Match Report Premier League

အသည်းခွဲ အကယ်ဒမီ အီဟန်နာချိုကြောင့် ကွန်မြူနတီဒိုင်းကို လက်လွှတ်ခဲ့ရတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးတို့အနေနဲ့ ဒီနေ့မှာလည်း သူတို့ရဲ့ ကွန်မြူနတီဒိုင်းမှာ သိပ်မကောင်းတဲ့ အစဉ်အလာကိုပဲ ထပ်မံတွေ့ကြုံခဲ့ရပြီး ၆ ကြိမ်သာ ရရှိထားတဲ့ မှတ်တမ်းကို ထပ်မံတိုးမြှင့်နိုင်ခြင်း မရှိခဲ့သလို အက်ဖ်အေဖလားပိုင်ရှင်ဘက်ခြမ်းကပဲ နောက်ပိုင်းနှစ်တွေမှာ ပိုမိုအနိုင်ရတဲ့ မှတ်တမ်းကလည်း နောက်တစ်ကြိမ် ထပ်မံခိုင်မာသွားခဲ့တာဖြစ်ပါတယ်။

တိုက်စစ်မှူးတွေ ပါဝင်နိုင်ခြင်း မရှိချိန်မှာ စီးတီးတို့အနေနဲ့ ရှေ့တန်းကို မာရက်ဇ်နဲ့ ဖယ်ရန် တောရက်စ်တို့ကို လူငယ်လေး အီဒိုဇီနဲ့ တွဲပေးခဲ့ပြီး ခံစစ်မှာ စီနီယာကစားသမားတွေအားလုံး ပါဝင်ခဲ့ပေမယ့် ကွင်းလယ်မှာ ပါးလ်မားနဲ့ ဖာနန်ဒင်ညိုတို့နှစ်ဦးက အသက်မျှထားချိန်မှာ ဖန်တီးမှုအတွက် ဂန်ဒိုးဝမ်ဆီက ဘောလုံးကိုပဲ မျှော်နေရပြီး ဒီဘရိုင်းနား၊ ဂျေဆူးစ်တို့ မပါနိုင်ခဲ့တာကလည်း သိသာခဲ့ပါတယ်။

လက်စတာကတော့ ခြေသလုံး အရိုးငယ်ကျိုးသွားတဲ့ ဖိုဖာနာကလွဲလို့ ပွဲထွက်နေကျ ကစားသမားတွေနဲ့ ခင်းကျင်းလာခဲ့ပြီး ကစားသမားသစ် ဘာထရန်က ဘယ်နောက်ခံမှာ ပွဲထွက်ခဲ့သလို အန်ဒီဒီနဲ့ တီးလီးမန်းစ်တို့ ကွင်းလယ်က အားနည်းသွားတဲ့ အမာတေရဲ့ ဗဟိုခံစစ်ကို ဖိအားလျှော့ချဖို့ လုပ်ဆောင်ပေးနိုင်ခဲ့တာပါ။

မန်စီးတီးတို့အနေနဲ့ ဘောလုံးကိုင်ပြီး ပွဲစကတည်းက ဖိကစားခဲ့ပေမယ့် Killer Pass တွေတော့ မဖန်တီးနိုင်ခဲ့ဘဲ လက်စတာရဲ့ တန်ပြန်တိုက်စစ် တွေက သူတို့ရဲ့ ရှေ့တက်ပြီး Overload လုပ်တဲ့ ခံစစ်သမားတွေကို ပြန်လည်ဖိအားပေးတာတွေနဲ့ ရင်ဆိုင်နေခဲ့ရသလို ဒီယက်စ်နဲ့ ဂိုးသမား စတက်ဖင်တို့ တည်ငြိမ်မှုကြောင့်သာ သက်သာနေခဲ့သလို အာကေကတော့ သာမန်အဆင့်ပဲရှိခဲ့ပါတယ်။

ပွဲချိန် ၇ မိနစ်မှာ ဂွန်ဒိုးဝမ်ရဲ့ ဖရီးကစ်က အတော်လေး ကောင်းမွန်တိကျခဲ့ပေမယ့် ရှမိုက်ကယ်က ဘားတန်းအောက်ကနေ လေထဲမှာ ဒိုင်ဗင်ပစ် ပုတ်ထုတ်သွားနိုင်ခဲ့လို့ စီးတီးတို့ အဖွင့်ဂိုးနဲ့ ဝေးခဲ့ရပြီး ဗာဒီရဲ့ ပြန်လည်ခြိမ်းခြောက်မှုကိုလည်း စတက်ဖင်က ပြန်လည်ကာကွယ်သွားနိုင်ခဲ့သလို ပထမပိုင်း ၂၃ မိနစ်မှာတော့ အယိုဇေ ပီရက်ဇ် အနီးကပ် ပိတ်သွင်းခဲ့ပေမယ့် ပျော့လွန်းခဲ့လို့ ဂိုးသမားဆီပဲ ရောက်သွားခဲ့ပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာ ဘန်းစ်ရဲ့ ထိုးဖောက်မှုကနေ ပြန်ထွက်လာတော့ ဘောလုံးကို ဗာဒီ အနီးကပ် ကန်ခွင့်ရပေမယ့် ဂိုးသမား ရင်ဘတ်တည့်တည့်ကို ခပ်သာသာပဲ ကန်မိခဲ့လို့ လက်စတာတို့ နစ်နာခဲ့ရပြီး စီးတီးဘယ်ခြမ်းက အီဒိုဇီကတော့ နုလွန်းသေးတာမို့ ရှမိုက်ကယ်တစ်ယောက် နဘယံ-ဘေးမရှိပဲ ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၄၅ မိနစ်မှာတော့ ဗာဒီရဲ့ လှည့်စားမှုနောက်ကို ပါသွားမိတဲ့ စတက်ဖင်က ဘယ်ဘက်ကို ဒိုက်ပစ်မိပေမယ့် သတိမလွတ်ခဲ့တာကြောင့် ဆန့်ကျင်ဘက်ဆီ ကန်တဲ့ ကန်ချက်ကို ကြုံသလို ကာကွယ်သွားနိုင်ခဲ့သလို ဂိုးတိုင်နဲ့ပါထိပြီး ပြန်ထွက်သွားတဲ့အတွက် လက်စတာတို့ရဲ့ လေးကြိမ်မြောက် ဂိုးပေါက်တည့်မှုကလည်း နစ်နာခဲ့ရပြီး ပထမပိုင်းမှာ ဂိုးမရှိ သရေကျနေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း အသည်းယားအောင်လုပ်နိုင်သူက လက်စတာတို့ပဲဖြစ်ခဲ့ပြီး စီးတီးကတော့ ဂိုးရှေ့မှာ အခွင့်အရေးတွေ ရှာဖွေနိုင်သူမျိုး မရှိခဲ့သလို တိုက်စစ်အတွက်ရော ဖန်တီးမှုတာဝန်ကပါ ဂွန်ဒိုးဝမ်ပဲ ဖြစ်နေခဲ့တာက ဂွါဒီယိုလာတစ်ယောက် ဟာရီကိန်းကို မရရင် မဖြစ်တော့ဘူးလို့ Presentation လုပ်ပြသလိုမျိုးလည်း ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ကျွံထွက်သွားတဲ့ ဘောလုံးကို မာရက်ဇ်က အသုံးမချနိုင်ခဲ့ဘဲ အန်ဒီဒီရဲ့ ဖိအားပေးဖျက်ထုတ်မှုနဲ့ပဲ အလဟဿဖြစ်ခဲ့ရသလို ဒီနောက်ပိုင်းမှာ တစ်ဖက်နဲ့ တစ်ဖက် အပိုင်အခွင့်အရေးတွေ မရှာဖွေနိုင်ဘဲ သာမန်သရုပ်ပြပွဲတစ်ပွဲပဲ ဖြစ်ခဲ့သလို လူစားတွေ မလဲခင်အချိန်အထိတော့ ပွဲရဲ့ Tempo က မျောနေခဲ့တာပါ။

ဒီနေ့ပွဲမှာ စီးတီးဘက်က ကစားသမားသစ် ဂရီးလစ်ရှ်ကို ပွဲချိန် ၆၅ မိနစ်မှာ လူစားလဲကစားခဲ့ပြီး ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗားတို့လို ပထမ ကစားသမားတွေ ဝင်လာခဲ့ပေမယ့် ထူးထူးခြားခြားတော့ ဖြစ်မလာခဲ့ဘဲ လက်စတာရဲ့ လူစားဝင် ဒါကာ၊ ဆူမာရေးနဲ့ အီဟန်နာချိုတို့ကတော့ ပုံစံကောင်းကို ပြသနေခဲ့သလို ရော့ဂျားစ်ရဲ့ တန်ပြန်တိုက်စစ်တွေအတွက် ပူစရာမလိုတဲ့ အင်အားတွေလည်း ဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၈၇ မိနစ်မှာတော့ ရိုဒရီ နောက်ပြန်ပေးတဲ့ ဘောလုံးကို ဂိုးသမားဆီ ပြန်ပေးဖို့ ကြာနေတဲ့ အာကေဆီက စီးတီးအကယ်ဒမီထွက် လူငယ် ကစားသမားဟောင်း အီဟန်နာချိုက လုယူခဲ့ရာမှာ ဘောလုံးပါသွားလို့ သွေးရူးသွေးတန်းဖျက်ထုတ်တဲ့ နယ်သာလန်သားရဲ့ အမှားကြောင့် ဒိုင်လူကြီး ပေါလ် တီယာနီက ပင်နယ်တီ သတ်မှတ်ပေးခဲ့တဲ့အပြင် စောဒကတက်တဲ့ ဖာနန်ဒင်ညိုကိုပါ အဝါကတ်ပြသွားခဲ့ပါတယ်။

ဒီပင်နယ်တီကိုတော့ ပွဲချိန် ၈၉ မိနစ်မှာ အီဟန်နာချိုကပဲ ကိုယ်တိုင်ကန်သွင်းရယူခဲ့ချိန်မှာ ဂိုးသမား စတက်ဖင်ရဲ့ ကာကွယ်ဖို့ ကြိုးစားမှုက ကောင်းခဲ့ပေမယ့် မဆိုစလောက်ကလေး နောက်ကျနေတာကြောင့် ဂိုးဝင်သွားခဲ့ပြီး ဒီပွဲရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးအဖြစ် အသင်းဟောင်းကို ပြန်လည် ထိုးနှက်သွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ လက်စတာတို့ တစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံခဲ့ပြီး ၁၉၇၁ ခုနှစ်မှာ တစ်ကြိမ်တည်းသာ ရယူခဲ့ဖူးတဲ့ ကွန်မြူနတီဒိုင်းကို ဒုတိယ အကြိမ် ရယူသွားနိုင်ခဲ့ပြီး မန်ချက်စတာစီးတီးတို့ကတော့ ကစားခွင့်ရတဲ့ ၁၃ ကြိမ်မှာ ၆ ကြိမ်သာ အနိုင်ရရှိခဲ့ပြီး ၇ ကြိမ်မြောက် ရှုံးပွဲနဲ့ ရာသီသစ်အတွက် ကန့်လန့်ကာအဖွင့်ပွဲစဉ်မှာ မျက်နှာပန်းလှနိုင်ခဲ့ခြင်းမရှိကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ ဒီေန႔မွာလည္း သူတို႔ရဲ႕ ကြန္ျမဴနတီဒိုင္းမွာ သိပ္မေကာင္းတဲ့ အစဥ္အလာကိုပဲ ထပ္မံေတြ႕ႀကဳံခဲ့ရၿပီး ၆ ႀကိမ္သာ ရရွိထားတဲ့ မွတ္တမ္းကို ထပ္မံတိုးျမႇင့္ႏိုင္ျခင္း မရွိခဲ့သလို အက္ဖ္ေအဖလားပိုင္ရွင္ဘက္ျခမ္းကပဲ ေနာက္ပိုင္းႏွစ္ေတြမွာ ပိုမိုအႏိုင္ရတဲ့ မွတ္တမ္းကလည္း ေနာက္တစ္ႀကိမ္ ထပ္မံခိုင္မာသြားခဲ့တာျဖစ္ပါတယ္။

တိုက္စစ္မႉးေတြ ပါဝင္ႏိုင္ျခင္း မရွိခ်ိန္မွာ စီးတီးတို႔အေနနဲ႔ ေရွ႕တန္းကို မာရက္ဇ္နဲ႔ ဖယ္ရန္ ေတာရက္စ္တို႔ကို လူငယ္ေလး အီဒိုဇီနဲ႔ တြဲေပးခဲ့ၿပီး ခံစစ္မွာ စီနီယာကစားသမားေတြအားလုံး ပါဝင္ခဲ့ေပမယ့္ ကြင္းလယ္မွာ ပါးလ္မားနဲ႔ ဖာနန္ဒင္ညိဳတို႔ႏွစ္ဦးက အသက္မွ်ထားခ်ိန္မွာ ဖန္တီးမႈအတြက္ ဂန္ဒိုးဝမ္ဆီက ေဘာလုံးကိုပဲ ေမွ်ာ္ေနရၿပီး ဒီဘ႐ိုင္းနား၊ ေဂ်ဆူးစ္တို႔ မပါႏိုင္ခဲ့တာကလည္း သိသာခဲ့ပါတယ္။

လက္စတာကေတာ့ ေျခသလုံး အ႐ိုးငယ္က်ိဳးသြားတဲ့ ဖိုဖာနာကလြဲလို႔ ပြဲထြက္ေနက် ကစားသမားေတြနဲ႔ ခင္းက်င္းလာခဲ့ၿပီး ကစားသမားသစ္ ဘာထရန္က ဘယ္ေနာက္ခံမွာ ပြဲထြက္ခဲ့သလို အန္ဒီဒီနဲ႔ တီးလီးမန္းစ္တို႔ ကြင္းလယ္က အားနည္းသြားတဲ့ အမာေတရဲ႕ ဗဟိုခံစစ္ကို ဖိအားေလွ်ာ့ခ်ဖို႔ လုပ္ေဆာင္ေပးႏိုင္ခဲ့တာပါ။

မန္စီးတီးတို႔အေနနဲ႔ ေဘာလုံးကိုင္ၿပီး ပြဲစကတည္းက ဖိကစားခဲ့ေပမယ့္ Killer Pass ေတြေတာ့ မဖန္တီးႏိုင္ခဲ့ဘဲ လက္စတာရဲ႕ တန္ျပန္တိုက္စစ္ ေတြက သူတို႔ရဲ႕ ေရွ႕တက္ၿပီး Overload လုပ္တဲ့ ခံစစ္သမားေတြကို ျပန္လည္ဖိအားေပးတာေတြနဲ႔ ရင္ဆိုင္ေနခဲ့ရသလို ဒီယက္စ္နဲ႔ ဂိုးသမား စတက္ဖင္တို႔ တည္ၿငိမ္မႈေၾကာင့္သာ သက္သာေနခဲ့သလို အာေကကေတာ့ သာမန္အဆင့္ပဲရွိခဲ့ပါတယ္။

ပြဲခ်ိန္ ၇ မိနစ္မွာ ဂြန္ဒိုးဝမ္ရဲ႕ ဖရီးကစ္က အေတာ္ေလး ေကာင္းမြန္တိက်ခဲ့ေပမယ့္ ရွမိုက္ကယ္က ဘားတန္းေအာက္ကေန ေလထဲမွာ ဒိုင္ဗင္ပစ္ ပုတ္ထုတ္သြားႏိုင္ခဲ့လို႔ စီးတီးတို႔ အဖြင့္ဂိုးနဲ႔ ေဝးခဲ့ရၿပီး ဗာဒီရဲ႕ ျပန္လည္ၿခိမ္းေျခာက္မႈကိုလည္း စတက္ဖင္က ျပန္လည္ကာကြယ္သြားႏိုင္ခဲ့သလို ပထမပိုင္း ၂၃ မိနစ္မွာေတာ့ အယိုေဇ ပီရက္ဇ္ အနီးကပ္ ပိတ္သြင္းခဲ့ေပမယ့္ ေပ်ာ့လြန္းခဲ့လို႔ ဂိုးသမားဆီပဲ ေရာက္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၂၄ မိနစ္မွာ ဘန္းစ္ရဲ႕ ထိုးေဖာက္မႈကေန ျပန္ထြက္လာေတာ့ ေဘာလုံးကို ဗာဒီ အနီးကပ္ ကန္ခြင့္ရေပမယ့္ ဂိုးသမား ရင္ဘတ္တည့္တည့္ကို ခပ္သာသာပဲ ကန္မိခဲ့လို႔ လက္စတာတို႔ နစ္နာခဲ့ရၿပီး စီးတီးဘယ္ျခမ္းက အီဒိုဇီကေတာ့ ႏုလြန္းေသးတာမို႔ ရွမိုက္ကယ္တစ္ေယာက္ နဘယံ-ေဘးမရွိပဲ ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ ဗာဒီရဲ႕ လွည့္စားမႈေနာက္ကို ပါသြားမိတဲ့ စတက္ဖင္က ဘယ္ဘက္ကို ဒိုက္ပစ္မိေပမယ့္ သတိမလြတ္ခဲ့တာေၾကာင့္ ဆန႔္က်င္ဘက္ဆီ ကန္တဲ့ ကန္ခ်က္ကို ႀကဳံသလို ကာကြယ္သြားႏိုင္ခဲ့သလို ဂိုးတိုင္နဲ႔ပါထိၿပီး ျပန္ထြက္သြားတဲ့အတြက္ လက္စတာတို႔ရဲ႕ ေလးႀကိမ္ေျမာက္ ဂိုးေပါက္တည့္မႈကလည္း နစ္နာခဲ့ရၿပီး ပထမပိုင္းမွာ ဂိုးမရွိ သေရက်ေနခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း အသည္းယားေအာင္လုပ္ႏိုင္သူက လက္စတာတို႔ပဲျဖစ္ခဲ့ၿပီး စီးတီးကေတာ့ ဂိုးေရွ႕မွာ အခြင့္အေရးေတြ ရွာေဖြႏိုင္သူမ်ိဳး မရွိခဲ့သလို တိုက္စစ္အတြက္ေရာ ဖန္တီးမႈတာဝန္ကပါ ဂြန္ဒိုးဝမ္ပဲ ျဖစ္ေနခဲ့တာက ဂြါဒီယိုလာတစ္ေယာက္ ဟာရီကိန္းကို မရရင္ မျဖစ္ေတာ့ဘူးလို႔ Presentation လုပ္ျပသလိုမ်ိဳးလည္း ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅၉ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ကြၽံထြက္သြားတဲ့ ေဘာလုံးကို မာရက္ဇ္က အသုံးမခ်ႏိုင္ခဲ့ဘဲ အန္ဒီဒီရဲ႕ ဖိအားေပးဖ်က္ထုတ္မႈနဲ႔ပဲ အလဟႆျဖစ္ခဲ့ရသလို ဒီေနာက္ပိုင္းမွာ တစ္ဖက္နဲ႔ တစ္ဖက္ အပိုင္အခြင့္အေရးေတြ မရွာေဖြႏိုင္ဘဲ သာမန္သ႐ုပ္ျပပြဲတစ္ပြဲပဲ ျဖစ္ခဲ့သလို လူစားေတြ မလဲခင္အခ်ိန္အထိေတာ့ ပြဲရဲ႕ Tempo က ေမ်ာေနခဲ့တာပါ။

ဒီေန႔ပြဲမွာ စီးတီးဘက္က ကစားသမားသစ္ ဂရီးလစ္ရွ္ကို ပြဲခ်ိန္ ၆၅ မိနစ္မွာ လူစားလဲကစားခဲ့ၿပီး ႐ိုဒရီ၊ ဘာနာဒို ေဆးလ္ဗားတို႔လို ပထမ ကစားသမားေတြ ဝင္လာခဲ့ေပမယ့္ ထူးထူးျခားျခားေတာ့ ျဖစ္မလာခဲ့ဘဲ လက္စတာရဲ႕ လူစားဝင္ ဒါကာ၊ ဆူမာေရးနဲ႔ အီဟန္နာခ်ိဳတို႔ကေတာ့ ပုံစံေကာင္းကို ျပသေနခဲ့သလို ေရာ့ဂ်ားစ္ရဲ႕ တန္ျပန္တိုက္စစ္ေတြအတြက္ ပူစရာမလိုတဲ့ အင္အားေတြလည္း ျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ ႐ိုဒရီ ေနာက္ျပန္ေပးတဲ့ ေဘာလုံးကို ဂိုးသမားဆီ ျပန္ေပးဖို႔ ၾကာေနတဲ့ အာေကဆီက စီးတီးအကယ္ဒမီထြက္ လူငယ္ ကစားသမားေဟာင္း အီဟန္နာခ်ိဳက လုယူခဲ့ရာမွာ ေဘာလုံးပါသြားလို႔ ေသြး႐ူးေသြးတန္းဖ်က္ထုတ္တဲ့ နယ္သာလန္သားရဲ႕ အမွားေၾကာင့္ ဒိုင္လူႀကီး ေပါလ္ တီယာနီက ပင္နယ္တီ သတ္မွတ္ေပးခဲ့တဲ့အျပင္ ေစာဒကတက္တဲ့ ဖာနန္ဒင္ညိဳကိုပါ အဝါကတ္ျပသြားခဲ့ပါတယ္။

ဒီပင္နယ္တီကိုေတာ့ ပြဲခ်ိန္ ၈၉ မိနစ္မွာ အီဟန္နာခ်ိဳကပဲ ကိုယ္တိုင္ကန္သြင္းရယူခဲ့ခ်ိန္မွာ ဂိုးသမား စတက္ဖင္ရဲ႕ ကာကြယ္ဖို႔ ႀကိဳးစားမႈက ေကာင္းခဲ့ေပမယ့္ မဆိုစေလာက္ကေလး ေနာက္က်ေနတာေၾကာင့္ ဂိုးဝင္သြားခဲ့ၿပီး ဒီပြဲရဲ႕ တစ္လုံးတည္းေသာ အႏိုင္ဂိုးအျဖစ္ အသင္းေဟာင္းကို ျပန္လည္ ထိုးႏွက္သြားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ လက္စတာတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံခဲ့ၿပီး ၁၉၇၁ ခုႏွစ္မွာ တစ္ႀကိမ္တည္းသာ ရယူခဲ့ဖူးတဲ့ ကြန္ျမဴနတီဒိုင္းကို ဒုတိယ အႀကိမ္ ရယူသြားႏိုင္ခဲ့ၿပီး မန္ခ်က္စတာစီးတီးတို႔ကေတာ့ ကစားခြင့္ရတဲ့ ၁၃ ႀကိမ္မွာ ၆ ႀကိမ္သာ အႏိုင္ရရွိခဲ့ၿပီး ၇ ႀကိမ္ေျမာက္ ရႈံးပြဲနဲ႔ ရာသီသစ္အတြက္ ကန႔္လန႔္ကာအဖြင့္ပြဲစဥ္မွာ မ်က္ႏွာပန္းလွႏိုင္ခဲ့ျခင္းမရွိေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.