Premier League

6 Aug ညနေခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းရဲ့ လူငယ်တောင်ပံကစားသမား ဖော်စတီနို အန်ဂျိုရင်အနေနဲ့ လက်ရှိသူကစားနေတဲ့ ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံတိုက်စစ်မှာ အသင်းအတွက် ရွေးချယ်စရာကစားသမားတွေများနေတာကြောင့် ပွဲကစားခွင့်နည်းနိုင်လို့ အတွေ့အကြုံရအောင် အငှားထွက်ကစားသင့်ကြောင်း တိုက်တွန်းပြောဆိုမှုတွေရှိလာ။

အင်တာမီလန်တိုက်စစ်မှူး ရိုမဲလူ လူကာကူးကို ခေါ်ယူဖို့အတွက် ချဲလ်ဆီးအသင်းအနေနဲ့ အပြီးသတ်လုနီးပါးဖြစ်နေပြီး ချဲလ်ဆီးအသင်းရဲ့နောက်ခံလူ မားကို့စ် အလွန်ဆိုအပါအဝင် ပေါင် ၈၅ သန်းနဲ့ကမ်းလှမ်းမှု ငြင်းဆန်ခံရပြီးနောက် တတိယအကြိမ်ကမ်းလှမ်းမှုအဖြစ် ပေါင် ၁၀၂ သန်းနဲ့ တိုးမြှင့်ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး မီလန်မြို့ခံအသင်းအနေနဲ့ လက်ခံသွားဖို့ နီးစပ်နေ။

– ချဲလ်ဆီးအသင်းအနေနဲ့ ဒီနှစ်နွေရဲ့ အဓိကပစ်မှတ်ကစားသမားဖြစ်တဲ့ အင်တာမီလန်အသင်းတိုက်စစ်မှူး ရိုမဲလူ လူကာကူးကို ၅ နှစ်စာချုပ်နဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီး ဘယ်လ်ဂျီယမ် တိုက်စစ်မှူးအနေနဲ့ သူ့ရဲ့ တစ်ချိန်ကအသင်းဟောင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၂၁၂,၀၀၀ ရရှိသွားမှာဖြစ်ကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေ။

– အေစီမီလန်အသင်းအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ဟာကင်မ် ဇီးယက်ရှ်ကို ခေါ်ယူဖို့အတွက် လက်မလျှော့သေးဘဲ အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ ကမ်းလှမ်းဖို့စီစဉ်နေပြီး ရိုမဲလူ လူကာကူးကို ခေါ်ယူမယ့် ချဲလ်ဆီးအသင်းအနေနဲ့လည်း အသင်းရဲ့ ဘဏ္ဍာရေးထိန်းညှိတဲ့အနေနဲ့ မော်ရိုကိုသားကို အငှားချဖို့ ပြန်စဉ်းစားလာကြောင်းသိရ။

– ဒေါ့မွန်အသင်းအနေနဲ့ တိုက်စစ်မှူး အာလင်းဟာလန်းအတွက် ပေါင်သန်း ၁၀၀ နဲ့ပေါင် ၁၁၅ သန်းဝန်းကျင်ကမ်းလှမ်းမှုတွေကို ထည့်သွင်းစဉ်းစားနေမှာမဟုတ်ဘဲ ပေါင် ၁၄၉ သန်းဝန်းကျင်ကမ်းလှမ်းမှုတွေမှသာ ထည့်သွင်းစဉ်းစားမှာဖြစ်လို့ ချဲလ်ဆီးအသင်းအနေနဲ့ လက်ရှောင်ခဲ့တာဖြစ်ကြောင်း နာမည်ကျော်သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ‌ထုတ်ဖော်သွားခဲ့။

– စပါးစ်အသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ အသင်းရဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ ထရီဗို့ ချာလိုဘားနဲ့ ဖော်စတီနို အန်ဂျိုရင်တို့ဟာ ကစားသမားကောင်းတွေဖြစ်ပြီး သူတို့အရည်အသွေးကို ထုတ်ပြနိုင်ခဲ့ကြောင်း ပြောသွားခဲ့ပြီး လာမယ့်ဘောလုံးရာသီမှာ သူတို့ ၂ ဦးကို အသုံးပြုဖို့ ပရိသတ်တွေက လူမှုကွန်ယက်ပေါ်မှတစ်ဆင့် တိုက်တွန်းနေကြ။

– ချဲလ်ဆီးအသင်းအနေနဲ့ ရိုမဲလူ လူကာကူးကို ခေါ်ယူဖို့အတွက် သေချာနေတာကြောင့် အသင်းရဲ့တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကို ရောင်းမထွက်မှာ စိတ်ပူနေပြီး ပေါင်သန်း ၄၀ တန်ကြေးသတ်မှတ်ထားတဲ့ ၂၃ နှစ်အရွယ် တိုက်စစ်မှူးကို ဝက်စ်ဟမ်း၊ အာဆင်နယ်နဲ့ အတ္တလန်တာအသင်းတို့က ခေါ်ယူဖို့ စောင့်ကြည့်နေကြ။

– ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ လာပေါ်တာအနေနဲ့ အသင်းမှာ ဆက်ကစားချင်စိတ်မရှိရင် အသင်းပြောင်းနိုင်ကြောင်း အပြတ်ပြောခဲ့တာခံထားရတဲ့ ကွင်းလယ်လူ အီလိုက်စ် မိုရီဘာအတွက် ချဲလ်ဆီးအသင်းအနေနဲ့ အခြားအသင်းကြီးတွေထက် လက်ဦးမှုရယူပြီး ကမ်းလှမ်းမှုပြုလုပ်ထားပြီဖြစ်ကြောင်းနဲ့ ဘာစီလိုနာအနေနဲ့လာမယ့်အပတ်မှာ အကြောင်းပြန်မှာဖြစ်ကြောင်း စပိန်မီဒီယာတွေက ရေးသားဖော်ပြနေကြ။

– ဘာစီလိုနာအသင်းဘက်က စာချုပ်သစ်ချုပ်ဆိုတော့မှာမဟုတ်ကြောင်း အကြောင်းကြားခံခဲ့ရပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီနဲ့ မန်ချက်စတာစီးတီးတို့လိုမျိုး ချဲလ်ဆီးမှာလည်း ငွေကြေးအင်အားတောင့်တင်းမှုရှိတာကြောင့် အရခေါ်ယူနိုင်ချေရှိနေကြောင်း ဂယ်ရီ လိုင်နီကာက ပြောသွားခဲ့။

– ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့တဲ့ တီမူး ဘာကာယိုကို,ကို စီးရီးအေကလပ်တွေဖြစ်တဲ့ အေစီမီလန်အသင်းနဲ့ နာပိုလီအသင်းတို့က ခေါ်ယူဖို့အတွက် စိတ်ဝင်စားကြပေမယ့် သူ့ရဲ့ မြင့်မားတဲ့လစာငွေကြောင့် အပြီးသတ်မခေါ်ယူလိုဘဲ အငှားနဲ့သာ ခေါ်ယူလိုနေ‌သလို ချဲလ်ဆီးဘက်ကလည်း တစ်နှစ်ပဲကျန်တုန်း အပြီးသတ်သာ ရောင်းချ‌လိုနေကြောင်းသိရ။

– ဂျူဗင်တပ်စ်အသင်းရဲ့ဒတ်ချ်နောက်ခံလူ မက်သစ် ဒီလစ်ခ်ျကို ခေါ်ယူဖို့အတွက် ချဲလ်ဆီးအသင်းအနေနဲ့ အသင်းမှာ ဂိုးသွင်းစွမ်းရည်ပျောက်ဆုံးနေတဲ့ တိုက်စစ်မှူး တီမိုဗာနာအပါအဝင် ပေါင် ၅၁ သန်း(ယူရိုသန်း ၆၀)နဲ့ အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေကြောင်း အီတလီသတင်းမီဒီယာတွေက ဖော်ပြနေကြ။

-အများတကာနဲ့ မတူပဲ ကျောနံပါတ် ၂၉ကိုသာ ရွေးချယ်ခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ခိုင် ဟာဗက်ဇ်က သူ့အနေနဲ့ ငယ်စဉ်က သူ့အစ်ကိုနဲ့ FIFA သို့မဟုတ် PES ဂိမ်းဆော့တိုင်း သူ့အစ်ကိုက ကျောနံပါတ် ၂၉ ပဲယူခဲ့ပြီး သူ့အနေနဲ့ လေဗာကူဆင်အသင်းကိုရောက်တော့ အစ်ကိုရဲ့အကြံပေးမှုကြောင့် ကျောနံပါတ် ၂၉ ကိုပဲယူဖြစ်ခဲ့သလို နံပါတ် ၂၉ ရဲ့အမှတ်အသားဖြစ်ချင်လို့ ချဲလ်ဆီးအသင်းမှာလည်း ၂၉ ကိုသာ ဆက်လယ်ရွေးချယ်ဝတ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း The Atlantic နဲ့ အင်တာဗျူးမှာ ဖွင့်ဟ‌သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းရဲ႕ လူငယ္ေတာင္ပံကစားသမား ေဖာ္စတီႏို အန္ဂ်ိဳရင္အေနနဲ႔ လက္ရွိသူကစားေနတဲ့ ကြင္းလယ္တိုက္စစ္နဲ႔ ေတာင္ပံတိုက္စစ္မွာ အသင္းအတြက္ ေ႐ြးခ်ယ္စရာကစားသမားေတြမ်ားေနတာေၾကာင့္ ပြဲကစားခြင့္နည္းႏိုင္လို႔ အေတြ႕အႀကဳံရေအာင္ အငွားထြက္ကစားသင့္ေၾကာင္း တိုက္တြန္းေျပာဆိုမႈေတြရွိလာ။

အင္တာမီလန္တိုက္စစ္မႉး ႐ိုမဲလူ လူကာကူးကို ေခၚယူဖို႔အတြက္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ အၿပီးသတ္လုနီးပါးျဖစ္ေနၿပီး ခ်ဲလ္ဆီးအသင္းရဲ႕ေနာက္ခံလူ မားကို႔စ္ အလြန္ဆိုအပါအဝင္ ေပါင္ ၈၅ သန္းနဲ႔ကမ္းလွမ္းမႈ ျငင္းဆန္ခံရၿပီးေနာက္ တတိယအႀကိမ္ကမ္းလွမ္းမႈအျဖစ္ ေပါင္ ၁၀၂ သန္းနဲ႔ တိုးျမႇင့္ကမ္းလွမ္းဖို႔ ျပင္ဆင္ေနၿပီး မီလန္ၿမိဳ႕ခံအသင္းအေနနဲ႔ လက္ခံသြားဖို႔ နီးစပ္ေန။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီႏွစ္ေႏြရဲ႕ အဓိကပစ္မွတ္ကစားသမားျဖစ္တဲ့ အင္တာမီလန္အသင္းတိုက္စစ္မႉး ႐ိုမဲလူ လူကာကူးကို ၅ ႏွစ္စာခ်ဳပ္နဲ႔ေခၚယူဖို႔ သေဘာတူညီမႈရရွိခဲ့ၿပီး ဘယ္လ္ဂ်ီယမ္ တိုက္စစ္မႉးအေနနဲ႔ သူ႔ရဲ႕ တစ္ခ်ိန္ကအသင္းေဟာင္းမွာ တစ္ပတ္လုပ္ခ ေပါင္ ၂၁၂,၀၀၀ ရရွိသြားမွာျဖစ္ေၾကာင္း သတင္းေတြ က်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေပၚေန။

– ေအစီမီလန္အသင္းအေနနဲ႔ ခ်ဲလ္ဆီးအသင္းရဲ႕ ေတာင္ပံကစားသမား ဟာကင္မ္ ဇီးယက္ရွ္ကို ေခၚယူဖို႔အတြက္ လက္မေလွ်ာ့ေသးဘဲ အၿပီးသတ္ေခၚယူခြင့္ပါဝင္တဲ့ အငွားစာခ်ဳပ္နဲ႔ ကမ္းလွမ္းဖို႔စီစဥ္ေနၿပီး ႐ိုမဲလူ လူကာကူးကို ေခၚယူမယ့္ ခ်ဲလ္ဆီးအသင္းအေနနဲ႔လည္း အသင္းရဲ႕ ဘ႑ာေရးထိန္းညႇိတဲ့အေနနဲ႔ ေမာ္႐ိုကိုသားကို အငွားခ်ဖို႔ ျပန္စဥ္းစားလာေၾကာင္းသိရ။

– ေဒါ့မြန္အသင္းအေနနဲ႔ တိုက္စစ္မႉး အာလင္းဟာလန္းအတြက္ ေပါင္သန္း ၁၀၀ နဲ႔ေပါင္ ၁၁၅ သန္းဝန္းက်င္ကမ္းလွမ္းမႈေတြကို ထည့္သြင္းစဥ္းစားေနမွာမဟုတ္ဘဲ ေပါင္ ၁၄၉ သန္းဝန္းက်င္ကမ္းလွမ္းမႈေတြမွသာ ထည့္သြင္းစဥ္းစားမွာျဖစ္လို႔ ခ်ဲလ္ဆီးအသင္းအေနနဲ႔ လက္ေရွာင္ခဲ့တာျဖစ္ေၾကာင္း နာမည္ေက်ာ္သတင္းေထာက္ ဖာဘရီဇီယို ႐ိုမာႏိုက ‌ထုတ္ေဖာ္သြားခဲ့။

– စပါးစ္အသင္းနဲ႔ ၂ ဂိုးစီသေရက်ခဲ့တဲ့ပြဲစဥ္အၿပီးမွာ ခ်ဲလ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ အသင္းရဲ႕ လူငယ္ကစားသမားေတြျဖစ္တဲ့ ထရီဗို႔ ခ်ာလိုဘားနဲ႔ ေဖာ္စတီႏို အန္ဂ်ိဳရင္တို႔ဟာ ကစားသမားေကာင္းေတြျဖစ္ၿပီး သူတို႔အရည္အေသြးကို ထုတ္ျပႏိုင္ခဲ့ေၾကာင္း ေျပာသြားခဲ့ၿပီး လာမယ့္ေဘာလုံးရာသီမွာ သူတို႔ ၂ ဦးကို အသုံးျပဳဖို႔ ပရိသတ္ေတြက လူမႈကြန္ယက္ေပၚမွတစ္ဆင့္ တိုက္တြန္းေနၾက။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ ႐ိုမဲလူ လူကာကူးကို ေခၚယူဖို႔အတြက္ ေသခ်ာေနတာေၾကာင့္ အသင္းရဲ႕တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္ကို ေရာင္းမထြက္မွာ စိတ္ပူေနၿပီး ေပါင္သန္း ၄၀ တန္ေၾကးသတ္မွတ္ထားတဲ့ ၂၃ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို ဝက္စ္ဟမ္း၊ အာဆင္နယ္နဲ႔ အတၱလန္တာအသင္းတို႔က ေခၚယူဖို႔ ေစာင့္ၾကည့္ေနၾက။

– ဘာစီလိုနာအသင္းရဲ႕ ဥကၠဌ လာေပၚတာအေနနဲ႔ အသင္းမွာ ဆက္ကစားခ်င္စိတ္မရွိရင္ အသင္းေျပာင္းႏိုင္ေၾကာင္း အျပတ္ေျပာခဲ့တာခံထားရတဲ့ ကြင္းလယ္လူ အီလိုက္စ္ မိုရီဘာအတြက္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ အျခားအသင္းႀကီးေတြထက္ လက္ဦးမႈရယူၿပီး ကမ္းလွမ္းမႈျပဳလုပ္ထားၿပီျဖစ္ေၾကာင္းနဲ႔ ဘာစီလိုနာအေနနဲ႔လာမယ့္အပတ္မွာ အေၾကာင္းျပန္မွာျဖစ္ေၾကာင္း စပိန္မီဒီယာေတြက ေရးသားေဖာ္ျပေနၾက။

– ဘာစီလိုနာအသင္းဘက္က စာခ်ဳပ္သစ္ခ်ဳပ္ဆိုေတာ့မွာမဟုတ္ေၾကာင္း အေၾကာင္းၾကားခံခဲ့ရၿပီး အသင္းလက္မဲ့ျဖစ္ေနတဲ့ လီယြန္နယ္ မက္ဆီကို ေခၚယူဖို႔အတြက္ ပီအက္စ္ဂ်ီနဲ႔ မန္ခ်က္စတာစီးတီးတို႔လိုမ်ိဳး ခ်ဲလ္ဆီးမွာလည္း ေငြေၾကးအင္အားေတာင့္တင္းမႈရွိတာေၾကာင့္ အရေခၚယူႏိုင္ေခ်ရွိေနေၾကာင္း ဂယ္ရီ လိုင္နီကာက ေျပာသြားခဲ့။

– ခ်ဲလ္ဆီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာက်န္ရွိေတာ့တဲ့ တီမူး ဘာကာယိုကို,ကို စီးရီးေအကလပ္ေတြျဖစ္တဲ့ ေအစီမီလန္အသင္းနဲ႔ နာပိုလီအသင္းတို႔က ေခၚယူဖို႔အတြက္ စိတ္ဝင္စားၾကေပမယ့္ သူ႔ရဲ႕ ျမင့္မားတဲ့လစာေငြေၾကာင့္ အၿပီးသတ္မေခၚယူလိုဘဲ အငွားနဲ႔သာ ေခၚယူလိုေန‌သလို ခ်ဲလ္ဆီးဘက္ကလည္း တစ္ႏွစ္ပဲက်န္တုန္း အၿပီးသတ္သာ ေရာင္းခ်‌လိုေနေၾကာင္းသိရ။

– ဂ်ဴဗင္တပ္စ္အသင္းရဲ႕ဒတ္ခ်္ေနာက္ခံလူ မက္သစ္ ဒီလစ္ခ္်ကို ေခၚယူဖို႔အတြက္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ အသင္းမွာ ဂိုးသြင္းစြမ္းရည္ေပ်ာက္ဆုံးေနတဲ့ တိုက္စစ္မႉး တီမိုဗာနာအပါအဝင္ ေပါင္ ၅၁ သန္း(ယူ႐ိုသန္း ၆၀)နဲ႔ အလိုက္ေပးကမ္းလွမ္းဖို႔ စီစဥ္ေနေၾကာင္း အီတလီသတင္းမီဒီယာေတြက ေဖာ္ျပေနၾက။

-အမ်ားတကာနဲ႔ မတူပဲ ေက်ာနံပါတ္ ၂၉ကိုသာ ေ႐ြးခ်ယ္ခဲ့တဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းလယ္တိုက္စစ္ကစားသမား ခိုင္ ဟာဗက္ဇ္က သူ႔အေနနဲ႔ ငယ္စဥ္က သူ႔အစ္ကိုနဲ႔ FIFA သို႔မဟုတ္ PES ဂိမ္းေဆာ့တိုင္း သူ႔အစ္ကိုက ေက်ာနံပါတ္ ၂၉ ပဲယူခဲ့ၿပီး သူ႔အေနနဲ႔ ေလဗာကူဆင္အသင္းကိုေရာက္ေတာ့ အစ္ကိုရဲ႕အႀကံေပးမႈေၾကာင့္ ေက်ာနံပါတ္ ၂၉ ကိုပဲယူျဖစ္ခဲ့သလို နံပါတ္ ၂၉ ရဲ႕အမွတ္အသားျဖစ္ခ်င္လို႔ ခ်ဲလ္ဆီးအသင္းမွာလည္း ၂၉ ကိုသာ ဆက္လယ္ေ႐ြးခ်ယ္ဝတ္ဆင္ခဲ့ျခင္းျဖစ္ေၾကာင္း The Atlantic နဲ႔ အင္တာဗ်ဴးမွာ ဖြင့္ဟ‌သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.