Premier League

ေမာ္ရင္ဟိုေၾကာင့္သာ နယူးကာဆယ္လ္ကို အငွားထြက္ကစားခဲ့ရတာလို႔ဆိုတဲ့ ဒန္နီ႐ို႕စ္

ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းရဲ႕ ဘယ္ေနာက္ခံကစားသမား ဒန္နီိ႐ို႕စ္ဟာ နယူးကာဆယ္လ္ယူႏိုက္အသင္းကို ဇန္န၀ါရီအေျပာင္းအေ႐ႊ႕တုန္းက ရာသီကုန္အငွါးစာခ်ဳပ္နဲ႔ ေရာက္ရွိသြားခဲ့ၿပီး ခုလို အငွါးလာကစားခဲ့တာက ေမာ္ရင္ဟိုက တျခားအသင္းေဖာ္ေတြလို သူ႔ကို အခြင့္အေရးမေပးလို႔ဆိုၿပီး ေျပာခဲ့ပါတယ္။

ဒန္နီ႐ို႕စ္ဟာ ယူ႐ို ၂၀၂၀ အဂၤလန္လူစာရင္းမွာ ေနရာတစ္ခုရယူဖို႔ ေမွ်ာ္လင့္ခ်က္ေၾကာင့္ အငွါးထြက္ ကစားခဲ့တာျဖစ္ၿပီး သူဟာ ႏို၀င္ဘာလေနာက္ပိုင္းမွာ ငါးပြဲေလာက္သာ ကစားခဲ့ရသလို ဒါဟာ နည္းျပသစ္ ေမာ္ရင္ဟိုရဲ႕ အစီအစဥ္ထဲမွာ သူမပါဘူးလို႔ ရွင္းရွင္းလင္းလင္း သေဘာေပါက္ခဲ့ရတာလည္းျဖစ္ပါတယ္။

“သူက တျခားအသင္းေဖာ္ေတြေလာက္ ကြၽန္ေတာ့္ကို အခြင့္အေရး မေပးဘူးလို႔ ခံစားရပါတယ္။ ကြၽန္ေတာ္ သူ႔အတြက္ မကစားေပးခ်င္ေတာ့ဘူး။ မကစားရမွန္းလည္း သိေနေတာ့ ေလ့က်င့္ေရးကြင္းသြားရတာ အေတာ္ဆိုးတယ္ဗ်”ဆိုၿပီး ေျပာသြားခဲ့ပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ အဂၤလန္ေနာက္ခံလူအေနနဲ႔ ေမာ္ရင္ဟိုကို အျမင္မၾကည္ေပမယ့္ ေပၚတူဂီသားလက္ထက္မွာ စပါးစ္အသင္းျပန္လည္ နာလန္ထူလာႏိုင္ခဲ့တာကိုေတာ့ ခ်ီးမြမ္းေျပာဆိုသြားခဲ့ပါတယ္။

ဒန္နီ႐ို႕စ္အေနနဲ႔ အခုအခ်ိန္မွာ ရတဲ့ အခြင့္အေရးေတြကို အကာင္းဆုံးႀကိဳးစားေနၿပီး ဂါရက္သ္ ေဆာက္သ္ဂိတ္ရဲ႕ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲဝင္ အဂၤလန္လူစာရင္းမွာ ပါ၀င္ဖို႔ ေမွ်ာ္လင့္ေနၿပီး ေမာ္ရင္ဟိုရဲ႕ စပါးစ္အသင္းကိုပါ ျပန္လည္ထိုးေဖာက္ႏုိင္မယ့္ ေျခစြမ္းမ်ဳိး ျပသႏုိင္မလားဆုိတာကိုလည္း ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

REF: MIRROR
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.

UNICODE: တော့တင်ဟမ်ဟော့စပါးစ်အသင်းရဲ့ ဘယ်နောက်ခံကစားသမား ဒန်နီရို့စ်ဟာ နယူးကာဆယ်လ်ယူနိုက်အသင်းကို ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ရာသီကုန်အငှါးစာချုပ်နဲ့ ရောက်ရှိသွားခဲ့ပြီး ခုလို အငှါးလာကစားခဲ့တာက မော်ရင်ဟိုက တခြားအသင်းဖော်တွေလို သူ့ကို အခွင့်အရေးမပေးလို့ဆိုပြီး ပြောခဲ့ပါတယ်။

ဒန်နီရို့စ်ဟာ ယူရို ၂၀၂၀ အင်္ဂလန်လူစာရင်းမှာ နေရာတစ်ခုရယူဖို့ မျှော်လင့်ချက်ကြောင့် အငှါးထွက် ကစားခဲ့တာဖြစ်ပြီး သူဟာ နိုဝင်ဘာလနောက်ပိုင်းမှာ ငါးပွဲလောက်သာ ကစားခဲ့ရသလို ဒါဟာ နည်းပြသစ် မော်ရင်ဟိုရဲ့ အစီအစဉ်ထဲမှာ သူမပါဘူးလို့ ရှင်းရှင်းလင်းလင်း သဘောပေါက်ခဲ့ရတာလည်းဖြစ်ပါတယ်။

“သူက တခြားအသင်းဖော်တွေလောက် ကျွန်တော့်ကို အခွင့်အရေး မပေးဘူးလို့ ခံစားရပါတယ်။ ကျွန်တော် သူ့အတွက် မကစားပေးချင်တော့ဘူး။ မကစားရမှန်းလည်း သိနေတော့ လေ့ကျင့်ရေးကွင်းသွားရတာ အတော်ဆိုးတယ်ဗျ”ဆိုပြီး ပြောသွားခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် အင်္ဂလန်နောက်ခံလူအနေနဲ့ မော်ရင်ဟိုကို အမြင်မကြည်ပေမယ့် ပေါ်တူဂီသားလက်ထက်မှာ စပါးစ်အသင်းပြန်လည် နာလန်ထူလာနိုင်ခဲ့တာကိုတော့ ချီးမွမ်းပြောဆိုသွားခဲ့ပါတယ်။

ဒန်နီရို့စ်အနေနဲ့ အခုအချိန်မှာ ရတဲ့ အခွင့်အရေးတွေကို အကာင်းဆုံးကြိုးစားနေပြီး ဂါရက်သ် ဆောက်သ်ဂိတ်ရဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန်လူစာရင်းမှာ ပါဝင်ဖို့ မျှော်လင့်နေပြီး မော်ရင်ဟိုရဲ့ စပါးစ်အသင်းကိုပါ ပြန်လည်ထိုးဖောက်နိုင်မယ့် ခြေစွမ်းမျိုး ပြသနိုင်မလားဆိုတာကိုလည်း စောင့်ကြည့်ရမှာဖြစ်ပါတယ်။

REF: MIRROR
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.