Premier League Transfer News

7 Aug နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းအနေနဲ့ အင်္ဂလန်နေရှင်နယ်လိဂ်ကလပ် ဝေးမောက်အသင်းနဲ့ ကော့ဘ်ဟမ်းလေ့ကျင့်ရေးကွင်းမှာ တံခါးပိတ်ခြေစမ်းပွဲအဖြစ် ကန်သွားဖို့ရှိနေသလို ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ရင်ဆိုင်ပြီး နောက်တစ်နေ့မှာ ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း အနောက်လန်ဒန်ကလပ်က အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှတစ်ဆင့် ထုတ်ပြန်ကြေငြာခဲ့။

– ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့အတွက် ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ခ်ျအနေနဲ့ မနေ့က ဘုတ်အဖွဲ့ဝင်တွေနဲ့ အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ပြီး ပီအက်စ်ဂျီ၊ မန်ချက်စတာစီးတီးတို့နဲ့ သတင်းတွေထွက်နေတဲ့ကြားထဲက ဖြတ်ခုတ်ဖို့ ကြံစည်နေကြောင်းသိရ။

– ချဲလ်ဆီးအသင်းကို ရောက်ဖို့ နီးစပ်နေတဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူးအ‌နေနဲ့ ကိုယ့်ကို အသိအမှတ်ပြု တန်ဖိုးထားရကောင်းမှန်း မသိတဲ့ အသင်းမှာ တစ်နှစ်လုပ်ခ ယူရို ၁၂ သန်း ရဖို့အတွက်နဲ့ အရာရာအဆင်ပြေနေပြီး တစ်နှစ်လုပ်ခ ယူရို ၈ သန်း ပေးတဲ့ အင်တာမီလန်အသင်းကို စွန့်ပစ်ချင်တာလားလို့ အီတလီတိုက်စစ်မှူးဟောင်း အန်တိုနီယို ကက်ဆာနိုက မေးခွန်းထုတ်သွားခဲ့။

– ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်းရဲ့ အေးဂျင့် မီနို ရိုင်ယိုလာအနေနဲ့ ချဲလ်ဆီးအသင်းနဲ့ ထပ်မံပတ်သက်ရဖို့ အကြောင်းဖန်လာခဲ့ပြီး သူ့ကစားသမားတစ်ဦးဖြစ်တဲ့ အင်တာမီလန်ခံစစ်မှူး စတီဖန် ဒီဗရိုင်းကို ခေါ်ယူဖို့အတွက် ခံစစ်အင်အားဖြည့်တင်းချင်နေတဲ့ အနောက်လန်ဒန်ကလပ်ဘက်က စိတ်ဝင်စားလာတာဖြစ်သလို သူ့အနေနဲ့လည်း ဒတ်ခ်ျခံစစ်မှူးအတွက် အသင်းသစ်ရှာဖွေပေးနေခဲ့တာဖြစ်တယ်လို့ သတင်းတွေ ဖော်ပြ။

– ချဲလ်ဆီးအသင်းအနေနဲ့ အင်တာမီလန်တိုက်စစ်မှူး ရိုမဲလူ လူကာကူးကို ခေါ်ယူဖို့အတွက် နောက်ခံလူ ဒါ‌ဗီဒေး ဇက်ပါကော့စတာ အပါအဝင် ယူရို ၁၀၅ သန်းနဲ့ ကမ်းလှမ်းဖို့စီစဉ်နေသလို ဆန်စီရိုဘက်က ပယ်ချခဲ့ရင် နောက်ထပ်နည်းလမ်းတစ်ခုအဖြစ် ယူရို ၁၁၅ သန်းကို ငွေသားချည်း သီးသန့်ပေးချေပြီး ကမ်းလှမ်းသွားဖို့ စီစဉ်ထားကြောင်း သတင်းတွေထွက်လာ။

– ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပေါ်တူဂီမှာ ဖြစ်ပွားခဲ့တဲ့ လေးဆင့်ဆက်တိုက် ယာဉ်တိုက်မှုကြောင့် အသက်သေဆုံးသွားခဲ့တဲ့ ချဲလ်ဆီးအသင်းကစားသမားဟောင်း မီရှာအေးလ် ဘားလက်ခ်ရဲ့သားဖြစ်သူ အီမီလီယို ဘားလက်ခ်ရဲ့ သေဆုံးမှုအတွက် စိတ်မကောင်းဖြစ်ရကြောင်း မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပက်ပ် ဂွါဒီယိုလာက ပြောသွားခဲ့။

– ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ အသင်းရဲ့ ဂန္ထဝင်ဂိုးသမားကြီး ပီတာချက်နဲ့ အလုပ်အတူလုပ်ရတာ ကောင်းမွန်ကြောင်းပြောခဲ့ပြီး ချက်ဂိုးသမားဟောင်းကြီးရဲ့ အတွေ့အကြုံတွေအားလုံးက အသင်းအပေါ် အထောက်အကူပြုနေသလို သူ့ကို ဘောလုံးသမား‌တစ်ယောက်အနေနဲ့ ပြန်မြင်ရနိုင်မယ်ဆို အသင်းမှာ အသုံးပြုချင်သေးကြောင်း အသင်းဝက်ဘ်ဆိုက်က အင်တာဗျူးမှာ ဖွင့်ဟသွားခဲ့။

– ဆီဗီလာအသင်း‌ရဲ့ နောက်ခံလူ ဂျူးလ်စ် ကွန်ဒီကို ခေါ်ယူဖို့အတွက် လုပ်ငန်းစဉ်တွေကို သဘောတူညီမှု တစ်စုံတစ်ရာ မရနိုင်သေးချိန်မှာ ချဲလ်ဆီးအသင်းအနေနဲ့ ခေတ္တရပ်နားထားပြီး အင်တာမီလန်တိုက်စစ်မှူး လူကာကူးကို အရခေါ်ယူနိုင်ပြီးမှသာ ပြင်သစ်ခံစစ်မှူးအတွက် ကျန်ရှိနေတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို ပြန်လည်လုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရ။

– ဒန်နီအင်းစ်ကို မကြာသေးမီကမှ အက်စတန်ဗီလာအသင်းဆီ ရောင်းထုတ်ခဲ့တဲ့ ဆောက်သမ်တန်အသင်းအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ အရောင်းစာရင်းမှာရှိနေတဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာခဲ့ပြီး အသက် ၂၃ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးရဲ့ကစားပုံကို နှစ်သက်နေသလို ထွက်ခွာသွားတဲ့ ဒန်နီအင်းစ်အတွက် အသင့်တော်ဆုံးအစားထိုးမှုဖြစ်တယ်လို့ ယုံကြည်နေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ အဂၤလန္ေနရွင္နယ္လိဂ္ကလပ္ ေဝးေမာက္အသင္းနဲ႔ ေကာ့ဘ္ဟမ္းေလ့က်င့္ေရးကြင္းမွာ တံခါးပိတ္ေျခစမ္းပြဲအျဖစ္ ကန္သြားဖို႔ရွိေနသလို ပရီးမီးယားလိဂ္အဖြင့္ပြဲအျဖစ္ ခရစၥတယ္ပဲေလ့စ္အသင္းနဲ႔ ရင္ဆိုင္ၿပီး ေနာက္တစ္ေန႔မွာ ယွဥ္ၿပိဳင္သြားမွာျဖစ္ေၾကာင္း အေနာက္လန္ဒန္ကလပ္က အသင္းရဲ႕ တရားဝင္ဝက္ဘ္ဆိုက္မွတစ္ဆင့္ ထုတ္ျပန္ေၾကျငာခဲ့။

– ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးသြားခဲ့တဲ့ အာဂ်င္တီးနားတိုက္စစ္မႉး လီယြန္နယ္ မက္ဆီကို ေခၚယူဖို႔အတြက္ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ႐ိုမန္ ေအဘရာမိုဗစ္ခ္်အေနနဲ႔ မေန႔က ဘုတ္အဖြဲ႕ဝင္ေတြနဲ႔ အေရးေပၚအစည္းအေဝးျပဳလုပ္ခဲ့ၿပီး ပီအက္စ္ဂ်ီ၊ မန္ခ်က္စတာစီးတီးတို႔နဲ႔ သတင္းေတြထြက္ေနတဲ့ၾကားထဲက ျဖတ္ခုတ္ဖို႔ ႀကံစည္ေနေၾကာင္းသိရ။

– ခ်ဲလ္ဆီးအသင္းကို ေရာက္ဖို႔ နီးစပ္ေနတဲ့ တိုက္စစ္မႉး ႐ိုမီလူ လူကာကူးအ‌ေနနဲ႔ ကိုယ့္ကို အသိအမွတ္ျပဳ တန္ဖိုးထားရေကာင္းမွန္း မသိတဲ့ အသင္းမွာ တစ္ႏွစ္လုပ္ခ ယူ႐ို ၁၂ သန္း ရဖို႔အတြက္နဲ႔ အရာရာအဆင္ေျပေနၿပီး တစ္ႏွစ္လုပ္ခ ယူ႐ို ၈ သန္း ေပးတဲ့ အင္တာမီလန္အသင္းကို စြန႔္ပစ္ခ်င္တာလားလို႔ အီတလီတိုက္စစ္မႉးေဟာင္း အန္တိုနီယို ကက္ဆာႏိုက ေမးခြန္းထုတ္သြားခဲ့။

– ေဒါ့မြန္တိုက္စစ္မႉး အာလင္း ဟာလန္းရဲ႕ ေအးဂ်င့္ မီႏို ႐ိုင္ယိုလာအေနနဲ႔ ခ်ဲလ္ဆီးအသင္းနဲ႔ ထပ္မံပတ္သက္ရဖို႔ အေၾကာင္းဖန္လာခဲ့ၿပီး သူ႔ကစားသမားတစ္ဦးျဖစ္တဲ့ အင္တာမီလန္ခံစစ္မႉး စတီဖန္ ဒီဗ႐ိုင္းကို ေခၚယူဖို႔အတြက္ ခံစစ္အင္အားျဖည့္တင္းခ်င္ေနတဲ့ အေနာက္လန္ဒန္ကလပ္ဘက္က စိတ္ဝင္စားလာတာျဖစ္သလို သူ႔အေနနဲ႔လည္း ဒတ္ခ္်ခံစစ္မႉးအတြက္ အသင္းသစ္ရွာေဖြေပးေနခဲ့တာျဖစ္တယ္လို႔ သတင္းေတြ ေဖာ္ျပ။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ အင္တာမီလန္တိုက္စစ္မႉး ႐ိုမဲလူ လူကာကူးကို ေခၚယူဖို႔အတြက္ ေနာက္ခံလူ ဒါ‌ဗီေဒး ဇက္ပါေကာ့စတာ အပါအဝင္ ယူ႐ို ၁၀၅ သန္းနဲ႔ ကမ္းလွမ္းဖို႔စီစဥ္ေနသလို ဆန္စီ႐ိုဘက္က ပယ္ခ်ခဲ့ရင္ ေနာက္ထပ္နည္းလမ္းတစ္ခုအျဖစ္ ယူ႐ို ၁၁၅ သန္းကို ေငြသားခ်ည္း သီးသန႔္ေပးေခ်ၿပီး ကမ္းလွမ္းသြားဖို႔ စီစဥ္ထားေၾကာင္း သတင္းေတြထြက္လာ။

– ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ေပၚတူဂီမွာ ျဖစ္ပြားခဲ့တဲ့ ေလးဆင့္ဆက္တိုက္ ယာဥ္တိုက္မႈေၾကာင့္ အသက္ေသဆုံးသြားခဲ့တဲ့ ခ်ဲလ္ဆီးအသင္းကစားသမားေဟာင္း မီရွာေအးလ္ ဘားလက္ခ္ရဲ႕သားျဖစ္သူ အီမီလီယို ဘားလက္ခ္ရဲ႕ ေသဆုံးမႈအတြက္ စိတ္မေကာင္းျဖစ္ရေၾကာင္း မန္ခ်က္စတာစီးတီးအသင္းရဲ႕နည္းျပ ပက္ပ္ ဂြါဒီယိုလာက ေျပာသြားခဲ့။

– ခ်ဲလ္ဆီးအသင္းနည္းျပ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ အသင္းရဲ႕ ဂႏၴဝင္ဂိုးသမားႀကီး ပီတာခ်က္နဲ႔ အလုပ္အတူလုပ္ရတာ ေကာင္းမြန္ေၾကာင္းေျပာခဲ့ၿပီး ခ်က္ဂိုးသမားေဟာင္းႀကီးရဲ႕ အေတြ႕အႀကဳံေတြအားလုံးက အသင္းအေပၚ အေထာက္အကူျပဳေနသလို သူ႔ကို ေဘာလုံးသမား‌တစ္ေယာက္အေနနဲ႔ ျပန္ျမင္ရႏိုင္မယ္ဆို အသင္းမွာ အသုံးျပဳခ်င္ေသးေၾကာင္း အသင္းဝက္ဘ္ဆိုက္က အင္တာဗ်ဴးမွာ ဖြင့္ဟသြားခဲ့။

– ဆီဗီလာအသင္း‌ရဲ႕ ေနာက္ခံလူ ဂ်ဴးလ္စ္ ကြန္ဒီကို ေခၚယူဖို႔အတြက္ လုပ္ငန္းစဥ္ေတြကို သေဘာတူညီမႈ တစ္စုံတစ္ရာ မရႏိုင္ေသးခ်ိန္မွာ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေခတၱရပ္နားထားၿပီး အင္တာမီလန္တိုက္စစ္မႉး လူကာကူးကို အရေခၚယူႏိုင္ၿပီးမွသာ ျပင္သစ္ခံစစ္မႉးအတြက္ က်န္ရွိေနတဲ့ ေဆြးေႏြးညႇိႏႈိင္းမႈေတြကို ျပန္လည္လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း သိရ။

– ဒန္နီအင္းစ္ကို မၾကာေသးမီကမွ အက္စတန္ဗီလာအသင္းဆီ ေရာင္းထုတ္ခဲ့တဲ့ ေဆာက္သမ္တန္အသင္းအေနနဲ႔ ခ်ဲလ္ဆီးအသင္းရဲ႕ အေရာင္းစာရင္းမွာရွိေနတဲ့ တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားလာခဲ့ၿပီး အသက္ ၂၃ ႏွစ္အ႐ြယ္ အဂၤလန္တိုက္စစ္မႉးရဲ႕ကစားပုံကို ႏွစ္သက္ေနသလို ထြက္ခြာသြားတဲ့ ဒန္နီအင္းစ္အတြက္ အသင့္ေတာ္ဆုံးအစားထိုးမႈျဖစ္တယ္လို႔ ယုံၾကည္ေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.