Premier League

၂၇.၄.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ကဆုန္လဆန္း ၆ ရက္၊ တနလၤာေန႔။

၂၇.၄.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ကဆုန္လဆန္း ၆ ရက္၊ တနလၤာေန႔၊ သမားညဳိ၊ သမားျဖဴ၊ မဟာရက္ၾကမ္း။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ညေန ၁၅:၂၉ အထိ တိထီ ၄ လုံး။ ေက်ာ္လွ်င္ ၅ လုံး။ ၅ လုံးတြင္ အၿမိတၱယုဂ္၊ ထာဝရရွင္သန္ေအာင္ျမင္ေစလိုသည့္အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ေနာက္တစ္ေန႔နံနက္ ၁:၂၈ အထိ မိဂသီနကၡတ္။ ေက်ာ္လွ်င္ အျဒနကၡတ္။ ညသန္းေခါင္ေက်ာ္ ၁၂:၃၅ အထိ အတိဂ႑ယုဂ္၊ အႏၲရာယ္၊ အတားအဆီးႏွင့္ ႀကဳံရျခင္း၊ အေႏွာင့္အယွက္၊ အဖ်က္အဆီးမ်ားအား လိမၼာပါးနပ္စြာ ေက်ာ္လႊားပါ။ ေက်ာ္လွ်င္ သုကမၼယုဂ္၊ ေအာင္ျမင္ျခင္း၊ အႏုိင္ယူခြင့္ႀကဳံျခင္း၊ ႏိုင္တုိင္း မလုပ္ဘဲ သေဘာထားႀကီးမွဳကို ျပသ၍ သိမ္းသြင္းယူပါ။

တစ္ေန႔တာ က႐ိုဏ္း။
ညေန ၁၅:၂၉ အထိ ဝိႆတိက႐ိုဏ္း၊ မိမိကုိယ္ကို ယုံၾကည္မွဳျဖင့္ ရန္မ်ားအား ေက်ာ္ျဖတ္အႏုိင္ယူႏုိင္။ ေနာက္တစ္ေန႔နံနက္ ၃:၅၂ အထိ ဗဘက႐ိုဏ္း၊ က်က္သေရရွိ၊ လုပ္ငန္းေဆာင္တာအမ်ဳိးမ်ဳိးႏွင့္ က်န္းမာေရးကိစၥအဝဝ လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ဗလဝက႐ိုဏ္း၊ ဂုဏ္သေရျပည့္စုံ၊ ေလ့လာသင္ၾကား၊ ဂါရဝျပဳမွဳမ်ားႏွင့္ အခမ္းအနားမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္အေရာင္။
ညေန ၁၅:၂၉ အထိ အေရွ႕ႏွင့္ အေရွ႕ေျမာက္၊ အျဖဴေရာင္။ ေက်ာ္လွ်င္ ေတာင္ႏွင့္ အေရွ႕၊ အနက္ေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၂၇.၄.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ တနင်္လာနေ့၊ သမားညို၊ သမားဖြူ၊ မဟာရက်ကြမ်း။

တစ်နေ့တာ တိထီနှင့် ယုဂ်။
ညနေ ၁၅:၂၉ အထိ တိထီ ၄ လုံး။ ကျော်လျှင် ၅ လုံး။ ၅ လုံးတွင် အမြိတ္တယုဂ်၊ ထာဝရရှင်သန်အောင်မြင်စေလိုသည့်အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
နောက်တစ်နေ့နံနက် ၁:၂၈ အထိ မိဂသီနက္ခတ်။ ကျော်လျှင် အဒြနက္ခတ်။ ညသန်းခေါင်ကျော် ၁၂:၃၅ အထိ အတိဂဏ္ဍယုဂ်၊ အန္တရာယ်၊ အတားအဆီးနှင့် ကြုံရခြင်း၊ အနှောင့်အယှက်၊ အဖျက်အဆီးများအား လိမ္မာပါးနပ်စွာ ကျော်လွှားပါ။ ကျော်လျှင် သုကမ္မယုဂ်၊ အောင်မြင်ခြင်း၊ အနိုင်ယူခွင့်ကြုံခြင်း၊ နိုင်တိုင်း မလုပ်ဘဲ သဘောထားကြီးမှုကို ပြသ၍ သိမ်းသွင်းယူပါ။

တစ်နေ့တာ ကရိုဏ်း။
ညနေ ၁၅:၂၉ အထိ ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။ နောက်တစ်နေ့နံနက် ၃:၅၂ အထိ ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာအမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန်အရောင်။
ညနေ ၁၅:၂၉ အထိ အရှေ့နှင့် အရှေ့မြောက်၊ အဖြူရောင်။ ကျော်လျှင် တောင်နှင့် အရှေ့၊ အနက်ရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)