Premier League

ဘိုလော့ညာကို နှစ်ကြိမ်ဆက် အနိုင်ယူခဲ့တဲ့ လီဗာပူးလ်ပွဲအပြီး မှတ်မှတ်ရရဖြစ်စေတဲ့အချက် ၇ ချက်

လီဗာပူးလ်အသင်းအနေနဲ့ စီးရီးအေကလပ် ဘိုလော့ညာအသင်းနဲ့ ရင်ဆိုင်မယ့် ရာသီကြိုပြင်ဆင်မှုကို အသင်းရဲ့ရှိသမျှ လူစာရင်းအကုန် အသုံးပြုခဲ့ပြီး တစ်ပွဲကို မိနစ် ၆၀ နှုန်းနဲ့ နှစ်ပွဲဆက် ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ပထမတစ်ပွဲမှာ နှစ်ဂိုးပြတ်အနိုင်ရခဲ့ပြီး ဒုတိယတစ်ပွဲမှာတော့ တစ်ဂိုးတည်းနဲ့ ကပ်နိုင်ခဲ့တာပါ။ ၂ ပွဲစလုံးအပြီးမှာ မှတ်မှတ်ရရဖြစ်စေတဲ့ ၇ ချက်ကို စုစည်းတင်ပြလိုက်ပါတယ်။

ဂိုးသွင်းမုဆိုးအဖြစ် တကျော့ပြန်လာတော့မယ့် ဆာဒီယို မာနေး
တောင်ပံကစားသမား ဆာဒီယို မာနေးအနေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက သွင်းဂိုးနှုန်းတွေအပြင် အဆုံးသတ်စွမ်းရည်တွေလည်း ကျဆင်းခဲ့လို့ ဝေဖန်ခံခဲ့ရပေမယ့် ပထမပွဲမှာ သွင်းဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပြီး ဒီနှစ်ရာသီကြိုခြေစမ်းပွဲတွေအတွင်း သူ့ရဲ့ ၃ ဂိုးမြောက်သွင်းဂိုးကို သွင်းယူခဲ့သလို ပြိုင်ဘက်နောက်ခံလူတွေအတွက် အရင်လို ခက်ခဲမှုတွေကို သယ်ဆောင်လာခဲ့ပါတယ်။

ဗာဂျီးလ်အတွက် တန်ဖိုးရှိတဲ့ ပွဲချိန်တွေ
ဒီတစ်ပတ်အစပိုင်းမှာ ဗာဂျီးလ် ဗန်ဒိုက်အနေနဲ့ ကြံ့ခိုင်မှုပြည့်ဝတော့မှာဖြစ်လို့ သူ့အတွက် ဒီပွဲမှာ မိနစ် ၃၀ ကစားဖို့ရှိကြောင်း ပြောခဲ့ပေမယ့် ၄၃ မိနစ်အထိ သက်တောင့်သက်သာကစားခဲ့ပါတယ်။ သူ့အနေနဲ့ ဒဏ်ရာကသက်သာပြီးနောက် ပထမဆုံးပါဝင်ကစားခဲ့တဲ့ ဟာသာဘာလင်အသင်းနဲ့ ပွဲကထက် တိုးတက်လာခဲ့ပြီး ပရီးမီးယားလိဂ်ရာသီအစမှာတင် သူ့ကို ပွဲချိန်ပြည့်ကစားနိုင်တာ မြင်ရနိုင်ပါတယ်။

ဂိုးမသွင်းသေးပေမယ့် စိတ်ပူစရာမလိုတဲ့ ဆာလား
မိုဟာမက်ဆာလားအနေနဲ့ အသင်းရဲ့ ဒိတ်ဒိတ်ကြဲကစားသမားတွေထဲက နာမည်အကြီးဆုံးကစားသမား ဖြစ်ကောင်းဖြစ်နိုင်ပြီး ပထမပွဲမှာ သူ့ရဲ့ကန်သွင်းချက်က မမျှော်လင့်ဘဲ ဂိုးတိုင်ကို ထိမှန်ခဲ့သလို ဂိုးမရလိုက်တာကြောင့် သူ့မျက်နှာပေါ်မှာ မကျေမနပ်ဖြစ်နေခဲ့တာကိုလည်း တွေ့မြင်ခဲ့ရမှာ ဖြစ်ပါတယ်။

အချက်အလက်တွေအရ မာနေးလို ရာသီကြိုခြေစမ်းပွဲတွေမှာ သွင်းဂိုးတွေ မရသေးပေမယ့် အီဂျစ်သားနဲ့ မန်နေဂျာ ယာဂန် ကလော့ပ်ကို စိတ်ပူစရာမလိုသေးပါဘူး။ တကယ်ရေတွက်ကြည့်မယ်ဆိုရင် ဆာလားရဲ့သွင်းဂိုးနှုန်းကို မြင်ရမှာလည်းဖြစ်ပြီး သူ့ရဲ့ကြံ့ခိုင်မှုအနေအထားအရလည်း အရင်နှစ်တွေထက် သိသိသာသာတိုးတက်လာမယ့်ပုံ ပေါ်နေလို့ စိတ်ချလို့ရတာဖြစ်ပါတယ်။

အမှတ်ထပ်ယူတဲ့ မီနာမီနို
ဒုတိယပွဲပထမပိုင်းမှာ ဂိုးသွင်းရှင်ဖြစ်ခဲ့တဲ့ တာကူမီ မီနာမီနိုအနေနဲ့ လက်ရှိရာသီကြိုခြေစမ်းပွဲတွေကို အသုံးချပြီး ကလော့ပ်ကို အသင်းမှာ သူ့အနာဂတ်ရှိနေသေးကြောင်း ဂိုးတွေသွင်းပြီး သတိပေးသွားခဲ့ပါတယ်။ တိုက်စစ်တစ်လျှောက်လုံးမှာ နံပါတ် ၁၀ နေရာမှာ ပိုအသုံးတည့်နေခဲ့ပြီး သူ့ကို အသင်းရဲ့ အချို့ပြိုင်ပွဲတွေမှာ ပွဲထွက်ကစားသမားဖြစ်စေ အရန်ခုံမှာဖြစ်စေ တွေ့ရရင် အံ့ဩစရာမရှိပါဘူး။

မန်ချက်စတာယူနိုက်တက်နဲ့တောင် မှားခဲ့ရတယ်
လီဗာပူးလ်အသင်းရဲ့ အိမ်ကွင်းအင်္ကျီ၊ အဝေးကွင်းဘောင်းဘီနဲ့ခြေအိတ်တွေ ပေါင်းစပ်ထားတဲ့ ပွဲထွက်လာပုံက မဟာပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ရဲ့ ဂျာစီနဲ့ အတော်ကိုဆင်တူခဲ့ပြီး အသင်းပရိသတ်တွေအတွက်တော့ မအီမလည်ဖြစ်စေခဲ့တာပါ။ အနီအပြည့်ဝတ်နေကြအသင်းအနေနဲ့ အနီ၊ အနက်နဲ့အဖြူဝတ်ခဲ့ခြင်းက အဝေးကွင်းဝတ်စုံပြည့် ဝတ်သင့်တာမဟုတ်ဘူးလားဆိုတဲ့ အတွေးဝင်စေခဲ့ပါတယ်။

ပိုမိုတောက်ပလာတဲ့ ဒီယိုဂို ဂျိုတာ
အတင်းဖိအားပေးကစားတဲ့ လီဗာပူးလ်အသင်းရဲ့ ကစားဟန်ကြောင့် ဘိုလော့ညာအသင်းက ဘောလုံးကိုလွယ်လွယ်ကူကူပေးခဲ့ပြီး ဒီယိုဂို ဂျိုတာက ဘောလုံးပိုင်ဆိုင်မှု ပြန်ယူခဲ့သလို ညာဘက်ကို အကောင်းဆုံးကန်သွင်းအဆုံးသတ်ခဲ့ပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာ သူ့ရဲ့ကစားပုံက အတော်အထင်ကြီးစရာကောင်းခဲ့ပြီး လာမယ့်ဘောလုံးရာသီမှာ ပွဲကစားခွင့် ပိုရလာဖို့ ရှိနေပါတယ်။ အောက်ဇလိတ်-ချိမ်ဘာလိန်နဲ့ တာကူမီ မီနာမီနိုတို့တောင် လာမည့်ရာသီမှာ ရောဘတ်တို ဖာမင်နိုရဲ့ရှေ့မှာ ပုံမှန်ပွဲထွက်ခွင့်ရသင့်တယ်လို့ ပြောနေကြပေမယ့် ပေါ်တူဂီသားရှိနေသေးတာကို မေ့လျော့နေခဲ့ကြပြီး သူ့ရဲ့ပုံစံက ပြတ်သားပုံပေါ်သလို လာမယ့်နှစ်က ဖာမင်နိုနဲ့ ချိမ်ဘာလိန်တို့ရဲ့နှစ်ထက် ဒီနှစ်က ဂျိုတာရဲ့နှစ် ပိုဖြစ်နိုင်ပါတယ်။

အနာဂတ်ကြယ်ပွင့် ဟာဗီ အီးလီယော့
ပွဲချိန်အတွင်း နာဘီ ကီးတားနဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့ရဲ့ ကောင်းမွန်တဲ့ တွဲလုံးကတစ်ဆင့် ဟာဗီ အီးလီးယော့ရဲ့ မြေမကျကန်ချက်က ဘေးထွက်သွားခဲ့ပြီး သူ့အ‌နေနဲ့ လီဗာပူးလ်အသင်းမှာမရှိတဲ့ ကွင်းလယ်က ပုံမှန်ဂိုးသွင်းရှင်နဲ့ ဖန်တီးရှင်လိုအပ်မှုအတွက် အဆင်ပြေစေန်ိုင်မယ့် ကစားသမားဖြစ်သလို သူ့ကို ဂျော်ဒန် ဟန်ဒါဆန်နဲ့ သီယာဂိုတို့အလွန် ကွင်းလယ်မှာသုံးဖို့ ကလော့ပ်အနေနဲ့ ရှုမြင်ထားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လီဗာပူးလ္အသင္းအေနနဲ႔ စီးရီးေအကလပ္ ဘိုေလာ့ညာအသင္းနဲ႔ ရင္ဆိုင္မယ့္ ရာသီႀကိဳျပင္ဆင္မႈကို အသင္းရဲ႕ရွိသမွ် လူစာရင္းအကုန္ အသုံးျပဳခဲ့ၿပီး တစ္ပြဲကို မိနစ္ ၆၀ ႏႈန္းနဲ႔ ႏွစ္ပြဲဆက္ ယွဥ္ၿပိဳင္ကစားခဲ့ပါတယ္။ ပထမတစ္ပြဲမွာ ႏွစ္ဂိုးျပတ္အႏိုင္ရခဲ့ၿပီး ဒုတိယတစ္ပြဲမွာေတာ့ တစ္ဂိုးတည္းနဲ႔ ကပ္ႏိုင္ခဲ့တာပါ။ ၂ ပြဲစလုံးအၿပီးမွာ မွတ္မွတ္ရရျဖစ္ေစတဲ့ ၇ ခ်က္ကို စုစည္းတင္ျပလိုက္ပါတယ္။

ဂိုးသြင္းမုဆိုးအျဖစ္ တေက်ာ့ျပန္လာေတာ့မယ့္ ဆာဒီယို မာေနး
ေတာင္ပံကစားသမား ဆာဒီယို မာေနးအေနနဲ႔ ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက သြင္းဂိုးႏႈန္းေတြအျပင္ အဆုံးသတ္စြမ္းရည္ေတြလည္း က်ဆင္းခဲ့လို႔ ေဝဖန္ခံခဲ့ရေပမယ့္ ပထမပြဲမွာ သြင္းဂိုးတစ္ဂိုးသြင္းယူေပးခဲ့ၿပီး ဒီႏွစ္ရာသီႀကိဳေျခစမ္းပြဲေတြအတြင္း သူ႔ရဲ႕ ၃ ဂိုးေျမာက္သြင္းဂိုးကို သြင္းယူခဲ့သလို ၿပိဳင္ဘက္ေနာက္ခံလူေတြအတြက္ အရင္လို ခက္ခဲမႈေတြကို သယ္ေဆာင္လာခဲ့ပါတယ္။

ဗာဂ်ီးလ္အတြက္ တန္ဖိုးရွိတဲ့ ပြဲခ်ိန္ေတြ
ဒီတစ္ပတ္အစပိုင္းမွာ ဗာဂ်ီးလ္ ဗန္ဒိုက္အေနနဲ႔ ႀကံ့ခိုင္မႈျပည့္ဝေတာ့မွာျဖစ္လို႔ သူ႔အတြက္ ဒီပြဲမွာ မိနစ္ ၃၀ ကစားဖို႔ရွိေၾကာင္း ေျပာခဲ့ေပမယ့္ ၄၃ မိနစ္အထိ သက္ေတာင့္သက္သာကစားခဲ့ပါတယ္။ သူ႔အေနနဲ႔ ဒဏ္ရာကသက္သာၿပီးေနာက္ ပထမဆုံးပါဝင္ကစားခဲ့တဲ့ ဟာသာဘာလင္အသင္းနဲ႔ ပြဲကထက္ တိုးတက္လာခဲ့ၿပီး ပရီးမီးယားလိဂ္ရာသီအစမွာတင္ သူ႔ကို ပြဲခ်ိန္ျပည့္ကစားႏိုင္တာ ျမင္ရႏိုင္ပါတယ္။

ဂိုးမသြင္းေသးေပမယ့္ စိတ္ပူစရာမလိုတဲ့ ဆာလား
မိုဟာမက္ဆာလားအေနနဲ႔ အသင္းရဲ႕ ဒိတ္ဒိတ္ႀကဲကစားသမားေတြထဲက နာမည္အႀကီးဆုံးကစားသမား ျဖစ္ေကာင္းျဖစ္ႏိုင္ၿပီး ပထမပြဲမွာ သူ႔ရဲ႕ကန္သြင္းခ်က္က မေမွ်ာ္လင့္ဘဲ ဂိုးတိုင္ကို ထိမွန္ခဲ့သလို ဂိုးမရလိုက္တာေၾကာင့္ သူ႔မ်က္ႏွာေပၚမွာ မေက်မနပ္ျဖစ္ေနခဲ့တာကိုလည္း ေတြ႕ျမင္ခဲ့ရမွာ ျဖစ္ပါတယ္။

အခ်က္အလက္ေတြအရ မာေနးလို ရာသီႀကိဳေျခစမ္းပြဲေတြမွာ သြင္းဂိုးေတြ မရေသးေပမယ့္ အီဂ်စ္သားနဲ႔ မန္ေနဂ်ာ ယာဂန္ ကေလာ့ပ္ကို စိတ္ပူစရာမလိုေသးပါဘူး။ တကယ္ေရတြက္ၾကည့္မယ္ဆိုရင္ ဆာလားရဲ႕သြင္းဂိုးႏႈန္းကို ျမင္ရမွာလည္းျဖစ္ၿပီး သူ႔ရဲ႕ႀကံ့ခိုင္မႈအေနအထားအရလည္း အရင္ႏွစ္ေတြထက္ သိသိသာသာတိုးတက္လာမယ့္ပုံ ေပၚေနလို႔ စိတ္ခ်လို႔ရတာျဖစ္ပါတယ္။

အမွတ္ထပ္ယူတဲ့ မီနာမီႏို
ဒုတိယပြဲပထမပိုင္းမွာ ဂိုးသြင္းရွင္ျဖစ္ခဲ့တဲ့ တာကူမီ မီနာမီႏိုအေနနဲ႔ လက္ရွိရာသီႀကိဳေျခစမ္းပြဲေတြကို အသုံးခ်ၿပီး ကေလာ့ပ္ကို အသင္းမွာ သူ႔အနာဂတ္ရွိေနေသးေၾကာင္း ဂိုးေတြသြင္းၿပီး သတိေပးသြားခဲ့ပါတယ္။ တိုက္စစ္တစ္ေလွ်ာက္လုံးမွာ နံပါတ္ ၁၀ ေနရာမွာ ပိုအသုံးတည့္ေနခဲ့ၿပီး သူ႔ကို အသင္းရဲ႕ အခ်ိဳ႕ၿပိဳင္ပြဲေတြမွာ ပြဲထြက္ကစားသမားျဖစ္ေစ အရန္ခုံမွာျဖစ္ေစ ေတြ႕ရရင္ အံ့ဩစရာမရွိပါဘူး။

မန္ခ်က္စတာယူႏိုက္တက္နဲ႔ေတာင္ မွားခဲ့ရတယ္
လီဗာပူးလ္အသင္းရဲ႕ အိမ္ကြင္းအက်ႌ၊ အေဝးကြင္းေဘာင္းဘီနဲ႔ေျခအိတ္ေတြ ေပါင္းစပ္ထားတဲ့ ပြဲထြက္လာပုံက မဟာၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဂ်ာစီနဲ႔ အေတာ္ကိုဆင္တူခဲ့ၿပီး အသင္းပရိသတ္ေတြအတြက္ေတာ့ မအီမလည္ျဖစ္ေစခဲ့တာပါ။ အနီအျပည့္ဝတ္ေနၾကအသင္းအေနနဲ႔ အနီ၊ အနက္နဲ႔အျဖဴဝတ္ခဲ့ျခင္းက အေဝးကြင္းဝတ္စုံျပည့္ ဝတ္သင့္တာမဟုတ္ဘူးလားဆိုတဲ့ အေတြးဝင္ေစခဲ့ပါတယ္။

ပိုမိုေတာက္ပလာတဲ့ ဒီယိုဂို ဂ်ိဳတာ
အတင္းဖိအားေပးကစားတဲ့ လီဗာပူးလ္အသင္းရဲ႕ ကစားဟန္ေၾကာင့္ ဘိုေလာ့ညာအသင္းက ေဘာလုံးကိုလြယ္လြယ္ကူကူေပးခဲ့ၿပီး ဒီယိုဂို ဂ်ိဳတာက ေဘာလုံးပိုင္ဆိုင္မႈ ျပန္ယူခဲ့သလို ညာဘက္ကို အေကာင္းဆုံးကန္သြင္းအဆုံးသတ္ခဲ့ပါတယ္။ အထူးသျဖင့္ ပထမပိုင္းမွာ သူ႔ရဲ႕ကစားပုံက အေတာ္အထင္ႀကီးစရာေကာင္းခဲ့ၿပီး လာမယ့္ေဘာလုံးရာသီမွာ ပြဲကစားခြင့္ ပိုရလာဖို႔ ရွိေနပါတယ္။ ေအာက္ဇလိတ္-ခ်ိမ္ဘာလိန္နဲ႔ တာကူမီ မီနာမီႏိုတို႔ေတာင္ လာမည့္ရာသီမွာ ေရာဘတ္တို ဖာမင္ႏိုရဲ႕ေရွ႕မွာ ပုံမွန္ပြဲထြက္ခြင့္ရသင့္တယ္လို႔ ေျပာေနၾကေပမယ့္ ေပၚတူဂီသားရွိေနေသးတာကို ေမ့ေလ်ာ့ေနခဲ့ၾကၿပီး သူ႔ရဲ႕ပုံစံက ျပတ္သားပုံေပၚသလို လာမယ့္ႏွစ္က ဖာမင္ႏိုနဲ႔ ခ်ိမ္ဘာလိန္တို႔ရဲ႕ႏွစ္ထက္ ဒီႏွစ္က ဂ်ိဳတာရဲ႕ႏွစ္ ပိုျဖစ္ႏိုင္ပါတယ္။

အနာဂတ္ၾကယ္ပြင့္ ဟာဗီ အီးလီေယာ့
ပြဲခ်ိန္အတြင္း နာဘီ ကီးတားနဲ႔ အလက္ဇန္းဒါး-အာႏိုးလ္ဒ္တို႔ရဲ႕ ေကာင္းမြန္တဲ့ တြဲလုံးကတစ္ဆင့္ ဟာဗီ အီးလီးေယာ့ရဲ႕ ေျမမက်ကန္ခ်က္က ေဘးထြက္သြားခဲ့ၿပီး သူ႔အ‌ေနနဲ႔ လီဗာပူးလ္အသင္းမွာမရွိတဲ့ ကြင္းလယ္က ပုံမွန္ဂိုးသြင္းရွင္နဲ႔ ဖန္တီးရွင္လိုအပ္မႈအတြက္ အဆင္ေျပေစန္ိုင္မယ့္ ကစားသမားျဖစ္သလို သူ႔ကို ေဂ်ာ္ဒန္ ဟန္ဒါဆန္နဲ႔ သီယာဂိုတို႔အလြန္ ကြင္းလယ္မွာသုံးဖို႔ ကေလာ့ပ္အေနနဲ႔ ရႈျမင္ထားပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.