Premier League

သူ႕ကို ဆက္ခံတဲ့ ဟန္ဒါဆန္ကို ေပါလ္စခိုးလ္နဲ႔ ႏွဳိင္းယွဥ္ခ်ီးက်ဴးလိုက္တဲ့ စတီဗင္ ဂ်ရတ္

လီဗာပူးလ္အသင္းရဲ႕ အသင္းေခါင္းေဆာင္ေဟာင္းျဖစ္တဲ့ စေကာ့တလန္ကလပ္ ရိန္းဂ်ားစ္အသင္းနည္းျပ စတီဗင္ ဂ်ရတ္က ေဂ်ာ္ဒန္ ဟန္ဒါဆန္ဟာ ကြင္းလယ္ကစားသမားေဟာင္းတစ္ဦးျဖစ္ၿပီး သူဟာ အဂၤလန္လက္ေရြးစင္ေဟာင္း ေပါလ္စခိုးလ္လုိမ်ဳိး အဆင့္အတန္းျမင့္ျမင့္ ကစားႏုိင္ေၾကာင္း သုံးသပ္ေျပာၾကားလုိက္ပါတယ္။

PFA ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံး ကစားသမားဆုကို ရရွိဖို႔ ေရပန္းစားေနတဲ့ လီဗာပူးလ္အသင္းေခါင္းေဆာင္ဟာ ဂ်ရတ္ရဲ႕ ကပၸတိန္ လက္ပတ္ကို ဆက္ခံခဲ့သူျဖစ္ၿပီး အရင္အခ်ိန္ေတြတုန္းက အသင္းက ထြက္ခြာရလုနီးပါး ျဖစ္ခဲ့ေသးေပမယ့္ လက္ရွိမွာေတာ့ ရင့္က်က္တည္ၿငိမ္တဲ့ စံျပကစားသမားတစ္ဦးလည္းျဖစ္ေနခဲ့ပါၿပီ။

ဒုတိယေနရာက မန္ခ်က္စတာစီးတီးကို ပရီးမီးယားလိဂ္မွာ ၂၅ မွတ္ျဖတ္ၿပီး ဦးေဆာင္ထားတဲ့ လီဗာပူးလ္ကြင္းလယ္မွာ ဟန္ဒါဆန္ဟာ အျမဲတမ္း အဆင္သင့္ရွိေနသူျဖစ္ၿပီး တစ္ကိုယ္ေကာင္းမဆန္တတ္တဲ့ ကစားသမားမ်ဳိးအျဖစ္ အသင္းေဖာ္ေတြကို လိုက္လံပံ့ပိုးေပးတတ္တဲ့သူမ်ဳိးလို႔ ဂ်ရတ္က ခ်ီးက်ဴးခဲ့ပါတယ္။

“အရင္က သူနဲ႔ လီဗာပူးလ္မွာေရာ အဂၤလန္မွာေရာ တြဲကစားခဲ့ဖူးပါတယ္။ အခုေတာ့ အဲ့ဒီထက္ အမ်ားႀကီးတုိးတက္လာၿပီး သူ႕ရဲ႕ ကစားပုံထဲမွာ ေဘာလုံးေပးပုိ႔မွဳေတြက အရမ္းတုိးတက္လာပါတယ္။ ပြဲထဲမွာ ေျပးလႊားၿပီး ထိန္းခ်ဳပ္ေနပုံကလည္း ေပါလ္စခိုးလ္လိုပါပဲ။ သူဟာ အသင္းအတြက္ စံနမူနာ ကစားသမားေကာင္းတစ္ဦးျဖစ္ၿပီး ဘာကိစၥရွိရွိ အသင္းေရွ႕က ရပ္ဖို႔ အဆင္သင့္ျဖစ္ေနသူပါ”လို႔ ဂ်ရတ္က ဆုိပါတယ္။

ဒါ့အျပင္ ဂ်ရတ္က သူ႕အေနနဲ႔ ဟန္ဒါဆန္ကို အျမဲေစာင့္ၾကည့္ေနခဲ့တာျဖစ္ၿပီး ေဘာလုံးကြင္းထဲမွာတင္မဟုတ္ဘဲ လူသားတစ္ဦးအေနနဲ႔ပါ တုိးတက္လာခဲ့ေၾကာင္း၊ လက္ရွိမွာ သူဟာ အေကာင္းဆုံး ေပါင္းသင္းစရာလူတစ္ေယာက္၊ အေကာင္းဆုံး အသင္းေဖာ္တစ္ေယာက္အျဖစ္နဲ႔ လာမယ့္ ဆုဖလားေတြနဲ႔ တစ္ဦးခ်င္းဆုေတြအတြက္ပါ ထိုက္တန္သူျဖစ္ေၾကာင္းလည္း ခ်ီးက်ဴးသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: LIVERPOOL ECHO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းနည်းပြ စတီဗင် ဂျရတ်က ဂျော်ဒန် ဟန်ဒါဆန်ဟာ ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး သူဟာ အင်္ဂလန်လက်ရွေးစင်ဟောင်း ပေါလ်စခိုးလ်လိုမျိုး အဆင့်အတန်းမြင့်မြင့် ကစားနိုင်ကြောင်း သုံးသပ်ပြောကြားလိုက်ပါတယ်။

PFA ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိဖို့ ရေပန်းစားနေတဲ့ လီဗာပူးလ်အသင်းခေါင်းဆောင်ဟာ ဂျရတ်ရဲ့ ကပ္ပတိန် လက်ပတ်ကို ဆက်ခံခဲ့သူဖြစ်ပြီး အရင်အချိန်တွေတုန်းက အသင်းက ထွက်ခွာရလုနီးပါး ဖြစ်ခဲ့သေးပေမယ့် လက်ရှိမှာတော့ ရင့်ကျက်တည်ငြိမ်တဲ့ စံပြကစားသမားတစ်ဦးလည်းဖြစ်နေခဲ့ပါပြီ။

ဒုတိယနေရာက မန်ချက်စတာစီးတီးကို ပရီးမီးယားလိဂ်မှာ ၂၅ မှတ်ဖြတ်ပြီး ဦးဆောင်ထားတဲ့ လီဗာပူးလ်ကွင်းလယ်မှာ ဟန်ဒါဆန်ဟာ အမြဲတမ်း အဆင်သင့်ရှိနေသူဖြစ်ပြီး တစ်ကိုယ်ကောင်းမဆန်တတ်တဲ့ ကစားသမားမျိုးအဖြစ် အသင်းဖော်တွေကို လိုက်လံပံ့ပိုးပေးတတ်တဲ့သူမျိုးလို့ ဂျရတ်က ချီးကျူးခဲ့ပါတယ်။

“အရင်က သူနဲ့ လီဗာပူးလ်မှာရော အင်္ဂလန်မှာရော တွဲကစားခဲ့ဖူးပါတယ်။ အခုတော့ အဲ့ဒီထက် အများကြီးတိုးတက်လာပြီး သူ့ရဲ့ ကစားပုံထဲမှာ ဘောလုံးပေးပို့မှုတွေက အရမ်းတိုးတက်လာပါတယ်။ ပွဲထဲမှာ ပြေးလွှားပြီး ထိန်းချုပ်နေပုံကလည်း ပေါလ်စခိုးလ်လိုပါပဲ။ သူဟာ အသင်းအတွက် စံနမူနာ ကစားသမားကောင်းတစ်ဦးဖြစ်ပြီး ဘာကိစ္စရှိရှိ အသင်းရှေ့က ရပ်ဖို့ အဆင်သင့်ဖြစ်နေသူပါ”လို့ ဂျရတ်က ဆိုပါတယ်။

ဒါ့အပြင် ဂျရတ်က သူ့အနေနဲ့ ဟန်ဒါဆန်ကို အမြဲစောင့်ကြည့်နေခဲ့တာဖြစ်ပြီး ဘောလုံးကွင်းထဲမှာတင်မဟုတ်ဘဲ လူသားတစ်ဦးအနေနဲ့ပါ တိုးတက်လာခဲ့ကြောင်း၊ လက်ရှိမှာ သူဟာ အကောင်းဆုံး ပေါင်းသင်းစရာလူတစ်ယောက်၊ အကောင်းဆုံး အသင်းဖော်တစ်ယောက်အဖြစ်နဲ့ လာမယ့် ဆုဖလားတွေနဲ့ တစ်ဦးချင်းဆုတွေအတွက်ပါ ထိုက်တန်သူဖြစ်ကြောင်းလည်း ချီးကျူးသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: LIVERPOOL ECHO
PHOTOS CREDIT TO OWNERS
SPORTS A2Z.