Premier League Transfer News

လီဗာပူးလ်အားကစားဒါရိုက်တာ အက်ဒဝပ်ရဲ့ လျှို့ဝှက်အလိုရှိ ကစားသမားစာရင်း ပေါ်ထွက်လာ

လီဗာပူးလ်အသင်းရဲ့ အပြောင်းအရွှေ့တွေကို ဒိုင်ခံဆောင်ရွက်ပေးလေ့ရှိတဲ့ အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒ်ဝပ်ရဲ့ ဒီနွေရာသီအတွက် လျာထားတဲ့ ကစားသမားစာရင်း ပေါက်ကြားပေါ်ထွက်လာခဲ့တာကြောင့် သူတို့ရဲ့ အစီအစဉ်တွေကို အမြန်ဆုံးလုပ်ဆောင်သွားတော့မယ်လို့ ခန့်မှန်းနေကြပါတယ်။

ပြီးခဲ့တဲ့နှစ်က ဒဏ်ရာတွေကြောင့် ဘတ်လဘိုင်လိုက်သွားတဲ့ ခံစစ်လိုမျိုး ထပ်မဖြစ်ရအောင် ဒီနွေရာသီမှာ အီဘရာဟီမာ ကိုနာတေကို လက်သွက်သွက်နဲ့ ခေါ်ယူထားခဲ့တာကလွဲလို့ နောက်ထပ်ကစားသမား မခေါ်ယူနိုင်တာ လနဲ့ချီပြီး ကြာနေခဲ့ပြီဖြစ်တဲ့ လီဗာပူးလ်အသင်းအနေနဲ့ မရှိမဖြစ် အင်အားဖြည့်တင်းမှုအပြင် နောက်ထပ် အားဖြည့်ဖို့ အက်ဒ်ဝပ်က စီစဉ်ထားခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အသင်းရဲ့ လူအင်အားကို အားမရဘဲဖြစ်နေတဲ့ ဂျာမန် နည်းစနစ်မှူးကြီး ယာဂန် ကလော့ပ်ကို စိတ်ကျေနပ်စေဖို့ အသင်းကနေ ခေါ်ယူပေးရမယ့်သူက ကွင်းလယ်ကနေ တိုက်စစ်ကို လိုက်ပါပေးနိုင်မယ့်သူမျိုးနဲ့ တောင်ပံသမားမျိုးတွေပဲဖြစ်တယ်လို့ အားကစားဒါရိုက်တာရဲ့ အစီအစဉ်ကို Team Talk က ဖော်ပြလိုက်တာပါ။

သူတို့ရဲ့ ဦးစားပေးပစ်မှတ်ကတော့ လိုင်လီကွင်းလယ်လူ ရီနာတို ဆန်းချက်စ်ပဲဖြစ်ပြီး ယူရို ၃၅ သန်းနဲ့ ရရှိနိုင်တဲ့ ကစားသမားကို ခေါ်ယူဖို့အတွက် တခြားပြိုင်ဘက်အသင်းကြီးတွေရဲ့ အမြင်မှာ သွေးအေးချင်ယောင်ဆောင်နေတာဖြစ်သလို လက်ဦးမှု ရယူဖို့ထက် နောက်ကျမကျန်အောင်ပဲ လုပ်ဆောင်သွားမယ့် အခြေအနေရှိနေပါတယ်။

အက်ဒ်ဝပ်အနေနဲ့ ပြီးခဲ့တဲ့နှစ်က တိုက်စစ်မှူး ဒီယိုဂို ဂျိုတာကို ခေါ်ယူပေးခဲ့သလိုမျိုး Last Minute Deal တွေ လုပ်ဆောင်နိုင်ဖို့ ပလန်ချထားပြီး MSF တိုက်စစ်ရဲ့ ကျဆင်းလာမှုကို ထောက်ကန်ပေးဖို့နဲ့ ဆာလား၊ မာနေးတို့ အာဖရိကဖလား သွားကန်ချိန်မှာ လူစားထိုးစရာ အဆင်သင့်ရှိပြီး ဟန်မပျက် လည်ပတ်နိုင်ဖို့လည်း ရည်ရွယ်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဆောင်းရာသီတုန်းကလို နောက်ဆုံးအချိန်မှာ ကပ်ဖြုတ်ပြီးမှ ခေါ်ယူမှုအမှားဖြစ်ခဲ့သလို Panic Buy တွေလို့ လှောင်ပြောင်ခံခဲ့ရတဲ့ နောက်ခံလူနှစ်ဦးဖြစ်တဲ့ အိုဇန် ကာဘက်ခ်နဲ့ ဘန်ဒေးဗီးစ်တို့လိုမျိုး ဖြစ်မသွားအောင်တော့ သင်ခန်းစာယူရမှာဖြစ်ပြီး နောက်ထပ် ဂျိုတာတွေ ရောက်လာနိုင်ဖို့တော့ ပရိသတ်တွေ မျှော်လင့်ကြရမှာလည်းဖြစ်ပါတယ်။

ဒါကြောင့် လီဗာပူးလ်အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒ်ဝပ်အနေနဲ့ သူရောင်းထုတ်ရဦးမယ့် အိုရီဂီနဲ့ ရှာကျီရီတို့ကိုရော သူလုပ်နေကျ ပုံစံအတိုင်း များပြားတဲ့ အကျိုးအမြတ်နဲ့ ရောင်းထုတ်ပြီး ကစားသမားကောင်းတွေကို အပ်ချလောင်းဆို ပြန်လည်ခေါ်ယူနိုင်မလားတော့ စောင့်ကြည့်ရမှာဖြစ်သလို မာဆေးဆိုက်ပရိသတ်တွေနဲ့ နည်းပြ ကလော့ပ်တို့ကို နှစ်သိမ့်နိုင်မလား စိတ်ဝင်စားစရာဖြစ်လာခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းရဲ႕ အေျပာင္းအေ႐ႊ႕ေတြကို ဒိုင္ခံေဆာင္႐ြက္ေပးေလ့ရွိတဲ့ အားကစားဒါ႐ိုက္တာ မိုက္ကယ္ အက္ဒ္ဝပ္ရဲ႕ ဒီေႏြရာသီအတြက္ လ်ာထားတဲ့ ကစားသမားစာရင္း ေပါက္ၾကားေပၚထြက္လာခဲ့တာေၾကာင့္ သူတို႔ရဲ႕ အစီအစဥ္ေတြကို အျမန္ဆုံးလုပ္ေဆာင္သြားေတာ့မယ္လို႔ ခန႔္မွန္းေနၾကပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က ဒဏ္ရာေတြေၾကာင့္ ဘတ္လဘိုင္လိုက္သြားတဲ့ ခံစစ္လိုမ်ိဳး ထပ္မျဖစ္ရေအာင္ ဒီေႏြရာသီမွာ အီဘရာဟီမာ ကိုနာေတကို လက္သြက္သြက္နဲ႔ ေခၚယူထားခဲ့တာကလြဲလို႔ ေနာက္ထပ္ကစားသမား မေခၚယူႏိုင္တာ လနဲ႔ခ်ီၿပီး ၾကာေနခဲ့ၿပီျဖစ္တဲ့ လီဗာပူးလ္အသင္းအေနနဲ႔ မရွိမျဖစ္ အင္အားျဖည့္တင္းမႈအျပင္ ေနာက္ထပ္ အားျဖည့္ဖို႔ အက္ဒ္ဝပ္က စီစဥ္ထားခဲ့တယ္လို႔ ဆိုပါတယ္။

လက္ရွိမွာေတာ့ အသင္းရဲ႕ လူအင္အားကို အားမရဘဲျဖစ္ေနတဲ့ ဂ်ာမန္ နည္းစနစ္မႉးႀကီး ယာဂန္ ကေလာ့ပ္ကို စိတ္ေက်နပ္ေစဖို႔ အသင္းကေန ေခၚယူေပးရမယ့္သူက ကြင္းလယ္ကေန တိုက္စစ္ကို လိုက္ပါေပးႏိုင္မယ့္သူမ်ိဳးနဲ႔ ေတာင္ပံသမားမ်ိဳးေတြပဲျဖစ္တယ္လို႔ အားကစားဒါ႐ိုက္တာရဲ႕ အစီအစဥ္ကို Team Talk က ေဖာ္ျပလိုက္တာပါ။

သူတို႔ရဲ႕ ဦးစားေပးပစ္မွတ္ကေတာ့ လိုင္လီကြင္းလယ္လူ ရီနာတို ဆန္းခ်က္စ္ပဲျဖစ္ၿပီး ယူ႐ို ၃၅ သန္းနဲ႔ ရရွိႏိုင္တဲ့ ကစားသမားကို ေခၚယူဖို႔အတြက္ တျခားၿပိဳင္ဘက္အသင္းႀကီးေတြရဲ႕ အျမင္မွာ ေသြးေအးခ်င္ေယာင္ေဆာင္ေနတာျဖစ္သလို လက္ဦးမႈ ရယူဖို႔ထက္ ေနာက္က်မက်န္ေအာင္ပဲ လုပ္ေဆာင္သြားမယ့္ အေျခအေနရွိေနပါတယ္။

အက္ဒ္ဝပ္အေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္က တိုက္စစ္မႉး ဒီယိုဂို ဂ်ိဳတာကို ေခၚယူေပးခဲ့သလိုမ်ိဳး Last Minute Deal ေတြ လုပ္ေဆာင္ႏိုင္ဖို႔ ပလန္ခ်ထားၿပီး MSF တိုက္စစ္ရဲ႕ က်ဆင္းလာမႈကို ေထာက္ကန္ေပးဖို႔နဲ႔ ဆာလား၊ မာေနးတို႔ အာဖရိကဖလား သြားကန္ခ်ိန္မွာ လူစားထိုးစရာ အဆင္သင့္ရွိၿပီး ဟန္မပ်က္ လည္ပတ္ႏိုင္ဖို႔လည္း ရည္႐ြယ္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ ေဆာင္းရာသီတုန္းကလို ေနာက္ဆုံးအခ်ိန္မွာ ကပ္ျဖဳတ္ၿပီးမွ ေခၚယူမႈအမွားျဖစ္ခဲ့သလို Panic Buy ေတြလို႔ ေလွာင္ေျပာင္ခံခဲ့ရတဲ့ ေနာက္ခံလူႏွစ္ဦးျဖစ္တဲ့ အိုဇန္ ကာဘက္ခ္နဲ႔ ဘန္ေဒးဗီးစ္တို႔လိုမ်ိဳး ျဖစ္မသြားေအာင္ေတာ့ သင္ခန္းစာယူရမွာျဖစ္ၿပီး ေနာက္ထပ္ ဂ်ိဳတာေတြ ေရာက္လာႏိုင္ဖို႔ေတာ့ ပရိသတ္ေတြ ေမွ်ာ္လင့္ၾကရမွာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ လီဗာပူးလ္အားကစားဒါ႐ိုက္တာ မိုက္ကယ္ အက္ဒ္ဝပ္အေနနဲ႔ သူေရာင္းထုတ္ရဦးမယ့္ အိုရီဂီနဲ႔ ရွာက်ီရီတို႔ကိုေရာ သူလုပ္ေနက် ပုံစံအတိုင္း မ်ားျပားတဲ့ အက်ိဳးအျမတ္နဲ႔ ေရာင္းထုတ္ၿပီး ကစားသမားေကာင္းေတြကို အပ္ခ်ေလာင္းဆို ျပန္လည္ေခၚယူႏိုင္မလားေတာ့ ေစာင့္ၾကည့္ရမွာျဖစ္သလို မာေဆးဆိုက္ပရိသတ္ေတြနဲ႔ နည္းျပ ကေလာ့ပ္တို႔ကို ႏွစ္သိမ့္ႏိုင္မလား စိတ္ဝင္စားစရာျဖစ္လာခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.