Other Premier League Transfer News

7 Aug နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

ယူနိုက်တက်အသင်းက လိုက်နေတဲ့ အက်သလက်တီကို မက်ဒရစ်ညာနောက်ခံလူ ကီရန် ထရစ်ပီယာရဲ့ စာချုပ်လျော်ကြေး ပေါင် ၃၄ သန်း အတိအကျကို စပိန်ကလပ်ဘက်က တောင်းဆိုနေတယ်လို့ The Sun သတင်းက ဖော်ပြသွားခဲ့ပြီး နည်းပြဆိုးလ်ရှားအနေနဲ့ အင်္ဂလန်သားအတွက် ပေါင် ၁၈ သန်းသာ သုံးစွဲလိုနေ။

မန်ချက်စတာမြို့ကို ရောက်ရှိနေပြီဖြစ်တဲ့ ရာဖေးလ် ဗာရွန်းရဲ့ ဆေးစစ်မှုဟာ မကြာမီမှာပဲ အပြီးသတ်လိမ့်မယ်လို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ထပ်လောင်းအတည်ပြုသွားခဲ့ပြီး ယူနိုက်တက်အနေနဲ့ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ကစားသမားရဲ့အပြောင်းအရွှေ့ တရားဝင်ကြေငြာသွားဖို့ စီစဥ်နေပြီဖြစ်သလို ပြင်သစ်သားဟာ ကျောနံပါတ် ၄ ကို ဝတ်ဆင်သွားမယ်လို့ သိရ။

PSG အသင်းက ချိတ်ဆက်မှုတွေ ပြုလုပ်နေတဲ့ ယူနိုက်တက်ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်အသင်းကလည်း အပြိုင်ကြိုးပမ်းနေပြီး လာမယ့်နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ထုတ်နိုင်မယ့် ပြင်သစ်သားကို အိုးထရက်ဖို့ဒ်ဘက်က စာချုပ်သစ်ကမ်းလှမ်းဖို့ အခြေအနေမတည်ငြိမ်သေးကြောင်း သိရှိထားရ။

ဂျာမနီကလာတဲ့သတင်းတွေအရ ယူနိုက်တက်ဘက်က ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ လီယွန် ဂေါ်ရက်ဇ်ကာကို ခေါ်ယူဖို့ ဆက်လက်စိတ်ဝင်စားနေဆဲဖြစ်တယ်လို့ ဖော်ပြသွားခဲ့ပြီး ဆိုးလ်ရှားအနေနဲ့ အပြောင်းအရွှေ့စျေးကွက်မပိတ်ခင် အသက် ၂၆ နှစ်အရွယ် ဂျာမန်သားကို ယူရို ၄၅ သန်းနဲ့ ခေါ်ထုတ်သွားနိုင်ဖွယ်ရှိနေ။

ဘာစီလိုနာအသင်းနဲ့ တရားဝင်လမ်းခွဲလိုက်ပြီဖြစ်တဲ့ တိုက်စစ်မှူးကြီး လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ ရေပန်စားနေတဲ့စာရင်းမှာ မန်ချက်စတာ ယူနိုက်တက်အသင်းလည်း ပါဝင်လာခဲ့ပြီး GOAT ကြီးကို အိုးထရက်ဖို့ဒ်ဆီ ခေါ်ဆောင်နိုင်ခွင့် အလေးသားမှုမှာ PSG အသင်းနောက်ကနေ ရပ်တည်ပြီး ၁၈ လေး ၁ လေးနဲ့ ရေပန်းစားနေ။

လူသစ်ကစားသမား ဂျေဒန် ဆန်ချိုနဲ့ တိုက်စစ်မှုး အက်ဒ်ဆန် ကာဗာနီတို့ဟာ ဒီတပတ်အပြီးမှာ ယူနိုက်တက်နဲ့ လာရောက်ပူးပေါင်းတော့မှာဖြစ်ကြောင်း ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အတည်ပြုသွားခဲ့ပြီး အခြေအနေအကြောင်းကြောင်းကြောင့် အသင်းနဲ့ပူးပေါင်းဖို့ နောက်ကျနေခြင်းမှာ ရာသီသစ်အတွက် အားဖြည့်ခွင့်ပေးထားခြင်းဖြစ်တယ်လို့ ပြောကြားသွားခဲ့။

ယူနိုက်တက်အနေနဲ့ ပေါင် ၄၃ သန်းတန် ဗာရွန်းရဲ့အပြောင်းအရွှေ့အပြီးမှာ နည်းပြဆိုးလ်ရှားဟာ အရာရာကျေနပ်နေတယ်လို့ သိရပြီး လူသစ်ထပ်ဝယ်ဖြစ်မယ်ဆိုရင်တောင်မှ ‘အပိုဆု’ အဖြစ်သာ ခံယူထား​ကြောင်း ထုတ်ဖော်သွားခဲ့သလို ရာသီသစ်အတွက် မိမိအသင်းမှာ အင်အားတောင့်တင်းနေပြီဖြစ်ကြောင်း ကြုံးဝါးသွားခဲ့။

ယူနိုက်တက်နဲ့ တောက်လျှောက်ချိတ်ဆက်နေတဲ့ ရင်းနေးကွင်းလယ်လူ ကာမာဗင်ဂါရဲ့ အပြောင်းအရွှေ့ဟာ အတိုးတက်ဆုံးအနေအထားကို ရောက်ရှိနေတယ်လို့ သိရပြီး ပြင်သစ်သားလေးရဲ့ ကိုယ်စားလှယ်တွေက အသက် ၁၈ နှစ်သားကို အိုးထရက်ဖို့ဒ်ဆီ ပြောင်းရွှေ့ဖို့ တွန်းအားပေးမှုတွေ ပြုလုပ်နေသလို ပေါင် ၂၅.၇ သန်းနဲ့ စျေးတည့်သွားဖို့ နီးစပ်နေ။

အာဆင်နယ်ကွင်းလယ်လူ ဂရာနစ် ချာကာဟာ အမ်းမရိတ်စ်မှာ စာချုပ်သစ်တရပ်ကို လက်ခံသွားတော့မယ့်အခြေအနေကြောင်း အာဆင်နယ်နဲ့အပြိုင် ဝုဗ်စ်ကွင်းလယ်လူ ရူဘင် နီဗက်စ်ကို လိုက်နေတဲ့ ယူနိုက်တက်တို့ အလေးသာသွားခဲ့သလို အသက် ၂၄ နှစ်သားကို ပေါင် ၃၅ သန်းဝန်းကျင်နဲ့ ညှိနှိုင်းမှုဟာ အရောင်းအဝယ်တည့်သွားဖွယ်ရှိလာ။

ယူနိုက်တက်နဲ့ သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တဲ့ ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်ဟာ ဝက်စ်ဟမ်းတို့ဘက်က စိတ်ဝင်တစားချိတ်ဆက်နေပေမယ့် အသင်းပြောင်းလိုစိတ်မရှိတာကြောင့် လိဒ်စ်ယူနိုက်တက်နဲ့ ကစားမယ့် ပရီးမီးယားလိဂ်အဖွင့်မှာ ပွဲထွက်လာဖွယ်ရှိနေပြီး အိုးထရက်ဖို့ဒ်မှာသာ ပျော်ရွှင်နေပေမယ့် အပြောင်းအရွှေ့နောက်ဆုံးနေ့အထိ ကမ်းလှမ်းမှုတွေကို ယူနိက်တက်တို့ လက်ခံသွားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယူႏိုက္တက္အသင္းက လိုက္ေနတဲ့ အက္သလက္တီကို မက္ဒရစ္ညာေနာက္ခံလူ ကီရန္ ထရစ္ပီယာရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၃၄ သန္း အတိအက်ကို စပိန္ကလပ္ဘက္က ေတာင္းဆိုေနတယ္လို႔ The Sun သတင္းက ေဖာ္ျပသြားခဲ့ၿပီး နည္းျပဆိုးလ္ရွားအေနနဲ႔ အဂၤလန္သားအတြက္ ေပါင္ ၁၈ သန္းသာ သုံးစြဲလိုေန။

မန္ခ်က္စတာၿမိဳ႕ကို ေရာက္ရွိေနၿပီျဖစ္တဲ့ ရာေဖးလ္ ဗာ႐ြန္းရဲ႕ ေဆးစစ္မႈဟာ မၾကာမီမွာပဲ အၿပီးသတ္လိမ့္မယ္လို႔ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက ထပ္ေလာင္းအတည္ျပဳသြားခဲ့ၿပီး ယူႏိုက္တက္အေနနဲ႔ လာမယ့္ဗုဒၶဟူးေန႔မွာ ကစားသမားရဲ႕အေျပာင္းအေ႐ႊ႕ တရားဝင္ေၾကျငာသြားဖို႔ စီစဥ္ေနၿပီျဖစ္သလို ျပင္သစ္သားဟာ ေက်ာနံပါတ္ ၄ ကို ဝတ္ဆင္သြားမယ္လို႔ သိရ။

PSG အသင္းက ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနတဲ့ ယူႏိုက္တက္ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို ေခၚယူဖို႔ ဂ်ဴဗင္တပ္စ္အသင္းကလည္း အၿပိဳင္ႀကိဳးပမ္းေနၿပီး လာမယ့္ေႏြမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚထုတ္ႏိုင္မယ့္ ျပင္သစ္သားကို အိုးထရက္ဖို႔ဒ္ဘက္က စာခ်ဳပ္သစ္ကမ္းလွမ္းဖို႔ အေျခအေနမတည္ၿငိမ္ေသးေၾကာင္း သိရွိထားရ။

ဂ်ာမနီကလာတဲ့သတင္းေတြအရ ယူႏိုက္တက္ဘက္က ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူ လီယြန္ ေဂၚရက္ဇ္ကာကို ေခၚယူဖို႔ ဆက္လက္စိတ္ဝင္စားေနဆဲျဖစ္တယ္လို႔ ေဖာ္ျပသြားခဲ့ၿပီး ဆိုးလ္ရွားအေနနဲ႔ အေျပာင္းအေ႐ႊ႕ေစ်းကြက္မပိတ္ခင္ အသက္ ၂၆ ႏွစ္အ႐ြယ္ ဂ်ာမန္သားကို ယူ႐ို ၄၅ သန္းနဲ႔ ေခၚထုတ္သြားႏိုင္ဖြယ္ရွိေန။

ဘာစီလိုနာအသင္းနဲ႔ တရားဝင္လမ္းခြဲလိုက္ၿပီျဖစ္တဲ့ တိုက္စစ္မႉးႀကီး လီယြန္နယ္ မက္ဆီကို ေခၚယူဖို႔ ေရပန္စားေနတဲ့စာရင္းမွာ မန္ခ်က္စတာ ယူႏိုက္တက္အသင္းလည္း ပါဝင္လာခဲ့ၿပီး GOAT ႀကီးကို အိုးထရက္ဖို႔ဒ္ဆီ ေခၚေဆာင္ႏိုင္ခြင့္ အေလးသားမႈမွာ PSG အသင္းေနာက္ကေန ရပ္တည္ၿပီး ၁၈ ေလး ၁ ေလးနဲ႔ ေရပန္းစားေန။

လူသစ္ကစားသမား ေဂ်ဒန္ ဆန္ခ်ိဳနဲ႔ တိုက္စစ္မႈး အက္ဒ္ဆန္ ကာဗာနီတို႔ဟာ ဒီတပတ္အၿပီးမွာ ယူႏိုက္တက္နဲ႔ လာေရာက္ပူးေပါင္းေတာ့မွာျဖစ္ေၾကာင္း ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက အတည္ျပဳသြားခဲ့ၿပီး အေျခအေနအေၾကာင္းေၾကာင္းေၾကာင့္ အသင္းနဲ႔ပူးေပါင္းဖို႔ ေနာက္က်ေနျခင္းမွာ ရာသီသစ္အတြက္ အားျဖည့္ခြင့္ေပးထားျခင္းျဖစ္တယ္လို႔ ေျပာၾကားသြားခဲ့။

ယူႏိုက္တက္အေနနဲ႔ ေပါင္ ၄၃ သန္းတန္ ဗာ႐ြန္းရဲ႕အေျပာင္းအေ႐ႊ႕အၿပီးမွာ နည္းျပဆိုးလ္ရွားဟာ အရာရာေက်နပ္ေနတယ္လို႔ သိရၿပီး လူသစ္ထပ္ဝယ္ျဖစ္မယ္ဆိုရင္ေတာင္မွ ‘အပိုဆု’ အျဖစ္သာ ခံယူထား​ေၾကာင္း ထုတ္ေဖာ္သြားခဲ့သလို ရာသီသစ္အတြက္ မိမိအသင္းမွာ အင္အားေတာင့္တင္းေနၿပီျဖစ္ေၾကာင္း ႀကဳံးဝါးသြားခဲ့။

ယူႏိုက္တက္နဲ႔ ေတာက္ေလွ်ာက္ခ်ိတ္ဆက္ေနတဲ့ ရင္းေနးကြင္းလယ္လူ ကာမာဗင္ဂါရဲ႕ အေျပာင္းအေ႐ႊ႕ဟာ အတိုးတက္ဆုံးအေနအထားကို ေရာက္ရွိေနတယ္လို႔ သိရၿပီး ျပင္သစ္သားေလးရဲ႕ ကိုယ္စားလွယ္ေတြက အသက္ ၁၈ ႏွစ္သားကို အိုးထရက္ဖို႔ဒ္ဆီ ေျပာင္းေ႐ႊ႕ဖို႔ တြန္းအားေပးမႈေတြ ျပဳလုပ္ေနသလို ေပါင္ ၂၅.၇ သန္းနဲ႔ ေစ်းတည့္သြားဖို႔ နီးစပ္ေန။

အာဆင္နယ္ကြင္းလယ္လူ ဂရာနစ္ ခ်ာကာဟာ အမ္းမရိတ္စ္မွာ စာခ်ဳပ္သစ္တရပ္ကို လက္ခံသြားေတာ့မယ့္အေျခအေနေၾကာင္း အာဆင္နယ္နဲ႔အၿပိဳင္ ဝုဗ္စ္ကြင္းလယ္လူ ႐ူဘင္ နီဗက္စ္ကို လိုက္ေနတဲ့ ယူႏိုက္တက္တို႔ အေလးသာသြားခဲ့သလို အသက္ ၂၄ ႏွစ္သားကို ေပါင္ ၃၅ သန္းဝန္းက်င္နဲ႔ ညႇိႏႈိင္းမႈဟာ အေရာင္းအဝယ္တည့္သြားဖြယ္ရွိလာ။

ယူႏိုက္တက္နဲ႔ သက္တမ္း ၁ ႏွစ္သာ က်န္ရွိေတာ့တဲ့ ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္ဟာ ဝက္စ္ဟမ္းတို႔ဘက္က စိတ္ဝင္တစားခ်ိတ္ဆက္ေနေပမယ့္ အသင္းေျပာင္းလိုစိတ္မရွိတာေၾကာင့္ လိဒ္စ္ယူႏိုက္တက္နဲ႔ ကစားမယ့္ ပရီးမီးယားလိဂ္အဖြင့္မွာ ပြဲထြက္လာဖြယ္ရွိေနၿပီး အိုးထရက္ဖို႔ဒ္မွာသာ ေပ်ာ္႐ႊင္ေနေပမယ့္ အေျပာင္းအေ႐ႊ႕ေနာက္ဆုံးေန႔အထိ ကမ္းလွမ္းမႈေတြကို ယူနိက္တက္တို႔ လက္ခံသြားဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.