La Liga Premier League

ေအာဝါကို ျပန္လည္စိတ္ဝင္စားလာၿပီး ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ မန္ခ်က္စတာစီးတီး

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ လာမယ့္ရာသီမွာ အားနည္းသြားဖို႔ ရွိေနတဲ့ သူတုိ႔ရဲ႕ ကြင္းလယ္ဗဟိုပုိင္းကို ျပန္လည္အားျဖည့္သြားဖို႔ ျပင္သစ္ကလပ္ လီယြန္အသင္းရဲ႕ ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါကို ေစာင့္ၾကည့္ေနၿပီး ပီအက္စ္ဂ်ီ၊ ဂ်ဴဗင္တပ္စ္အသင္းေတြနဲ႔ ယွဥ္ၿပဳိင္ေခၚယူသြားဖို႔ စီစဥ္ေနပါတယ္။

အသင္းကေန ေဒးဗစ္ ေဆးလ္ဗား ထြက္ခြာသြားေတာ့မွာ ျဖစ္တဲ့အျပင္ ဝါရင့္ကြင္းလယ္လူ ဖာနန္ဒင္ဟိုကလည္း အသက္အရြယ္ေၾကာင့္ အေကာင္းဆုံးအေနအထားမွာ မရွိေတာ့တဲ့အခ်ိန္မွာ ေဒါင္ေဒါင္ျမည္ဆုိလုိ႔ ဂ်ာမန္သား အစ္လ္ေက ဂြန္ဒိုးဝမ္တစ္ေယာက္တည္းရွိေနၿပီး ေရရွည္မွာ ထိခိုက္မလာခင္ ဂြါဒီယိုလာအေနနဲ႔ ေစာေစာစီးစီး အားျဖည့္သြားဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။

ကြင္းလယ္မွာ ေဘာလုံးအထိန္းအသိမ္းနဲ႔ ေပးပုိ႔မွဳေကာင္းမြန္တဲ့ ျပင္သစ္ကြင္းလယ္လူဟာ လက္ေရြးစင္အသင္းႀကီးအဆင့္မွာေတာ့ ကစားခြင့္ ရမထားေသးေပမယ့္ လီယြန္အသင္းမွာေတာ့ သုံးရာသီအတြင္း ပြဲေပါင္း ရာေက်ာ္ကစားထားခဲ့သလို အဓိက ဟန္ခ်က္ကစားသမားလည္း ျဖစ္ေနခဲ့ၿပီး ဥေရာပအသင္းႀကီးေတြရဲ႕ ေစာင့္ၾကည့္မွဳကိုလည္း ခံေနရတာပါ။

အသင္းဥကၠဌ ယြန္း-မီရွယ္ အုိလာကေတာ့ ကစားသမားရဲ႕ ဆႏၵမပါဘဲ ဘာကိုမွ အတင္းအက်ပ္လုပ္ဖို႔ စိတ္မကူးဘူးလို႔ ဆုိခဲ့သလို အသင္းမွာ ထိန္းခ်ဳပ္ထားဖို႔နဲ႔ အသင္းက ထြက္ခြာခ်င္တယ္ဆုိရင္ ေရာင္းခ်သြားဖို႔ဟာ ေအာဝါရဲ႕ ေတာင္းဆုိမွဳအေပၚမွာပဲ မူတည္ေနေၾကာင္းဆုိလုိက္ၿပီး လုိခ်င္တဲ့ အသင္းႀကီးေတြအေနနဲ႔ ကစားသမားကို တုိက္႐ိုက္စည္း႐ုံးသြားရဖို႔ ရွိေနပါတယ္။

တခ်ဳိ႕မန္စီးတီးပရိသတ္ေတြကေတာ့ လူငယ္ကစားသမား ဖီးလ္ ဖိုဒန္ကို ကြင္းလယ္မွာ အသုံးျပဳဖို႔ ဆုိခဲ့ေပမယ့္ သူ႕အေနနဲ႔ ဒီလိုမ်ဳိး အေတြ႕အႀကဳံမရွိေသးသလို ကြင္းလယ္တုိက္စစ္နဲ႔ ေတာင္ပံမွာ ပုိမိုအသားက်တဲ့ ကစားသမားအစား အသင့္အသုံးျပဳလုိ႔ရႏိုင္တဲ့ ေအာဝါနဲ႔ အက္သလက္တီကို မက္ဒရစ္ရဲ႕ ဆာအူးလ္ ညီးရက္ဇ္တုိ႔ထဲက တစ္ဦးကိုပဲ ေခၚယူသြားဖြယ္ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ လာမယ့်ရာသီမှာ အားနည်းသွားဖို့ ရှိနေတဲ့ သူတို့ရဲ့ ကွင်းလယ်ဗဟိုပိုင်းကို ပြန်လည်အားဖြည့်သွားဖို့ ပြင်သစ်ကလပ် လီယွန်အသင်းရဲ့ ကွင်းလယ်လူ ဟူဆင်းမ် အောဝါကို စောင့်ကြည့်နေပြီး ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စ်အသင်းတွေနဲ့ ယှဉ်ပြိုင်ခေါ်ယူသွားဖို့ စီစဉ်နေပါတယ်။

အသင်းကနေ ဒေးဗစ် ဆေးလ်ဗား ထွက်ခွာသွားတော့မှာ ဖြစ်တဲ့အပြင် ဝါရင့်ကွင်းလယ်လူ ဖာနန်ဒင်ဟိုကလည်း အသက်အရွယ်ကြောင့် အကောင်းဆုံးအနေအထားမှာ မရှိတော့တဲ့အချိန်မှာ ဒေါင်ဒေါင်မြည်ဆိုလို့ ဂျာမန်သား အစ်လ်ကေ ဂွန်ဒိုးဝမ်တစ်ယောက်တည်းရှိနေပြီး ရေရှည်မှာ ထိခိုက်မလာခင် ဂွါဒီယိုလာအနေနဲ့ စောစောစီးစီး အားဖြည့်သွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ကွင်းလယ်မှာ ဘောလုံးအထိန်းအသိမ်းနဲ့ ပေးပို့မှုကောင်းမွန်တဲ့ ပြင်သစ်ကွင်းလယ်လူဟာ လက်ရွေးစင်အသင်းကြီးအဆင့်မှာတော့ ကစားခွင့် ရမထားသေးပေမယ့် လီယွန်အသင်းမှာတော့ သုံးရာသီအတွင်း ပွဲပေါင်း ရာကျော်ကစားထားခဲ့သလို အဓိက ဟန်ချက်ကစားသမားလည်း ဖြစ်နေခဲ့ပြီး ဥရောပအသင်းကြီးတွေရဲ့ စောင့်ကြည့်မှုကိုလည်း ခံနေရတာပါ။

အသင်းဥက္ကဌ ယွန်း-မီရှယ် အိုလာကတော့ ကစားသမားရဲ့ ဆန္ဒမပါဘဲ ဘာကိုမှ အတင်းအကျပ်လုပ်ဖို့ စိတ်မကူးဘူးလို့ ဆိုခဲ့သလို အသင်းမှာ ထိန်းချုပ်ထားဖို့နဲ့ အသင်းက ထွက်ခွာချင်တယ်ဆိုရင် ရောင်းချသွားဖို့ဟာ အောဝါရဲ့ တောင်းဆိုမှုအပေါ်မှာပဲ မူတည်နေကြောင်းဆိုလိုက်ပြီး လိုချင်တဲ့ အသင်းကြီးတွေအနေနဲ့ ကစားသမားကို တိုက်ရိုက်စည်းရုံးသွားရဖို့ ရှိနေပါတယ်။

တချို့မန်စီးတီးပရိသတ်တွေကတော့ လူငယ်ကစားသမား ဖီးလ် ဖိုဒန်ကို ကွင်းလယ်မှာ အသုံးပြုဖို့ ဆိုခဲ့ပေမယ့် သူ့အနေနဲ့ ဒီလိုမျိုး အတွေ့အကြုံမရှိသေးသလို ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံမှာ ပိုမိုအသားကျတဲ့ ကစားသမားအစား အသင့်အသုံးပြုလို့ရနိုင်တဲ့ အောဝါနဲ့ အက်သလက်တီကို မက်ဒရစ်ရဲ့ ဆာအူးလ် ညီးရက်ဇ်တို့ထဲက တစ်ဦးကိုပဲ ခေါ်ယူသွားဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.