Analysis Premier League

EPL နဲ့ FA ချန်ပီယံတို့ အသည်းချင်းပေါက်ကြမယ့် မန်စီးတီး-လက်စတာ ပွဲကြိုသုံးသပ်ချက်

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ချန်ပီယံဆု အသီးသီးရယူခဲ့တဲ့ FA ဖလားချန်ပီယံ လက်စတာနဲ့ ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ ကွန်မြူနတီဒိုင်းမှာ တွေ့ဆုံမှုက ဘောလုံးပရိသတ်တွေ တောင့်တနေတဲ့ ဖျော်ဖြေမှုကို ပေးစွမ်းလာမှာဖြစ်ပြီး ဒီနေ့ည မြန်မာစံတော်ချိန် ၁၀:၄၅ မှာ ဝင်ဘလီကွင်းအတွင်း ရင်ဆိုင်ကြမယ့်ပွဲက သေချာပေါက်ကြည့်သင့်တဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။

လက်စတာအသင်းအနေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သမိုင်းတစ်လျှောက် ပထမဆုံး FA ဖလားကို ရယူခဲ့ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်ကို ပရီးမီးယားလိဂ်ပိတ်ပွဲမှာ ရှုံးနိမ့်ခဲ့မှုနဲ့အတူ လက်ပြနှုတ်ဆက်ခဲ့ရပြီး အဆင့် ၅ အဖြစ် ယူရိုပါလိဂ်ကိုတော့ တိုက်ရိုက်ဝင်ခွင့် ရခဲ့ပါတယ်။ ရာသီသစ်အတွက် ပတ်ထ်ဆန် ဒါကာ၊ ဘူဘာကရီ ဆူမာရေးနဲ့ ရိုင်ယန် ဘာထရန်တို့ကို ခေါ်ယူထားပြီး အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင် လူသစ်တွေခေါ်ယူဖို့ရှိနေပုံပေါ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းကတော့ ၇ ကြိမ်မြောက် ကွန်မြူနတီဒိုင်းကို ရှာဖွေရမှာဖြစ်ပြီး ၁၉၃၇၊ ၁၉၆၈၊ ၁၉၇၂၊ ၂၀၁၂၊ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ရရှိခဲ့ဖူးတာဖြစ်သလို ပရီးမီးယားလိဂ်ရဲ့ အင်အားအတောင့်တင်းဆုံးအဖြစ် ပြသခဲ့ပြီးဖြစ်ပေမယ့် ဂျက်ခ် ဂရီးလစ်ရှ်ကို ပေါင်သန်း ၁၀၀ နဲ့ ခေါ်ယူအားဖြည့်ခဲ့ပြီး စပါးစ်အသင်းရဲ့ တိုက်စစ်မှူး ဟာရီကိန်းကိုလည်း အပြောင်းအရွှေ့မပိတ်မီ အရခေါ်ယူလိုနေတာဖြစ်ပါတယ်။

လက်စတာအသင်းဘက်က ခံစစ်အစွန်လူ တီမိုသီ ကာစတာညာ၊ ဂျိမ်းစ် ဂျပ်စတင်နဲ့ ခံစစ်အတွင်းလူ ဂျွန်နီ အီဗန်စ်တို့အနေနဲ့ ဒီပွဲကို ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ပြီး ဗီလာရီးရဲလ်နဲ့ ခြေစမ်းပွဲတုန်းက ဒဏ်ရာရခဲ့တဲ့ ဝက်စလီ ဖိုဖာနာလည်း ဒီပွဲကို လွဲချော်ဖို့ရှိနေပါတယ်။

လက်စတာရဲ့ ပွဲထွက်လူစာရင်းမှာ ဂိုးမှာ ရှမိုက်ကယ်၊ ဗဟိုခံစစ်မှာ အန်ဒီဒီနဲ့ ဆိုယွန်ကျူတို့အတွဲ၊ ဘယ်ညာနောက်ခံတောင်ပံတစ်စုံမှာ ပါရဲရားနဲ့ ဘာထရန်၊ ကွင်းလယ်မှာ တီးလီးမန်းစ်နဲ့ ဆူမာရေးတို့အတွဲနဲ့ ကွင်းလယ်ဘယ်ညာတောင်ပံတစ်စုံမှာ ဟာဗီ ဘန်းစ်၊ အယ်လ်ဘရိုက်တန်တို့နဲ့ တိုက်စစ်ပိုင်းမှာ ဂျေမီ ဗာဒီနဲ့ အီဟင်နာချိုတို့ကို မြင်တွေ့ရဖွယ် ရှိနေပါတယ်။

မန်စီးတီးဘက်မှာ ယူရို ၂၀၂၀ စပိန်အသင်းရဲ့ ပြိုင်ပွဲဝင်တွေဖြစ်တဲ့ ဖာရန် တောရက်စ်နဲ့ ရိုဒရီတို့ကို လေ့ကျင့်ရေးအစီအစဉ်မှာ မြင်တွေ့ခဲ့ရပေမယ့် အဓိက ကစားသမားတွေဖြစ်တဲ့ အီဒါဆန်၊ ဂျွန်စတုန်းစ်၊ ကီဗင် ဒီဘရိုင်းနား၊ ရာဟင်းမ် စတာလင်နဲ့ ဂါဘရီယဲလ် ဂျေဆူးစ်တို့ကိုတော့ အသုံးပြုဖို့မရှိသေးကြောင်း သိရပြီး ဘာနာဒို ဆေးလ်ဗားနဲ့ ရီယက် မာရက်ဇ်တို့ကိုတော့ အသုံးပြုလာနိုင်ခြေရှိပါတယ်။

မန်စီးတီးရဲ့ ပွဲထွက်လူစာရင်းမှာ ဂိုးမှာ ဖလားပွဲဂိုးသမား ဇက်ခ် စတက်ဖန်၊ ဗဟိုခံစစ်မှာ ဒီယက်စ်နဲ့ အာကေတို့အတွဲ၊ ဘယ်ညာနောက်ခံတောင်ပံတစ်စုံမှာ ကန်ဆယ်လိုနဲ့ မန်ဒီ၊ ကွင်းလယ်မှာ ဖာနန်ဒင်ညို၊ ဂွန်ဒိုဝမ်နဲ့ ပါလ်မာတို့အတွဲနဲ့ ဘယ်ညာတောင်ပံတိုက်စစ်တစ်စုံမှာ မာရက်ဇ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့နဲ့ အထောင်တိုက်စစ်ပိုင်းမှာ လူငယ်ကစားသမား အီဒိုဇီတို့ကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။

ရလဒ်ခန့်မှန်းချက်အနေနဲ့ Sports Mole သတင်းဌာနကတော့ နှစ်သင်းစလုံး လူစာရင်းအစုံအလင်နဲ့ဆို မန်စီးတီးတို့ အနိုင်ရမှာဖြစ်ပေမယ့် အဓိက ကစားသမားအများစု ပွဲထုတ်နိုင်မယ့် လက်စတာအသင်းကပဲ ၂ ကြိမ်မြောက် ကွန်မြူနတီဒိုင်းကို ရရှိသွားလိမ့်မယ်လို့ သုံးသပ်ခဲ့ပြီး လူပိုစုံမယ့် မြေခွေးတွေကပဲ နှစ်ဂိုး-တစ်ဂိုးနဲ့ ကပ်နိုင်သွားလိမ့်မယ်လို့ ဆိုခဲ့တာပါ။

Sports A2Z ရဲ့ ခန့်မှန်းမှုအရတော့ ဒီဘက်နှစ်တွေအတွင်း ကွန်မြူနတီဒိုင်းမှာ FA ဖလားချန်ပီယံတွေက ပရီးမီးယားလိဂ်ချန်ပီယံတွေကို အလဲထိုးနေတဲ့ အစဉ်အလာတွေရှိနေတာကြောင့် လက်စတာစီးတီးအနေနဲ့ ရှေ့လူတွေ ခြေရာနင်းရင်း ဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့ရှိနေပြီး လူမစုံတဲ့ မန်ချက်စတာစီးတီးတို့ကို ဗာဒီတို့အဖွဲ့က တစ်ဂိုးလောက်နဲ့ ကပ်ဖြုတ်သွားနိုင်ကြောင်း သုံးသပ်ခန့်မှန်းလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက ခ်န္ပီယံဆု အသီးသီးရယူခဲ့တဲ့ FA ဖလားခ်န္ပီယံ လက္စတာနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္ခ်က္စတာစီးတီးအသင္းတို႔ရဲ႕ ကြန္ျမဴနတီဒိုင္းမွာ ေတြ႕ဆုံမႈက ေဘာလုံးပရိသတ္ေတြ ေတာင့္တေနတဲ့ ေဖ်ာ္ေျဖမႈကို ေပးစြမ္းလာမွာျဖစ္ၿပီး ဒီေန႔ည ျမန္မာစံေတာ္ခ်ိန္ ၁၀:၄၅ မွာ ဝင္ဘလီကြင္းအတြင္း ရင္ဆိုင္ၾကမယ့္ပြဲက ေသခ်ာေပါက္ၾကည့္သင့္တဲ့ ပြဲတစ္ပြဲျဖစ္ပါတယ္။

လက္စတာအသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ သမိုင္းတစ္ေလွ်ာက္ ပထမဆုံး FA ဖလားကို ရယူခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ပရီးမီးယားလိဂ္ပိတ္ပြဲမွာ ရႈံးနိမ့္ခဲ့မႈနဲ႔အတူ လက္ျပႏႈတ္ဆက္ခဲ့ရၿပီး အဆင့္ ၅ အျဖစ္ ယူ႐ိုပါလိဂ္ကိုေတာ့ တိုက္႐ိုက္ဝင္ခြင့္ ရခဲ့ပါတယ္။ ရာသီသစ္အတြက္ ပတ္ထ္ဆန္ ဒါကာ၊ ဘူဘာကရီ ဆူမာေရးနဲ႔ ႐ိုင္ယန္ ဘာထရန္တို႔ကို ေခၚယူထားၿပီး အေျပာင္းအေ႐ႊ႕ေဈးကြက္ မပိတ္ခင္ လူသစ္ေတြေခၚယူဖို႔ရွိေနပုံေပၚပါတယ္။

မန္ခ်က္စတာစီးတီးအသင္းကေတာ့ ၇ ႀကိမ္ေျမာက္ ကြန္ျမဴနတီဒိုင္းကို ရွာေဖြရမွာျဖစ္ၿပီး ၁၉၃၇၊ ၁၉၆၈၊ ၁၉၇၂၊ ၂၀၁၂၊ ၂၀၁၈ နဲ႔ ၂၀၁၉ ခုႏွစ္ေတြမွာ ရရွိခဲ့ဖူးတာျဖစ္သလို ပရီးမီးယားလိဂ္ရဲ႕ အင္အားအေတာင့္တင္းဆုံးအျဖစ္ ျပသခဲ့ၿပီးျဖစ္ေပမယ့္ ဂ်က္ခ္ ဂရီးလစ္ရွ္ကို ေပါင္သန္း ၁၀၀ နဲ႔ ေခၚယူအားျဖည့္ခဲ့ၿပီး စပါးစ္အသင္းရဲ႕ တိုက္စစ္မႉး ဟာရီကိန္းကိုလည္း အေျပာင္းအေ႐ႊ႕မပိတ္မီ အရေခၚယူလိုေနတာျဖစ္ပါတယ္။

လက္စတာအသင္းဘက္က ခံစစ္အစြန္လူ တီမိုသီ ကာစတာညာ၊ ဂ်ိမ္းစ္ ဂ်ပ္စတင္နဲ႔ ခံစစ္အတြင္းလူ ဂြၽန္နီ အီဗန္စ္တို႔အေနနဲ႔ ဒီပြဲကို ဒဏ္ရာေၾကာင့္ လြဲေခ်ာ္မွာျဖစ္ၿပီး ဗီလာရီးရဲလ္နဲ႔ ေျခစမ္းပြဲတုန္းက ဒဏ္ရာရခဲ့တဲ့ ဝက္စလီ ဖိုဖာနာလည္း ဒီပြဲကို လြဲေခ်ာ္ဖို႔ရွိေနပါတယ္။

လက္စတာရဲ႕ ပြဲထြက္လူစာရင္းမွာ ဂိုးမွာ ရွမိုက္ကယ္၊ ဗဟိုခံစစ္မွာ အန္ဒီဒီနဲ႔ ဆိုယြန္က်ဴတို႔အတြဲ၊ ဘယ္ညာေနာက္ခံေတာင္ပံတစ္စုံမွာ ပါရဲရားနဲ႔ ဘာထရန္၊ ကြင္းလယ္မွာ တီးလီးမန္းစ္နဲ႔ ဆူမာေရးတို႔အတြဲနဲ႔ ကြင္းလယ္ဘယ္ညာေတာင္ပံတစ္စုံမွာ ဟာဗီ ဘန္းစ္၊ အယ္လ္ဘ႐ိုက္တန္တို႔နဲ႔ တိုက္စစ္ပိုင္းမွာ ေဂ်မီ ဗာဒီနဲ႔ အီဟင္နာခ်ိဳတို႔ကို ျမင္ေတြ႕ရဖြယ္ ရွိေနပါတယ္။

မန္စီးတီးဘက္မွာ ယူ႐ို ၂၀၂၀ စပိန္အသင္းရဲ႕ ၿပိဳင္ပြဲဝင္ေတြျဖစ္တဲ့ ဖာရန္ ေတာရက္စ္နဲ႔ ႐ိုဒရီတို႔ကို ေလ့က်င့္ေရးအစီအစဥ္မွာ ျမင္ေတြ႕ခဲ့ရေပမယ့္ အဓိက ကစားသမားေတြျဖစ္တဲ့ အီဒါဆန္၊ ဂြၽန္စတုန္းစ္၊ ကီဗင္ ဒီဘ႐ိုင္းနား၊ ရာဟင္းမ္ စတာလင္နဲ႔ ဂါဘရီယဲလ္ ေဂ်ဆူးစ္တို႔ကိုေတာ့ အသုံးျပဳဖို႔မရွိေသးေၾကာင္း သိရၿပီး ဘာနာဒို ေဆးလ္ဗားနဲ႔ ရီယက္ မာရက္ဇ္တို႔ကိုေတာ့ အသုံးျပဳလာႏိုင္ေျခရွိပါတယ္။

မန္စီးတီးရဲ႕ ပြဲထြက္လူစာရင္းမွာ ဂိုးမွာ ဖလားပြဲဂိုးသမား ဇက္ခ္ စတက္ဖန္၊ ဗဟိုခံစစ္မွာ ဒီယက္စ္နဲ႔ အာေကတို႔အတြဲ၊ ဘယ္ညာေနာက္ခံေတာင္ပံတစ္စုံမွာ ကန္ဆယ္လိုနဲ႔ မန္ဒီ၊ ကြင္းလယ္မွာ ဖာနန္ဒင္ညိဳ၊ ဂြန္ဒိုဝမ္နဲ႔ ပါလ္မာတို႔အတြဲနဲ႔ ဘယ္ညာေတာင္ပံတိုက္စစ္တစ္စုံမွာ မာရက္ဇ္နဲ႔ ဘာနာဒို ေဆးလ္ဗားတို႔နဲ႔ အေထာင္တိုက္စစ္ပိုင္းမွာ လူငယ္ကစားသမား အီဒိုဇီတို႔ကို ျမင္ေတြ႕ရဖြယ္ရွိေနပါတယ္။

ရလဒ္ခန႔္မွန္းခ်က္အေနနဲ႔ Sports Mole သတင္းဌာနကေတာ့ ႏွစ္သင္းစလုံး လူစာရင္းအစုံအလင္နဲ႔ဆို မန္စီးတီးတို႔ အႏိုင္ရမွာျဖစ္ေပမယ့္ အဓိက ကစားသမားအမ်ားစု ပြဲထုတ္ႏိုင္မယ့္ လက္စတာအသင္းကပဲ ၂ ႀကိမ္ေျမာက္ ကြန္ျမဴနတီဒိုင္းကို ရရွိသြားလိမ့္မယ္လို႔ သုံးသပ္ခဲ့ၿပီး လူပိုစုံမယ့္ ေျမေခြးေတြကပဲ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ကပ္ႏိုင္သြားလိမ့္မယ္လို႔ ဆိုခဲ့တာပါ။

Sports A2Z ရဲ႕ ခန္႔မွန္းမႈအရေတာ့ ဒီဘက္ႏွစ္ေတြအတြင္း ကြန္ျမဴနတီဒိုင္းမွာ FA ဖလားခ်န္ပီယံေတြက ပရီးမီးယားလိဂ္ခ်န္ပီယံေတြကို အလဲထိုးေနတဲ့ အစဥ္အလာေတြရွိေနတာေၾကာင့္ လက္စတာစီးတီးအေနနဲ႔ ေရွ႕လူေတြ ေျခရာနင္းရင္း ဆက္လက္ထိန္းသိမ္းသြားႏိုင္ဖို႔ရွိေနၿပီး လူမစုံတဲ့ မန္ခ်က္စတာစီးတီးတို႔ကို ဗာဒီတို႔အဖြဲ႕က တစ္ဂိုးေလာက္နဲ႔ ကပ္ျဖဳတ္သြားႏိုင္ေၾကာင္း သုံးသပ္ခန႔္မွန္းလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.