Ligue1 Premier League

ေပါ့ဘာကို ေခၚယူဖို႔ အံ့အားသင့္စရာ ကမ္းလွမ္းပုံမ်ဳိးနဲ႔ ပီအက္စ္ဂ်ီ ကမ္းလွမ္း

မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ အနာဂတ္မေသမခ်ာျဖစ္ေနတဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာအတြက္ ျပင္သစ္အင္အားႀကီးကလပ္ ပီအက္စ္ဂ်ီက ကစားသမားႏွစ္ဦးအလိုက္ေပးမယ့္ အံ့အားသင့္စရာ ကမ္းလွမ္းမွဳတစ္ခု ျပဳလုပ္လိုက္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး ပရိသတ္ေတြ အတြက္ေတာ့ စိတ္ေလခ်င္စရာလည္းျဖစ္ေနခဲ့ပါတယ္။

ေပါ့ဘာလို အရည္အေသြးေတြ အမ်ားႀကီး ျပသဖို႔ က်န္ေသးတဲ့ ကစားသမားတစ္ဦးကို ေခၚယူဖို႔ ႀကဳိးစားတယ္ဆုိတာကေတာ့ ဘာမွ ထူးဆန္းတဲ့ ကိစၥမဟုတ္ဘဲ မန္ခ်က္စတာယူႏိုက္တက္မွာ တစ္ႏွစ္သာ ကစားၿပီး အဆင္မေျပလုိ႔ ေျပာင္းေရႊ႕သြားတဲ့ ကစားသမားေဟာင္း အန္ဟဲလ္ ဒီမာရီယာကို အလိုက္ေပးမယ္ဆုိတာကေတာ့ စိတ္ပ်က္စရာျဖစ္ေနခဲ့တာပါ။

အသင္းနဲ႔ အဖုအထစ္ေတြ ရွိေနၿပီး စာခ်ဳပ္သစ္ကိုလည္း သက္တမ္းတုိးရျခင္း မရွိေသးတဲ့ အသက္ ၂၆ ႏွစ္အရြယ္ ကြင္းလယ္လူအတြက္ ျပင္သစ္ကလပ္ဘက္က သူတုိ႔ရဲ႕ေတာင္ပံကစားသမား ဒီမာရီယာအျပင္ ဂ်ာမန္ကြင္းလယ္လူ ဂ်ဴလီယန္ ဒရက္ဆလာကိုပါ ထည့္သြင္းကမ္းလွမ္းခဲ့ၿပီး ေငြသားအလိုက္လည္း ထပ္မံေပးေခ်သြားမယ္လို႔ ဆုိပါတယ္။

ယူႏုိက္တက္ပရိသတ္ေတြအေနနဲ႔ေတာ့ နည္းျပေဟာင္း လူဝီ ဗန္ဟားလ္လက္ထက္မွာ တစ္ရာသီသာ ကစားခဲ့ၿပီး အျငင္းပြားစရာ စကားေတြနဲ႔ အသင္းေျပာင္းေရႊ႕သြားတဲ့ အာဂ်င္တီးနားသားကို ထည့္သြင္းဖို႔ လက္ခံမွာ မဟုတ္ဘဲ အသင္းအေနနဲ႔လည္း သူတုိ႔ကို ၿငဳိျငင္မယ့္ အေျပာင္းအေရႊ႕မ်ဳိး ကိုေတာ့ ေဆာင္ရြက္သြားဖို႔ အလားအလာ မရွိသေလာက္ နည္းပါးႏုိင္ပါတယ္။

ပီအက္စ္ဂ်ီအသင္းရဲ႕ ကမ္းလွမ္းမွဳမွာ ထည့္သြင္းထားတဲဲ့ ေနာက္တစ္ဦးျဖစ္တဲ့ ဒရက္ဆလာဟာလည္း ယူႏုိက္တက္အတြက္ေတာ့ အသင္းမွာ ရွိေနၿပီးသား ကစားသမားမ်ဳိးျဖစ္ေနတဲ့အတြက္ စိတ္ဝင္စားဖြယ္မရွိဘဲ ေႏြရာသီမွာ ႀကီးႀကီးမားမား ေငြသုံးဖို႔ ရွိေနတဲ့ အသင္းအေနနဲ႔ ဘဏၰာေရးမွ်ေျခ အတြက္ ေပါ့ဘာကို ေငြသားသီးသန္႔သာ ေရာင္းခ်သြားဖြယ္ရွိေၾကာင္းလည္း ခန္႔မွန္းသုံးသပ္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အနာဂတ်မသေမချာဖြစ်နေတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာအတွက် ပြင်သစ်အင်အားကြီးကလပ် ပီအက်စ်ဂျီက ကစားသမားနှစ်ဦးအလိုက်ပေးမယ့် အံ့အားသင့်စရာ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်လိုက်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ပရိသတ်တွေ အတွက်တော့ စိတ်လေချင်စရာလည်းဖြစ်နေခဲ့ပါတယ်။

ပေါ့ဘာလို အရည်အသွေးတွေ အများကြီး ပြသဖို့ ကျန်သေးတဲ့ ကစားသမားတစ်ဦးကို ခေါ်ယူဖို့ ကြိုးစားတယ်ဆိုတာကတော့ ဘာမှ ထူးဆန်းတဲ့ ကိစ္စမဟုတ်ဘဲ မန်ချက်စတာယူနိုက်တက်မှာ တစ်နှစ်သာ ကစားပြီး အဆင်မပြေလို့ ပြောင်းရွှေ့သွားတဲ့ ကစားသမားဟောင်း အန်ဟဲလ် ဒီမာရီယာကို အလိုက်ပေးမယ်ဆိုတာကတော့ စိတ်ပျက်စရာဖြစ်နေခဲ့တာပါ။

အသင်းနဲ့ အဖုအထစ်တွေ ရှိနေပြီး စာချုပ်သစ်ကိုလည်း သက်တမ်းတိုးရခြင်း မရှိသေးတဲ့ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူအတွက် ပြင်သစ်ကလပ်ဘက်က သူတို့ရဲ့တောင်ပံကစားသမား ဒီမာရီယာအပြင် ဂျာမန်ကွင်းလယ်လူ ဂျူလီယန် ဒရက်ဆလာကိုပါ ထည့်သွင်းကမ်းလှမ်းခဲ့ပြီး ငွေသားအလိုက်လည်း ထပ်မံပေးချေသွားမယ်လို့ ဆိုပါတယ်။

ယူနိုက်တက်ပရိသတ်တွေအနေနဲ့တော့ နည်းပြဟောင်း လူဝီ ဗန်ဟားလ်လက်ထက်မှာ တစ်ရာသီသာ ကစားခဲ့ပြီး အငြင်းပွားစရာ စကားတွေနဲ့ အသင်းပြောင်းရွှေ့သွားတဲ့ အာဂျင်တီးနားသားကို ထည့်သွင်းဖို့ လက်ခံမှာ မဟုတ်ဘဲ အသင်းအနေနဲ့လည်း သူတို့ကို ငြိုငြင်မယ့် အပြောင်းအရွှေ့မျိုး ကိုတော့ ဆောင်ရွက်သွားဖို့ အလားအလာ မရှိသလောက် နည်းပါးနိုင်ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ ကမ်းလှမ်းမှုမှာ ထည့်သွင်းထားတဲ့ နောက်တစ်ဦးဖြစ်တဲ့ ဒရက်ဆလာဟာလည်း ယူနိုက်တက်အတွက်တော့ အသင်းမှာ ရှိနေပြီးသား ကစားသမားမျိုးဖြစ်နေတဲ့အတွက် စိတ်ဝင်စားဖွယ်မရှိဘဲ နွေရာသီမှာ ကြီးကြီးမားမား ငွေသုံးဖို့ ရှိနေတဲ့ အသင်းအနေနဲ့ ဘဏ္ဏာရေးမျှခြေ အတွက် ပေါ့ဘာကို ငွေသားသီးသန့်သာ ရောင်းချသွားဖွယ်ရှိကြောင်းလည်း ခန့်မှန်းသုံးသပ်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.