Premier League

ပွဲပြီးခါနီးအထိ စိတ်မလျှော့ဘဲ တော်ဖီတွေကို ၄ လုံးကျွေးပြီး ၁၉ သင်းကို စိန်ခေါ်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ယူရိုမှာ ပွဲပန်းထားတဲ့ ကစားသမားတချို့ကလွဲလို့ လူစုံထုတ်လာခဲ့ပြီး ဂိုးမှာ ဒဟေးယား၊ ခံစစ်မှာ ရှော၊ ဝန်ဘစ်ဆာကာ၊ လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းယား၊ ကွင်းလယ်မှာ မာတစ်ချ်နဲ့ ဗန်ဒဘိခ်တို့နဲ့ ခင်းကျင်းခဲ့ကြပြီး တိုက်စစ်မှာတော့ ‌ဂရင်းဝုဒ်၊ မာစီယယ်လ်နဲ့ ဂျိမ်းစ်တို့နောက်က ဖာနန်ဒက်စ်က လိုက်ပါကစားသွားခဲ့ပါတယ်။

အဲဗာတန်တို့ကလည်း နည်းပြသစ် ဘင်နီတက်ဇ်ရဲ့ လူဟောင်းလက်ကျန် ဆန်ကာတင်စာရင်းနဲ့ လူသစ်တွေကို ပေါင်းစပ်ပွဲထုတ်လာခဲ့ပြီး တိုက်စစ်မှူးစစ်စစ် မပါဘဲ ဂရေးနဲ့ ဟားမက်စ် ရိုဒရီးရက်ဇ်တို့က ၄-၆-၀ ရဲ့ False 9 အဖြစ် အလျဉ်းသင့်သလို ပြောင်းလဲကစားသွားခဲ့ကြပြီး ပဲလေ့စ်ကနေ ရောက်လာတဲ့ တောင်းဆန်းလည်း အိုးလ်ထရက်ဖို့ဒ်မှာ ပွဲထွက်လာခဲ့တာပါ။

ပွဲချိန် ၈ မိနစ်မှာကတည်းက အိမ်ရှင်ယူနိုက်တက်တို့ အဖွင့်ဂိုးစရခဲ့ပြီး ဖာနန်ဒက်စ် ဘောလုံးရယူဖို့ ကြိုးစားတာကို အဲဗာတန်ရဲ့ အီဝိုဘီက ဖြတ်ပြီး နောက်ပြန်ခေါင်းတိုက်ပေးရာမှာ ထပ်ဆင့်တိုက်ပေးတဲ့ ဒီညီနဲ့ နားလည်မှုလွဲပြီး ပိုက်ဖမ်းရာက တိုင်မင်မကိုက်ဘဲ လွတ်ထွက်သွားခဲ့တဲ့ ဘုရားစူး အင်္ဂလန်လက်ရွေးစင် ပစ်ခ်ဖို့ဒ်ဆီက လက်ဆောင်ဘောလုံးကို ဂရင်းဝုဒ်က သာသာယာယာပဲ အဆုံးသတ်ပိတ်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာ ယူနိုက်တက်တို့ နောက်ထပ်တစ်ဂိုး ထပ်မံရရှိခဲ့ပြီး ဒီဂိုးကိုတော့ လုခ်ရှောကန်တင်ပေးခဲ့တဲ့ ဘောလုံးကို လက်ရွေးစင် အတွဲအဖက် မက်ဂွိုင်းယားက သူ့ကို ကပ်ထားတဲ့ ကိုးလ်မန်းကို ခွာထွက်ပြီး အချိန်မီ မဖျက်နိုင်တဲ့ ဂေါ့ဒ်ဖရီရဲ့ ရှေ့ကနေ ခြေနဲ့ကန်သလောက်ပြင်းတဲ့ ခေါင်းတိုက်ချက်နဲ့ သွင်းယူသွားခဲ့ပါတယ်။

ယူနိုက်တက်တို့အနေနဲ့ ရာသီကြိုမှာ ပုံစံကောင်းနဲ့ အသင်းလိုက် စုစည်းမိခဲ့တယ်လို့ပဲ ဆိုရမှာဖြစ်ပြီး ပွဲချိန် ၂၉ မိနစ်မှာတော့ အဲဗာတန်ဂိုးရှေ့ ဘယ်ဘက်ခြမ်းမှာ ရတဲ့ ဖရီးကစ်ကို ကွင်းလယ်မှာ ဖန်တီးမှုတွေ လုပ်ပေးနေခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်က လှပပြင်းထန်တဲ့ ကန်ချက်နဲ့ တိုက်ရိုက်ကန်သွင်းပြီး ပစ်ခ်ဖို့ဒ်ကို အနိုင်ယူသွားခဲ့တာပါ။

ပထမပိုင်းမှာတော့ မန်ချက်စတာယူနိုက်တက်တို့ အိုးလ်ထရက်ဖို့ဒ်မှာ သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဘင်နီတက်ဇ်ကတော့ သူ့ရဲ့ အသင်းသစ် ကိုင်တွယ်မှုမှာ ကစားသမားတွေနဲ့ သိပ်ပြီး အထာမကျသေးတဲ့ ပုံစံကိုပဲ တွေ့ခဲ့ရသလို ကြည့်ရှုဖို့ လုံလောက်သွားတဲ့ ပစ်ခ်ဖို့ဒ်၊ ဟားမက်စ်နဲ့ ဒူကူယေးတို့ကို လဲလှယ်ခဲ့ရချိန်မှာ အိမ်ရှင်တွေကတော့ မာတစ်ချ်၊ ဗန်ဒဘိခ်နဲ့ မာစီယယ်လ်တို့အစား ဖရက်ဒ်၊ ပေါ့ဘာနဲ့ မာတာတို့ကို ထည့်သွင်းကစားခဲ့တာပါ။

နောက်ပိုင်းပွဲချိန်တွေမှာတော့ လုခ်ရှော၊ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယား၊ ဝန်ဘစ်ဆာကာ၊ ဖာနန်ဒက်စ်နဲ့ ဂျိမ်းစ်တို့အစား ဝီလီယမ်စ်၊ တွမ်ဇီဘီ၊ ဂါနာ၊ ဒါလော့၊ ပါရဲရားနဲ့ မက်တော်မီနေးတို့ ဝင်ရောက်ကစားခဲ့ပြီး အဲဗာတန်တို့ကတော့ ယယ်ရီ မီနာနဲ့ လူငယ်တွေကို လူစားထည့်သွင်းပြီး ကစားပုံ ပြန်တက်လာခဲ့ပါတယ်။

ဒါပေမယ့် ဆာအဲလက်စ်ခေတ်ကို ပြန်သွားချင်နေတဲ့ နည်းပြ ဆိုးလ်ရှားရဲ့ လူတွေကတော့ ပွဲပြီးခါနီးအထိ ဂိုးသွင်းနိုင်ဆဲဖြစ်ကြောင်း သက်သေ ပြသခဲ့ကြပြီး နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ဖရက်ဒ်ရဲ့ Deep Cross ကို လူစားဝင်ကစားသမား ဒါလော့က နောက်ပြန်ခေါင်းတိုက်ချက်နဲ့ သွင်းယူခဲ့ရာမှာ ဂိုးသမား ဘီဂိုဗစ် အငိုက်မိသွားခဲ့ပြီး အိမ်ကွင်းမှာ ယူနိုက်တက်တို့ လေးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံခဲ့ကြတာပဲဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် ယူနိုက်တက်တို့အနေနဲ့ ပရီးမီးယားလိဂ်မစတင်ခင် တစ်ပတ်အလိုမှာ ရာသီကြို ပုံစံကောင်းကို ပြသနိုင်ခဲ့ပြီး ပြိုင်ဘက်အသင်းတွေ အတွက် သတိပေး ခေါင်းလောင်းကို တီးခတ်လိုက်သလို ဘင်နီတက်ဇ်နဲ့ အဲဗာတန်လောက်တော့ သူတို့ပြိုင်ဘက် မဟုတ်ဘူးလို့ ဦးချိုးနိုင်ခဲ့ပြီး ကျန်တဲ့ အသင်းတွေကိုလည်း ချန်ပီယံဆုအတွက် စိန်ခေါ်မှုပြသနိုင်ခဲ့ပါကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ယူ႐ိုမွာ ပြဲပန္းထားတဲ့ ကစားသမားတခ်ိဳ႕ကလြဲလို႔ လူစုံထုတ္လာခဲ့ၿပီး ဂိုးမွာ ဒေဟးယား၊ ခံစစ္မွာ ေရွာ၊ ဝန္ဘစ္ဆာကာ၊ လင္ဒီေလာ့ဖ္နဲ႔ မက္ဂြိဳင္းယား၊ ကြင္းလယ္မွာ မာတစ္ခ်္နဲ႔ ဗန္ဒဘိခ္တို႔နဲ႔ ခင္းက်င္းခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ ‌ဂရင္းဝုဒ္၊ မာစီယယ္လ္နဲ႔ ဂ်ိမ္းစ္တို႔ေနာက္က ဖာနန္ဒက္စ္က လိုက္ပါကစားသြားခဲ့ပါတယ္။

အဲဗာတန္တို႔ကလည္း နည္းျပသစ္ ဘင္နီတက္ဇ္ရဲ႕ လူေဟာင္းလက္က်န္ ဆန္ကာတင္စာရင္းနဲ႔ လူသစ္ေတြကို ေပါင္းစပ္ပြဲထုတ္လာခဲ့ၿပီး တိုက္စစ္မႉးစစ္စစ္ မပါဘဲ ဂေရးနဲ႔ ဟားမက္စ္ ႐ိုဒရီးရက္ဇ္တို႔က ၄-၆-၀ ရဲ႕ False 9 အျဖစ္ အလ်ဥ္းသင့္သလို ေျပာင္းလဲကစားသြားခဲ့ၾကၿပီး ပဲေလ့စ္ကေန ေရာက္လာတဲ့ ေတာင္းဆန္းလည္း အိုးလ္ထရက္ဖို႔ဒ္မွာ ပြဲထြက္လာခဲ့တာပါ။

ပြဲခ်ိန္ ၈ မိနစ္မွာကတည္းက အိမ္ရွင္ယူႏိုက္တက္တို႔ အဖြင့္ဂိုးစရခဲ့ၿပီး ဖာနန္ဒက္စ္ ေဘာလုံးရယူဖို႔ ႀကိဳးစားတာကို အဲဗာတန္ရဲ႕ အီဝိုဘီက ျဖတ္ၿပီး ေနာက္ျပန္ေခါင္းတိုက္ေပးရာမွာ ထပ္ဆင့္တိုက္ေပးတဲ့ ဒီညီနဲ႔ နားလည္မႈလြဲၿပီး ပိုက္ဖမ္းရာက တိုင္မင္မကိုက္ဘဲ လြတ္ထြက္သြားခဲ့တဲ့ ဘုရားစူး အဂၤလန္လက္ေ႐ြးစင္ ပစ္ခ္ဖို႔ဒ္ဆီက လက္ေဆာင္ေဘာလုံးကို ဂရင္းဝုဒ္က သာသာယာယာပဲ အဆုံးသတ္ပိတ္သြင္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာ ယူႏိုက္တက္တို႔ ေနာက္ထပ္တစ္ဂိုး ထပ္မံရရွိခဲ့ၿပီး ဒီဂိုးကိုေတာ့ လုခ္ေရွာကန္တင္ေပးခဲ့တဲ့ ေဘာလုံးကို လက္ေ႐ြးစင္ အတြဲအဖက္ မက္ဂြိဳင္းယားက သူ႔ကို ကပ္ထားတဲ့ ကိုးလ္မန္းကို ခြာထြက္ၿပီး အခ်ိန္မီ မဖ်က္ႏိုင္တဲ့ ေဂါ့ဒ္ဖရီရဲ႕ ေရွ႕ကေန ေျခနဲ႔ကန္သေလာက္ျပင္းတဲ့ ေခါင္းတိုက္ခ်က္နဲ႔ သြင္းယူသြားခဲ့ပါတယ္။

ယူႏိုက္တက္တို႔အေနနဲ႔ ရာသီႀကိဳမွာ ပုံစံေကာင္းနဲ႔ အသင္းလိုက္ စုစည္းမိခဲ့တယ္လို႔ပဲ ဆိုရမွာျဖစ္ၿပီး ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ အဲဗာတန္ဂိုးေရွ႕ ဘယ္ဘက္ျခမ္းမွာ ရတဲ့ ဖရီးကစ္ကို ကြင္းလယ္မွာ ဖန္တီးမႈေတြ လုပ္ေပးေနခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္က လွပျပင္းထန္တဲ့ ကန္ခ်က္နဲ႔ တိုက္႐ိုက္ကန္သြင္းၿပီး ပစ္ခ္ဖို႔ဒ္ကို အႏိုင္ယူသြားခဲ့တာပါ။

ပထမပိုင္းမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔ အိုးလ္ထရက္ဖို႔ဒ္မွာ သုံးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဘင္နီတက္ဇ္ကေတာ့ သူ႔ရဲ႕ အသင္းသစ္ ကိုင္တြယ္မႈမွာ ကစားသမားေတြနဲ႔ သိပ္ၿပီး အထာမက်ေသးတဲ့ ပုံစံကိုပဲ ေတြ႕ခဲ့ရသလို ၾကည့္ရႈဖို႔ လုံေလာက္သြားတဲ့ ပစ္ခ္ဖို႔ဒ္၊ ဟားမက္စ္နဲ႔ ဒူကူေယးတို႔ကို လဲလွယ္ခဲ့ရခ်ိန္မွာ အိမ္ရွင္ေတြကေတာ့ မာတစ္ခ်္၊ ဗန္ဒဘိခ္နဲ႔ မာစီယယ္လ္တို႔အစား ဖရက္ဒ္၊ ေပါ့ဘာနဲ႔ မာတာတို႔ကို ထည့္သြင္းကစားခဲ့တာပါ။

ေနာက္ပိုင္းပြဲခ်ိန္ေတြမွာေတာ့ လုခ္ေရွာ၊ လင္ဒီေလာ့ဖ္၊ မက္ဂြိဳင္းယား၊ ဝန္ဘစ္ဆာကာ၊ ဖာနန္ဒက္စ္နဲ႔ ဂ်ိမ္းစ္တို႔အစား ဝီလီယမ္စ္၊ တြမ္ဇီဘီ၊ ဂါနာ၊ ဒါေလာ့၊ ပါရဲရားနဲ႔ မက္ေတာ္မီေနးတို႔ ဝင္ေရာက္ကစားခဲ့ၿပီး အဲဗာတန္တို႔ကေတာ့ ယယ္ရီ မီနာနဲ႔ လူငယ္ေတြကို လူစားထည့္သြင္းၿပီး ကစားပုံ ျပန္တက္လာခဲ့ပါတယ္။

ဒါေပမယ့္ ဆာအဲလက္စ္ေခတ္ကို ျပန္သြားခ်င္ေနတဲ့ နည္းျပ ဆိုးလ္ရွားရဲ႕ လူေတြကေတာ့ ပြဲၿပီးခါနီးအထိ ဂိုးသြင္းႏိုင္ဆဲျဖစ္ေၾကာင္း သက္ေသ ျပသခဲ့ၾကၿပီး နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ ဖရက္ဒ္ရဲ႕ Deep Cross ကို လူစားဝင္ကစားသမား ဒါေလာ့က ေနာက္ျပန္ေခါင္းတိုက္ခ်က္နဲ႔ သြင္းယူခဲ့ရာမွာ ဂိုးသမား ဘီဂိုဗစ္ အငိုက္မိသြားခဲ့ၿပီး အိမ္ကြင္းမွာ ယူႏိုက္တက္တို႔ ေလးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံခဲ့ၾကတာပဲျဖစ္ပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ ယူႏိုက္တက္တို႔အေနနဲ႔ ပရီးမီးယားလိဂ္မစတင္ခင္ တစ္ပတ္အလိုမွာ ရာသီႀကိဳ ပုံစံေကာင္းကို ျပသႏိုင္ခဲ့ၿပီး ၿပိဳင္ဘက္အသင္းေတြ အတြက္ သတိေပး ေခါင္းေလာင္းကို တီးခတ္လိုက္သလို ဘင္နီတက္ဇ္နဲ႔ အဲဗာတန္ေလာက္ေတာ့ သူတို႔ၿပိဳင္ဘက္ မဟုတ္ဘူးလို႔ ဦးခ်ိဳးႏိုင္ခဲ့ၿပီး က်န္တဲ့ အသင္းေတြကိုလည္း ခ်န္ပီယံဆုအတြက္ စိန္ေခၚမႈျပသႏိုင္ခဲ့ပါေၾကာင္း ေရးသားေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.