Premier League Transfer News

6 Aug နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်ပရိသတ်တွေ ဝမ်းသာစရာနှစ်ခုကို တစ်ပြိုင်နက်တည်း ကြားခဲ့ရပြီး အင်တာမီလန်အသင်းအနေနဲ့ သူတို့တောင်းဆိုထားတဲ့ ပေါင်သန်း ၇၀ ရရင် လော်တာရို မာတီနက်ဇ်ကို ရောင်းချသွားဖို့ မီးစိမ်းပြလိုက်ပြီဖြစ်ပြီး ချဲလ်ဆီးက အလိုရှိနေတဲ့ အသင်းဂိုးသွင်းဘုရင် ရိုမီလူ လူကာကူးကိုတော့ ဆန်စီရိုမှာ ဆက်လက်ထိန်းသိမ်းသွားဖို့ ရှိနေတယ်လို့ သိရ။

– အာဆင်နယ်အသင်းအနေနဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်ကစားသမားနှစ်ဦးအတွက် ချဉ်းကပ်ဆွေးနွေးနေပြီး ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ကို ပေါင်သန်း ၃၀ အောက်မှာ ခေါ်ယူနိုင်ဖို့ ဈေးဆစ်နေတဲ့အပြင် သောမတ်စ် ပါတေးရဲ့ နေရာကို ရေတိုအစားထိုးနိုင်ဖို့ ကွင်းလယ်လူ ဆန်ဒါ ဘာဂါအတွက်လည်း တန်ဖိုးသတ်မှတ်ဖို့ စုံစမ်းထား။

– အာဆင်နယ်အသင်းရဲ့ ဦးစားပေး ပစ်မှတ်မဟုတ်ပေမယ့် ဒုတိယနေရာလောက်မှာ ရှိနေတဲ့ ကွင်းလယ်လူ ဟူဆင်းမ် အောဝါအတွက် ပြင်သစ်လီဂူးဝမ်းကလပ် လီယွန်အသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ ပီတာ ဘို့ဇ်က မော်ဒန်ဘောလုံးမှာ ဘယ်ကစားသမားကမှ မရှိမဖြစ် မဟုတ်တာကြောင့် သူ့အနေနဲ့ ထွက်ခွာနိုင်တယ်လို့ အင်တာဗျူးမှာ ပြောကြားသွားခဲ့။

– စကိုင်းစပို့စ်ရဲ့ သတင်းထောက် ဒါးမက်ရှ် ရှက်သ်ကတော့ အာဆင်နယ်အသင်းအနေနဲ့ လက်စတာစီးတီးအသင်းရဲ့ အင်္ဂလန်ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆန်ကို ခေါ်ယူဖို့ဟာ ထင်သလောက် မလွယ်ကူနိုင်တာကြောင့် ရီးရဲလ်မက်ဒရစ်က ရောင်းထုတ်မယ့် နော်ဝေကွင်းလယ် ဖန်တီးရှင် မာတင် အော်ဒီဂွါဒ်ကိုပဲ ကြိုးစားသွားဖို့ တိုက်တွန်းသွား။

– အာဆင်နယ်အသင်းနဲ့ ဝုလ်ဗာဟမ့်ပ်တန်အသင်းတို့ဟာ ရိုးမားနည်းပြ ဂျိုဆေး မော်ရင်ညိုကို လူလည်ကျ ဂျင်းထည့်လို့ မရကြောင်း ပြသခဲ့ကြပြီး သူမလိုချင်လို့ လိုက်ထိုးထည့်ပေးနေတဲ့ ကွင်းလယ်လူ အာမာဒူ ဒီယာဝါရာကို ကွင်းလယ်လူ ဂရာနစ် ချာကာနဲ့ ဂိုးသမား ရူအီ ပက်ထရီစီယိုတို့အတွက် အလိုက်ပေးမှုကို အသီးသီး ငြင်းဆန်ပယ်ချသွားခဲ့ကြ။

– အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်လူ ဂျိုးဝီလော့ခ်အတွက် နယူးကာဆယ်လ်ယူနိုက်တက်အသင်းဘက်က ကမ်းလှမ်းတဲ့ ပေါင် ၂၅ သန်းတန် ပြောင်းရွှေ့ကြေးကို သဘောတူညီလိုက်ပြီလို့ သိရပြီး စိန့်ဂျိမ်းစ်ပါ့ခ်ကို ရာသီဝက်အငှားနဲ့ သွားရောက်ကစားပြီး ခြေစွမ်းပြခဲ့တဲ့ ကစားသမားအနေနဲ့ အသင်းပြောင်းမယ် မပြောင်းဘူးဆိုတာကို ဆုံးဖြတ်ပိုင်ခွင့် ရရှိထားကြောင်း သိရ။

– လက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်ဖန်တီးရှင် ဂျိမ်းစ် မက်ဒီဆန်အတွက် ခေါင်းကိုက်နေရပြီဖြစ်ပြီး အသက် ၂၄ နှစ်အရွယ် ကစားသမားအနေနဲ့ အာဆင်နယ်အသင်းရဲ့ အစီအစဉ်တွေကို သဘောကျနေပြီး အသင်းပြောင်းရွှေ့ဖို့အတွက် ဆန္ဒရှိနေကြောင်း ဖွင့်ဟခဲ့တာကြောင့် မြောက်လန်ဒန်ပရိသတ်တွေ မျှော်လင့်ချက် ခိုင်မာလာ။

– အာဆင်နယ်အသင်းအနေနဲ့ ညာနောက်ခံလူသစ်တစ်ယောက် ရှာဖွေမှုအတွက် ဘိုလော့ညာအသင်းရဲ့ ဂျပန်ခံစစ်မှူး တာကဲဟီရို တိုမီယာစုကို ခေါ်ယူဖို့ စိတ်အားထက်သန်နေခဲ့ပြီး ဗဟိုခံစစ်မှာပါ ကစားနိုင်တဲ့ အသက် ၂၂ နှစ်အရွယ် နောက်ခံလူအတွက် မြို့ခံပြိုင်ဘက် အိမ်နီးချင်း စပါးစ်အသင်းနဲ့ ယှဉ်ပြိုင်သွားဖို့ ရှိနေ။

– ခရစ္စတယ်လ်ပဲလေ့စ်အသင်းနည်းပြ ပက်ထရစ် ဗီယာရာက အငှားခေါ်ယူချင်နေတဲ့ တောင်ပံတိုက်စစ်မှူး ရီးစ် နယ်လ်ဆန်အတွက် ဂျာမန် ဘွန်ဒက်စ်လီဂါကလပ် ဟာသာဘာလင်ကပါ ပြိုင်ပွဲထဲ ဝင်ရောက်လာခဲ့ပြီး အာဆင်နယ်အသင်းဘက်ကတော့ စာချုပ်တစ်နှစ်ကျန် ကစားသမားအနေနဲ့ သက်တမ်းမတိုးဘူးဆိုရင် အငှားချမပေးဘဲ အပြီးသတ် ကမ်းလှမ်းမှုကိုပဲ လက်ခံစဉ်းစားဖို့ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ရာသီမှာ ဘွန်ဒက်စ်လီဂါကနေ တန်းဆင်းသွားခဲ့တဲ့ ရှော်လ်ကာအသင်းဆီ ဘယ်နောက်ခံလူ ဆိဒ် ကိုလာစီနက်ချ်ကို ရောင်းချနိုင်ခြင်းမရှိတာကြောင့် အခက်တွေ့ခဲ့ရပြီး အသက် ၂၈ နှစ်အရွယ် ဘော့စနီးယားသားကို ရှင်းထုတ်ဖို့အတွက် လျော်ကြေး ပေါင် ၃ သန်းပေးပြီး စာချုပ်ဖျက်သိမ်းဖို့ စဉ်းစားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္ပရိသတ္ေတြ ဝမ္းသာစရာႏွစ္ခုကို တစ္ၿပိဳင္နက္တည္း ၾကားခဲ့ရၿပီး အင္တာမီလန္အသင္းအေနနဲ႔ သူတို႔ေတာင္းဆိုထားတဲ့ ေပါင္သန္း ၇၀ ရရင္ ေလာ္တာ႐ို မာတီနက္ဇ္ကို ေရာင္းခ်သြားဖို႔ မီးစိမ္းျပလိုက္ၿပီျဖစ္ၿပီး ခ်ဲလ္ဆီးက အလိုရွိေနတဲ့ အသင္းဂိုးသြင္းဘုရင္ ႐ိုမီလူ လူကာကူးကိုေတာ့ ဆန္စီ႐ိုမွာ ဆက္လက္ထိန္းသိမ္းသြားဖို႔ ရွိေနတယ္လို႔ သိရ။

– အာဆင္နယ္အသင္းအေနနဲ႔ ရွက္ဖီးလ္ဒ္ယူႏိုက္တက္ကစားသမားႏွစ္ဦးအတြက္ ခ်ဥ္းကပ္ေဆြးေႏြးေနၿပီး ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္ကို ေပါင္သန္း ၃၀ ေအာက္မွာ ေခၚယူႏိုင္ဖို႔ ေဈးဆစ္ေနတဲ့အျပင္ ေသာမတ္စ္ ပါေတးရဲ႕ ေနရာကို ေရတိုအစားထိုးႏိုင္ဖို႔ ကြင္းလယ္လူ ဆန္ဒါ ဘာဂါအတြက္လည္း တန္ဖိုးသတ္မွတ္ဖို႔ စုံစမ္းထား။

– အာဆင္နယ္အသင္းရဲ႕ ဦးစားေပး ပစ္မွတ္မဟုတ္ေပမယ့္ ဒုတိယေနရာေလာက္မွာ ရွိေနတဲ့ ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါအတြက္ ျပင္သစ္လီဂူးဝမ္းကလပ္ လီယြန္အသင္းရဲ႕ နည္းျပသစ္ျဖစ္လာတဲ့ ပီတာ ဘို႔ဇ္က ေမာ္ဒန္ေဘာလုံးမွာ ဘယ္ကစားသမားကမွ မရွိမျဖစ္ မဟုတ္တာေၾကာင့္ သူ႔အေနနဲ႔ ထြက္ခြာႏိုင္တယ္လို႔ အင္တာဗ်ဴးမွာ ေျပာၾကားသြားခဲ့။

– စကိုင္းစပို႔စ္ရဲ႕ သတင္းေထာက္ ဒါးမက္ရွ္ ရွက္သ္ကေတာ့ အာဆင္နယ္အသင္းအေနနဲ႔ လက္စတာစီးတီးအသင္းရဲ႕ အဂၤလန္ကြင္းလယ္လူ ဂ်ိမ္းစ္ မက္ဒီဆန္ကို ေခၚယူဖို႔ဟာ ထင္သေလာက္ မလြယ္ကူႏိုင္တာေၾကာင့္ ရီးရဲလ္မက္ဒရစ္က ေရာင္းထုတ္မယ့္ ေနာ္ေဝကြင္းလယ္ ဖန္တီးရွင္ မာတင္ ေအာ္ဒီဂြါဒ္ကိုပဲ ႀကိဳးစားသြားဖို႔ တိုက္တြန္းသြား။

– အာဆင္နယ္အသင္းနဲ႔ ဝုလ္ဗာဟမ့္ပ္တန္အသင္းတို႔ဟာ ႐ိုးမားနည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳကို လူလည္က် ဂ်င္းထည့္လို႔ မရေၾကာင္း ျပသခဲ့ၾကၿပီး သူမလိုခ်င္လို႔ လိုက္ထိုးထည့္ေပးေနတဲ့ ကြင္းလယ္လူ အာမာဒူ ဒီယာဝါရာကို ကြင္းလယ္လူ ဂရာနစ္ ခ်ာကာနဲ႔ ဂိုးသမား ႐ူအီ ပက္ထရီစီယိုတို႔အတြက္ အလိုက္ေပးမႈကို အသီးသီး ျငင္းဆန္ပယ္ခ်သြားခဲ့ၾက။

– အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္လူ ဂ်ိဳးဝီေလာ့ခ္အတြက္ နယူးကာဆယ္လ္ယူႏိုက္တက္အသင္းဘက္က ကမ္းလွမ္းတဲ့ ေပါင္ ၂၅ သန္းတန္ ေျပာင္းေ႐ႊ႕ေၾကးကို သေဘာတူညီလိုက္ၿပီလို႔ သိရၿပီး စိန႔္ဂ်ိမ္းစ္ပါ့ခ္ကို ရာသီဝက္အငွားနဲ႔ သြားေရာက္ကစားၿပီး ေျခစြမ္းျပခဲ့တဲ့ ကစားသမားအေနနဲ႔ အသင္းေျပာင္းမယ္ မေျပာင္းဘူးဆိုတာကို ဆုံးျဖတ္ပိုင္ခြင့္ ရရွိထားေၾကာင္း သိရ။

– လက္စတာစီးတီးအသင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္ဖန္တီးရွင္ ဂ်ိမ္းစ္ မက္ဒီဆန္အတြက္ ေခါင္းကိုက္ေနရၿပီျဖစ္ၿပီး အသက္ ၂၄ ႏွစ္အ႐ြယ္ ကစားသမားအေနနဲ႔ အာဆင္နယ္အသင္းရဲ႕ အစီအစဥ္ေတြကို သေဘာက်ေနၿပီး အသင္းေျပာင္းေ႐ႊ႕ဖို႔အတြက္ ဆႏၵရွိေနေၾကာင္း ဖြင့္ဟခဲ့တာေၾကာင့္ ေျမာက္လန္ဒန္ပရိသတ္ေတြ ေမွ်ာ္လင့္ခ်က္ ခိုင္မာလာ။

– အာဆင္နယ္အသင္းအေနနဲ႔ ညာေနာက္ခံလူသစ္တစ္ေယာက္ ရွာေဖြမႈအတြက္ ဘိုေလာ့ညာအသင္းရဲ႕ ဂ်ပန္ခံစစ္မႉး တာကဲဟီ႐ို တိုမီယာစုကို ေခၚယူဖို႔ စိတ္အားထက္သန္ေနခဲ့ၿပီး ဗဟိုခံစစ္မွာပါ ကစားႏိုင္တဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ ေနာက္ခံလူအတြက္ ၿမိဳ႕ခံၿပိဳင္ဘက္ အိမ္နီးခ်င္း စပါးစ္အသင္းနဲ႔ ယွဥ္ၿပိဳင္သြားဖို႔ ရွိေန။

– ခရစၥတယ္လ္ပဲေလ့စ္အသင္းနည္းျပ ပက္ထရစ္ ဗီယာရာက အငွားေခၚယူခ်င္ေနတဲ့ ေတာင္ပံတိုက္စစ္မႉး ရီးစ္ နယ္လ္ဆန္အတြက္ ဂ်ာမန္ ဘြန္ဒက္စ္လီဂါကလပ္ ဟာသာဘာလင္ကပါ ၿပိဳင္ပြဲထဲ ဝင္ေရာက္လာခဲ့ၿပီး အာဆင္နယ္အသင္းဘက္ကေတာ့ စာခ်ဳပ္တစ္ႏွစ္က်န္ ကစားသမားအေနနဲ႔ သက္တမ္းမတိုးဘူးဆိုရင္ အငွားခ်မေပးဘဲ အၿပီးသတ္ ကမ္းလွမ္းမႈကိုပဲ လက္ခံစဥ္းစားဖို႔ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ရာသီမွာ ဘြန္ဒက္စ္လီဂါကေန တန္းဆင္းသြားခဲ့တဲ့ ေရွာ္လ္ကာအသင္းဆီ ဘယ္ေနာက္ခံလူ ဆိဒ္ ကိုလာစီနက္ခ်္ကို ေရာင္းခ်ႏိုင္ျခင္းမရွိတာေၾကာင့္ အခက္ေတြ႕ခဲ့ရၿပီး အသက္ ၂၈ ႏွစ္အ႐ြယ္ ေဘာ့စနီးယားသားကို ရွင္းထုတ္ဖို႔အတြက္ ေလ်ာ္ေၾကး ေပါင္ ၃ သန္းေပးၿပီး စာခ်ဳပ္ဖ်က္သိမ္းဖို႔ စဥ္းစားေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.