Premier League

ေနာက္ခံလူ ေခၚယူဖို႔ ဆုိးလ္ရွားအတြက္ စိတ္ပ်က္စရာ အဆုံးအျဖတ္ကို ခ်မွတ္ခဲ့တဲ့ ဘုတ္အဖြဲ႕

မန္ခ်က္စတာယူႏိုက္တက္ဘုတ္အဖြဲ႕ရဲ႕ ကစားသမားေခၚယူမွဳပုိင္းကို ဝင္ေရာက္အဆုံးအျဖတ္ေပးခဲ့တာဟာ နည္းျပ အုိလီဂန္နာ ဆုိးလ္ရွား အတြက္ေတာ့ စိတ္ပ်က္စရာျဖစ္ေနၿပီး သူေခၚယူခ်င္တဲ့ ဝါရင့္ေနာက္ခံလူ ခါလီဒူး ကူလီေဘလီဟာ အသင္းအတြက္ မလိုအပ္ဘူးလို႔ ဆုံးျဖတ္ထားတယ္လို႔ သိရပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ နာပုိလီအသင္းရဲ႕ ေနာက္ခံလူဟာ သူ႕ရဲ႕ လုပ္အားႏွဳန္း၊ ႀကံ့ခိုင္မွဳနဲ႔ ေဘာလုံးေပးပုိ႔မွဳေတြအရ ထင္ရွားသူျဖစ္ၿပီး သူ႕ကို ဆိုးလ္ရွားက အလိုရွိေနသလို ဥေရာပအသင္းႀကီးေတြရဲ႕ ပစ္မွတ္လည္းျဖစ္ခဲ့ၿပီး အသင္းဘုတ္အဖြဲ႕ကေတာ့ သူ႕ထက္ တုိက္စစ္ပုိင္းကိုပဲ ဦးစားေပးအားျဖည့္ဖို႔ စီစဥ္ေနတာပါ။

လက္ရွိအခ်ိန္မွာ ေခၚယူရင္ ေပါင္သန္း ၇၀ အထက္ က်သင့္ႏုိင္တဲ့ ဆီနီေဂါလက္ေရြးစင္ကို အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြဳိင္းယားနဲ႔ တြဲဖက္ေပးလုိက္ရင္ ခ်န္ပီယံဆုေတြ စိန္ေခၚမယ့္ ခံစစ္ပုိင္းကို ပုိင္ဆုိင္ႏုိင္လိမ့္မယ္လုိ႔ ရွဳျမင္ေနၿပီး အလိုရွိေနေပမယ့္ ဘုတ္အဖြဲ႕ကေတာ့ အသင္းရဲ႕ ခံစစ္ပုိင္းမွာ လူအင္အားလုံေလာက္မွဳ ရွိေနၿပီလုိ႔ ဆုံးျဖတ္ခဲ့တာပါ။

ဘုတ္အဖြဲ႕အေနနဲ႔ ခံစစ္ဗဟိုမွာ မက္ဂြဳိင္းယားနဲ႔ ဗစ္တာ နီးလ္ဆင္ လင္ဒီေလာ့ဖ္ကို ဦးစားေပးအျဖစ္ ရွဳျမင္ထားၿပီး အဲရစ္ ဘုိင္လီကိုလည္း ႏွစ္ႏွစ္သက္တမ္းတုိး ထားခဲ့တဲ့အျပင္ လူငယ္နဲ႔ အရန္ေတြျဖစ္တဲ့ အိတ္ဇယ္ တြမ္ဇီဘီ၊ ဖီးလ္ဂ်ဳံးစ္၊ အငွားနဲ႔ ထြက္ကစားေနတဲ့ ခရစၥ စေမာလင္းနဲ႔ မားကို႔စ္ ႐ိုဟိုးတို႔အျပင္ သုံးေယာက္တန္းခံစစ္မွာပါ ကစားႏုိင္တဲ့ လုခ္ေရွာတုိ႔ေၾကာင့္ ခုလို ဆုံးျဖတ္ခဲ့တာလုိ႔လည္း ဆုိပါတယ္။

နည္းျပ ဆုိးလ္ရွားနဲ႔ ပရိသတ္ေတြအတြက္ေတာ့ အသင္းေခါင္းေဆာင္ မက္ဂြဳိင္းယားအျပင္ စိတ္ခ်ယုံၾကည္ရတဲ့ ေနာက္ခံလူတစ္ဦး မရွိေသးဘူးလို႔ ယူဆထားခဲ့ၾကခ်ိန္မွာ ဘုတ္အဖြဲ႕ကေတာ့ တုိက္စစ္ပိုင္းနဲ႔ ကြင္းလယ္အတြက္ ေဂ်ဒန္ ဆန္ခ်ဳိနဲ႔ ဂ်က္ခ္ ဂရီလစ္ရွ္တုိ႔ကိုပဲ ဦးစားေပး ေခၚယူသြားဖို႔ ဆုံးျဖတ္ထားသလို ခံစစ္အားျဖည့္ဖုိ႔ လုပ္ေဆာင္မွာ မဟုတ္ဘူးလို႔လည္း သတင္းေတြက ေဖာ္ျပထားခဲ့ၾကေၾကာင္း သိရွိရပါတယ္။

REF: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်ဘုတ်အဖွဲ့ရဲ့ ကစားသမားခေါ်ယူမှုပိုင်းကို ဝင်ရောက်အဆုံးအဖြတ်ပေးခဲ့တာဟာ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှား အတွက်တော့ စိတ်ပျက်စရာဖြစ်နေပြီး သူခေါ်ယူချင်တဲ့ ဝါရင့်နောက်ခံလူ ခါလီဒူး ကူလီဘေလီဟာ အသင်းအတွက် မလိုအပ်ဘူးလို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

အသက် ၂၈ နှစ်အရွယ် နာပိုလီအသင်းရဲ့ နောက်ခံလူဟာ သူ့ရဲ့ လုပ်အားနှုန်း၊ ကြံ့ခိုင်မှုနဲ့ ဘောလုံးပေးပို့မှုတွေအရ ထင်ရှားသူဖြစ်ပြီး သူ့ကို ဆိုးလ်ရှားက အလိုရှိနေသလို ဥရောပအသင်းကြီးတွေရဲ့ ပစ်မှတ်လည်းဖြစ်ခဲ့ပြီး အသင်းဘုတ်အဖွဲ့ကတော့ သူ့ထက် တိုက်စစ်ပိုင်းကိုပဲ ဦးစားပေးအားဖြည့်ဖို့ စီစဉ်နေတာပါ။

လက်ရှိအချိန်မှာ ခေါ်ယူရင် ပေါင်သန်း ၇၀ အထက် ကျသင့်နိုင်တဲ့ ဆီနီဂေါလက်ရွေးစင်ကို အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားနဲ့ တွဲဖက်ပေးလိုက်ရင် ချန်ပီယံဆုတွေ စိန်ခေါ်မယ့် ခံစစ်ပိုင်းကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ရှုမြင်နေပြီး အလိုရှိနေပေမယ့် ဘုတ်အဖွဲ့ကတော့ အသင်းရဲ့ ခံစစ်ပိုင်းမှာ လူအင်အားလုံလောက်မှု ရှိနေပြီလို့ ဆုံးဖြတ်ခဲ့တာပါ။

ဘုတ်အဖွဲ့အနေနဲ့ ခံစစ်ဗဟိုမှာ မက်ဂွိုင်းယားနဲ့ ဗစ်တာ နီးလ်ဆင် လင်ဒီလော့ဖ်ကို ဦးစားပေးအဖြစ် ရှုမြင်ထားပြီး အဲရစ် ဘိုင်လီကိုလည်း နှစ်နှစ်သက်တမ်းတိုး ထားခဲ့တဲ့အပြင် လူငယ်နဲ့ အရန်တွေဖြစ်တဲ့ အိတ်ဇယ် တွမ်ဇီဘီ၊ ဖီးလ်ဂျုံးစ်၊ အငှားနဲ့ ထွက်ကစားနေတဲ့ ခရစ္စ စမောလင်းနဲ့ မားကို့စ် ရိုဟိုးတို့အပြင် သုံးယောက်တန်းခံစစ်မှာပါ ကစားနိုင်တဲ့ လုခ်ရှောတို့ကြောင့် ခုလို ဆုံးဖြတ်ခဲ့တာလို့လည်း ဆိုပါတယ်။

နည်းပြ ဆိုးလ်ရှားနဲ့ ပရိသတ်တွေအတွက်တော့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားအပြင် စိတ်ချယုံကြည်ရတဲ့ နောက်ခံလူတစ်ဦး မရှိသေးဘူးလို့ ယူဆထားခဲ့ကြချိန်မှာ ဘုတ်အဖွဲ့ကတော့ တိုက်စစ်ပိုင်းနဲ့ ကွင်းလယ်အတွက် ဂျေဒန် ဆန်ချိုနဲ့ ဂျက်ခ် ဂရီလစ်ရှ်တို့ကိုပဲ ဦးစားပေး ခေါ်ယူသွားဖို့ ဆုံးဖြတ်ထားသလို ခံစစ်အားဖြည့်ဖို့ လုပ်ဆောင်မှာ မဟုတ်ဘူးလို့လည်း သတင်းတွေက ဖော်ပြထားခဲ့ကြကြောင်း သိရှိရပါတယ်။

REF: MANCHESTER EVENING NEWS
PHOTOS CREDIT TO OWNERS
SPORTS A2Z.