Premier League UCL&UEL

ချဲလ်ဆီးအသင်းက တွဲဖက်ကောင်းအကြောင်း ဖွင့်ဟလိုက်တဲ့ UCL ဖိုင်နယ်ဂိုးရှင် ဟာဗတ်ဇ်

ချဲလ်ဆီးအသင်းအတွက် ချန်ပီယံလိဂ်ဖလားကို ရယူဖို့ လုံလောက်ခဲ့တဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ပေါ်တိုကွင်းကြီးထဲမှာ သွင်းယူပေးခဲ့တဲ့ ခိုင်ဟာဗတ်ဇ်က သူ့ရဲ့ မယုံနိုင်စရာကောင်းလောက်အောင် တွဲဖက်ညီခဲ့တဲ့ အသင်းဖော် မေဆန်မောင့်နဲ့ကြားက ရင်းနှီးနားလည်မှုအကြောင်းကို ပြောပြခဲ့ပြီး သူ့ရဲ့ ကြက်သီးထစရာ အောင်မြင်မှုတွေကို ပြန်ပြောင်းပြောပြလိုက်ပါတယ်။

ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ မန်ချက်စတာစီးတီးနဲ့ တွေ့ဆုံစဉ်က အကြောင်းကို ပြန်ခေါ်ရရင်တော့ ပွဲချိန် ၄၂ မိနစ်မှာ ရရှိတဲ့ တန်ပြန်တိုက်စစ်က ဘောလုံးကို ပေးလိုက်တဲ့ မေဆန်မောင့်ရဲ့ အခင်းအကျင်းကို ဟာဗတ်ဇ်က နောက်ခံလူနှစ်ယောက်ကြားကနေ ပြေးထွက်ပြီး ဂိုးသမား အီဒါဆန်ကို ကျော်ဖြတ်သွင်းယူ သွားနိုင်ခဲ့တာဖြစ်သလို အင်္ဂလန်သားရဲ့ ပေးပို့မှုကတော့ တကယ့် Killer Pass လည်းဖြစ်ခဲ့ပါတယ်။

“ဒီဂိုးကို ကျွန်တော် မကြာခဏ ပြန်ကြည့်ဖြစ်တယ်ဗျ။ ဘယ်တော့မှ မေ့မှာ မဟုတ်တဲ့ မြင်ကွင်းတစ်ခုလည်းဖြစ်နေပါတယ်။ ဒါက ကျွန်တော် သွင်းယူခဲ့သမျှထဲမှာ အကြီးမားဆုံးဂိုးတစ်ဂိုးပါပဲ။ ပြန်ကြည့်တော့ လွယ်ကူတဲ့ ဂိုးတစ်ဂိုးလို့ ထင်ရပေမယ့် ကွင်းထဲမှာ ဖိအားတွေနဲ့ ရသမျှ နေရာလွတ်နဲ့ အချိန်အတိုင်းအတာကို ခက်ခက်ခဲခဲ တုံ့ပြန်ခဲ့ရတာပါ။ ဒီဂိုးကို ပြန်ကြည့်တိုင်း ကြက်သီးထအောင် ဝမ်းသာမိပါတယ်”လို့ ဟာဗတ်ဇ်က ဆိုပါတယ်။

သူ့ရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့တဲ့ မေဆန်မောင့်ကိုတော့ ဟာဗတ်ဇ်က မယုံနိုင်စရာကောင်းတဲ့ ကစားသမားမျိုးလို့ ဖော်ကျူးသွားခဲ့ပြီး ချဲလ်ဆီးနဲ့ ခြေစွမ်းပြခဲ့သလို အင်္ဂလန်လက်ရွေးစင်အသင်းကြီးရဲ့ နေရာတစ်နေရာကို ပိုင်စားမှုနဲ့ ယူရို ၂၀၂၀ ဖိုင်နယ်အထိ ကစားခဲ့တဲ့ ကော့ဘ်ဟမ်း အကယ်ဒမီထွက်ကစားသမားနဲ့ နားလည်မှုအကြောင်းကိုလည်း ဖွင့်ဟသွားခဲ့ပါတယ်။

“သူ့ရဲ့ အရည်အသွေးကတော့ မယုံနိုင်စရာပါပဲ။ သူနဲ့ ကျွန်တော့်ကြားက နားလည်မှုက ကောင်းခဲ့ပြီး ဒီရာသီမှာလည်း ပိုကောင်းလာမယ်လို့ ထင်ပါတယ်။ သူနဲ့ တွဲကစားရတာ ပျော်စရာဖြစ်ပြီး ကစားသမားကောင်းတစ်ယောက်ဖြစ်တဲ့ သူ့အနေနဲ့ ကျွန်တော့်အတွက် ဖန်တီးမှုကောင်းတွေလည်း လုပ်ဆောင်ပေးနိုင်ပါတယ်”လို့ မောင့်နဲ့ အကြောင်းကိုလည်း ပြောသွားခဲ့တာပါ။

ပြီးခဲ့တဲ့ ရာသီက ၉ ဂိုးသွင်း ၉ ဂိုးဖန်တီးနိုင်ခဲ့တဲ့ ဟာဗတ်ဇ်က ချန်ပီယံလိဂ်ဖိုင်နယ်ဂိုးနဲ့ ထင်ရှားလာခဲ့သလို မေဆန်မောင့်ကလည်း တူညီတဲ့ မှတ်တမ်းကိုပဲ ပြိုင်ပွဲစုံမှာ ပိုင်ဆိုင်ထားနိုင်ခဲ့ပြီး ပိုမိုအသားကျလာတဲ့ အသင်းလိုက်တွဲဖက်မှုနဲ့ သောမတ်စ် တူဟယ်လ်ရဲ့ ကစားကွက်မှာ အန်ဂိုလို ကွန်တေရဲ့ ကွင်းလယ်စိုးမိုးမှုကို သူတို့နှစ်ယောက်က အကောင်းဆုံး အခွင့်အရေးယူနိုင်ခဲ့ကြပါတယ်။

ဟာဗတ်ဇ်ရော မေဆန်မောင့်ပါ နည်းပြ တူဟယ်လ်ရဲ့ ကစားကွက်မှာ အဓိကကျသူတွေဖြစ်နေကြပြီး ဘယ်ကစားကွက်မှာမဆို ပွဲထွက်ခွင့် ရှိနေတဲ့ သူတို့နှစ်ဦးရဲ့ ဒေါင်ဒေါင်မြည် အစမ်းသပ်ခံနိုင်မှုဟာ ချဲလ်ဆီးအသင်းအတွက် ရင်ခုန်စရာဖြစ်သလို ကွင်းလယ်လူတစ်ဦးထက် တိုက်စစ်မှူးတစ်ဦးနဲ့ ပိုတူလာခဲ့တဲ့ ဂျာမန်သားအနေနဲ့ ဖန်တီးမှုရော ဂိုးသွင်းစွမ်းရည်ပါ ပြသပြီး အသင်းရဲ့ ချန်ပီယံ စိန်ခေါ်မှုမှာ ဦးဆောင်ပေးနိုင်မလား စောင့်ကြည့်ရဖို့ ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအတြက္ ခ်န္ပီယံလိဂ္ဖလားကို ရယူဖို႔ လုံေလာက္ခဲ့တဲ့ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ေပၚတိုကြင္းႀကီးထဲမွာ သြင္းယူေပးခဲ့တဲ့ ခိုင္ဟာဗတ္ဇ္က သူ႔ရဲ႕ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ တြဲဖက္ညီခဲ့တဲ့ အသင္းေဖာ္ ေမဆန္ေမာင့္နဲ႔ၾကားက ရင္းႏွီးနားလည္မႈအေၾကာင္းကို ေျပာျပခဲ့ၿပီး သူ႔ရဲ႕ ၾကက္သီးထစရာ ေအာင္ျမင္မႈေတြကို ျပန္ေျပာင္းေျပာျပလိုက္ပါတယ္။

ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ မန္ခ်က္စတာစီးတီးနဲ႔ ေတြ႕ဆုံစဥ္က အေၾကာင္းကို ျပန္ေခၚရရင္ေတာ့ ပြဲခ်ိန္ ၄၂ မိနစ္မွာ ရရွိတဲ့ တန္ျပန္တိုက္စစ္က ေဘာလုံးကို ေပးလိုက္တဲ့ ေမဆန္ေမာင့္ရဲ႕ အခင္းအက်င္းကို ဟာဗတ္ဇ္က ေနာက္ခံလူႏွစ္ေယာက္ၾကားကေန ေျပးထြက္ၿပီး ဂိုးသမား အီဒါဆန္ကို ေက်ာ္ျဖတ္သြင္းယူ သြားႏိုင္ခဲ့တာျဖစ္သလို အဂၤလန္သားရဲ႕ ေပးပို႔မႈကေတာ့ တကယ့္ Killer Pass လည္းျဖစ္ခဲ့ပါတယ္။

“ဒီဂိုးကို ကြၽန္ေတာ္ မၾကာခဏ ျပန္ၾကည့္ျဖစ္တယ္ဗ်။ ဘယ္ေတာ့မွ ေမ့မွာ မဟုတ္တဲ့ ျမင္ကြင္းတစ္ခုလည္းျဖစ္ေနပါတယ္။ ဒါက ကြၽန္ေတာ္ သြင္းယူခဲ့သမွ်ထဲမွာ အႀကီးမားဆုံးဂိုးတစ္ဂိုးပါပဲ။ ျပန္ၾကည့္ေတာ့ လြယ္ကူတဲ့ ဂိုးတစ္ဂိုးလို႔ ထင္ရေပမယ့္ ကြင္းထဲမွာ ဖိအားေတြနဲ႔ ရသမွ် ေနရာလြတ္နဲ႔ အခ်ိန္အတိုင္းအတာကို ခက္ခက္ခဲခဲ တုံ႔ျပန္ခဲ့ရတာပါ။ ဒီဂိုးကို ျပန္ၾကည့္တိုင္း ၾကက္သီးထေအာင္ ဝမ္းသာမိပါတယ္”လို႔ ဟာဗတ္ဇ္က ဆိုပါတယ္။

သူ႔ရဲ႕ သြင္းဂိုးကို ဖန္တီးေပးခဲ့တဲ့ ေမဆန္ေမာင့္ကိုေတာ့ ဟာဗတ္ဇ္က မယုံႏိုင္စရာေကာင္းတဲ့ ကစားသမားမ်ိဳးလို႔ ေဖာ္က်ဴးသြားခဲ့ၿပီး ခ်ဲလ္ဆီးနဲ႔ ေျခစြမ္းျပခဲ့သလို အဂၤလန္လက္ေ႐ြးစင္အသင္းႀကီးရဲ႕ ေနရာတစ္ေနရာကို ပိုင္စားမႈနဲ႔ ယူ႐ို ၂၀၂၀ ဖိုင္နယ္အထိ ကစားခဲ့တဲ့ ေကာ့ဘ္ဟမ္း အကယ္ဒမီထြက္ကစားသမားနဲ႔ နားလည္မႈအေၾကာင္းကိုလည္း ဖြင့္ဟသြားခဲ့ပါတယ္။

“သူ႔ရဲ႕ အရည္အေသြးကေတာ့ မယုံႏိုင္စရာပါပဲ။ သူနဲ႔ ကြၽန္ေတာ့္ၾကားက နားလည္မႈက ေကာင္းခဲ့ၿပီး ဒီရာသီမွာလည္း ပိုေကာင္းလာမယ္လို႔ ထင္ပါတယ္။ သူနဲ႔ တြဲကစားရတာ ေပ်ာ္စရာျဖစ္ၿပီး ကစားသမားေကာင္းတစ္ေယာက္ျဖစ္တဲ့ သူ႔အေနနဲ႔ ကြၽန္ေတာ့္အတြက္ ဖန္တီးမႈေကာင္းေတြလည္း လုပ္ေဆာင္ေပးႏိုင္ပါတယ္”လို႔ ေမာင့္နဲ႔ အေၾကာင္းကိုလည္း ေျပာသြားခဲ့တာပါ။

ၿပီးခဲ့တဲ့ ရာသီက ၉ ဂိုးသြင္း ၉ ဂိုးဖန္တီးႏိုင္ခဲ့တဲ့ ဟာဗတ္ဇ္က ခ်န္ပီယံလိဂ္ဖိုင္နယ္ဂိုးနဲ႔ ထင္ရွားလာခဲ့သလို ေမဆန္ေမာင့္ကလည္း တူညီတဲ့ မွတ္တမ္းကိုပဲ ၿပိဳင္ပြဲစုံမွာ ပိုင္ဆိုင္ထားႏိုင္ခဲ့ၿပီး ပိုမိုအသားက်လာတဲ့ အသင္းလိုက္တြဲဖက္မႈနဲ႔ ေသာမတ္စ္ တူဟယ္လ္ရဲ႕ ကစားကြက္မွာ အန္ဂိုလို ကြန္ေတရဲ႕ ကြင္းလယ္စိုးမိုးမႈကို သူတို႔ႏွစ္ေယာက္က အေကာင္းဆုံး အခြင့္အေရးယူႏိုင္ခဲ့ၾကပါတယ္။

ဟာဗတ္ဇ္ေရာ ေမဆန္ေမာင့္ပါ နည္းျပ တူဟယ္လ္ရဲ႕ ကစားကြက္မွာ အဓိကက်သူေတြျဖစ္ေနၾကၿပီး ဘယ္ကစားကြက္မွာမဆို ပြဲထြက္ခြင့္ ရွိေနတဲ့ သူတို႔ႏွစ္ဦးရဲ႕ ေဒါင္ေဒါင္ျမည္ အစမ္းသပ္ခံႏိုင္မႈဟာ ခ်ဲလ္ဆီးအသင္းအတြက္ ရင္ခုန္စရာျဖစ္သလို ကြင္းလယ္လူတစ္ဦးထက္ တိုက္စစ္မႉးတစ္ဦးနဲ႔ ပိုတူလာခဲ့တဲ့ ဂ်ာမန္သားအေနနဲ႔ ဖန္တီးမႈေရာ ဂိုးသြင္းစြမ္းရည္ပါ ျပသၿပီး အသင္းရဲ႕ ခ်န္ပီယံ စိန္ေခၚမႈမွာ ဦးေဆာင္ေပးႏိုင္မလား ေစာင့္ၾကည့္ရဖို႔ ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.