့ မီဒီယာတာဝန်ရှိသူ အနည်းဆုံး ၁၃၀၊ အားလုံးပေါင်း ၂၃၀ နဲ့ ထပ်မံပါဝင်လာနိုင်သူတွေကို တွက်ချက်ရင် လူ ၃၀၀ အထိ ရှိနိုင်ပါတယ်။

အထက်က ပမာဏဟာ ပွဲတွေကို တိုက်ရိုက်ထုတ်လွှင့်မှုမပြုသေးတဲ့ ကွင်းထဲက အနေအထားဖြစ်ပြီး ရုပ်သံထုတ်လွှင့်သူတွေကိုပါ ထည့်သွင်းခဲ့မယ်ဆိုရင်တော့ နောက်ထပ် အနည်းဆုံး လူ ၁၀၀ ထပ်ပေါင်းရမှာဖြစ်သလို တင်ဆက်မယ့်သူတွေအားလုံးနဲ့ဆိုရင် လူ ၅၀၀ နီးပါး ရှိသွားမှာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။

ဂျာမနီနိုင်ငံမှာ လုပ်ဆောင်နေတဲ့ စည်းမျဉ်းဖြစ်တဲ့ သန့်ရှင်းမှုကို အာမခံနိုင်တဲ့ ကွင်းကြီးကွင်းကောင်းတွေကိုပဲ အသုံးပြုတဲ့ သတ်မှတ်ချက်ကို ပရီးမီးယားလိဂ်အနေနဲ့လည်း လိုက်နာကျင့်သုံးသွားမှာဖြစ်ပြီး ဂျာမန်တွေကတော့ သူတို့အနေနဲ့ ပွဲတွေကို လူဦးရေအတိအကျ ၃၂၂ ဦး အသုံးပြုမယ်လို့ လျာထားနေပြီး အင်္ဂလိပ်တွေဘက်ကတော့ ဘယ်လိုရှိမယ်ဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.