Article Other Premier League

ချယ်လ်ဆီး EPLချန်ပီယံဖြစ်ဖို့ Superhuman နဲ့ခိုင်းနှိုင်းခံနေရတဲ့ ကွန်တေက အဓိကမျှော်လင့်ချက်ဖြစ်လာမှာလား

ချယ်လ်ဆီးအသင်းနဲ့ စပါးစ်တို့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ယှဥ်ပြိုင်ကစားခဲ့ပြီး ၂ ဂိုးစီသရေကျခဲ့တဲ့ ရာသီကြို ဒါဘီခြေစမ်းပွဲစဥ်မှာ ချယ်လ်ဆီးအသင်းရဲ့ကွင်းလယ်ဗဟိုချက်မှာ အသက်သွေးကြောတခုသဖွယ် ခြေစွမ်းပြသသွားခဲ့တဲ့ အန်ဂိုလို ကွန်တေအတွက် ချီးကျူးမှုတွေက အဆက်မပြတ်ရောက်ရှိလာနေပါတယ်။

ယူရိုပြိုင်ပွဲမှာ ခြေစွမ်းထက်လွန်းခဲ့သလို ပရီးမီးယားလိဂ်ပြန်မစခင်မှာလည်း သူ့ရဲ့အစွမ်းအစနဲ့ ကြိုးစားအားထုတ်မှုဟာ တစက်မှလျော့ကျသွားခြင်းမရှိကြောင်း အလုပ်နဲ့သက်သေပြခဲ့တဲ့ ကွန်တေဟာ အဲဒီပွဲမှာ ၄၅ မိနစ်သာ ဝင်ကစားခဲ့ပေမယ့် ကွင်းလယ်အင်ဂျင်တလုံးအဖြစ် သိသာထင်ရှားလွန်းခဲ့တာလည်း ဖြစ်ပါတယ်။

လူဖလံလေးဆိုပေမယ့် ‘ဇ’ ကတော့ ဘယ်တော့မှ မသေးနုပ်ခဲ့တဲ့ ကြွက်ကလေးဟာ ဟာကင်းမ် ဇီးယက်ရှ်ရဲ့ အဖွင့်ဂိုးမှာ သူ့ရဲ့ချိန်သားကိုဖျက်ထုတ်မှုကနေ ဘောလုံးဆင်ပေးသွားခဲ့တာဖြစ်ပြီး ပွဲကစားချိန်တလျှောက် ကွင်းနေရာအနှံ့ကို ဘောလုံးခင်းပေးပို့မှုတွေ ပြုလုပ်ပြီး မြက်ခင်းထဲမှာ တလက်မ,မကျန်ပြေးလွှားနေခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒီထက်ပိုခဲ့တာကတော့ ကွန်တေဆီမှာ အရင်က ရှားပါးခဲ့တဲ့ ကစားကွက်ဖန်တီးရှင်နေရာကိုလည်း ပီပီပြင်ပြင်တာဝန်ကျေသွားခဲ့တာဖြစ်ပြီး ဒယ်လီ အလီနဲ့ ဆွန်ဟောင်မင်တို့ကတော့ အသက် ၃၀ အရွယ် ပြင်သစ်သားရဲ့ ဖိအားပေးမှုအောက်မှာ လှုပ်မရခဲ့ဘဲ ‘ဘောလုံးမကစားတတ်တဲ့ ဖားသူငယ်လေးတွေ’ လို ပြုမူဆက်ဆံခံသွားခဲ့ရတာပဲဖြစ်ပါတယ်။

အဲဒီပွဲက ကွန်တေရဲ့ ပိုင်နိုင်လွန်းတဲ့ ကစားပုံဟာ လူမှုကွန်ရက်မှာ ပလူပျံသွားခဲ့တာကိုလည်း မဖြစ်မနေထည့်ပြောရမှာဖြစ်သလို ချန်ပီယံလိဂ်ဖလားကိုရယူအပြီးမှာ ချယ်လ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်ရဲ့ နောက်ထပ်ပစ်မှတ်ဖြစ်တဲ့ ပရီးမီးယားလိဂ်ဖလားကို ထပ်ယူဖို့ ကွန်တေအားကိုးနဲ့ ခြေစွာနိုင်တော့မယ်လို့လည်း ပရိသတ်တွေက ယုံကြည်နေကြတာပါ။

” ကွန်တေရဲ့ ကစားကွက်ဖန်တီးနိုင်စွမ်းကတော့ တကယ့်ကို အံ့မခန်းပဲ။ အရင်က လူတွေသတိမထားမိခဲ့တဲ့ သူ့ရဲ့ကျွမ်းကျင်မှုကို ထုတ်ပြနေပါပြီ” လို့ ပရိသတ်တဦးက မှတ်ချက်ရေးသားသွားခဲ့သလို နောက်ထပ်တဦးကလည်း “ကွင်းလယ်ခံစစ်ကစားတဲ့နေရာမှာ ကွန်တေဟာ ပြိုင်ဘက်မရှိတဲ့ မက်ဆီလို ကစားသမားပါ” လို့ ရေးသားဂုဏ်ပြုသွားခဲ့တာပါ။

နောက်ထပ်မှတ်မှတ်သားသား​ပြောဆိုမှုကတော့ “ရာသီကြိုခြေစမ်းပွဲလာလာ၊ ခမ်းနားလှတဲ့ ဗိုလ်လုပွဲကြီးပဲလာလာ ကွန်တေကတော့ ချွေးတစက်ပဲကျန်တဲ့အထိ မခိုမကပ်ဘဲ ကစားပြနေဦးမှာပါ” ဆိုတဲ့ ချီးကျူးမှုက ကြွက်ကလေးရဲ့ စရိုက်လက္ခဏာကို အပေါ်လွင်ဆုံး ဖော်ကျုးသွားခဲ့သလို ချယ်လ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ ပရီးမီးယားလိဂ်ရာသီသစ်ကို ရင်ဆိုင်ပြီး ချန်ပီယံဆုကို စိန်ခေါ်ရာမှာ ကွန်တေလို စစ်သူကြီးတယောက်ကို ပိုင်ဆိုင်ထားလို့ အားငယ်စရာလုံးဝ​မရှိတော့ဘူးလို့ ထောက်ခံသွားခဲ့ကြတာကိုလည်း တွေ့မြင်ခဲ့ရကြောင်း တင်ဆက်ပေးပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ခ်ယ္လ္ဆီးအသင္းနဲ႔ စပါးစ္တို႔ စတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ၂ ဂိုးစီသေရက်ခဲ့တဲ့ ရာသီႀကိဳ ဒါဘီေျခစမ္းပြဲစဥ္မွာ ခ်ယ္လ္ဆီးအသင္းရဲ႕ကြင္းလယ္ဗဟိုခ်က္မွာ အသက္ေသြးေၾကာတခုသဖြယ္ ေျခစြမ္းျပသသြားခဲ့တဲ့ အန္ဂိုလို ကြန္ေတအတြက္ ခ်ီးက်ဴးမႈေတြက အဆက္မျပတ္ေရာက္ရွိလာေနပါတယ္။

ယူ႐ိုၿပိဳင္ပြဲမွာ ေျခစြမ္းထက္လြန္းခဲ့သလို ပရီးမီးယားလိဂ္ျပန္မစခင္မွာလည္း သူ႔ရဲ႕အစြမ္းအစနဲ႔ ႀကိဳးစားအားထုတ္မႈဟာ တစက္မွေလ်ာ့က်သြားျခင္းမရွိေၾကာင္း အလုပ္နဲ႔သက္ေသျပခဲ့တဲ့ ကြန္ေတဟာ အဲဒီပြဲမွာ ၄၅ မိနစ္သာ ဝင္ကစားခဲ့ေပမယ့္ ကြင္းလယ္အင္ဂ်င္တလုံးအျဖစ္ သိသာထင္ရွားလြန္းခဲ့တာလည္း ျဖစ္ပါတယ္။

လူဖလံေလးဆိုေပမယ့္ ‘ဇ’ ကေတာ့ ဘယ္ေတာ့မွ မေသးႏုပ္ခဲ့တဲ့ ႂကြက္ကေလးဟာ ဟာကင္းမ္ ဇီးယက္ရွ္ရဲ႕ အဖြင့္ဂိုးမွာ သူ႔ရဲ႕ခ်ိန္သားကိုဖ်က္ထုတ္မႈကေန ေဘာလုံးဆင္ေပးသြားခဲ့တာျဖစ္ၿပီး ပြဲကစားခ်ိန္တေလွ်ာက္ ကြင္းေနရာအႏွံ႔ကို ေဘာလုံးခင္းေပးပို႔မႈေတြ ျပဳလုပ္ၿပီး ျမက္ခင္းထဲမွာ တလက္မ,မက်န္ေျပးလႊားေနခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ဒီထက္ပိုခဲ့တာကေတာ့ ကြန္ေတဆီမွာ အရင္က ရွားပါးခဲ့တဲ့ ကစားကြက္ဖန္တီးရွင္ေနရာကိုလည္း ပီပီျပင္ျပင္တာဝန္ေက်သြားခဲ့တာျဖစ္ၿပီး ဒယ္လီ အလီနဲ႔ ဆြန္ေဟာင္မင္တို႔ကေတာ့ အသက္ ၃၀ အ႐ြယ္ ျပင္သစ္သားရဲ႕ ဖိအားေပးမႈေအာက္မွာ လႈပ္မရခဲ့ဘဲ ‘ေဘာလုံးမကစားတတ္တဲ့ ဖားသူငယ္ေလးေတြ’ လို ျပဳမူဆက္ဆံခံသြားခဲ့ရတာပဲျဖစ္ပါတယ္။

အဲဒီပြဲက ကြန္ေတရဲ႕ ပိုင္ႏိုင္လြန္းတဲ့ ကစားပုံဟာ လူမႈကြန္ရက္မွာ ပလူပ်ံသြားခဲ့တာကိုလည္း မျဖစ္မေနထည့္ေျပာရမွာျဖစ္သလို ခ်န္ပီယံလိဂ္ဖလားကိုရယူအၿပီးမွာ ခ်ယ္လ္ဆီးအသင္းပိုင္ရွင္ ႐ိုမန္ ေအဘရာမိုဗစ္ခ်္ရဲ႕ ေနာက္ထပ္ပစ္မွတ္ျဖစ္တဲ့ ပရီးမီးယားလိဂ္ဖလားကို ထပ္ယူဖို႔ ကြန္ေတအားကိုးနဲ႔ ေျခစြာႏိုင္ေတာ့မယ္လို႔လည္း ပရိသတ္ေတြက ယုံၾကည္ေနၾကတာပါ။

” ကြန္ေတရဲ႕ ကစားကြက္ဖန္တီးႏိုင္စြမ္းကေတာ့ တကယ့္ကို အံ့မခန္းပဲ။ အရင္က လူေတြသတိမထားမိခဲ့တဲ့ သူ႔ရဲ႕ကြၽမ္းက်င္မႈကို ထုတ္ျပေနပါၿပီ” လို႔ ပရိသတ္တဦးက မွတ္ခ်က္ေရးသားသြားခဲ့သလို ေနာက္ထပ္တဦးကလည္း “ကြင္းလယ္ခံစစ္ကစားတဲ့ေနရာမွာ ကြန္ေတဟာ ၿပိဳင္ဘက္မရွိတဲ့ မက္ဆီလို ကစားသမားပါ” လို႔ ေရးသားဂုဏ္ျပဳသြားခဲ့တာပါ။

ေနာက္ထပ္မွတ္မွတ္သားသား​ေျပာဆိုမႈကေတာ့ “ရာသီႀကိဳေျခစမ္းပြဲလာလာ၊ ခမ္းနားလွတဲ့ ဗိုလ္လုပြဲႀကီးပဲလာလာ ကြန္ေတကေတာ့ ေခြၽးတစက္ပဲက်န္တဲ့အထိ မခိုမကပ္ဘဲ ကစားျပေနဦးမွာပါ” ဆိုတဲ့ ခ်ီးက်ဴးမႈက ႂကြက္ကေလးရဲ႕ စ႐ိုက္လကၡဏာကို အေပၚလြင္ဆုံး ေဖာ္က်ဳးသြားခဲ့သလို ခ်ယ္လ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ ပရီးမီးယားလိဂ္ရာသီသစ္ကို ရင္ဆိုင္ၿပီး ခ်န္ပီယံဆုကို စိန္ေခၚရာမွာ ကြန္ေတလို စစ္သူႀကီးတေယာက္ကို ပိုင္ဆိုင္ထားလို႔ အားငယ္စရာလုံးဝ​မရွိေတာ့ဘူးလို႔ ေထာက္ခံသြားခဲ့ၾကတာကိုလည္း ေတြ႕ျမင္ခဲ့ရေၾကာင္း တင္ဆက္ေပးပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.