Premier League

လီယွန်နယ်မက်ဆီရဲ့ထွက်ခွာမှုက ဘာစီလိုနာအသင်းကို အကူအညီပေးလိုက်တဲ့ အချက် ၅ ချက်

အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကိုအကြီးအကျယ် အကျိုးပြုခြင်း
-ပြီးခဲ့တဲ့လတုန်းက လာလီဂါအဖွဲ့ချုပ်အနေနဲ့ လာမယ့်ရာသီအတွက် လီယွန်နယ် မက်ဆီကို မှတ်ပုံတင်ချင်ရင် ကလပ်အသင်းဘက်က အသင်းရဲ့လုပ်ခလစာကို အများအပြားလျှော့ချဖို့ တောင်းဆိုထားခဲ့ ဖြစ်ပြီး မက်ဆီကဘက်ကလည်း ၅၀ ရာခိုင်နှုန်းလစာလျော့ယူပေးမယ်လို့ သဘောတူပြီးမှ ကံဆိုးစွာပဲ ဘာစီလိုနာအသင်းအနေနဲ့ အသင်းက လူပိုတွေကို ရောင်းထုတ်ပြီး အာဂျင်တိုင်းသားကြီးကို ပြန်ခေါ်ဖို့ မတတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဘောလုံးအသုံးအနှုန်းအရ မက်ဆီနေရာကို အစားထိုးဖို့ကစားသမား ဒီကမ္ဘာမှာမရှိဘူးလို့တောင် ပြောလို့ရပေမယ့် အာဂျင်တီးနားသားကြီးကို စာချုပ်သက်တမ်းမတိုးမှ ဘာစီလိုနာအသင်းကို ဘဏ္ဍာရေးအကျပ်အတည်းကြားက လွတ်မြောက်စေမှာဖြစ်တာကြောင့် မက်ဆီကို စာချုပ်ထပ်မချုပ်တာ ကောင်းတဲ့အရာတစ်ခုလို့လည်း မြင်နိုင်ပါတယ်။

အသင်းရဲ့ပြန်လည်တည်ဆောက်မှုကို စတင်နိုင်ခြင်း
-ဘာစီလိုနာအသင်းအ‌နေနဲ့ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း စိတ်ပျက်စရာကောင်းလောက်အောင် ရလာဒ်တွေ ကျဆင်းလာခဲ့ပြီး ၂၀၂၀-၂၁ ရာသီအတွင်း အဲ့ဒီရလာဒ်တွေက အရေးပါလာခဲ့ပါတယ်။ မနှစ်က လာလီဂါမှ တတိယသာရခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ၁၆ သင်းအဆင့်မှာတင် ပီအက်စ်ဂျီအသင်းကို ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ်ဝန်းကျင်တုန်းက ဘာစီလိုနာရဲ့ အင်အားကြီးအစုအဖွဲ့မှာ ပါဝင်ခဲ့ကြတဲ့ ဂျရတ် ပီကေးနဲ့ ဆာဂျီယို ဘူးစကွက်စ်တို့လို ကစားသမားတွေအနေနဲ့ အကောင်းဆုံးအချိန်တွေကို ကျော်လွန်ခဲ့ပြီးဖြစ်လို့ အခုအချိန်မှာ လူငယ်တွေကို နေရာပေးသင့်တာ ဖြစ်သလို နည်းပြ ရော်နယ် ကိုးမန်းအနေနဲ့လည်း အသင်းကို ထိပ်တန်းအဆင့်ရောက်ဖို့ လူငယ်တွေနဲ့ သူ့စိတ်ကြိုက်ပြုပြင်တည်ဆောက်လို့ ရပြီလည်းဖြစ်ပါတယ်။

တောက်ပခွင့်ရရှိလာမယ့် အွန်ထွာ ဂရီးဇ်မန်း
-မက်ဆီရဲ့ အရည်အသွေးတွေကြောင့် အခြားကစားသမား‌တွေအနေနဲ့ ဘာစီလိုနာမှာ ကိုယ်ပိုင်အစွမ်းအစတွေကို ပြသနိုင်ခြင်းမရှိခဲ့ပါဘူး။ အတိတ်မှာ သီယာရီ အွန်နရီ၊ ဇလာတန် အီဘရာဟီမိုဗစ်ခ်ျနဲ့ နေမာတို့လို ကမ္ဘာ့အဆင့်ကစားသမားတွေတောင် မက်ဆီရဲ့ တောက်ပမှုကိုဖြည့်ဆည်းဖို့ အနောက်က နေရာယူပေးခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒီလိုဖြစ်ရပ်က အွန်ထွာ ဂရီးဇ်မန်းအတွက် ဘာစီလိုနာကစားသမားဘဝရဲ့ အတိုင်းအတာတစ်ခုထိ ရှိခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ သူ့အနေနဲ့ ဘာဆာမှာတော့ မက်ဆီရဲ့အနောက်ကနေပဲ ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမှာ အာဂျင်တိုင်းသားကြီးရဲ့ ဘာဆာကိုအပြန်ခရီးမရှိတော့လို့ ဂရီးဇ်မန်းရဲ့ ဘာဆာကစားသမားဘဝ နောက်တစ်ဆင့်တက်လာနိုင်ပါတယ်။

ရော်နယ်ကိုးမန်းအနေနဲ့ လူငယ်တွေရဲ့တိုးတက်မှုကို အာရုံပြန်စိုက်လာနိုင်ခြင်း
-ရော်နယ် ကိုးမန်းအနေနဲ့ ပြီးခဲ့တဲ့ရာသီက လူငယ်တွေကို နေရာပေးဖို့အတွက် မကြောက်ဘူးဆိုတာ သက်သေပြခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ နာမည်ကျော် လာမာစီယာအကယ်ဒမီက လူငယ်တွေအနေနဲ့ တစ်ချိန်မှာ မက်ဆီ၊ ရှာဗီနဲ့ ပီကေးတို့လို ဖြစ်လာနိုင်သလို ပတ်ဒရီ၊ အန်ဆု ဖာတီ၊ ရီကီ ပုဂ်ျ၊ အော်စကာ မင်ဂေးဇာနဲ့ အီလိုက်စ် မိုရီဘာတို့လိုကစားသမားတွေလည်း မနှစ်က ပွဲထွက်ခွင့်တွေ အလုံအလောက်ရခဲ့ပါတယ်။

အထူးသဖြင့် ပတ်ဒရီနဲ့ အန်ဆု ဖာတီတို့အနေနဲ့ မကြာမီကာလအတွင်း ကမ္ဘာ့အကောင်းဆုံးကစားသမားတွေ ဖြစ်လာကြမယ့်ပုံပေါ်တဲ့အထိ ခြေစွမ်းပြခဲ့ကြပါတယ်။ မက်ဆီကို ပြန်မခေါ်တော့တာကြောင့် ရော်နယ်ကိုမန်းအနေနဲ့ လူငယ်‌တွေကို အခွင့်အရေးတွေ ပိုပေးဖို့ရှိလာပြီး နောင်လာမယ့် နှစ်ပေါင်းများစွာအထိ ဘာစီလိုနာကို တည်ဆောက်ဖို့ အခြေခံအုတ်မြစ် ဖြစ်လာ‌စေနိုင်ပါတယ်။

မက်ဆီရဲ့အခြေအနေက ပေးလိုက်တဲ့ သင်ခန်းစာ
– မက်ဆီလိုကစားသမားမျိုး ဘယ်တော့မှမရှိနိုင်တော့ပေမယ့် ဘာစီလိုနာအသင်းအနေနဲ့ ကစားသမားတစ်ယောက်ရဲ့ စာချုပ်အတွက်နဲ့ ဒီလိုအခြေအနေမျိုးကို ဘယ်တော့မှမဖြစ်ချင်တော့မှန်း သိပါလိမ့်မယ်။ ဘာဆာအနေနဲ့ မက်ဆီအတွက်တစ်ပတ်လုပ်ခအဖြစ် ယူရို ၅၁၅,၀၀၀ ကို ထပ်ဆောင်းအပိုဆုများနဲ့ ပေးခဲ့ပြီး
ကမ္ဘာ့လစာအမြင့်ဆုံးကစားသမားဖြစ်စေခဲ့ပါတယ်။

ယူရို ၁ ဘီလီယံလောက် အကြွေးနစ်နေတဲ့ ဘာစီလိုနာအသင်းအနေနဲ့ မက်ဆီရဲ့မြင့်မားတဲ့လစာကို ဆက်လက်ပေးဖို့အတွက် သူတို့ရဲ့ ငွေပေးချေမှုပုံစံနဲ့ ဘယ်လိုခရီးဆက်ရမလဲဆိုတာ ပြန်စဉ်းစားစရာဖြစ်လာပြီး နောက်စာချုပ်အသစ်တွေအတွက်ပါ ထည့်တွေးခဲ့ရတာဖြစ်ပါတယ်။ လုပ်ခလစာနဲ့ညီတဲ့ ခြေစွမ်းပြခဲ့ပေမယ့် သူ့ကို အသင်းမှာ ဆက်မထားတော့တာက အသင်းအတွက် အကျိုးပိုရှိလာနိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အသင္းရဲ႕ ဘ႑ာေရးအေျခအေနကိုအႀကီးအက်ယ္ အက်ိဳးျပဳျခင္း
-ၿပီးခဲ့တဲ့လတုန္းက လာလီဂါအဖြဲ႕ခ်ဳပ္အေနနဲ႔ လာမယ့္ရာသီအတြက္ လီယြန္နယ္ မက္ဆီကို မွတ္ပုံတင္ခ်င္ရင္ ကလပ္အသင္းဘက္က အသင္းရဲ႕လုပ္ခလစာကို အမ်ားအျပားေလွ်ာ့ခ်ဖို႔ ေတာင္းဆိုထားခဲ့ ျဖစ္ၿပီး မက္ဆီကဘက္ကလည္း ၅၀ ရာခိုင္ႏႈန္းလစာေလ်ာ့ယူေပးမယ္လို႔ သေဘာတူၿပီးမွ ကံဆိုးစြာပဲ ဘာစီလိုနာအသင္းအေနနဲ႔ အသင္းက လူပိုေတြကို ေရာင္းထုတ္ၿပီး အာဂ်င္တိုင္းသားႀကီးကို ျပန္ေခၚဖို႔ မတတ္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

ေဘာလုံးအသုံးအႏႈန္းအရ မက္ဆီေနရာကို အစားထိုးဖို႔ကစားသမား ဒီကမာၻမွာမရွိဘူးလို႔ေတာင္ ေျပာလို႔ရေပမယ့္ အာဂ်င္တီးနားသားႀကီးကို စာခ်ဳပ္သက္တမ္းမတိုးမွ ဘာစီလိုနာအသင္းကို ဘ႑ာေရးအက်ပ္အတည္းၾကားက လြတ္ေျမာက္ေစမွာျဖစ္တာေၾကာင့္ မက္ဆီကို စာခ်ဳပ္ထပ္မခ်ဳပ္တာ ေကာင္းတဲ့အရာတစ္ခုလို႔လည္း ျမင္ႏိုင္ပါတယ္။

အသင္းရဲ႕ျပန္လည္တည္ေဆာက္မႈကို စတင္ႏိုင္ျခင္း
-ဘာစီလိုနာအသင္းအ‌ေနနဲ႔ ၿပီးခဲ့တဲ့ ၂ ႏွစ္အတြင္း စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ ရလာဒ္ေတြ က်ဆင္းလာခဲ့ၿပီး ၂၀၂၀-၂၁ ရာသီအတြင္း အဲ့ဒီရလာဒ္ေတြက အေရးပါလာခဲ့ပါတယ္။ မႏွစ္က လာလီဂါမွ တတိယသာရခဲ့ၿပီး ခ်န္ပီယံလိဂ္မွာလည္း ၁၆ သင္းအဆင့္မွာတင္ ပီအက္စ္ဂ်ီအသင္းကို ရႈံးနိမ့္ခဲ့တာလည္း ျဖစ္ပါတယ္။

၂၀၁၀ ျပည့္ႏွစ္ဝန္းက်င္တုန္းက ဘာစီလိုနာရဲ႕ အင္အားႀကီးအစုအဖြဲ႕မွာ ပါဝင္ခဲ့ၾကတဲ့ ဂ်ရတ္ ပီေကးနဲ႔ ဆာဂ်ီယို ဘူးစကြက္စ္တို႔လို ကစားသမားေတြအေနနဲ႔ အေကာင္းဆုံးအခ်ိန္ေတြကို ေက်ာ္လြန္ခဲ့ၿပီးျဖစ္လို႔ အခုအခ်ိန္မွာ လူငယ္ေတြကို ေနရာေပးသင့္တာ ျဖစ္သလို နည္းျပ ေရာ္နယ္ ကိုးမန္းအေနနဲ႔လည္း အသင္းကို ထိပ္တန္းအဆင့္ေရာက္ဖို႔ လူငယ္ေတြနဲ႔ သူ႔စိတ္ႀကိဳက္ျပဳျပင္တည္ေဆာက္လို႔ ရၿပီလည္းျဖစ္ပါတယ္။

ေတာက္ပခြင့္ရရွိလာမယ့္ အြန္ထြာ ဂရီးဇ္မန္း
-မက္ဆီရဲ႕ အရည္အေသြးေတြေၾကာင့္ အျခားကစားသမား‌ေတြအေနနဲ႔ ဘာစီလိုနာမွာ ကိုယ္ပိုင္အစြမ္းအစေတြကို ျပသႏိုင္ျခင္းမရွိခဲ့ပါဘူး။ အတိတ္မွာ သီယာရီ အြန္နရီ၊ ဇလာတန္ အီဘရာဟီမိုဗစ္ခ္်နဲ႔ ေနမာတို႔လို ကမာၻ႔အဆင့္ကစားသမားေတြေတာင္ မက္ဆီရဲ႕ ေတာက္ပမႈကိုျဖည့္ဆည္းဖို႔ အေနာက္က ေနရာယူေပးခဲ့ရတာလည္း ျဖစ္ပါတယ္။

ဒီလိုျဖစ္ရပ္က အြန္ထြာ ဂရီးဇ္မန္းအတြက္ ဘာစီလိုနာကစားသမားဘဝရဲ႕ အတိုင္းအတာတစ္ခုထိ ရွိခဲ့ၿပီး ကမာၻ႔အေကာင္းဆုံးကစားသမားထဲက တစ္ဦးအျဖစ္ သတ္မွတ္ခံထားရတဲ့ သူ႔အေနနဲ႔ ဘာဆာမွာေတာ့ မက္ဆီရဲ႕အေနာက္ကေနပဲ ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။ ေနာက္ဆုံးမွာ အာဂ်င္တိုင္းသားႀကီးရဲ႕ ဘာဆာကိုအျပန္ခရီးမရွိေတာ့လို႔ ဂရီးဇ္မန္းရဲ႕ ဘာဆာကစားသမားဘဝ ေနာက္တစ္ဆင့္တက္လာႏိုင္ပါတယ္။

ေရာ္နယ္ကိုးမန္းအေနနဲ႔ လူငယ္ေတြရဲ႕တိုးတက္မႈကို အာ႐ုံျပန္စိုက္လာႏိုင္ျခင္း
-ေရာ္နယ္ ကိုးမန္းအေနနဲ႔ ၿပီးခဲ့တဲ့ရာသီက လူငယ္ေတြကို ေနရာေပးဖို႔အတြက္ မေၾကာက္ဘူးဆိုတာ သက္ေသျပခဲ့ၿပီး ဘာစီလိုနာအသင္းရဲ႕ နာမည္ေက်ာ္ လာမာစီယာအကယ္ဒမီက လူငယ္ေတြအေနနဲ႔ တစ္ခ်ိန္မွာ မက္ဆီ၊ ရွာဗီနဲ႔ ပီေကးတို႔လို ျဖစ္လာႏိုင္သလို ပတ္ဒရီ၊ အန္ဆု ဖာတီ၊ ရီကီ ပုဂ္်၊ ေအာ္စကာ မင္ေဂးဇာနဲ႔ အီလိုက္စ္ မိုရီဘာတို႔လိုကစားသမားေတြလည္း မႏွစ္က ပြဲထြက္ခြင့္ေတြ အလုံအေလာက္ရခဲ့ပါတယ္။

အထူးသျဖင့္ ပတ္ဒရီနဲ႔ အန္ဆု ဖာတီတို႔အေနနဲ႔ မၾကာမီကာလအတြင္း ကမာၻ႔အေကာင္းဆုံးကစားသမားေတြ ျဖစ္လာၾကမယ့္ပုံေပၚတဲ့အထိ ေျခစြမ္းျပခဲ့ၾကပါတယ္။ မက္ဆီကို ျပန္မေခၚေတာ့တာေၾကာင့္ ေရာ္နယ္ကိုမန္းအေနနဲ႔ လူငယ္‌ေတြကို အခြင့္အေရးေတြ ပိုေပးဖို႔ရွိလာၿပီး ေနာင္လာမယ့္ ႏွစ္ေပါင္းမ်ားစြာအထိ ဘာစီလိုနာကို တည္ေဆာက္ဖို႔ အေျခခံအုတ္ျမစ္ ျဖစ္လာ‌ေစႏိုင္ပါတယ္။

မက္ဆီရဲ႕အေျခအေနက ေပးလိုက္တဲ့ သင္ခန္းစာ
– မက္ဆီလိုကစားသမားမ်ိဳး ဘယ္ေတာ့မွမရွိႏိုင္ေတာ့ေပမယ့္ ဘာစီလိုနာအသင္းအေနနဲ႔ ကစားသမားတစ္ေယာက္ရဲ႕ စာခ်ဳပ္အတြက္နဲ႔ ဒီလိုအေျခအေနမ်ိဳးကို ဘယ္ေတာ့မွမျဖစ္ခ်င္ေတာ့မွန္း သိပါလိမ့္မယ္။ ဘာဆာအေနနဲ႔ မက္ဆီအတြက္တစ္ပတ္လုပ္ခအျဖစ္ ယူ႐ို ၅၁၅,၀၀၀ ကို ထပ္ေဆာင္းအပိုဆုမ်ားနဲ႔ ေပးခဲ့ၿပီး
ကမာၻ႔လစာအျမင့္ဆုံးကစားသမားျဖစ္ေစခဲ့ပါတယ္။

ယူ႐ို ၁ ဘီလီယံေလာက္ အေႂကြးနစ္ေနတဲ့ ဘာစီလိုနာအသင္းအေနနဲ႔ မက္ဆီရဲ႕ျမင့္မားတဲ့လစာကို ဆက္လက္ေပးဖို႔အတြက္ သူတို႔ရဲ႕ ေငြေပးေခ်မႈပုံစံနဲ႔ ဘယ္လိုခရီးဆက္ရမလဲဆိုတာ ျပန္စဥ္းစားစရာျဖစ္လာၿပီး ေနာက္စာခ်ဳပ္အသစ္ေတြအတြက္ပါ ထည့္ေတြးခဲ့ရတာျဖစ္ပါတယ္။ လုပ္ခလစာနဲ႔ညီတဲ့ ေျခစြမ္းျပခဲ့ေပမယ့္ သူ႔ကို အသင္းမွာ ဆက္မထားေတာ့တာက အသင္းအတြက္ အက်ိဳးပိုရွိလာႏိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.