Bundesliga Premier League

အာဆင္နယ္လူငယ္ေတာင္ပံကစားသမားကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ ေဒါ့မြန္

ဘြန္ဒက္စ္လီဂါကလပ္ ေဒါ့မြန္အသင္းအေနနဲ႔ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း မတုိးရေသးတဲ့ လူငယ္ကစားသမား ဘူကာယို ဆာကာကို အခြင့္အေရးရတာနဲ႔ ေခၚယူသြားဖို႔ ပစ္မွတ္ထားေစာင့္ၾကည့္ေနၿပီး အဂၤလိပ္လူငယ္ေတြကို ေလ့က်င့္ပ်ဳိးေထာင္ၿပီး ျပန္လည္ေရာင္းခ်လိုေနတဲ့ ပုံစံမ်ဳိးကို ရည္ရြယ္ေနပါတယ္။

အာဆင္နယ္အသင္းရဲ႕ ဘယ္ျခမ္းတစ္ေလွ်ာက္မွာ ေနရာစုံကစားႏုိင္တဲ့ အသက္ ၁၈ ႏွစ္အရြယ္ လူငယ္ကစားသမားဟာ ဒီရာသီမွာ ပြဲ ၃၀ နီးပါး ကစားခြင့္ရထားသလို အသင္းရဲ႕ ဖန္တီးမွဳအျမင့္မားဆုံးကစားသမားလည္းျဖစ္ေနၿပီး ဘယ္ေနာက္ခံလူေတြ ဒဏ္ရာရေနခ်ိန္မွာ သူ႕ရဲ႕ ပုံမွန္မဟုတ္တဲ့ေနရာကို ဆင္းကစားရင္း ေျခစြမ္းျပေနတာပါ။

လက္ရွိမွာ တစ္ပတ္လုပ္ခ ေပါင္ ၅၀၀၀ သာ ရရွိေနတယ္လို႔ သတင္းေတြက ေဖာ္ျပထားတဲ့ ေက်ာနံပါတ္ ၇၇ ပုိင္ရွင္ ဆာကာဟာ အသင္းနဲ႔အတူ ၂၀၂၁ ခုႏွစ္အထိသာ စာခ်ဳပ္ရွိေနၿပီး လာမယ့္ေႏြရာသီမွာ ေဈးေပါေပါနဲ႔ ရရွိႏုိင္ဖို႔ ရွိေနတဲ့အတြက္ ဒါကို အသုံးခ်ၿပီး စည္း႐ုံးသြားဖို႔ ေစာင့္ၾကည့္ေနတဲ့ အသင္းေတြလည္း မ်ားျပားေနခဲ့ပါတယ္။

ေဂ်ဒန္ ဆန္ခ်ဳိကို ေခၚယူၿပီး အဂၤလန္ကစားသမားေတြနဲ႔ အဂၤလန္ကလပ္ေတြဆီက ကုန္ၾကမ္းယူၿပီး ကုန္ေခ်ာျပန္ေရာင္းလို႔ရတဲ့ အရသာကို ေကာင္းေကာင္းသိေနၿပီျဖစ္တဲ့ ေဒါ့မြန္ကေတာ့ ဒီအခ်ိန္မွာ ၾကားဝင္လာခဲ့တာျဖစ္ၿပီး လာမယ့္ရာသီမွာ ဘာမင္ဂမ္ရဲ႕ ဂ်ဳဒ္ ဘယ္လင္ဂမ္နဲ႔အတူ ဆာကာကို ေခၚယူသြားဖို႔ စီစဥ္ေနတာလည္းျဖစ္ပါတယ္။

အာဆင္နယ္ပရိသတ္ေတြအတြက္ေတာ့ ဒါဟာ ရန္စမွဳတစ္ခုလို႔ ရွဳျမင္ေနၾကၿပီး ကစားသမားေကာင္းေတြကို ထိန္းသိမ္းထားႏုိင္ျခင္းမရွိတဲ့ တာဝန္ရွိသူေတြအေနနဲ႔ ပရိသတ္အခ်စ္ေတာ္ လူငယ္တစ္ဦးကိုပါ လက္လႊတ္ရမယ္ဆုိရင္ေတာ့ သူတုိ႔ေတြရဲ႕ ေထာက္ခံမွဳက သုညနီးပါး က်ဆင္းသြားဖို႔ပဲ ရွိေနၿပီး ဖိအားေပးမွဳေတြလည္း ရွိေနခဲ့ၿပီလုိ႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းအနေနဲ့ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း မတိုးရသေးတဲ့ လူငယ်ကစားသမား ဘူကာယို ဆာကာကို အခွင့်အရေးရတာနဲ့ ခေါ်ယူသွားဖို့ ပစ်မှတ်ထားစောင့်ကြည့်နေပြီး အင်္ဂလိပ်လူငယ်တွေကို လေ့ကျင့်ပျိုးထောင်ပြီး ပြန်လည်ရောင်းချလိုနေတဲ့ ပုံစံမျိုးကို ရည်ရွယ်နေပါတယ်။

အာဆင်နယ်အသင်းရဲ့ ဘယ်ခြမ်းတစ်လျှောက်မှာ နေရာစုံကစားနိုင်တဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်ကစားသမားဟာ ဒီရာသီမှာ ပွဲ ၃၀ နီးပါး ကစားခွင့်ရထားသလို အသင်းရဲ့ ဖန်တီးမှုအမြင့်မားဆုံးကစားသမားလည်းဖြစ်နေပြီး ဘယ်နောက်ခံလူတွေ ဒဏ်ရာရနေချိန်မှာ သူ့ရဲ့ ပုံမှန်မဟုတ်တဲ့နေရာကို ဆင်းကစားရင်း ခြေစွမ်းပြနေတာပါ။

လက်ရှိမှာ တစ်ပတ်လုပ်ခ ပေါင် ၅၀၀၀ သာ ရရှိနေတယ်လို့ သတင်းတွေက ဖော်ပြထားတဲ့ ကျောနံပါတ် ၇၇ ပိုင်ရှင် ဆာကာဟာ အသင်းနဲ့အတူ ၂၀၂၁ ခုနှစ်အထိသာ စာချုပ်ရှိနေပြီး လာမယ့်နွေရာသီမှာ ဈေးပေါပေါနဲ့ ရရှိနိုင်ဖို့ ရှိနေတဲ့အတွက် ဒါကို အသုံးချပြီး စည်းရုံးသွားဖို့ စောင့်ကြည့်နေတဲ့ အသင်းတွေလည်း များပြားနေခဲ့ပါတယ်။

ဂျေဒန် ဆန်ချိုကို ခေါ်ယူပြီး အင်္ဂလန်ကစားသမားတွေနဲ့ အင်္ဂလန်ကလပ်တွေဆီက ကုန်ကြမ်းယူပြီး ကုန်ချောပြန်ရောင်းလို့ရတဲ့ အရသာကို ကောင်းကောင်းသိနေပြီဖြစ်တဲ့ ဒေါ့မွန်ကတော့ ဒီအချိန်မှာ ကြားဝင်လာခဲ့တာဖြစ်ပြီး လာမယ့်ရာသီမှာ ဘာမင်ဂမ်ရဲ့ ဂျုဒ် ဘယ်လင်ဂမ်နဲ့အတူ ဆာကာကို ခေါ်ယူသွားဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်တွေအတွက်တော့ ဒါဟာ ရန်စမှုတစ်ခုလို့ ရှုမြင်နေကြပြီး ကစားသမားကောင်းတွေကို ထိန်းသိမ်းထားနိုင်ခြင်းမရှိတဲ့ တာဝန်ရှိသူတွေအနေနဲ့ ပရိသတ်အချစ်တော် လူငယ်တစ်ဦးကိုပါ လက်လွှတ်ရမယ်ဆိုရင်တော့ သူတို့တွေရဲ့ ထောက်ခံမှုက သုညနီးပါး ကျဆင်းသွားဖို့ပဲ ရှိနေပြီး ဖိအားပေးမှုတွေလည်း ရှိနေခဲ့ပြီလို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.