Article Bundesliga La Liga Premier League Serie A

ဘောလုံးကစားနည်းရဲ့ ဘယ်တောင်ပံမှာ အကောင်းမွန်ဆုံး တိုက်စစ်ဆရာကြီး ၅ ဉီး

ဘောလုံးလောကမှာ ဘယ်တောင်ပံကနေ ပြိုင်ဘက်အသင်းတွေကို မွှေနှောက်ခဲ့ပြီး ထူးခြားဆန်းပြားတဲ့ ကစားပုံအမျိုးမျိုးနဲ့ ဂိုးသွင်းယူတတ်သူတွေကြောင့် ကမ္ဘာအရပ်ရပ်က လူငယ်တွေထဲမှာပါ အပျော်တမ်းရော အသက်မွေးဝမ်းကျောင်းအဖြစ်ပါ ဒီနေရာမှာ ကစားဖို့ စိတ်အားထက်သန်လာခဲ့ကြပြီး ဒီအထဲမှာမှ ဒီနေရာတစ်ပေါက် လျှမ်းလျှမ်းတောက်သူ ၅ ဦးကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။

၅။ ဖရွန့်ခ် ရီဘာရီ
ပြင်သစ်နိုင်ငံ ဘူလုံးမြို့မှာ မွေးဖွားခဲ့တဲ့ ရီဘာရီဟာ လူငယ်ဘဝကနေ အသက် ၂၂ နှစ်အရွယ် မရောက်ခင်အထိ နာမည်သိပ်မရှိတဲ့ အသင်းတွေမှာ ကျင်လည်ခဲ့ရပြီး ၂၀၀၅ ခုနှစ်မှာတော့ ဂါလာတာစာရေးအသင်းကနေ အငြင်းပွားဖွယ် ပြောင်းရွှေ့မှုနဲ့ မာဆေးလ်အသင်းရဲ့ ရင်ခွင်ထဲကို ပြန်ရောက်လာတော့မှ တစ်ရှိန်ထိုး နာမည်တက်လာခဲ့ပြီး အသင်းရဲ့ ကွင်းလယ်တိုက်စစ်နဲ့ ဘယ်တောင်ပံတွေမှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ လျင်မြန်သွက်လက်ပြီး ဘောလုံးဆွဲယူမှုကောင်းတဲ့ ရီဘာရီဟာ ဘယ်တောင်ပံကနေသွင်းဂိုးတွေလည်း အစဉ်တစိုက် ရှာဖွေနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းနဲ့ ရောက်ရှိခဲ့တာပါ။

မြူးနစ်မှာ အသင်းဖော် အာယန် ရော့ဘင်နဲ့ ပေါင်းပြီး Robbery ဆိုတဲ့ ဓားပြအတွဲအဖြစ် ဘွန်ဒက်စ်လီဂါမှာ နာမည်ကျော်ခဲ့ပြီး လက်ရှိမှာ ဖီအိုရင်တီးနားနဲ့ စီးရီးအေမှာ ကစားရင်း ပြီးခဲ့တဲ့ ရာသီကုန်မှာ ထွက်ခွာခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် အယ်လ်ဂျီးရီးယားနွယ်ဖွား ပြင်သစ်သားဟာ အစ္စလာမ်ဘာသာထဲကို ဝင်ရောက်ခဲ့သူဖြစ်သလို “ဘီလား ယူဆွတ်ဖ် မိုဟာမက်”ဆိုတဲ့ အမည်ကို ခံယူရရှိထားခဲ့ကြောင်းလည်း သိရပါတယ်။

၄။ လီရွိုင်း ဆာနေး
လျင်မြန်တဲ့ တောင်ပံသမားအဖြစ် ရှော်လ်ကာအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါက်ဖွားလာခဲ့တဲ့ ဆီနီဂေါနွယ်ဖွား ဆာနေးဟာ အခုဖော်ပြမယ့် စာရင်းထဲမှာ တစ်ဦးတည်းသော ဘယ်သန်ကစားသမားဖြစ်ပြီး အားနည်းတဲ့ ညာခြေသန်စွမ်းမှုကလည်း သာမန်အထက်မှာ ရှိလို့ မန်ချက်စတာစီးတီးကို ရောက်ခဲ့ချိန်မှာတော့ ဘယ်တောင်ပံမှာ နေရာပေးခံခဲ့ရသလို အဆုံးအဖြတ်ဂိုးတွေကို သွင်းယူနိုင်ပြီး ဆုဖလားတွေနဲ့ ရင်းနှီးခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့် ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့အပြီးမှာတော့ ညာတောင်ပံမှာ ပိုကစားခဲ့ရပြီး ဒဏ်ရာတွေကြောင့် မန်စီးတီးရဲ့ ဘယ်တောင်ပံမှာလောက် ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် ရာသီကုန်မှာ ခြေပြန်တက်လာခဲ့သလို ဂိုးတွေလည်း ရရှိခဲ့ပါတယ်။ အစ်တီဟတ်မှာ ၄ ရာသီ ဖြတ်သန်းမှုအရ ဆာနေးကို ဘယ်တောင်ပံသမားကောင်းတစ်ယောက်အဖြစ်ပဲ သတ်မှတ်ချင်ပြီး ၂၅ နှစ်သားကို လာမယ့်နှစ်တွေမှာတော့ ဘယ်စာရင်းထဲ ထည့်ရမလဲဆိုတာ ပြန်လည်စဉ်းစားရဖွယ်ရှိနေပါတယ်။

၃။ နေမာ (ဒါဆေးလ်ဗား ဆန်တို့စ် ဂျူနီယာ)
ဘရာဇီးလ်တိုက်စစ်မှူးဟာ အထောင်တိုက်စစ်မှူးတစ်ဦးအဖြစ် ကစားသမားဘဝကို စတင်ခဲ့ပေမယ့် ပြောင်းလဲလာတဲ့ မော်ဒန်ဘောလုံးမှာ သူ့ရဲ့ အရပ်အမောင်း၊ ဘောလုံးကျွမ်းကျင်မှု၊ လှည့်စားမှုတွေနဲ့ ပိုမိုလိုက်ဖက်ညီတဲ့ ဘယ်တောင်ပံကို ပြောင်းရွှေ့ကစားခဲ့ပြီး ဆန်တို့စ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့အပြီးမှာတော့ လီယွန်နယ် မက်ဆီ၊ လူးဝစ် ဆွာရက်ဇ်တို့နဲ့အတူ MSN တိုက်စစ်ရဲ့ ဘယ်ခြမ်းမှာ အပိုင်စားယူရင်း ၁၈၆ ပွဲမှာ ၁၀၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ကမ္ဘာ့စံချိန်တင်ကြေး ယူရို ၂၂၂ သန်းနဲ့ ပီအက်စ်ဂျီကို ရောက်ရှိချိန်မှာတော့ ၄-၃-၃ နဲ့ ၄-၄-၂ ကစားကွက်တွေရဲ့ ရှေ့တန်းဘယ်တောင်ပံတွေမှာ ကစားခဲ့ရပြီး ၁၁၆ ပွဲမှာ ၈၇ ဂိုး သွင်းယူထားခဲ့သလို ဘရာဇီးလ်လက်ရွေးစင်အသင်းမှာလည်း ၁၁၁ ပွဲကစား၊ ၆၈ ဂိုးသွင်းယူထားတဲ့ အသက် ၂၉ နှစ်အရွယ် နေမာအနေနဲ့ ဒီနေရာမှာ ကစားရင်း သမိုင်းသစ်တွေကို ရေးထိုးနိုင်ဦးမယ်ပုံပါပဲ။

၂။ ခရစ္စတီယာနို ရော်နယ်လ်ဒို
ဘယ်တောင်ပံမှာ အကောင်းဆုံးလို့ တွေးလိုက်တာနဲ့ ပရိသတ်အများစုကတော့ ပေါ်တူဂီသားကြီးကို ပြေးမြင်ကြမှာဖြစ်ပြီး စတင်ကစားချိန်မှာ ညာတောင်ပံမှာ ကစားခဲ့ပေမယ့် ဂိုးတွေ ပိုမိုသွင်းယူနိုင်မယ့် ဘယ်တောင်ပံတိုက်စစ်ကို ပြောင်းလဲကစားခဲ့ရာက ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လာခဲ့တာက သူ့ကစားသမားဘဝရဲ့ အလှည့်အပြောင်းလည်းဖြစ်ပြီး မန်ချက်စတာယူနိုက်တက်က နောက်ပိုင်းနှစ်တွေကနေ ရီးရဲလ်မက်ဒရစ်ကစားသမားဘဝတစ်လျှောက် ဒီတစ်နေရာမှာပဲ တောက်ကြွားခဲ့တာပါ။

မက်ဒရစ်မှာ ကစားရင်း တစ်ပွဲတစ်ဂိုးထက် သာလွန်တဲ့ နှုန်းထားနဲ့ ၄၃၈ ပွဲမှာ ဂိုး ၄၅၀ သွင်းယူခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်မှာလည်း ၁၇၉ ပွဲကစား ၁၀၉ ဂိုး သွင်းယူနိုင်ခဲ့သူပါ။ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ အသက် ၃၃ နှစ်အရွယ်မှာတော့ ဘယ်တောင်ပံထက် အင်အားချွေတာနိုင်တဲ့ တိုက်စစ်မှူးနေရာကို ပြောင်းကစားခဲ့ပြီး ပါးနပ်မှုနဲ့အတူ ခြေစွမ်းထက်မြက်ဆဲဖြစ်သလို စံချိန်သစ်တွေကို တင်ရှိနေတဲ့ CR7 အကြောင်းက စာနဲ့ ရေးမပြလည်း အားလုံးသိနေလောက်ပြီဖြစ်ပါတယ်။

၁။ သီယာရီ အွန်နရီ
ဘယ်တောင်ပံမှာ အကောင်းဆုံးဆိုရင် ဘယ်သူလဲလို့ ပြိုင်ငြင်းစရာက သူနဲ့ ရော်နယ်လ်ဒိုတို့ နှစ်ဦးပဲရှိတာပါ။ မိုနာကို၊ ဂျူဗင်တပ်စ်နဲ့ ပြင်သစ်အသင်းတွေမှာ ထင်ပေါ်လာခဲ့တဲ့ အွန်နရီကို အာဆင်ဝင်းဂါးက စင်တော်ကောက်လိုက်ပြီး တိုက်စစ်မှူးအဖြစ် ပြောင်းလဲခဲ့ပေမယ့် သူကျွမ်းကျင်တဲ့ ဘယ်တောင်ပံနဲ့ Half Space တွေကို စွန့်လွှတ်ခြင်းမရှိဘဲ ဒီဘက်ကနေ ထိုးဖောက်ဂိုးသွင်းရတာကိုလည်း ပိုကြိုက်တဲ့ ပုံစံနဲ့ အနုပညာတွေကို ဖန်တီးခဲ့ရာမှာ အာဆင်နယ်အသင်းအတွက် ပွဲပေါင်း ၃၇၇ ပွဲမှာ ၂၂၈ ဂိုး ရယူခဲ့တာပါ။

အကောင်းဆုံးအချိန်တွေမှာ သူ့ရဲ့ အမြန်နှုန်းနဲ့ ကြံ့ခိုင်မှုကို လိုက်မီသူ ရှားခဲ့ပြီး တစ်ဖက်ခံစစ်သမားတွေက ဘောလုံးလုမယူနိုင်ဘဲ လွှတ်ပေးရသလိုမျိုးအထိ လက်မြှောက်ခဲ့ရတဲ့ ပြင်သစ်သားကြီးဟာ ဘာစီလိုနာရဲ့ ဘယ်တောင်ပံကိုလည်း သွားရောက်ကစားခဲ့ပြီး ၁၂၉ ပွဲမှာ ၄၅ ဂိုးသွင်းခဲ့သလို နယူးယော့ခ် ရက်ဒ်ဘူးလ်မှာလည်း ၁၃၅ ပွဲကစား ၅၂ ဂိုးသွင်းယူခဲ့ပြီး လက်ရှိမှာတော့ နည်းပြဘဝကို ဝင်ရောက်ရုန်းကန်နေသူလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဘာလုံးေလာကမွာ ဘယ္ေတာင္ပံကေန ၿပိဳင္ဘက္အသင္းေတြကို ေမႊေႏွာက္ခဲ့ၿပီး ထူးျခားဆန္းျပားတဲ့ ကစားပုံအမ်ိဳးမ်ိဳးနဲ႔ ဂိုးသြင္းယူတတ္သူေတြေၾကာင့္ ကမာၻအရပ္ရပ္က လူငယ္ေတြထဲမွာပါ အေပ်ာ္တမ္းေရာ အသက္ေမြးဝမ္းေက်ာင္းအျဖစ္ပါ ဒီေနရာမွာ ကစားဖို႔ စိတ္အားထက္သန္လာခဲ့ၾကၿပီး ဒီအထဲမွာမွ ဒီေနရာတစ္ေပါက္ လွ်မ္းလွ်မ္းေတာက္သူ ၅ ဦးကို ေ႐ြးခ်ယ္ေဖာ္ျပလိုက္ပါတယ္။

၅။ ဖ႐ြန႔္ခ္ ရီဘာရီ
ျပင္သစ္ႏိုင္ငံ ဘူလုံးၿမိဳ႕မွာ ေမြးဖြားခဲ့တဲ့ ရီဘာရီဟာ လူငယ္ဘဝကေန အသက္ ၂၂ ႏွစ္အ႐ြယ္ မေရာက္ခင္အထိ နာမည္သိပ္မရွိတဲ့ အသင္းေတြမွာ က်င္လည္ခဲ့ရၿပီး ၂၀၀၅ ခုႏွစ္မွာေတာ့ ဂါလာတာစာေရးအသင္းကေန အျငင္းပြားဖြယ္ ေျပာင္းေ႐ႊ႕မႈနဲ႔ မာေဆးလ္အသင္းရဲ႕ ရင္ခြင္ထဲကို ျပန္ေရာက္လာေတာ့မွ တစ္ရွိန္ထိုး နာမည္တက္လာခဲ့ၿပီး အသင္းရဲ႕ ကြင္းလယ္တိုက္စစ္နဲ႔ ဘယ္ေတာင္ပံေတြမွာ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ လ်င္ျမန္သြက္လက္ၿပီး ေဘာလုံးဆြဲယူမႈေကာင္းတဲ့ ရီဘာရီဟာ ဘယ္ေတာင္ပံကေနသြင္းဂိုးေတြလည္း အစဥ္တစိုက္ ရွာေဖြႏိုင္ခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္အသင္းကို ကလပ္စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၂၅ သန္းနဲ႔ ေရာက္ရွိခဲ့တာပါ။

ျမဴးနစ္မွာ အသင္းေဖာ္ အာယန္ ေရာ့ဘင္နဲ႔ ေပါင္းၿပီး Robbery ဆိုတဲ့ ဓားျပအတြဲအျဖစ္ ဘြန္ဒက္စ္လီဂါမွာ နာမည္ေက်ာ္ခဲ့ၿပီး လက္ရွိမွာ ဖီအိုရင္တီးနားနဲ႔ စီးရီးေအမွာ ကစားရင္း ၿပီးခဲ့တဲ့ ရာသီကုန္မွာ ထြက္ခြာခဲ့တဲ့ အသက္ ၃၈ ႏွစ္အ႐ြယ္ အယ္လ္ဂ်ီးရီးယားႏြယ္ဖြား ျပင္သစ္သားဟာ အစၥလာမ္ဘာသာထဲကို ဝင္ေရာက္ခဲ့သူျဖစ္သလို “ဘီလား ယူဆြတ္ဖ္ မိုဟာမက္”ဆိုတဲ့ အမည္ကို ခံယူရရွိထားခဲ့ေၾကာင္းလည္း သိရပါတယ္။

၄။ လီ႐ြိဳင္း ဆာေနး
လ်င္ျမန္တဲ့ ေတာင္ပံသမားအျဖစ္ ေရွာ္လ္ကာအသင္းရဲ႕ လူငယ္အကယ္ဒမီကေန ေပါက္ဖြားလာခဲ့တဲ့ ဆီနီေဂါႏြယ္ဖြား ဆာေနးဟာ အခုေဖာ္ျပမယ့္ စာရင္းထဲမွာ တစ္ဦးတည္းေသာ ဘယ္သန္ကစားသမားျဖစ္ၿပီး အားနည္းတဲ့ ညာေျခသန္စြမ္းမႈကလည္း သာမန္အထက္မွာ ရွိလို႔ မန္ခ်က္စတာစီးတီးကို ေရာက္ခဲ့ခ်ိန္မွာေတာ့ ဘယ္ေတာင္ပံမွာ ေနရာေပးခံခဲ့ရသလို အဆုံးအျဖတ္ဂိုးေတြကို သြင္းယူႏိုင္ၿပီး ဆုဖလားေတြနဲ႔ ရင္းႏွီးခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမယ့္ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေ႐ႊ႕အၿပီးမွာေတာ့ ညာေတာင္ပံမွာ ပိုကစားခဲ့ရၿပီး ဒဏ္ရာေတြေၾကာင့္ မန္စီးတီးရဲ႕ ဘယ္ေတာင္ပံမွာေလာက္ ေျခစြမ္းမျပႏိုင္ခဲ့ေပမယ့္ ရာသီကုန္မွာ ေျချပန္တက္လာခဲ့သလို ဂိုးေတြလည္း ရရွိခဲ့ပါတယ္။ အစ္တီဟတ္မွာ ၄ ရာသီ ျဖတ္သန္းမႈအရ ဆာေနးကို ဘယ္ေတာင္ပံသမားေကာင္းတစ္ေယာက္အျဖစ္ပဲ သတ္မွတ္ခ်င္ၿပီး ၂၅ ႏွစ္သားကို လာမယ့္ႏွစ္ေတြမွာေတာ့ ဘယ္စာရင္းထဲ ထည့္ရမလဲဆိုတာ ျပန္လည္စဥ္းစားရဖြယ္ရွိေနပါတယ္။

၃။ ေနမာ (ဒါေဆးလ္ဗား ဆန္တို႔စ္ ဂ်ဴနီယာ)
ဘရာဇီးလ္တိုက္စစ္မႉးဟာ အေထာင္တိုက္စစ္မႉးတစ္ဦးအျဖစ္ ကစားသမားဘဝကို စတင္ခဲ့ေပမယ့္ ေျပာင္းလဲလာတဲ့ ေမာ္ဒန္ေဘာလုံးမွာ သူ႔ရဲ႕ အရပ္အေမာင္း၊ ေဘာလုံးကြၽမ္းက်င္မႈ၊ လွည့္စားမႈေတြနဲ႔ ပိုမိုလိုက္ဖက္ညီတဲ့ ဘယ္ေတာင္ပံကို ေျပာင္းေ႐ႊ႕ကစားခဲ့ၿပီး ဆန္တို႔စ္ကေန ဘာစီလိုနာကို ေျပာင္းေ႐ႊ႕အၿပီးမွာေတာ့ လီယြန္နယ္ မက္ဆီ၊ လူးဝစ္ ဆြာရက္ဇ္တို႔နဲ႔အတူ MSN တိုက္စစ္ရဲ႕ ဘယ္ျခမ္းမွာ အပိုင္စားယူရင္း ၁၈၆ ပြဲမွာ ၁၀၅ ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။

ကမာၻ႔စံခ်ိန္တင္ေၾကး ယူ႐ို ၂၂၂ သန္းနဲ႔ ပီအက္စ္ဂ်ီကို ေရာက္ရွိခ်ိန္မွာေတာ့ ၄-၃-၃ နဲ႔ ၄-၄-၂ ကစားကြက္ေတြရဲ႕ ေရွ႕တန္းဘယ္ေတာင္ပံေတြမွာ ကစားခဲ့ရၿပီး ၁၁၆ ပြဲမွာ ၈၇ ဂိုး သြင္းယူထားခဲ့သလို ဘရာဇီးလ္လက္ေ႐ြးစင္အသင္းမွာလည္း ၁၁၁ ပြဲကစား၊ ၆၈ ဂိုးသြင္းယူထားတဲ့ အသက္ ၂၉ ႏွစ္အ႐ြယ္ ေနမာအေနနဲ႔ ဒီေနရာမွာ ကစားရင္း သမိုင္းသစ္ေတြကို ေရးထိုးႏိုင္ဦးမယ္ပုံပါပဲ။

၂။ ခရစၥတီယာႏို ေရာ္နယ္လ္ဒို
ဘယ္ေတာင္ပံမွာ အေကာင္းဆုံးလို႔ ေတြးလိုက္တာနဲ႔ ပရိသတ္အမ်ားစုကေတာ့ ေပၚတူဂီသားႀကီးကို ေျပးျမင္ၾကမွာျဖစ္ၿပီး စတင္ကစားခ်ိန္မွာ ညာေတာင္ပံမွာ ကစားခဲ့ေပမယ့္ ဂိုးေတြ ပိုမိုသြင္းယူႏိုင္မယ့္ ဘယ္ေတာင္ပံတိုက္စစ္ကို ေျပာင္းလဲကစားခဲ့ရာက ကမာၻ႔အေကာင္းဆုံး ကစားသမားျဖစ္လာခဲ့တာက သူ႔ကစားသမားဘဝရဲ႕ အလွည့္အေျပာင္းလည္းျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္က ေနာက္ပိုင္းႏွစ္ေတြကေန ရီးရဲလ္မက္ဒရစ္ကစားသမားဘဝတစ္ေလွ်ာက္ ဒီတစ္ေနရာမွာပဲ ေတာက္ႂကြားခဲ့တာပါ။

မက္ဒရစ္မွာ ကစားရင္း တစ္ပြဲတစ္ဂိုးထက္ သာလြန္တဲ့ ႏႈန္းထားနဲ႔ ၄၃၈ ပြဲမွာ ဂိုး ၄၅၀ သြင္းယူခဲ့တဲ့ ေရာ္နယ္လ္ဒိုဟာ ေပၚတူဂီလက္ေ႐ြးစင္မွာလည္း ၁၇၉ ပြဲကစား ၁၀၉ ဂိုး သြင္းယူႏိုင္ခဲ့သူပါ။ ဂ်ဴဗင္တပ္စ္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ အသက္ ၃၃ ႏွစ္အ႐ြယ္မွာေတာ့ ဘယ္ေတာင္ပံထက္ အင္အားေခြၽတာႏိုင္တဲ့ တိုက္စစ္မႉးေနရာကို ေျပာင္းကစားခဲ့ၿပီး ပါးနပ္မႈနဲ႔အတူ ေျခစြမ္းထက္ျမက္ဆဲျဖစ္သလို စံခ်ိန္သစ္ေတြကို တင္ရွိေနတဲ့ CR7 အေၾကာင္းက စာနဲ႔ ေရးမျပလည္း အားလုံးသိေနေလာက္ၿပီျဖစ္ပါတယ္။

၁။ သီယာရီ အြန္နရီ
ဘယ္ေတာင္ပံမွာ အေကာင္းဆုံးဆိုရင္ ဘယ္သူလဲလို႔ ၿပိဳင္ျငင္းစရာက သူနဲ႔ ေရာ္နယ္လ္ဒိုတို႔ ႏွစ္ဦးပဲရွိတာပါ။ မိုနာကို၊ ဂ်ဴဗင္တပ္စ္နဲ႔ ျပင္သစ္အသင္းေတြမွာ ထင္ေပၚလာခဲ့တဲ့ အြန္နရီကို အာဆင္ဝင္းဂါးက စင္ေတာ္ေကာက္လိုက္ၿပီး တိုက္စစ္မႉးအျဖစ္ ေျပာင္းလဲခဲ့ေပမယ့္ သူကြၽမ္းက်င္တဲ့ ဘယ္ေတာင္ပံနဲ႔ Half Space ေတြကို စြန႔္လႊတ္ျခင္းမရွိဘဲ ဒီဘက္ကေန ထိုးေဖာက္ဂိုးသြင္းရတာကိုလည္း ပိုႀကိဳက္တဲ့ ပုံစံနဲ႔ အႏုပညာေတြကို ဖန္တီးခဲ့ရာမွာ အာဆင္နယ္အသင္းအတြက္ ပြဲေပါင္း ၃၇၇ ပြဲမွာ ၂၂၈ ဂိုး ရယူခဲ့တာပါ။

အေကာင္းဆုံးအခ်ိန္ေတြမွာ သူ႔ရဲ႕ အျမန္ႏႈန္းနဲ႔ ႀကံ့ခိုင္မႈကို လိုက္မီသူ ရွားခဲ့ၿပီး တစ္ဖက္ခံစစ္သမားေတြက ေဘာလုံးလုမယူႏိုင္ဘဲ လႊတ္ေပးရသလိုမ်ိဳးအထိ လက္ေျမႇာက္ခဲ့ရတဲ့ ျပင္သစ္သားႀကီးဟာ ဘာစီလိုနာရဲ႕ ဘယ္ေတာင္ပံကိုလည္း သြားေရာက္ကစားခဲ့ၿပီး ၁၂၉ ပြဲမွာ ၄၅ ဂိုးသြင္းခဲ့သလို နယူးေယာ့ခ္ ရက္ဒ္ဘူးလ္မွာလည္း ၁၃၅ ပြဲကစား ၅၂ ဂိုးသြင္းယူခဲ့ၿပီး လက္ရွိမွာေတာ့ နည္းျပဘဝကို ဝင္ေရာက္႐ုန္းကန္ေနသူလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.