Analysis Article Other Premier League

မန်စီးတီးကာကွယ်မယ့် ပရီးမီးယားလိဂ်ကို ချဲလ်ဆီးနည်းပြ တူဟယ်လ် ဘယ်လို အရယူနိုင်မလဲ

ဒီမေးခွန်းကို အလွယ်ဆုံး ဖြေလို့ရတဲ့နည်းကတော့ ချဲလ်ဆီးအသင်းအနေနဲ့ မန်ချက်စတာစီးတီးအသင်းထက် သာအောင်လုပ်ဖို့ တစ်နည်းပဲ ရှိတာပါ။ ဒါကို ဆက်စဥ်းစားရင်တော့ တစ်ရာသီလုံးကို ထိန်းကျောင်းသွားရမယ့် ပရီးမီးယားလိဂ်ခရီးရှည်မှာ ၃၈ ပွဲလုံးကို တူဟယ်လ် ပထမဆုံး ကစားရတော့မှာပါ။ လူစာရင်းရဲ့ သက်လုံပိုင်းက အဓိကကျနေသလို ကြံ့ခိုင်မှုပိုင်းကို တည်​ဆောက်ပြီး တိုက်စစ်က ဂိုးမြူးဖို့ လိုအပ်သလို ခံစစ်က အရင်ရာသီကလို လုံခြုံပြီး ဆက်လက်မာကျောဖို့ ဆောင်ရွက်သွားရမှာက အဓိကအချက်တွေ ဖြစ်ပါတယ်။

တီမို ဗာနာကို ကောင်းကောင်းမွေးရမယ်
ပြီးခဲ့တဲ့နွေမှာ RB လိုက်ပ်ဇ်အသင်းကနေ စတမ်းဖို့ဒ်ဘရစ်ချ်မြေဆီ ပေါင် ၄၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် တာထွက်ပရီးမီးယားလိဂ်ရာသီမှာ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၁၂ ဂိုးသာ သွင်းယူနိုင်ခဲ့သလို အသင်းဖော်တွေအတွက် ၁၅ ဂိုးသာ ဖန်တီးပေးနိုင်ခဲ့တာကြောင့် ကမ္ဘာ့အဆင့်တိုက်စစ်မှူး မပီသဘူးဆိုတဲ့ သိမ်းကျုံးဝေဖန်မှုတွေကို ဗာနာက လက်ရှိမှာ ခံယူခဲ့ရပါတယ်။

ဒါပေမယ့် အသက် ၂၅ နှစ်သားဟာ ချဲလ်ဆီးရဲ့ ချန်ပီယံလိဂ်ဖလားအောင်မြင်မှုအတွက် အဓိကကျတဲ့ အခန်းကဏ္ဍအထိရောက်အောင် အသင်းကို မောင်းနှင်နိုင်ခဲ့တယ်။ နည်းပြ သောမတ်စ် တူဟယ်လ်ကတော့ ငယ်ရွယ်နုနယ်သေးပြီး တိုးတက်ဖို့ အလားအလာကောင်းတွေရှိနေတဲ့ တီမို ဗာနာကို ဘယ်လို ပြုပြင်ပြောင်းလဲရမလဲဆိုတာကို ကောင်း​ကောင်းသိရှိထားကြောင်း ဆိုထားခဲ့ဖူးတာပါ။

သူ့အနေနဲ့ ဂိုးများများသွင်းပြီး မြန်နှုန်းမြင့်၊ ကြံ့ခိုင်မှု အသားပေးတဲ့ ပရီးမီးယားလိဂ်မှာ မြန်မြန်လည်ပတ်အောင် မောင်းပေးနေကြောင်း ဆိုခဲ့တာကတော့ ဗာနာကို ဂိုးသွင်းနိုင်အောင် ယုံကြည်မှုပေးသွားမယ်လို့ ထောက်ခံချက်ပေးခဲ့ပြီး အဲဒီလို ကတိပေးထားတဲ့အတိုင်း တကယ်မွေးမြူသွားနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ကမ္ဘာ့အဆင့် ဗဟိုခံစစ်မှုးတစ်ယောက် ဝယ်ရမယ်
သောမတ်စ် တူဟယ်လ် ကိုင်တွယ်ခဲ့တဲ့ ၆ လ သက်တမ်းအတွင်းမှာ ချဲလ်ဆီးခံစစ်ပိုင်းက အံ့မခန်းတိုးတက်ခဲ့တာက မဖြစ်မနေ အသိအမှတ်ပြုရပါမယ်။ ဒါပေမယ့် ဒီရာသီမှာတော့ ကြံ့ခိုင်မှုအရ ပြဿနာရှိလာနိုင်တဲ့ အသက် ၃၇ နှစ်သားကြီး သီယာဂို ဆေးလ်ဗားနေရာကို ကမ္ဘာ့အဆင့် ဗဟိုနောက်ခံလူတစ်ဦးနဲ့ ဖြည့်တင်းဖို့ အဓိက လိုအပ်နေပါတယ်။

ဆီဗီလာကစားသမား ဂျူးလ် ကွန်ဒီကို ပေါင်သန်း ၅၀ နဲ့ သဘောတူညီမှုရယူဖို့ ​ကြိုးစားနေတာက အချိန်မနှောင်းခင် ကိစ္စအဝဝ ပြီးစီးဖို့ လိုနေပြီး ရာသီသစ် အစီအစဥ်မှာ အမြန်ဆုံး ပူးပေါင်းခိုင်းဖို့ တွန်းယူရပါဦးမယ်။ ဟာလန်းကို လိုက်နေရလို့ လမ်းပျောက်ပြီး ဒီအပြောင်းအရွှေ့ဖြစ်မလာရင်တော့ တူဟယ်လ်တစ်ယောက် ရင်ခံစရာ အခြေအနေတချို့ကို မလွဲမသွေ ကြုံတွေ့ရလိမ့်ဆိုတာ သိရှိထားပြီးသား ဖြစ်ပါလိမ့်မယ်။

မလိုတဲ့ ကစားသမားတွေ ရှင်းထုတ်ရမယ်
ဒီစာရင်းမှာတော့ အသင်းမှာ ပွဲမထွက်တော့တာ ၃ နှစ်လောက်ရှိပြီဖြစ်တဲ့ ဒန်နီ ဒရင့်ခ်ဝါးတား၊ တီးမူး ဘာကာယိုကို၊ ဒါဗီဒေး ဇက်ပါကော်စတာတို့နဲ့အတူ လူးဝစ္စ ဘေကာ၊ မတ် မီယာ့ဇ်ဂါ၊ ဂျိတ်ခ် ကလာ့ခ်-ဆော်လ်တာတို့ကို ရှင်းထုတ်ရင်း လစာဖောင်းပွမှုကို လျှော့ချပြီး လူသစ်ဝယ်ဖို့ ငွေရှာသွားရမှာဖြစ်သလို အငှားကနေ ပြန်ပူးပေါင်းလာတဲ့ ရော့စ် ဘာကလီနဲ့ ရူဘင် လော့ဖ်တပ်စ်ချိခ်တို့ကို နေရာပေးသွားဖို့ ရှိမလားဆိုတာတော့ တစ်ချက်ကြည့်ရဦးမှာပါ။

တိုက်စစ်ကို အဆင့်မြှင့်ရမယ်
တူဟယ်လ် ဖြေရှင်းဖို့ ကျန်နေသေးတာက တိုက်စစ်ပုစ္ဆာပါ။ အဆုံးသတ်ပိုင်း ညံ့ဖျင်းလွန်းတာကို အဖြေရှာရပါဦးမယ်။ ခိုင်ဟာဗတ်ဇ်က ဂိုးသွင်းခြေရလာပြီမို့ စိတ်အေးစရာတစ်ခု ရှိလာပေမယ့် ပြီးခဲ့တဲ့ရာသီက ပင်နယ်တီ ၇ ဂိုးသွင်းခဲ့တဲ့ ဂျော်ဂျင်ဟိုက ဂိုးသွင်းအများဆုံးဖြစ်ခဲ့တာကတော့ လက်ခံနိုင်ဖို့ ခက်ခဲပါတယ်။ အထောင်တိုက်စစ်မှူးသစ်ကို မဖြစ်မနေ ဝယ်ယူရမှာဖြစ်သလို လက်ရှိမှာ ဟာလန်းနဲ့ သတင်းငြိမ်သွားပြီး ရိုမီလူ လူကာကူးနဲ့ သတင်းမွှေးလာတာကိုတော့ ဆက်လက်စောင့်ကြည့်သွားရပါမယ်။

မန်ချက်စတာစီးတီးကို စိန်ခေါ်မယ်
ဘယ်လိုစိန်ခေါ်မှာတဲ့လဲ? ပြီးခဲ့တဲ့ရာသီက တူဟယ်လ်က ပက်ပ် ဂွါဒီယိုလာကို ၃ ပွဲစလုံး အရှက်ခွဲပြီး ဖြိုချပြခဲ့တယ်။ ဒါပေမယ့် စီးတီးတို့လက်ထဲက ပရီးမီးယားလိဂ်ဖလားကို ပြန်လုဖို့ကတော့ ဂျက်ခ် ဂရီးလစ်ရ်ှနဲ့ ဟာရီကိန်းတို့ ပူးပေါင်းလာနိုင်တဲ့ လူအင်အားအရ အတော်လေး ခက်ခဲသွားနိုင်ပါတယ်။ ဒီလိုမျိုးအချိန်မှာ လက်ရှိ ချဲလ်ဆီး လူစာရင်းက ခြေတစ်လှမ်း နောက်ကျနေတယ်လို့ ပြောလို့ရပါတယ်။

သူ့အနေနဲ့ ချန်ပီယံလိဂ်ဖလား ရယူအပြီးမှာ မန်စီးတီးနဲ့ ခြေအဆင့်အတန်းချင်း ကွာဟမှုကို အမီလိုက်နိုင်ဖို့ ကြိုးစားနေချိန်မှာ ဗာနာ+ခိုင်ဟာဗတ်ဇ် ဂျာမန်အတွဲက ချန်ပီယံလိဂ်ဖလားနဲ့ အရှိန်ကောင်းကို ရနေပေမယ့် တဖက်မှာ မန်ယူနိုက်တက်၊ လီဗာပူးလ်တို့ကလည်း အပြိုင်အဆိုင် အားထည့်လာမှာဖြစ်လို့ အေဘရာဟမ်ကို ဘယ်လိုနည်းနဲ့ အသုံးချသွားနိုင်မလဲ ဒါမှမဟုတ် တူဟယ်လ်အနေနဲ့ မာရီနာတို့ရဲ့ လူသစ်ခေါ်ယူမှုကိုသာ စိတ်ရှည်ရှည်နဲ့ ဆက်လက်စောင့်မျှော်သွားတော့မယ်လို့ အတွေးပွားမိကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေမးခြန္းကို အလြယ္ဆုံး ေျဖလို႔ရတဲ့နည္းကေတာ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ မန္ခ်က္စတာစီးတီးအသင္းထက္ သာေအာင္လုပ္ဖို႔ တစ္နည္းပဲ ရွိတာပါ။ ဒါကို ဆက္စဥ္းစားရင္ေတာ့ တစ္ရာသီလုံးကို ထိန္းေက်ာင္းသြားရမယ့္ ပရီးမီးယားလိဂ္ခရီးရွည္မွာ ၃၈ ပြဲလုံးကို တူဟယ္လ္ ပထမဆုံး ကစားရေတာ့မွာပါ။ လူစာရင္းရဲ႕ သက္လုံပိုင္းက အဓိကက်ေနသလို ႀကံ့ခိုင္မႈပိုင္းကို တည္​ေဆာက္ၿပီး တိုက္စစ္က ဂိုးျမဴးဖို႔ လိုအပ္သလို ခံစစ္က အရင္ရာသီကလို လုံၿခဳံၿပီး ဆက္လက္မာေက်ာဖို႔ ေဆာင္႐ြက္သြားရမွာက အဓိကအခ်က္ေတြ ျဖစ္ပါတယ္။

တီမို ဗာနာကို ေကာင္းေကာင္းေမြးရမယ္
ၿပီးခဲ့တဲ့ေႏြမွာ RB လိုက္ပ္ဇ္အသင္းကေန စတမ္းဖို႔ဒ္ဘရစ္ခ်္ေျမဆီ ေပါင္ ၄၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့ေပမယ့္ တာထြက္ပရီးမီးယားလိဂ္ရာသီမွာ ႐ုန္းကန္ခဲ့ရၿပီး ၿပိဳင္ပြဲစုံ ၁၂ ဂိုးသာ သြင္းယူႏိုင္ခဲ့သလို အသင္းေဖာ္ေတြအတြက္ ၁၅ ဂိုးသာ ဖန္တီးေပးႏိုင္ခဲ့တာေၾကာင့္ ကမာၻ႔အဆင့္တိုက္စစ္မႉး မပီသဘူးဆိုတဲ့ သိမ္းက်ဳံးေဝဖန္မႈေတြကို ဗာနာက လက္ရွိမွာ ခံယူခဲ့ရပါတယ္။

ဒါေပမယ့္ အသက္ ၂၅ ႏွစ္သားဟာ ခ်ဲလ္ဆီးရဲ႕ ခ်န္ပီယံလိဂ္ဖလားေအာင္ျမင္မႈအတြက္ အဓိကက်တဲ့ အခန္းက႑အထိေရာက္ေအာင္ အသင္းကို ေမာင္းႏွင္ႏိုင္ခဲ့တယ္။ နည္းျပ ေသာမတ္စ္ တူဟယ္လ္ကေတာ့ ငယ္႐ြယ္ႏုနယ္ေသးၿပီး တိုးတက္ဖို႔ အလားအလာေကာင္းေတြရွိေနတဲ့ တီမို ဗာနာကို ဘယ္လို ျပဳျပင္ေျပာင္းလဲရမလဲဆိုတာကို ေကာင္း​ေကာင္းသိရွိထားေၾကာင္း ဆိုထားခဲ့ဖူးတာပါ။

သူ႔အေနနဲ႔ ဂိုးမ်ားမ်ားသြင္းၿပီး ျမန္ႏႈန္းျမင့္၊ ႀကံ့ခိုင္မႈအသားေပးတဲ့ ပရီးမီးယားလိဂ္မွာ ျမန္ျမန္လည္ပတ္ေအာင္ ေမာင္းေပးေနေၾကာင္း ဆိုခဲ့တာကေတာ့ ဗာနာကို ဂိုးသြင္းႏိုင္ေအာင္ ယုံၾကည္မႈေပးသြားမယ္လို႔ ေထာက္ခံခ်က္ေပးခဲ့ၿပီး အဲဒီလို ကတိေပးထားတဲ့အတိုင္း တကယ္ေမြးျမဴသြားႏိုင္ဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

ကမာၻ႔အဆင့္ ဗဟိုခံစစ္မႈးတစ္ေယာက္ ဝယ္ရမယ္
ေသာမတ္စ္ တူဟယ္လ္ ကိုင္တြယ္ခဲ့တဲ့ ၆ လ သက္တမ္းအတြင္းမွာ ခ်ဲလ္ဆီးခံစစ္ပိုင္းက အံ့မခန္းတိုးတက္ခဲ့တာက မျဖစ္မေန အသိအမွတ္ျပဳရပါမယ္။ ဒါေပမယ့္ ဒီရာသီမွာေတာ့ ႀကံ့ခိုင္မႈအရ ျပႆနာရွိလာႏိုင္တဲ့ အသက္ ၃၇ ႏွစ္သားႀကီး သီယာဂို ေဆးလ္ဗားေနရာကို ကမာၻ႔အဆင့္ ဗဟိုေနာက္ခံလူတစ္ဦးနဲ႔ ျဖည့္တင္းဖို႔ အဓိက လိုအပ္ေနပါတယ္။

ဆီဗီလာကစားသမား ဂ်ဴးလ္ ကြန္ဒီကို ေပါင္သန္း ၅၀ နဲ႔ သေဘာတူညီမႈရယူဖို႔ ​ႀကိဳးစားေနတာက အခ်ိန္မေႏွာင္းခင္ ကိစၥအဝဝ ၿပီးစီးဖို႔ လိုေနၿပီး ရာသီသစ္ အစီအစဥ္မွာ အျမန္ဆုံး ပူးေပါင္းခိုင္းဖို႔ တြန္းယူရပါဦးမယ္။ ဟာလန္းကို လိုက္ေနရလို႔ လမ္းေပ်ာက္ၿပီး ဒီအေျပာင္းအေ႐ႊ႕ျဖစ္မလာရင္ေတာ့ တူဟယ္လ္တစ္ေယာက္ ရင္ခံစရာ အေျခအေနတခ်ိဳ႕ကို မလြဲမေသြ ႀကဳံေတြ႕ရလိမ့္ဆိုတာ သိရွိထားၿပီးသား ျဖစ္ပါလိမ့္မယ္။

မလိုတဲ့ ကစားသမားေတြ ရွင္းထုတ္ရမယ္
ဒီစာရင္းမွာေတာ့ အသင္းမွာ ပြဲမထြက္ေတာ့တာ ၃ ႏွစ္ေလာက္ရွိၿပီျဖစ္တဲ့ ဒန္နီ ဒရင့္ခ္ဝါးတား၊ တီးမူး ဘာကာယိုကို၊ ဒါဗီေဒး ဇက္ပါေကာ္စတာတို႔နဲ႔အတူ လူးဝစၥ ေဘကာ၊ မတ္ မီယာ့ဇ္ဂါ၊ ဂ်ိတ္ခ္ ကလာ့ခ္-ေဆာ္လ္တာတို႔ကို ရွင္းထုတ္ရင္း လစာေဖာင္းပြမႈကို ေလွ်ာ့ခ်ၿပီး လူသစ္ဝယ္ဖို႔ ေငြရွာသြားရမွာျဖစ္သလို အငွားကေန ျပန္ပူးေပါင္းလာတဲ့ ေရာ့စ္ ဘာကလီနဲ႔ ႐ူဘင္ ေလာ့ဖ္တပ္စ္ခ်ိခ္တို႔ကို ေနရာေပးသြားဖို႔ ရွိမလားဆိုတာေတာ့ တစ္ခ်က္ၾကည့္ရဦးမွာပါ။

တိုက္စစ္ကို အဆင့္ျမႇင့္ရမယ္
တူဟယ္လ္ ေျဖရွင္းဖို႔ က်န္ေနေသးတာက တိုက္စစ္ပုစာၦပါ။ အဆုံးသတ္ပိုင္း ညံ့ဖ်င္းလြန္းတာကို အေျဖရွာရပါဦးမယ္။ ခိုင္ဟာဗတ္ဇ္က ဂိုးသြင္းေျခရလာၿပီမို႔ စိတ္ေအးစရာတစ္ခု ရွိလာေပမယ့္ ၿပီးခဲ့တဲ့ရာသီက ပင္နယ္တီ ၇ ဂိုးသြင္းခဲ့တဲ့ ေဂ်ာ္ဂ်င္ဟိုက ဂိုးသြင္းအမ်ားဆုံးျဖစ္ခဲ့တာကေတာ့ လက္ခံႏိုင္ဖို႔ ခက္ခဲပါတယ္။ အေထာင္တိုက္စစ္မႉးသစ္ကို မျဖစ္မေန ဝယ္ယူရမွာျဖစ္သလို လက္ရွိမွာ ဟာလန္းနဲ႔ သတင္းၿငိမ္သြားၿပီး ႐ိုမီလူ လူကာကူးနဲ႔ သတင္းေမႊးလာတာကိုေတာ့ ဆက္လက္ေစာင့္ၾကည့္သြားရပါမယ္။

မန္ခ်က္စတာစီးတီးကို စိန္ေခၚမယ္
ဘယ္လိုစိန္ေခၚမွာတဲ့လဲ? ၿပီးခဲ့တဲ့ရာသီက တူဟယ္လ္က ပက္ပ္ ဂြါဒီယိုလာကို ၃ ပြဲစလုံး အရွက္ခြဲၿပီး ၿဖိဳခ်ျပခဲ့တယ္။ ဒါေပမယ့္ စီးတီးတို႔လက္ထဲက ပရီးမီးယားလိဂ္ဖလားကို ျပန္လုဖို႔ကေတာ့ ဂ်က္ခ္ ဂရီးလစ္ရ္ွနဲ႔ ဟာရီကိန္းတို႔ ပူးေပါင္းလာႏိုင္တဲ့ လူအင္အားအရ အေတာ္ေလး ခက္ခဲသြားႏိုင္ပါတယ္။ ဒီလိုမ်ိဳးအခ်ိန္မွာ လက္ရွိ ခ်ဲလ္ဆီး လူစာရင္းက ေျခတစ္လွမ္း ေနာက္က်ေနတယ္လို႔ ေျပာလို႔ရပါတယ္။

သူ႔အေနနဲ႔ ခ်န္ပီယံလိဂ္ဖလား ရယူအၿပီးမွာ မန္စီးတီးနဲ႔ ေျခအဆင့္အတန္းခ်င္း ကြာဟမႈကို အမီလိုက္ႏိုင္ဖို႔ ႀကိဳးစားေနခ်ိန္မွာ ဗာနာ+ခိုင္ဟာဗတ္ဇ္ ဂ်ာမန္အတြဲက ခ်န္ပီယံလိဂ္ဖလားနဲ႔ အရွိန္ေကာင္းကို ရေနေပမယ့္ တဖက္မွာ မန္ယူႏိုက္တက္၊ လီဗာပူးလ္တို႔ကလည္း အၿပိဳင္အဆိုင္ အားထည့္လာမွာျဖစ္လို႔ ေအဘရာဟမ္ကို ဘယ္လိုနည္းနဲ႔ အသုံးခ်သြားႏိုင္မလဲ ဒါမွမဟုတ္ တူဟယ္လ္အေနနဲ႔ မာရီနာတို႔ရဲ႕ လူသစ္ေခၚယူမႈကိုသာ စိတ္ရွည္ရွည္နဲ႔ ဆက္လက္ေစာင့္ေမွ်ာ္သြားေတာ့မယ္လို႔ အေတြးပြားမိေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.