Premier League Transfer News

ပရီးမီးယားလိဂ်ရဲ့ အသင်းတွေ လက်ကျန်အပြောင်းအရွှေ့ကာလမှာ ဘာလုပ်ကြဉီးမလဲ

မန်ချက်စတာစီးတီး
ဒီနွေရာသီ အပြောင်းအရွှေ့ကာလရဲ့ ရုပ်အပေါက်ဆုံးသတင်းက ဟာရီကိန်းရဲ့ မန်ချက်စတာစီးတီးကို ပြောင်းရွှေ့လိုနေတဲ့သတင်းဖြစ်ပြီး ကိန်းအနေနဲ့ စပါးစ်ဥက္ကဌ ဒါနီရယ် လီဗိုင်းနဲ့ ထိပ်တိုက်တွေ့ဖို့ရှိသလို ဒီတစ်ပတ်မှာ စပါးစ်ရဲ့ ရာသီကြို လေ့ကျင့်ရေးအစီအစဉ်ကို အချိန်မီ ပူးပေါင်းဖို့ ကိန်းဘက်က ပျက်ကွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီမကုန်ခင်က သူ့ရဲ့ဆုဖလားတွေ ရချင်စိတ်နဲ့ ကီဗင် ဒီဘရိုင်းနားနဲ့ တွဲဖက်ကစားချင်တဲ့စိတ်ကို ကိန်းအနေနဲ့ ထုတ်ပြောပြခဲ့ဖူးပါတယ်။

ဒါပေမယ့် စပါးစ်နည်းပြ နူနို အက်စ်ပီရီတို ဆန်တိုအနေနဲ့ ကိန်းက အသင်းရဲ့ အစိတ်အပိုင်းဖြစ်နေဆဲပါလို့ ပြောခဲ့ပါတယ်။ ကိန်းအနေနဲ့ လီဗိုင်းနဲ့ ဒီနှစ်နွေမှာ အသင်းပြောင်းဖို့ သဘောတူညီမှုရခဲ့ပေမယ့် စပါးစ်ဘက်က စည်းဖောက်ခဲ့ပါတယ်။ မန်စီးတီးအနေနဲ့ ဂရီးလစ်ရှ်ကို ပေါင်သန်း ၁၀၀ နဲ့ ခေါ်ယူထားပြီး ကိန်းကိုလည်း ပေါင်သန်း ၁၀၀ နဲ့ပဲ ခေါ်ယူချင်ပေမယ့် စပါးစ်က ပေါင်သန်း ၁၅၀ အထိ ဈေးခေါ်ထားလို့ အပြောင်းအရွှေ့ ကြန့်ကြာနေရတာဖြစ်ပါတယ်။
စောင့်ကြည့်ကစားသမား- ဟာရီကိန်း(တော့တင်ဟမ်ဟော့စပါးစ်)

မန်ချက်စတာယူနိုက်တက်
ဒီနှစ်နွေက အိုလီဂန်းနား ဆိုးလ်ရှားရဲ့ ယူနိုက်တက်အတွက် အလုပ်များတဲ့ကာလဖြစ်ပြီး ကာလရှည်ပစ်မှတ် ဂျေဒန် ဆန်ချိုကို ဒေါ့မွန်ကနေ အရခေါ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရာဖေးလ် ဗာရွန်းကိုလည်း တခြားအသင်းကြီး‌တွေထက် လက်ဦးမှုယူပြီး အရခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့အစီအစဉ်တွေက ဒီမှာတင် ရပ်တန့်သွားဖို့ အစီအစဉ်ရှိတဲ့ပုံ မပေါ်ပါဘူး။

ပီအက်စ်ဂျီအသင်းက ခေါ်ယူလိုပြီး အသင်းကလည်း ထွက်ခွာချင်နေတဲ့ ပေါလ် ပေါ့ဘာနေရာမှာ ဘိုင်ယန်မြူးနစ်က လီယွန် ဂေါ်ရက်ဇ်ကာနဲ့ ရင်းနေးက အီဒူယာဒို ကာမာဗင်ဂါတို့နဲ့ အစားထိုးဖို့ စောင့်ကြည့်နေပြီး ကစားသမားနှစ်ဦးစလုံးရဲ့ စာချုပ်သက်တမ်းတွေကလည်း တစ်နှစ်ပဲ ကျန်လို့ သက်သာတဲ့ဈေးနှုန်းနဲ့ ရနိုင်ပါတယ်။ ဒါ့အပြင် ကီရန် ထရစ်ပီယာကိုလည်း ညာခြမ်းခံစစ်အတွက် စောင့်ကြည့်နေတာဖြစ်ပါတယ်။
စောင့်ကြည့်ကစားသမားများ– လီယွန် ဂေါ်ရက်ဇ်ကာ(ဘိုင်ယန်မြူးနစ်)၊ ကီရန် ထရစ်ပီယာ(အက်သလက်တီကိုမက်ဒရစ်)၊ အီဒူယာဒို ကာမာဗင်ဂါ(ရင်းနေး)

လီဗာပူးလ်
လီဗာပူးလ်အသင်းအနေနဲ့ ဒီနှစ်နွေမှာ အီဘရာဟီမာ ကိုနာတေကို RB လိုက်ပ်ဇစ်ကို ပေါင် ၃၆ သန်းနဲ့ ခေါ်ယူခဲ့တာတစ်ခုကလွဲပြီး ကစားသမားအဝင် မရှိသေးတာ ဖြစ်ပါတယ်။ အက်သလက်တီကို မက်ဒရစ်က ထွက်ခွာခွင့်မီးစိမ်းပြထားတဲ့ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ကို ခေါ်ယူဖို့အတွက် ချိတ်ဆက်နေပြီး စပိန်သားကို မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြုင်လုနေရဆဲ ဖြစ်ပါတယ်။

ဒီနှစ်နွေအစောပိုင်းမှာ ပီအက်စ်ဂျီအသင်းကို ထွက်ခွာသွားတဲ့ ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်နေရာမှာ အစားထိုးဖို့ ရှာဖွေနေရတဲ့အပြင် အသင်းကပ္ပတိန် ဂျော်ဒန် ဟန်ဒါဆန်အနေနဲ့လည်း အသင်းက ထွက်ခွာဖို့ သတင်းပြေးနေတာဖြစ်ပါတယ်။ ပေါင် ၂၁ သန်း သတ်မှတ်ထားတဲ့ ဘုန်းမောက်က အာနော့ ဒန်ယူမာကို ခေါ်ယူဖို့စီစဉ်နေပေမယ့် သူ့ကို ဗီလာရီးရဲလ်ကလည်း ချိတ်ဆက်နေသလို ခရစ္စတယ်ပဲလေ့စ်ကလည်း ချိတ်ဆက်နေပါတယ်။
စောင့်ကြည့်ကစားသမားများ– ဆာအူးလ် ညီးရက်ဇ်(အက်သလက်တီကို မက်ဒရစ်)၊ အာနောက်ထ် ဒွန်ယူမာ(ဘုန်းမောက်)

ချဲလ်ဆီး
ချန်ပီယံလိဂ်ဖလားကို အရယူခဲ့ပြီးနောက် နည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ နောက်တစ်ကြိမ် ဖလားယူပြဖို့အတွက် အရေးကြီးနေလို့ အပြောင်းအရွှေ့ကို သေချာစီမံနေပြီး တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကို ရောင်းထုတ်ဖို့ရှိနေလို့ တိုက်စစ်မှူးတစ်ယောက်လိုနေတာ ဖြစ်ပါတယ်။ ‌ဒေါ့မွန်က အာလင်း ဟာလန်းကို ပစ်မှတ်ထားခဲ့ပေမယ့် နော်ဝေးသားအနေနဲ့ အသင်းပြောင်းဖို့ မရှိသေးလို့ ပစ်မှတ်ပြောင်းလဲခဲ့ရပါတယ်။

တိုက်စစ်မှူးဟောင်း ရိုမီလူ လူကာကူးကို ခေါ်ယူနိုင်ဖို့အတွက် အလွန်နီးစပ်နေပြီး ခံစစ်ပိုင်းအတွက် ဆီဗီလာနောက်ခံလူ ဂျူးလ် ကွန်ဒီကို ခေါ်ယူဖို့ ဆွေးနွေးနေဆဲ ကာလဖြစ်သလို ပြင်သစ်သားရဲ့ စာချုပ်ပါ လျော်ကြေးက ပေါင် ၆၈.၄ သန်းဖြစ်ပါတယ်။ ကွင်းလယ်ခံစစ်အတွက် ဝက်စ်ဟမ်းက ပေါင်သန်း ၁၀၀ ဈေးခေါ်ထားတဲ့ ဒက်ကလန် ရိုက်စ်ကို ခေါ်ယူချင်ပေမယ့် မရခဲ့ရင် မိုနာကိုက အူရယ်လီယန် ချွာမန်နီကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။
စောင့်ကြည့်ကစားသမားများ– ရိုမီလူ လူကာကူး(အင်တာမီလန်)၊ အာလင်း ဟာလန်း(ဒေါ့မွန်)၊ ဂျူးလ်စ် ကွန်ဒီ(ဆီဗီလာ)၊ အူရယ်လီယန် ချွာမန်နီ(မိုနာကို)၊ ဒက်ကလန် ရိုက်စ်(ဝက်စ်ဟမ်း)

လက်စတာစီးတီး
ပြီးခဲ့တဲ့ရာသီက နောက်ဆုံးပွဲရောက်မှ ချန်ပီယံလိဂ်ဝင်ခွင့် လွတ်ပြီး FA ဖလားတစ်လုံး အဖတ်တင်လာခဲ့တဲ့ လက်စတာအသင်းအနေနဲ့ အသင်းရဲ့ ဝါရင့်ကစားသမားတွေဖြစ်ကြတဲ့ ဝက်စ် မော်ဂန်နဲ့ ခရစ္စတီယန် ဖုချ်တို့ ထွက်ခွာပြီးနောက် နွေရာသီခေါ်ယူမှုတွေအဖြစ် လီလ်က ဘူဘာကရီ ဆူမာရေးကို ပေါင် ၂၃ သန်း၊ ရက်ဒ်ဘူးလ် ဆဲလ်ဘာ့ဂ်က ပတ်ထ်ဆန် ဒါကာနဲ့ ဆောက်သမ်တန်က ရိုင်ယန် ဘာထရန်တို့ကိုလည်း ခေါ်ယူအားဖြည့်ခဲ့ပါတယ်။

ခြေစွမ်းမကျသေးပေမယ့် ကစားသမားဘဝရဲ့ နေဝင်ချိန်ရောက်နေတဲ့ ဂျေမီ ဗာဒီရဲ့နေရာကို ရေရှည်အစားထိုးဖို့အတွက် ဆဲလ်တစ်က အော့ဒ်ဆွန်း အေဒူယာကို ချိတ်ဆက်နေပြီး သူ့ကို ဥရောပအသင်းကြီးတွေပါ စိတ်ဝင်စားနေတာဖြစ်ပါတယ်။ အသင်းခေါင်းဆောင်ဟောင်း မော်ဂန်နေရာကို အစားထိုးဖို့အတွက် ဂျိမ်းစ် တာကော့ဗ်စကီးကို ပစ်မှတ်ထားနေပြီး လာမယ့်ဘောလုံးရာသီမှာလည်း ဆက်လက်တောက်ပဖို့ တာစူနေတဲ့အသင်းဖြစ်ပါတယ်။
စောင့်ကြည့်ကစားသမားများ– အော့ဒ်ဆွန်း အေဒူယာ(ဆဲလ်တစ်)၊ ဂျိမ်းစ် တာကောစကီး(ဘန်လေ)၊ အစ်ဆာ ဒီယော့ပ်(ဝက်စ်ဟမ်း)

တော့တင်ဟမ်ဟော့စပါးစ်
တိုက်စစ်မှူး ဟာရီကိန်းရဲ့ အသင်းက ထွက်ဖို့ စီစဉ်နေတာတွေက နည်းပြသစ် နူနို အက်စ်ပီရီတို ဆန်တိုအတွက် မအီမလည်ဖြစ်စေမှာပါ။ အားလပ်ရက် ကုန်ဆုံးပြီးနောက် ကိန်းအနေနဲ့ အသင်းရဲ့ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်မှာ အချိန်မီပူးပေါင်းဖို့ ပျက်ကွက်ခဲ့တာဖြစ်ပါတယ်။ ဆွန်ဟောင်မင်ကို စာချုပ်သက်တမ်း တိုးထားနိုင်ခဲ့ပြီး လူသစ်ခေါ်ယူမှုတွေလုပ်ဖို့လည်း အရှိန်မြှင့်ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

အတ္တလန်တာခံစစ်မှူး ခရစ္စတီယန် ရိုမဲရိုးကို ပေါင် ၄၇ သန်းနဲ့ ခေါ်ယူခဲ့ပြီး ဖီအိုရင်တီးနားတိုက်စစ်မှူး ဒူရှန် ဗလာဟိုဗစ်ခ်ျကိုလည်း ခေါ်ယူဖို့အတွက် ပစ်မှတ်ထားနေပါတယ်။ သတင်းတွေအရ ဗလာဟိုဗစ်ချ်အနေနဲ့ ကိန်းနဲ့ တွဲဖက်ကစားချင်ပြီး သူ့နေရာ အစားထိုးဖို့ဆို မလာချင်ဘူးလို့ ဆိုသလို ‌အင်တာမီလန်ရဲ့ လော်တာရို မာတီနက်ဇ်နဲ့ ညာနောက်ခံအပြင် ခံစစ်အတွင်းလူအဖြစ်လည်း ကစားနိုင်တဲ့ ဘိုလော့ညာရဲ့ တာကဲဟီရို တိုမီယာစုကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
စောင့်ကြည့်ကစားသမားများ– ဒူရှန် ဗလာဟိုဗစ်ချ်(ဖီအိုရင်တီးနား)၊ တာကဲဟီရို တိုမီယာဆု(ဘိုလော့ညာ)၊ လော်တာရို မာတီနက်ဇ်(အင်တာမီလန်)

အာဆင်နယ်
နည်းပြ မီခယ်လ် အာတီတာအနေနဲ့ အာဆင်နယ်အသင်းကို ထိပ်သီးလေးသင်းစာရင်းထဲ ပုံမှန်ပြန်ရောက်ဖို့အတွက် ဘရိုက်တန်နောက်ခံလူ ဘန်ဝှိုက်ကို ပေါင်သန်း ၅၀ နဲ့ ၀ယ်ယူခဲ့တာက အသင်းရဲ့ ခံစစ်ပိုင်းက ဟာကွက်တွေကို ပြန်လည်ဖြည့်တင်းဖို့ အထောက်အကူဖြစ်ခဲ့ပြီး နူနို တာဗာရက်စ်နဲ့ အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါတို့ကို ခံစစ်တောင်ပံနဲ့ ကွင်းလယ်ဟာကွက်တွေအတွက် ဖြည့်တင်းခဲ့ပါတယ်။

တိုက်စစ်အတွက် ချဲလ်ဆီးက တမ်မီ အေဘရာဟမ်နဲ့ အင်တာမီလန်က လော်တာရို မာတီနက်ဇ်တို့ကိုလည်း မြင့်မားတဲ့ပမာဏနဲ့ ကမ်းလှမ်းဖို့ရှိနေပြီး ရှက်ဖီးလ်ဒ်ယူနိုက်တက်ကစားသမားတွေဖြစ်တဲ့ အာရွန် ရမ်းစ်ဒေးလ်နဲ့ ဆန်ဒါ ဘာဂါတို့ကို ခေါ်ယူဖို့ စီစဉ်နေပေမယ့် တစ်ဖက်က ရမ်းစ်ဒေးလ်အတွက် ပေါင်သန်း ၄၀ အထိ လိုချင်နေချိန်မှာ ဂန်းနားတို့ကတော့ ပေါင်သန်း ၃၀ က ပိုသင့်တော်တဲ့ ပမာဏလို့ ယူဆနေတာလည်းဖြစ်ပါတယ်။
စောင့်ကြည့်ကစားသမားများ– ဂျိမ်းစ် မက်ဒီဆန်(လက်စတာ)၊ လော်တာရို မာတီနက်ဇ်(အင်တာမီလန်)၊ ဆန်ဒါ ဘာဂါ၊ အာရွန် ရမ်းစ်ဒေးလ်(ရှက်ဖီးလ်ဒ်ယူနိုက်တက်)၊ တမ်မီ အေဘရာဟမ်(ချဲလ်ဆီး)၊ မာတင် အော်ဒီဂွါဒ်(ရီးရဲလ်မက်ဒရစ်)

အဲဗာတန်
နည်းပြ ကာလို အန်ဆယ်လော့တီထွက်ခွာပြီးနောက် နည်းပြဖြစ်လာခဲ့တဲ့ လီဗာပူးလ်နည်းပြဟောင်း ရာဖာ ဘင်နီတက်ဇ်အနေနဲ့ ပြောင်းရွှေ့ကြေး အကန့်အသတ်နဲ့ ဥရောပဝင်ခွင့်ရအောင် ကြိုးစားရမှာဖြစ်လို့ လူသစ်တွေကို စိစစ်ခေါ်ယူခဲ့ပြီး ဒီမာရိုင်း ဂရေးကို လေဗာကူဆင်က ပေါင် ၁.၇ သန်း၊ အန်ဒရိုစ် တောင်းဆန်နဲ့ အက်စ်မီယာ ဘီဂိုဗစ်ချ်တို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အရခေါ်နိုင်ခဲ့ပါတယ်။

ဘင်နီတက်ဇ်အနေနဲ့ အသင်းကို ကစားသမားအသစ်တွေ ခေါ်ယူဖို့အတွက် မျှော်လင့်နေပြီး စပို့တင်းလစ္စဘွန်းကွင်းလယ်လူ မားသီယပ်စ် နူးညက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဝါရင့်နောက်ခံလူ ရှေးမတ်စ် ကိုးလ်မန်းနေရာမှာ ယူရို ၂၀၂၀ မှာတောက်ပခဲ့ပြီး အသင်းကြီးတွေရဲ့ အာရုံကို ဖမ်းစားခဲ့တဲ့ ပီအက်စ်ဗီက ဒင်ဇယ်လ် ဒမ်းဖရီးစ်နဲ့ အစားထိုးဖို့ စီစဉ်နေပါတယ်။
စောင့်ကြည့်ကစားသမားများ– ဒွိုက် မက်နီးလ်(ဘန်လေ)၊ ဒင်ဇလ် ဒမ်းဖရီးစ်(ပီအက်စ်ဗီ)၊ မားသီးယပ်စ် နူးညက်စ်(စပို့တင်းလစ္စဘွန်း)

အက်စတန်ဗီလာ
ပြီးခဲ့တဲ့ရက်ပိုင်းက အက်စတန်ဗီလာအသင်းအနေနဲ့ ဆောက်သမ်တန်တိုက်စစ်မှူး ဒန်နီ အင်းစ်ကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အံ့အားသင့်ဖွယ် ထုတ်ပြန်ခဲ့ပြီး မန်ချက်စတာစီးတီးအသင်းဆီက ရခဲ့တဲ့ ဂျက်ခ် ဂရီးလစ်ရှ်ရဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ နဲ့ လိုအပ်တဲ့ ကစားသမားတွေ ပြန်ဖြည့်တင်းရာမှာ အပြည့်အဝအသုံးချဖို့ ပရိသတ်တွေက မျှော်လင့်နေတာဖြစ်ပါတယ်။

လက်ရှိမှာ လေဗာကူဆင်က လီယွန် ဘိုင်လီကို ပေါင်သန်း ၃၀၊ နောဝစ်ချ်က အီမီလီယာနို ဘွင်ဒီယာကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူခဲ့တာတွေအပြင် အသင်းရဲ့ ကစားသမားဟောင်း အက်ရှ်လီ ယန်းကိုလည်း ခေါ်ယူအားဖြည့်ထားပါတယ်။ ဆောက်သမ်တန်ကွင်းလယ်လူ ဂျိမ်းစ် ဝါ့ဒ်ပရောက်စ်ကိုလည်း ချိန်ရွယ်နေပြီး ဂရီးလစ်ရှ်နေရာအတွက် ဒိန်းမတ်သား မီခယ်လ် ဒမ်းစ်ဂါ့ဒ်၊ ဝက်ဖို့ဒ်က ဝီလ် ဟယူးချ်နဲ့ နောဝစ်ချ်က တော့ဒ် ကန့်ထ်ဝဲလ်တို့ကို ချိတ်ဆက်နေပါတယ်။
စောင့်ကြည့်ကစားသမားများ– မီကယ်လ် ဒမ်းစ်ဂါ့ဒ်(ဆမ်ဒိုးရီးယား)၊ ဝီလ် ဟယူးချ်(ဝက်ဖို့ဒ်)၊ ဂျိမ်းစ် ဝါ့ဒ်ပရောက်စ်(ဆောက်သမ်တန်)၊ တော့ဒ် ကန့်ထ်ဝဲလ်(နောဝစ်ခ်ျ)၊ အိတ်ဇယ်လ် တွမ်ဇီဘီ(မန်ချက်စတာယူနိုက်တက်)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီး
ဒီေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလရဲ႕ ႐ုပ္အေပါက္ဆုံးသတင္းက ဟာရီကိန္းရဲ႕ မန္ခ်က္စတာစီးတီးကို ေျပာင္းေ႐ႊ႕လိုေနတဲ့သတင္းျဖစ္ၿပီး ကိန္းအေနနဲ႔ စပါးစ္ဥကၠဌ ဒါနီရယ္ လီဗိုင္းနဲ႔ ထိပ္တိုက္ေတြ႕ဖို႔ရွိသလို ဒီတစ္ပတ္မွာ စပါးစ္ရဲ႕ ရာသီႀကိဳ ေလ့က်င့္ေရးအစီအစဥ္ကို အခ်ိန္မီ ပူးေပါင္းဖို႔ ကိန္းဘက္က ပ်က္ကြက္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ရာသီမကုန္ခင္က သူ႔ရဲ႕ဆုဖလားေတြ ရခ်င္စိတ္နဲ႔ ကီဗင္ ဒီဘ႐ိုင္းနားနဲ႔ တြဲဖက္ကစားခ်င္တဲ့စိတ္ကို ကိန္းအေနနဲ႔ ထုတ္ေျပာျပခဲ့ဖူးပါတယ္။

ဒါေပမယ့္ စပါးစ္နည္းျပ ႏူႏို အက္စ္ပီရီတို ဆန္တိုအေနနဲ႔ ကိန္းက အသင္းရဲ႕ အစိတ္အပိုင္းျဖစ္ေနဆဲပါလို႔ ေျပာခဲ့ပါတယ္။ ကိန္းအေနနဲ႔ လီဗိုင္းနဲ႔ ဒီႏွစ္ေႏြမွာ အသင္းေျပာင္းဖို႔ သေဘာတူညီမႈရခဲ့ေပမယ့္ စပါးစ္ဘက္က စည္းေဖာက္ခဲ့ပါတယ္။ မန္စီးတီးအေနနဲ႔ ဂရီးလစ္ရွ္ကို ေပါင္သန္း ၁၀၀ နဲ႔ ေခၚယူထားၿပီး ကိန္းကိုလည္း ေပါင္သန္း ၁၀၀ နဲ႔ပဲ ေခၚယူခ်င္ေပမယ့္ စပါးစ္က ေပါင္သန္း ၁၅၀ အထိ ေဈးေခၚထားလို႔ အေျပာင္းအေ႐ႊ႕ ၾကန႔္ၾကာေနရတာျဖစ္ပါတယ္။
ေစာင့္ၾကည့္ကစားသမား- ဟာရီကိန္း(ေတာ့တင္ဟမ္ေဟာ့စပါးစ္)

မန္ခ်က္စတာယူႏိုက္တက္
ဒီႏွစ္ေႏြက အိုလီဂန္းနား ဆိုးလ္ရွားရဲ႕ ယူႏိုက္တက္အတြက္ အလုပ္မ်ားတဲ့ကာလျဖစ္ၿပီး ကာလရွည္ပစ္မွတ္ ေဂ်ဒန္ ဆန္ခ်ိဳကို ေဒါ့မြန္ကေန အရေခၚခဲ့ၿပီး ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းကိုလည္း တျခားအသင္းႀကီး‌ေတြထက္ လက္ဦးမႈယူၿပီး အရေခၚယူႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ယူႏိုက္တက္ရဲ႕ အေျပာင္းအေ႐ႊ႕အစီအစဥ္ေတြက ဒီမွာတင္ ရပ္တန႔္သြားဖို႔ အစီအစဥ္ရွိတဲ့ပုံ မေပၚပါဘူး။

ပီအက္စ္ဂ်ီအသင္းက ေခၚယူလိုၿပီး အသင္းကလည္း ထြက္ခြာခ်င္ေနတဲ့ ေပါလ္ ေပါ့ဘာေနရာမွာ ဘိုင္ယန္ျမဴးနစ္က လီယြန္ ေဂၚရက္ဇ္ကာနဲ႔ ရင္းေနးက အီဒူယာဒို ကာမာဗင္ဂါတို႔နဲ႔ အစားထိုးဖို႔ ေစာင့္ၾကည့္ေနၿပီး ကစားသမားႏွစ္ဦးစလုံးရဲ႕ စာခ်ဳပ္သက္တမ္းေတြကလည္း တစ္ႏွစ္ပဲ က်န္လို႔ သက္သာတဲ့ေဈးႏႈန္းနဲ႔ ရႏိုင္ပါတယ္။ ဒါ့အျပင္ ကီရန္ ထရစ္ပီယာကိုလည္း ညာျခမ္းခံစစ္အတြက္ ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။
ေစာင့္ၾကည့္ကစားသမားမ်ား– လီယြန္ ေဂၚရက္ဇ္ကာ(ဘိုင္ယန္ျမဴးနစ္)၊ ကီရန္ ထရစ္ပီယာ(အက္သလက္တီကိုမက္ဒရစ္)၊ အီဒူယာဒို ကာမာဗင္ဂါ(ရင္းေနး)

လီဗာပူးလ္
လီဗာပူးလ္အသင္းအေနနဲ႔ ဒီႏွစ္ေႏြမွာ အီဘရာဟီမာ ကိုနာေတကို RB လိုက္ပ္ဇစ္ကို ေပါင္ ၃၆ သန္းနဲ႔ ေခၚယူခဲ့တာတစ္ခုကလြဲၿပီး ကစားသမားအဝင္ မရွိေသးတာ ျဖစ္ပါတယ္။ အက္သလက္တီကို မက္ဒရစ္က ထြက္ခြာခြင့္မီးစိမ္းျပထားတဲ့ အသက္ ၂၆ ႏွစ္အ႐ြယ္ ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္ကို ေခၚယူဖို႔အတြက္ ခ်ိတ္ဆက္ေနၿပီး စပိန္သားကို မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ အျပဳင္လုေနရဆဲ ျဖစ္ပါတယ္။

ဒီႏွစ္ေႏြအေစာပိုင္းမွာ ပီအက္စ္ဂ်ီအသင္းကို ထြက္ခြာသြားတဲ့ ကြင္းလယ္လူ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္ေနရာမွာ အစားထိုးဖို႔ ရွာေဖြေနရတဲ့အျပင္ အသင္းကပၸတိန္ ေဂ်ာ္ဒန္ ဟန္ဒါဆန္အေနနဲ႔လည္း အသင္းက ထြက္ခြာဖို႔ သတင္းေျပးေနတာျဖစ္ပါတယ္။ ေပါင္ ၂၁ သန္း သတ္မွတ္ထားတဲ့ ဘုန္းေမာက္က အာေနာ့ ဒန္ယူမာကို ေခၚယူဖို႔စီစဥ္ေနေပမယ့္ သူ႔ကို ဗီလာရီးရဲလ္ကလည္း ခ်ိတ္ဆက္ေနသလို ခရစၥတယ္ပဲေလ့စ္ကလည္း ခ်ိတ္ဆက္ေနပါတယ္။
ေစာင့္ၾကည့္ကစားသမားမ်ား– ဆာအူးလ္ ညီးရက္ဇ္(အက္သလက္တီကို မက္ဒရစ္)၊ အာေနာက္ထ္ ဒြန္ယူမာ(ဘုန္းေမာက္)

ခ်ဲလ္ဆီး
ခ်န္ပီယံလိဂ္ဖလားကို အရယူခဲ့ၿပီးေနာက္ နည္းျပ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ ေနာက္တစ္ႀကိမ္ ဖလားယူျပဖို႔အတြက္ အေရးႀကီးေနလို႔ အေျပာင္းအေ႐ႊ႕ကို ေသခ်ာစီမံေနၿပီး တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ကို ေရာင္းထုတ္ဖို႔ရွိေနလို႔ တိုက္စစ္မႉးတစ္ေယာက္လိုေနတာ ျဖစ္ပါတယ္။ ‌ေဒါ့မြန္က အာလင္း ဟာလန္းကို ပစ္မွတ္ထားခဲ့ေပမယ့္ ေနာ္ေဝးသားအေနနဲ႔ အသင္းေျပာင္းဖို႔ မရွိေသးလို႔ ပစ္မွတ္ေျပာင္းလဲခဲ့ရပါတယ္။

တိုက္စစ္မႉးေဟာင္း ႐ိုမီလူ လူကာကူးကို ေခၚယူႏိုင္ဖို႔အတြက္ အလြန္နီးစပ္ေနၿပီး ခံစစ္ပိုင္းအတြက္ ဆီဗီလာေနာက္ခံလူ ဂ်ဴးလ္ ကြန္ဒီကို ေခၚယူဖို႔ ေဆြးေႏြးေနဆဲ ကာလျဖစ္သလို ျပင္သစ္သားရဲ႕ စာခ်ဳပ္ပါ ေလ်ာ္ေၾကးက ေပါင္ ၆၈.၄ သန္းျဖစ္ပါတယ္။ ကြင္းလယ္ခံစစ္အတြက္ ဝက္စ္ဟမ္းက ေပါင္သန္း ၁၀၀ ေဈးေခၚထားတဲ့ ဒက္ကလန္ ႐ိုက္စ္ကို ေခၚယူခ်င္ေပမယ့္ မရခဲ့ရင္ မိုနာကိုက အူရယ္လီယန္ ခြၽာမန္နီကို ေခၚယူဖို႔ စီစဥ္ေနပါတယ္။
ေစာင့္ၾကည့္ကစားသမားမ်ား– ႐ိုမီလူ လူကာကူး(အင္တာမီလန္)၊ အာလင္း ဟာလန္း(ေဒါ့မြန္)၊ ဂ်ဴးလ္စ္ ကြန္ဒီ(ဆီဗီလာ)၊ အူရယ္လီယန္ ခြၽာမန္နီ(မိုနာကို)၊ ဒက္ကလန္ ႐ိုက္စ္(ဝက္စ္ဟမ္း)

လက္စတာစီးတီး
ၿပီးခဲ့တဲ့ရာသီက ေနာက္ဆုံးပြဲေရာက္မွ ခ်န္ပီယံလိဂ္ဝင္ခြင့္ လြတ္ၿပီး FA ဖလားတစ္လုံး အဖတ္တင္လာခဲ့တဲ့ လက္စတာအသင္းအေနနဲ႔ အသင္းရဲ႕ ဝါရင့္ကစားသမားေတြျဖစ္ၾကတဲ့ ဝက္စ္ ေမာ္ဂန္နဲ႔ ခရစၥတီယန္ ဖုခ်္တို႔ ထြက္ခြာၿပီးေနာက္ ေႏြရာသီေခၚယူမႈေတြအျဖစ္ လီလ္က ဘူဘာကရီ ဆူမာေရးကို ေပါင္ ၂၃ သန္း၊ ရက္ဒ္ဘူးလ္ ဆဲလ္ဘာ့ဂ္က ပတ္ထ္ဆန္ ဒါကာနဲ႔ ေဆာက္သမ္တန္က ႐ိုင္ယန္ ဘာထရန္တို႔ကိုလည္း ေခၚယူအားျဖည့္ခဲ့ပါတယ္။

ေျခစြမ္းမက်ေသးေပမယ့္ ကစားသမားဘဝရဲ႕ ေနဝင္ခ်ိန္ေရာက္ေနတဲ့ ေဂ်မီ ဗာဒီရဲ႕ေနရာကို ေရရွည္အစားထိုးဖို႔အတြက္ ဆဲလ္တစ္က ေအာ့ဒ္ဆြန္း ေအဒူယာကို ခ်ိတ္ဆက္ေနၿပီး သူ႔ကို ဥေရာပအသင္းႀကီးေတြပါ စိတ္ဝင္စားေနတာျဖစ္ပါတယ္။ အသင္းေခါင္းေဆာင္ေဟာင္း ေမာ္ဂန္ေနရာကို အစားထိုးဖို႔အတြက္ ဂ်ိမ္းစ္ တာေကာ့ဗ္စကီးကို ပစ္မွတ္ထားေနၿပီး လာမယ့္ေဘာလုံးရာသီမွာလည္း ဆက္လက္ေတာက္ပဖို႔ တာစူေနတဲ့အသင္းျဖစ္ပါတယ္။
ေစာင့္ၾကည့္ကစားသမားမ်ား– ေအာ့ဒ္ဆြန္း ေအဒူယာ(ဆဲလ္တစ္)၊ ဂ်ိမ္းစ္ တာေကာစကီး(ဘန္ေလ)၊ အစ္ဆာ ဒီေယာ့ပ္(ဝက္စ္ဟမ္း)

ေတာ့တင္ဟမ္ေဟာ့စပါးစ္
တိုက္စစ္မႉး ဟာရီကိန္းရဲ႕ အသင္းက ထြက္ဖို႔ စီစဥ္ေနတာေတြက နည္းျပသစ္ ႏူႏို အက္စ္ပီရီတို ဆန္တိုအတြက္ မအီမလည္ျဖစ္ေစမွာပါ။ အားလပ္ရက္ ကုန္ဆုံးၿပီးေနာက္ ကိန္းအေနနဲ႔ အသင္းရဲ႕ရာသီႀကိဳေလ့က်င့္ေရးအစီအစဥ္မွာ အခ်ိန္မီပူးေပါင္းဖို႔ ပ်က္ကြက္ခဲ့တာျဖစ္ပါတယ္။ ဆြန္ေဟာင္မင္ကို စာခ်ဳပ္သက္တမ္း တိုးထားႏိုင္ခဲ့ၿပီး လူသစ္ေခၚယူမႈေတြလုပ္ဖို႔လည္း အရွိန္ျမႇင့္ႀကိဳးပမ္းေနတာ ျဖစ္ပါတယ္။

အတၱလန္တာခံစစ္မႉး ခရစၥတီယန္ ႐ိုမဲ႐ိုးကို ေပါင္ ၄၇ သန္းနဲ႔ ေခၚယူခဲ့ၿပီး ဖီအိုရင္တီးနားတိုက္စစ္မႉး ဒူရွန္ ဗလာဟိုဗစ္ခ္်ကိုလည္း ေခၚယူဖို႔အတြက္ ပစ္မွတ္ထားေနပါတယ္။ သတင္းေတြအရ ဗလာဟိုဗစ္ခ်္အေနနဲ႔ ကိန္းနဲ႔ တြဲဖက္ကစားခ်င္ၿပီး သူ႔ေနရာ အစားထိုးဖို႔ဆို မလာခ်င္ဘူးလို႔ ဆိုသလို ‌အင္တာမီလန္ရဲ႕ ေလာ္တာ႐ို မာတီနက္ဇ္နဲ႔ ညာေနာက္ခံအျပင္ ခံစစ္အတြင္းလူအျဖစ္လည္း ကစားႏိုင္တဲ့ ဘိုေလာ့ညာရဲ႕ တာကဲဟီ႐ို တိုမီယာစုကိုလည္း ေခၚယူဖို႔ ပစ္မွတ္ထားေနပါတယ္။
ေစာင့္ၾကည့္ကစားသမားမ်ား– ဒူရွန္ ဗလာဟိုဗစ္ခ်္(ဖီအိုရင္တီးနား)၊ တာကဲဟီ႐ို တိုမီယာဆု(ဘိုေလာ့ညာ)၊ ေလာ္တာ႐ို မာတီနက္ဇ္(အင္တာမီလန္)

အာဆင္နယ္
နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ အာဆင္နယ္အသင္းကို ထိပ္သီးေလးသင္းစာရင္းထဲ ပုံမွန္ျပန္ေရာက္ဖို႔အတြက္ ဘ႐ိုက္တန္ေနာက္ခံလူ ဘန္ဝႈိက္ကို ေပါင္သန္း ၅၀ နဲ႔ ၀ယ္ယူခဲ့တာက အသင္းရဲ႕ ခံစစ္ပိုင္းက ဟာကြက္ေတြကို ျပန္လည္ျဖည့္တင္းဖို႔ အေထာက္အကူျဖစ္ခဲ့ၿပီး ႏူႏို တာဗာရက္စ္နဲ႔ အဲလ္ဘတ္ ဆမ္ဘီ လိုကြန္ဂါတို႔ကို ခံစစ္ေတာင္ပံနဲ႔ ကြင္းလယ္ဟာကြက္ေတြအတြက္ ျဖည့္တင္းခဲ့ပါတယ္။

တိုက္စစ္အတြက္ ခ်ဲလ္ဆီးက တမ္မီ ေအဘရာဟမ္နဲ႔ အင္တာမီလန္က ေလာ္တာ႐ို မာတီနက္ဇ္တို႔ကိုလည္း ျမင့္မားတဲ့ပမာဏနဲ႔ ကမ္းလွမ္းဖို႔ရွိေနၿပီး ရွက္ဖီးလ္ဒ္ယူႏိုက္တက္ကစားသမားေတြျဖစ္တဲ့ အာ႐ြန္ ရမ္းစ္ေဒးလ္နဲ႔ ဆန္ဒါ ဘာဂါတို႔ကို ေခၚယူဖို႔ စီစဥ္ေနေပမယ့္ တစ္ဖက္က ရမ္းစ္ေဒးလ္အတြက္ ေပါင္သန္း ၄၀ အထိ လိုခ်င္ေနခ်ိန္မွာ ဂန္းနားတို႔ကေတာ့ ေပါင္သန္း ၃၀ က ပိုသင့္ေတာ္တဲ့ ပမာဏလို႔ ယူဆေနတာလည္းျဖစ္ပါတယ္။
ေစာင့္ၾကည့္ကစားသမားမ်ား– ဂ်ိမ္းစ္ မက္ဒီဆန္(လက္စတာ)၊ ေလာ္တာ႐ို မာတီနက္ဇ္(အင္တာမီလန္)၊ ဆန္ဒါ ဘာဂါ၊ အာ႐ြန္ ရမ္းစ္ေဒးလ္(ရွက္ဖီးလ္ဒ္ယူႏိုက္တက္)၊ တမ္မီ ေအဘရာဟမ္(ခ်ဲလ္ဆီး)၊ မာတင္ ေအာ္ဒီဂြါဒ္(ရီးရဲလ္မက္ဒရစ္)

အဲဗာတန္
နည္းျပ ကာလို အန္ဆယ္ေလာ့တီထြက္ခြာၿပီးေနာက္ နည္းျပျဖစ္လာခဲ့တဲ့ လီဗာပူးလ္နည္းျပေဟာင္း ရာဖာ ဘင္နီတက္ဇ္အေနနဲ႔ ေျပာင္းေ႐ႊ႕ေၾကး အကန႔္အသတ္နဲ႔ ဥေရာပဝင္ခြင့္ရေအာင္ ႀကိဳးစားရမွာျဖစ္လို႔ လူသစ္ေတြကို စိစစ္ေခၚယူခဲ့ၿပီး ဒီမာ႐ိုင္း ဂေရးကို ေလဗာကူဆင္က ေပါင္ ၁.၇ သန္း၊ အန္ဒ႐ိုစ္ ေတာင္းဆန္နဲ႔ အက္စ္မီယာ ဘီဂိုဗစ္ခ်္တို႔ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ အရေခၚႏိုင္ခဲ့ပါတယ္။

ဘင္နီတက္ဇ္အေနနဲ႔ အသင္းကို ကစားသမားအသစ္ေတြ ေခၚယူဖို႔အတြက္ ေမွ်ာ္လင့္ေနၿပီး စပို႔တင္းလစၥဘြန္းကြင္းလယ္လူ မားသီယပ္စ္ ႏူးညက္စ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး ဝါရင့္ေနာက္ခံလူ ေရွးမတ္စ္ ကိုးလ္မန္းေနရာမွာ ယူ႐ို ၂၀၂၀ မွာေတာက္ပခဲ့ၿပီး အသင္းႀကီးေတြရဲ႕ အာ႐ုံကို ဖမ္းစားခဲ့တဲ့ ပီအက္စ္ဗီက ဒင္ဇယ္လ္ ဒမ္းဖရီးစ္နဲ႔ အစားထိုးဖို႔ စီစဥ္ေနပါတယ္။
ေစာင့္ၾကည့္ကစားသမားမ်ား– ဒြိဳက္ မက္နီးလ္(ဘန္ေလ)၊ ဒင္ဇလ္ ဒမ္းဖရီးစ္(ပီအက္စ္ဗီ)၊ မားသီးယပ္စ္ ႏူးညက္စ္(စပို႔တင္းလစၥဘြန္း)

အက္စတန္ဗီလာ
ၿပီးခဲ့တဲ့ရက္ပိုင္းက အက္စတန္ဗီလာအသင္းအေနနဲ႔ ေဆာက္သမ္တန္တိုက္စစ္မႉး ဒန္နီ အင္းစ္ကို ေပါင္သန္း ၃၀ နဲ႔ ေခၚယူႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း အံ့အားသင့္ဖြယ္ ထုတ္ျပန္ခဲ့ၿပီး မန္ခ်က္စတာစီးတီးအသင္းဆီက ရခဲ့တဲ့ ဂ်က္ခ္ ဂရီးလစ္ရွ္ရဲ႕ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၁၀၀ နဲ႔ လိုအပ္တဲ့ ကစားသမားေတြ ျပန္ျဖည့္တင္းရာမွာ အျပည့္အဝအသုံးခ်ဖို႔ ပရိသတ္ေတြက ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

လက္ရွိမွာ ေလဗာကူဆင္က လီယြန္ ဘိုင္လီကို ေပါင္သန္း ၃၀၊ ေနာဝစ္ခ်္က အီမီလီယာႏို ဘြင္ဒီယာကို ေပါင္သန္း ၄၀ နဲ႔ ေခၚယူခဲ့တာေတြအျပင္ အသင္းရဲ႕ ကစားသမားေဟာင္း အက္ရွ္လီ ယန္းကိုလည္း ေခၚယူအားျဖည့္ထားပါတယ္။ ေဆာက္သမ္တန္ကြင္းလယ္လူ ဂ်ိမ္းစ္ ဝါ့ဒ္ပေရာက္စ္ကိုလည္း ခ်ိန္႐ြယ္ေနၿပီး ဂရီးလစ္ရွ္ေနရာအတြက္ ဒိန္းမတ္သား မီခယ္လ္ ဒမ္းစ္ဂါ့ဒ္၊ ဝက္ဖို႔ဒ္က ဝီလ္ ဟယူးခ်္နဲ႔ ေနာဝစ္ခ်္က ေတာ့ဒ္ ကန႔္ထ္ဝဲလ္တို႔ကို ခ်ိတ္ဆက္ေနပါတယ္။
ေစာင့္ၾကည့္ကစားသမားမ်ား– မီကယ္လ္ ဒမ္းစ္ဂါ့ဒ္(ဆမ္ဒိုးရီးယား)၊ ဝီလ္ ဟယူးခ်္(ဝက္ဖို႔ဒ္)၊ ဂ်ိမ္းစ္ ဝါ့ဒ္ပေရာက္စ္(ေဆာက္သမ္တန္)၊ ေတာ့ဒ္ ကန႔္ထ္ဝဲလ္(ေနာဝစ္ခ္်)၊ အိတ္ဇယ္လ္ တြမ္ဇီဘီ(မန္ခ်က္စတာယူႏိုက္တက္)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.