Premier League Transfer News

6 Aug နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်ကစားသမား ဂရာနစ် ချာကာကို ဆက်လက်ထိန်းသိမ်းဖို့ ဆုံးဖြတ်လိုက်ပြီး စာချုပ်သစ် ချုပ်ဆိုတော့မှာဖြစ်လို့ မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ဝုလ်ဗာဟမ့်ပ်တန်ကွင်းလယ်လူ ရူဘင် နီဗက်စ်ကို တစ်သင်းတည်း လွတ်လွတ်လပ်လပ် ခေါ်ယူနိုင်မှာဖြစ်ပြီး ဈေးနှုန်းညှိနှိုင်းမှုအတွက်လည်း စိတ်အေးရဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ တရားဝင်လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပြီးရင် နောက်ခံလူသစ် ရာဖေးလ် ဗာရွန်းကို ရရှိနိုင်မှာဖြစ်ပေမယ့် နောက်ထပ် ရည်မှန်းချက်ကြီးမားတဲ့ လုပ်ရပ်အဖြစ် နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီကို ကမ်းလှမ်းခဲ့ပြီး ယူရိုသန်း ၃၀(ပေါင် ၂၅ သန်းနဲ့) ကမ်းလှမ်းမှုက ပယ်ချခံခဲ့ရပေမယ့် ထပ်မံကမ်းလှမ်းသွားဖို့ ပြင်ဆင်နေ။

– ချဲလ်ဆီးအသင်းအနေနဲ့ အင်တာမီလန်တိုက်စစ်မှူး ရိုမီလူ လူကာကူးကို ယူရိုသန်း ၁၃၀ နဲ့ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ရောင်းရငွေရဲ့ ၅ ရာခိုင်နှုန်းကိုပါ ရရှိမှာဖြစ်ပြီး စီးရီးအေကလပ်ရဲ့ အကြွေးကျန်နေတဲ့ ယူရို ၅၅ သန်းနဲ့ဆိုရင် စုစုပေါင်း ယူရိုသန်း ၆၀(ပေါင် ၅၃ သန်း)အထိ ရရှိနိုင်မှာဖြစ်ကြောင်း သိရ။

– မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်အနေနဲ့ အားလပ်ရက်တွေအပြီးမှာ တွေ့ရတဲ့ အသင်းဖော် ဒွန်နီ ဗန်ဒဘိခ်ရဲ့ အရင်ထက် တောင့်တင်းလာတဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ အံ့ဩမိကြောင်း ပြောခဲ့သလို လေ့ကျင့်ချိန်မှာလည်း အမြဲကြိုးစားပြီးရင်း ကြိုးစားနေတဲ့ ကစားသမားဖြစ်ကြောင်း ဒတ်ခ်ျကွင်းလယ်လူကို ချီးမွမ်းခန်းဖွင့်သွားခဲ့။

– လိဒ်စ်ယူနိုက်တက်ကွင်းလယ်လူဟောင်း ကာလ်တန် ပယ်လ်မာအနေနဲ့ မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိဖို့ နီးစပ်နေတဲ့ အက်သလက်တီကိုမက်ဒရစ် ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ရဲ့ အရည်အသွေးက လက်ရှိအသင်းကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ ပေါလ် ပေါ့ဘာလောက် မကောင်းမွန်ကြောင်း ဝေဖန်သွားခဲ့ပြီး စပိန်ကွင်းလယ်လူအတွက် ပြင်သစ်သားကို လက်မလွှတ်သင့်ကြောင်း ထောက်ပြသွားခဲ့။

– ယူနိုက်တက်တို့အနေနဲ့ ဒေါ့မွန်အသင်းတိုက်စစ်မှူး အာလင်း ဟာလန်းရဲ့ အ​ခြေအနေအရပ်ရပ်ကို စောင့်ကြည့်နေကြောင်း သိရသလို နော်ဝေးသားအနေနဲ့ လက်ရှိအပြောင်းအရွှေ့ကာလမှာ အသင်းမပြောင်းဖြစ်ခဲ့ရင် နောက်နှစ်နွေမှာ နည်းပြ အိုလီဂန်းနား ဆိုးလ်ရှားရဲ့တပည့်ဟောင်းအတွက် စာချုပ်ပါလျော်ကြေး ပေါင် ၆၄ သန်း(ယူရို ၇၅ သန်း)ပေးပြီး ခေါ်ယူသွားဖို့ရှိနေ။

– ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့ပြီး သက်တမ်းတိုးဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ အဆင်မပြေဖြစ်နေတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအနေနဲ့ ‌‌အ‌ချောင်ဈေးနဲ့ နှိုက်ဖို့အတွက် ချိတ်ဆက်နေပြီး ယူနိုက်တက်တို့ဘက်က ပေါင် ၆၄ သန်းနဲ့ ပေါင် ၈၅ သန်းကြား ပမာဏရမှ ရောင်းမယ်လို့ အကြောင်းပြန်သွားခဲ့။

– ပေါ့ဘာကို ဆက်ခံဖို့အတွက် ခေါ်ယူလိုနေတဲ့ ပြင်သစ်ကလပ် ရင်းနေးကွင်းလယ်လူ အီဒူယာဒို ကာမာဗင်ဂါကို ရီးရဲလ်မက်ဒရစ်အသင်းကလည်း ပြိုင်ပွဲဝင်လာခဲ့ပြီး အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့တဲ့ အနေအထားကြောင့် ယူနိုက်တက်တို့အနေနဲ့ လက်သွက်သင့်ပြီဖြစ်ကြောင်း ပရိသတ်တွေက လူမှုကွန်ယက်ပေါ်ကတစ်ဆင့် တိုက်တွန်းနေကြ။

– ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်အနေနဲ့ ယူနိုက်တက်ကွင်းလယ်တိုက်စစ်ကစားသမား ဂျက်ဆီ လင်ဂတ်ကို အသင်းပြောင်းသင့်ကြောင်း တိုက်တွန်းခဲ့ပြီး ဝက်စ်ဟမ်းမှာ ခြေစွမ်းပြခဲ့တုန်းက အင်္ဂလန်လက်ရွေးစင်အသင်းအတွက်ပါ ကစားခွင့်ရခဲ့သလိုမျိုး ထပ်ကြုံချင်ရင် အိုးလ်ထရက်ဖို့ဒ်က ထွက်ခွာမှပဲ ဖြစ်လာမယ်လို့ ‌အကြံပေးသွားခဲ့။

– ယူနိုက်တက်တို့အနေနဲ့ လက်ရှိအပြောင်းအရွှေ့ကာလအတွင်း အသင်းအတွက် တကယ်လိုအပ်မယ့် ဂျေဒန် ဆန်ချိုနဲ့ ရာဖေးလ် ဗာရွန်းတို့ကို ခေါ်ယူခဲ့တဲ့ လုပ်ရပ်က မှန်ကန်ခဲ့ပြီး လာမယ့်ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်ရမှတ် အနည်းဆုံး ၇၄ မှတ်ကနေ ၈၂ မှတ်အထိ ရရှိလိမ့်မယ်လို့ The Atlantic ရဲ့ ဆမ် အန်ကာက သုံးသပ်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္ကစားသမား ဂရာနစ္ ခ်ာကာကို ဆက္လက္ထိန္းသိမ္းဖို႔ ဆုံးျဖတ္လိုက္ၿပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုေတာ့မွာျဖစ္လို႔ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ဝုလ္ဗာဟမ့္ပ္တန္ကြင္းလယ္လူ ႐ူဘင္ နီဗက္စ္ကို တစ္သင္းတည္း လြတ္လြတ္လပ္လပ္ ေခၚယူႏိုင္မွာျဖစ္ၿပီး ေဈးႏႈန္းညႇိႏႈိင္းမႈအတြက္လည္း စိတ္ေအးရဖြယ္ရွိေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ တရားဝင္လုပ္ငန္းစဥ္ေတြကို လုပ္ေဆာင္ၿပီးရင္ ေနာက္ခံလူသစ္ ရာေဖးလ္ ဗာ႐ြန္းကို ရရွိႏိုင္မွာျဖစ္ေပမယ့္ ေနာက္ထပ္ ရည္မွန္းခ်က္ႀကီးမားတဲ့ လုပ္ရပ္အျဖစ္ နာပိုလီေနာက္ခံလူ ခါလီဒူး ကူလီေဘလီကို ကမ္းလွမ္းခဲ့ၿပီး ယူ႐ိုသန္း ၃၀(ေပါင္ ၂၅ သန္းနဲ႔) ကမ္းလွမ္းမႈက ပယ္ခ်ခံခဲ့ရေပမယ့္ ထပ္မံကမ္းလွမ္းသြားဖို႔ ျပင္ဆင္ေန။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ အင္တာမီလန္တိုက္စစ္မႉး ႐ိုမီလူ လူကာကူးကို ယူ႐ိုသန္း ၁၃၀ နဲ႔ ေခၚယူႏိုင္ခဲ့မယ္ဆိုရင္ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ေရာင္းရေငြရဲ႕ ၅ ရာခိုင္ႏႈန္းကိုပါ ရရွိမွာျဖစ္ၿပီး စီးရီးေအကလပ္ရဲ႕ အေႂကြးက်န္ေနတဲ့ ယူ႐ို ၅၅ သန္းနဲ႔ဆိုရင္ စုစုေပါင္း ယူ႐ိုသန္း ၆၀(ေပါင္ ၅၃ သန္း)အထိ ရရွိႏိုင္မွာျဖစ္ေၾကာင္း သိရ။

– မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္အေနနဲ႔ အားလပ္ရက္ေတြအၿပီးမွာ ေတြ႕ရတဲ့ အသင္းေဖာ္ ဒြန္နီ ဗန္ဒဘိခ္ရဲ႕ အရင္ထက္ ေတာင့္တင္းလာတဲ့ ခႏၶာကိုယ္နဲ႔ပတ္သက္ၿပီးေတာ့ အံ့ဩမိေၾကာင္း ေျပာခဲ့သလို ေလ့က်င့္ခ်ိန္မွာလည္း အၿမဲႀကိဳးစားၿပီးရင္း ႀကိဳးစားေနတဲ့ ကစားသမားျဖစ္ေၾကာင္း ဒတ္ခ္်ကြင္းလယ္လူကို ခ်ီးမြမ္းခန္းဖြင့္သြားခဲ့။

– လိဒ္စ္ယူႏိုက္တက္ကြင္းလယ္လူေဟာင္း ကာလ္တန္ ပယ္လ္မာအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္ကို ေရာက္ရွိဖို႔ နီးစပ္ေနတဲ့ အက္သလက္တီကိုမက္ဒရစ္ ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္ရဲ႕ အရည္အေသြးက လက္ရွိအသင္းကေန ထြက္ခြာဖို႔ နီးစပ္ေနတဲ့ ေပါလ္ ေပါ့ဘာေလာက္ မေကာင္းမြန္ေၾကာင္း ေဝဖန္သြားခဲ့ၿပီး စပိန္ကြင္းလယ္လူအတြက္ ျပင္သစ္သားကို လက္မလႊတ္သင့္ေၾကာင္း ေထာက္ျပသြားခဲ့။

– ယူႏိုက္တက္တို႔အေနနဲ႔ ေဒါ့မြန္အသင္းတိုက္စစ္မႉး အာလင္း ဟာလန္းရဲ႕ အ​ေျခအေနအရပ္ရပ္ကို ေစာင့္ၾကည့္ေနေၾကာင္း သိရသလို ေနာ္ေဝးသားအေနနဲ႔ လက္ရွိအေျပာင္းအေ႐ႊ႕ကာလမွာ အသင္းမေျပာင္းျဖစ္ခဲ့ရင္ ေနာက္ႏွစ္ေႏြမွာ နည္းျပ အိုလီဂန္းနား ဆိုးလ္ရွားရဲ႕တပည့္ေဟာင္းအတြက္ စာခ်ဳပ္ပါေလ်ာ္ေၾကး ေပါင္ ၆၄ သန္း(ယူ႐ို ၇၅ သန္း)ေပးၿပီး ေခၚယူသြားဖို႔ရွိေန။

– ယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာက်န္ရွိေတာ့ၿပီး သက္တမ္းတိုးဖို႔အတြက္ ေဆြးေႏြးညႇိႏႈိင္းမႈေတြ အဆင္မေျပျဖစ္ေနတဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို ျပင္သစ္ထိပ္သီးကလပ္ ပီအက္စ္ဂ်ီအေနနဲ႔ ‌‌အ‌ေခ်ာင္ေဈးနဲ႔ ႏႈိက္ဖို႔အတြက္ ခ်ိတ္ဆက္ေနၿပီး ယူႏိုက္တက္တို႔ဘက္က ေပါင္ ၆၄ သန္းနဲ႔ ေပါင္ ၈၅ သန္းၾကား ပမာဏရမွ ေရာင္းမယ္လို႔ အေၾကာင္းျပန္သြားခဲ့။

– ေပါ့ဘာကို ဆက္ခံဖို႔အတြက္ ေခၚယူလိုေနတဲ့ ျပင္သစ္ကလပ္ ရင္းေနးကြင္းလယ္လူ အီဒူယာဒို ကာမာဗင္ဂါကို ရီးရဲလ္မက္ဒရစ္အသင္းကလည္း ၿပိဳင္ပြဲဝင္လာခဲ့ၿပီး အသင္းနဲ႔ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာ က်န္ေတာ့တဲ့ အေနအထားေၾကာင့္ ယူႏိုက္တက္တို႔အေနနဲ႔ လက္သြက္သင့္ၿပီျဖစ္ေၾကာင္း ပရိသတ္ေတြက လူမႈကြန္ယက္ေပၚကတစ္ဆင့္ တိုက္တြန္းေနၾက။

– ပရီးမီးယားလိဂ္တိုက္စစ္မႉးေဟာင္း ဒါရင္းဘန႔္အေနနဲ႔ ယူႏိုက္တက္ကြင္းလယ္တိုက္စစ္ကစားသမား ဂ်က္ဆီ လင္ဂတ္ကို အသင္းေျပာင္းသင့္ေၾကာင္း တိုက္တြန္းခဲ့ၿပီး ဝက္စ္ဟမ္းမွာ ေျခစြမ္းျပခဲ့တုန္းက အဂၤလန္လက္ေ႐ြးစင္အသင္းအတြက္ပါ ကစားခြင့္ရခဲ့သလိုမ်ိဳး ထပ္ႀကဳံခ်င္ရင္ အိုးလ္ထရက္ဖို႔ဒ္က ထြက္ခြာမွပဲ ျဖစ္လာမယ္လို႔ ‌အႀကံေပးသြားခဲ့။

– ယူႏိုက္တက္တို႔အေနနဲ႔ လက္ရွိအေျပာင္းအေ႐ႊ႕ကာလအတြင္း အသင္းအတြက္ တကယ္လိုအပ္မယ့္ ေဂ်ဒန္ ဆန္ခ်ိဳနဲ႔ ရာေဖးလ္ ဗာ႐ြန္းတို႔ကို ေခၚယူခဲ့တဲ့ လုပ္ရပ္က မွန္ကန္ခဲ့ၿပီး လာမယ့္ေဘာလုံးရာသီအတြက္ ပရီးမီးယားလိဂ္ရမွတ္ အနည္းဆုံး ၇၄ မွတ္ကေန ၈၂ မွတ္အထိ ရရွိလိမ့္မယ္လို႔ The Atlantic ရဲ႕ ဆမ္ အန္ကာက သုံးသပ္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.